Thet Tun and မှူး သစ် shared The Street View's photo.
"အထွေထွေ မကျေနပ်ချက်များအား ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုံမချသင့်ဟု စာရေးဆရာဦးကျော်ဝင်း သုံးသပ်"
============================== ========
အစီရင်ခံစာကတော့ ကျွန်တော...့်အမြင်ပြောရရင် တတ်နိုင်သလောက် ကိုယ့်ဘက်က နစ်နာဆုံးရှုံးမှုတွေကို အနည်းဆုံးဖြစ်အောင် ကြိုးစားထားတာလို့ မြင်တယ် အခုအခြေအနေမှာ ကော်မရှင်က အကြံပြုတာဟာ အကောင်းဆုံးအဖြေပဲ ဖြစ်လိမ့်မယ်ထင်တယ်။ ယေဘုယျပြောရရင်တော့ ကျွန်တော်ကတော့ ဘ၀င်ကျတယ်။ လက်ရှိဆန္ဒပြနေတဲ့ ကိစ္စတွေကို ကျွန်တော်နားလည်ပေးလို့ရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တောသူတောင်သား ၊တော်သူတောင်သားမှ မဟုတ်ပါဘူး ကျွန်တော်တို့ တွေလည်းအပါအ၀င်ပေါ့ ကိုယ့်မြို့ကိုယ့်ရွာ ကိုယ့်ဓါးမဦးချ လယ်ကို မဆုံးရှုံးချင်ကြဘူးပေါ့ဗျာ။ ဆန္ဒပြခွင့်လည်း ရှိနေတော့ ဆန္ဒပြကြတာဟာ သူဟာနဲ့သူတော့ သဘာဝကျပါတယ်။ သို့သော် တစ်ခုရှိတာက ဆန္ဒပြမယ်ဆိုလို့ရှိရင်လည်း ဘောင်တစ်ခုအတွင်းက ပြနိုင်ကြဖို့တော့လိုတာပေါ့ဗျာ နို့မို့ရင် မကောင်းဘူးပေါ့။ နောက်တစ်ခုက အခုဖြစ်ပျက်သွားတဲ့ ကိစ္စတွေမှာ ဒေါ်အောင်ဆန်းစုကြည်လည်း သူကိုယ်စွမ်းဥာဏ်စွမ်း ရှိသ၍ ကြိုးစားပြီးတော့ တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားတာပဲ အဲ့ဒါကို သူ့အပေါ် နားလည်ပေးဖို့လိုမယ်။ အဲ့တော့ အထွေထွေ မကျေနပ်ချက် တွေကို သူ့အပေါ်ပုံချတာကတော့ သိပ်သဘာဝမကျဘူးလို့ ထင်တယ် ဒါကတော့ စဉ်းစားစေချင်တယ်
ဓါတ်ပုံအား_ ဆရာဦးကျော်ဝင်း Facebook မှ ကူးယူဖေါ်ပြသည်။
==============================

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။