Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, February 23, 2013

ရန်ကုန် ယူနိုက်တက် တိုက်စစ်မှူး ကျော်ကိုကို မြန်မာဘောလုံး ပရိသတ်ကြီးကို အနူးအညွတ် တောင်းပန်

Moe Heine and Hla Wai shared Myanmar Online News's photo.
ရန်ကုန် ယူနိုက်တက် တိုက်စစ်မှူး ကျော်ကိုကို မြန်မာဘောလုံး ပရိသတ်ကြီးကို အနူးအညွတ် တောင်းပန်
Friday, 22 February 2013

ရန်ကုန် ယူနိုက်တက် တိုက်စစ်မှူး ကျော်ကိုကိုက ပြီးခဲ့သည့် ရက်ပိုင်း
အတွင်း ဖြစ်ပွားခဲ့သည့် ကိစ္စများနှင့် ပတ်သက်၍ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် အပါအဝင် တာဝန်ရှိသူများနှင့် မြန်မာဘောလုံး ပရိသတ်ကြီးကို အနူးအညွတ် တောင်းပန်လိုကြောင်း မီဒီယာများ နှင့် တွေ့ဆုံသည့် အချိန်တွင် ပြောကြားသည်။

ကျော်ကိုကိုသည် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့က ဖြစ်ခဲ့သည့် ကိစ္စကြောင့် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းမှ ပြန်လည်စေလွှတ်ခြင်း ခံခဲ့ရသူဖြစ်သည်။

“ ပထမဆုံး အနေနဲ့ ကျွန်တော့် အခြေအနေကို ရှင်းပြချင်ပါတယ်။ ဒဏ်ရာကနေ ကျွန်တော် သက်သာတာ မကြာသေးပါဘူး။ ဒါကြောင့် ခြေစွမ်းပိုင်းက အရင်ကလို ဒေါင်ဒေါင်မြည် မဟုတ်ဘူး။ အဲဒီအတွက် အမြဲတမ်း အားမလို အားမရ ဖြစ်နေပါတယ်။
နောက်တစ်ချက်က ဆီးဂိမ်းပြိုင်ပွဲပါ။ ဆီးဂိမ်းမှာ ကျွန်တော်တို့ မြန်မာ
အသင်း အောင်မြင်မှု မရမှာကို အရမ်းစိုးရိမ်နေတယ်။ ဥက္ကဌကြီး ဦးဇော်ဇော်ကလည်း ဆီးဂိမ်းမှာ အောင်မြင်မှု ရအောင်ယူဖို့ အမြဲမှာကြားပါ တယ်။ ပြောချင်တာက ကျွန်တော့်မှာ ဖိအားရှိနေတယ် ဆိုတဲ့သဘောပါ။ အခုဖြစ်သွားတဲ့ ကိစ္စကလည်း ဖိအားတွေကို ရင်ဆိုင်တဲ့နေရာမှာ ပုံစံလွဲသွားလို့ နည်းပြတွေကို စော်ကားသလို ဖြစ်သွားပါတယ်။ အဲဒီအတွက် အရမ်း ဝမ်းနည်းပါတယ်။ ဥက္ကဌကြီးကိုလည်း ဖုန်းဆက်ပြီး တောင်းပန်
ထားပါတယ်။ နည်းပြကြီး ပတ်ဆောင်ဟွာ နဲ့ ကျန်တဲ့ဆရာတွေ အားလုံးကို ကျေနပ်တဲ့အထိ တောင်းပန်သွားမှာပါ ” ဟု ကျော်ကိုကိုက မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားသည်။

နည်းပြ ပတ်ဆောင်ဟွာ နှင့် ကျော်ကိုကိုတို့ ကြားတွင် မပြေလည်မှုများ ရှိနေသည် ဆိုသော စကားနှင့် ပတ်သက်၍ ကျော်ကိုကိုက ယခုလိုပြောသည်။ 

“ နည်းပြကြီးက ကျွန်တော်ကို အမြဲတမ်း ဂရုတစိုက်နဲ့ စကားပြောပါတယ်။ ရည်ရွယ်ချက်ကို အခုထက် ပိုထားဖို့၊ နိုင်ငံခြားအထိ ထွက်ကစားနိုင်တဲ့ အနေအထား ရောက်အောင် ကြိုးစားဖို့ အမြဲပြောပါတယ်။ ကျွန်တော် ကြိုးစားလို့ ဆိုပြီး ဖိနပ်တစ်ရံ ဆုချဖူးတယ်။ စောဒကတက်တယ် ဆိုတာလည်း မဟုတ်ပါဘူး။ ကျွန်တော့်ကစားပုံ ပိုကောင်းအောင် ဘယ်လိုလုပ်ရမယ် ဆိုတာ အကြံတောင်းရင်း နားလည်မှု လွဲတာပဲ
ရှိပါတယ်။ ဘောလုံးသမားနဲ့ နည်းပြဆိုတာ ဆရာ တပည့် အဆင့်တောင် မဟုတ်ပါဘူး။ သားအဖ ပုံစံမျိုး ဆက်ဆံတာပါ။ ဖြစ်ခဲ့တဲ့ ကိစ္စအတွက် လက်အုပ်ချီပြီး တောင်းပန်မှာပါ။ ခွင့်လွှတ်မယ်လို့လည်း မျှော်လင့်ပါတယ် ” ဟု ကျော်ကိုကိုက ပြောကြားသည်။

အကယ်၍ လက်ရွေးစင် အသင်းက ပြန်လည်ရွေးချယ်ခြင်း မပြုခဲ့လျှင်လည်း စိတ်ပျက်ခြင်း မရှိဘဲ အမြဲကြိုးစားသွားမည် ဟု ကျော်ကိုကိုက ယခုလိုဆိုသည်။ 

“ ကျွန်တော်က မြန်မာပါ၊ မြန်မာ့ လက်ရွေးစင် အသင်းအတွက် အမြဲ ကစားပေး ချင်ပါတယ်။ ဒီစိတ်က ကျွန်တော် သေတဲ့အထိ ပျောက်မှာ
မဟုတ်ဘူး။ လက်ရွေးစင် အသင်းကသာ ပြန်လက်ခံမယ် ဆိုရင် အစွမ်းကုန် ပေးဆပ်ဖို့ အမြဲတမ်း ရှိပါတယ်။ အခု ကိစ္စကြောင့် ရန်ကုန် ယူနိုက်တက် အသင်းက အရေးယူမယ် ဆိုရင်လည်း လက်ခံပါမယ်။ 
ရန်ကုန် အသင်းကို ကျွန်တော်က ကိုယ့်မိသားစုလို့ သဘောထားပါတယ်။ ကျွန်တော့်ကြောင့် ကျွန်တော့် မိသားစု နာမည် ပျက်သွားရင်၊ ဂုဏ်သိက္ခာထိပါး သွားတယ်ဆိုရင် တောင်းပန်ပါတယ်။ ကျွန်တော့် မိသားစုက ပေးတဲ့ ပြစ်ဒဏ်ကို ကျေကျေနပ်နပ်ကြီး ခံပါမယ်။ မိသားစုက သားတစ်ယောက်ကို ဘယ်လောက်ပဲ စိတ်ဆိုးပါစေ ရိုက်နှက်
ဆုံးမပြီးရင်တော့ သားတစ်ယောက်လို အသိအမှတ် ပြန်ပြုမှာပါ။ 
ကျွန်တော် ဒီလိုပဲ မျှော်လင့်ပါတယ် ” ဟု ကျော်ကိုကို ကဆိုသည်။

Yangon United Football Club

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။