အစီရင်ခံစာတောင် မဖတ်ရသေးဘဲနဲ့
ကန့်ကွက်တဲ့သူတွေက ကန့်ကွက်!
အကွက်ချောင်းပြီး မြှောက်ပေးတဲ့သူတွေကြောင့်
ဂွေးတက်အောင် ကတဲ့သူက က!
အမြင့်ရောက်စေချင်လို့ လှေကားထောင်ပေးတာကို
အောက်မှာပဲ နေချင်ပါတယ်ဆိုပြီး လှေကားကို ဇွတ်ဖျက်ခိုင်းသူက ခိုင်း!
( ဘာ I.Q, E.Q မှမရှိဘဲ )
ငါးစိမ်းသည်ရန်တွေ့သလို အော်ဟစ်နေတဲ့ အမျိုးသမီးကို
သူရဲကောင်းလို့ သတ်မှတ်သူက သတ်မှတ်!
သြော် ... မြန်မာပြည်!
ကောက်စိုက်တဲ့ လယ်သမက ဥပဒေအကြောင်း ပြောနေပြီ။
တဇွတ်ထိုး တဇောက်ကန်း လူမိုက်တွေက Oxford မှာပညာသင်လာတဲ့ အသက်ခုနှစ်ဆယ်တန်းဝင် အဖွားကြီးတစ်ယာက်ကို အသုံးမကျဘူး အော်နေပြီ။
လူတွေ အလုပ်မလုပ်ဘဲ ဆန္ဒပြရင်း ထမင်းဝကုန်ကြပြီ။
ရယ်စရာလည်းကောင်း ...
ဝမ်းနည်းစရာလည်းကောင်းပါပေ့
ထစ်ခနဲဆို ဆန္ဒပြတဲ့ ဒီမိုကရေစီ တိုင်းပြည်!!
.Thu Thu Lay.
( Heart Canteen )

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။