'အမေစု' ဟုချစ်စနိုးခေါ်သော အသက် ၆၀ ကျော် အအိုဖော်ဝင်စ အဘွားအိုငယ်ငယ်နှင့် 'အဘပြောင်' ဟုချစ်စနိုးခေါ်ကြသော အဘိုးအိုငယ်တို့ လက်တွဲမောင်းနှင်သော ဒီမိုကရေစီ ကားအိုသည် တရွေ့ရွေ့မောင်းနှင်လျက်ရှိသည်။
ဖွတ်ချက် ဖွတ်ချက်နှင့် မောင်းနှင်ရင်း 'ရခိုင်' မှာ တစ်ခါပျက်သည်။ 'ကချင်'အရောက်တွင် တစ်ခါပျက်၍ ဟိုကလိဒီကလိ ကလိလိုက်ရသည်။ လက်ပံတောင်းတောင်တွင် ဆန့်ငင်ဆန့်ငင်နှင့် တက်ရသည်။ တက်ရင်းနဲ့လည်း ပျက်လိုက်သေးသည်။ အဆင်းဘက်ကို တွန်းချဖို့ လုပ်မည့်သူများရှိသလို ဂျမ်းတုံးခုပေးသူလည်းများလှ၍ ခရီးဆက်နိုင်ခဲ့သည်။ ယခု မိတ္ထီလာအရောက်တွင် နှာစီးချောင်းဆိုးဖြစ်၍ ရပ်နေပြန်သည်။ ညီညီညာညာဝိုင်းတွန်းမှ စက်နိုးပေလိမ့်မည်။
လာရာလမ်းကိုပြန်၍ ဝပ်ရှော့ကို ပြန်ထိုးမည် မထိုးမည်ထက် ကားကတော့ ခဏခဏပျက်လေသည်။ ကားအိုမလို့ ခဏခဏပျက်သည်ဆိုတာထက် ပျက်၍ရပ်နေရခြင်းကြောင့် ခရီးဖင့်နေတာက လတ်တလောအသေအချာ ဖြစ်သည်။
ရှေ့ခရီး အဝေးကြီးတော့ ကျန်သေးသည်...။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။