ရေးမိရေးရာလေးများ
(1 ) Fine: ကောင်းပြီလေ။ ။။ ဤစကားလေးက အမျိုးသမီးများ က သူမ မှန်နေသော
အချိန် သင်နုတ်ပိတ်ဖို့ အတွက်ပြောခြင်းဘဲ။
( 2 ) Five Minutes: ငါးမိနစ်။ ။။ သူမ အပြင်ထွက်ဖို့
အဝတ်အစားလဲနေချိန်သုံးပါတယ်၊ ဒီလိုဆို သေချာပြီ ခင်ဗျား နာရီဝက်အနဲဆုံး
စောင့်ရမယ် ဆိုတာပါဘဲ။ သင်ဘောလုံးပွဲကို စိတ်ဝင်တစားထိုင်ကြည့်ပြီး၊
အိမ်အလုပ်ကို လျစ်လျူရှုနေရင်တော့ သင့်အတွက် ငါးမိနစ်ဟာ ငါးမိနစ်ထက်လုံးဝ
မပိုတော့ပါဘူး။
( 3 ) Nothing: ဘာမှမဟုတ်ပါဘူး၊ အရေးမကြီးပါဘူး။ ။။
ဒီစကားလုံးသုံးပြီဆိုရင် သတိထား၊ ပြီးတဲ့နောက် ကြီးမားတဲ့
တိုက်ခိုက်မှု့တခုရှိနေလို့ဘဲ။ သင့်အနေနဲ့ ခြေနဲ့ တင်ပါး တထပ်တည်းကျအောင်
ပြေးနိုင်ဖို့ အဆင်သင့်ပြင်ထားပါ၊ နူးညံ့သိမ်မွေ့တဲ့ အဖြေတခုနဲ့
အဆုံးသပ်မှာ မဟုတ်လို့ဘဲ။
(4) Go Ahead : လုပ်လိုက်လေ။ ။။ ဒီလိုဆိုလို့ ခွင့်ပြုချက်ရပြီလို့
မထင်လိုက်လေနဲ့၊ လုပ်ရဲရင် လုပ်ကြည့်ဆိုတာမျိုးဘဲ။ မပြုမိအောင် ဂရုပြုပါ။
(5) Loud Sigh: သက်ပြင်းရှည်။ ။။ ဒီမှာ အဓိပ္ပါယ် အားလုံးပါသွားပါပြီ၊
မင်းကို လုံးဝနားမလည်နိုင်တော့ဘူး၊ စိတ်မရှည်နိုင်တော့ဘူး၊ ဆိုတဲ့
အဓိပ္ပါယ်လေးပါ၊ သက်ပြင်းရှည်လျားစွာ ချပြီဆိုရင်တော့၊ အသုံးမကျတဲ့ သူနဲ့
ဘာကြောင့် အချိန်ကုန်၊ လေကုန်ခံပြီး အငြင်းပွားနေပါလိမ့် ဆိုတဲ့
သဘောဘဲ၊(နံပါတ် ၃ ကိုပြန်လည် အမှတ်ယပါ)။
(6) That's Okay: ရပါတယ်၊ ကိစ္စ မရှိပါဘူး။ ။။ အန္တရယ် အကြီးမားဆုံးသော
စကားလုံးလေး တခုပါ၊ သင့်အမှားအတွက် ကြီးမားသော ပေးဆပ်မှု့တခုကို သင့်ထံမှ
တောင်းဆိုတော့မှာ ဖြစ်တဲ့ အတွက် အသင့်ပြင်ထားလိုက်ပါတော့။
(7) Thanks: ကျေးဇူး တင်ပါတယ်။ ။။ အဲလိုများ အပြောခံရပြီဟေ့ ဆိုရင်
မအံ့သြလိုက်ပါနဲ့ တကယ်တမ်း စိတ်ထဲကပြောတာပါ၊ ကျေနပ်စွာ လက်ခံလိုက်ပါ။
ရင်ထဲက စစ်မှန်သော စကားတရပ်ပါ ယုံကြည်လိုက်ပါ။ ကိစ္စမရှိပါဘူးလို့ များ
ယောင်လို့ မပြောလိုက်ပါနဲ့၊ ကိုယ်လုပ်ပေး၊ ပြုပေးလိုက်ရလို့
ဝမ်းသာပါတယ်လို့သာပြောလိုက်ပါ။
(8) Whatever: ဘာဖြစ်ဖြစ်လေ။ ။။ ဒီစကားလုံးက သိမ်မွေ့တဲ့
ဆဲရေးတိုင်းထွာခြင်းဘဲလေ၊ သတိနဲ့သာ နေတော့။
(9) Don't worry about it, I got it : စိုးရိမ်စရာ မလိုပါဘူး၊ ရပါတယ်
ကျမလုပ်လိုက်ပါ့မယ်။ ။။ ဆိုတဲ့သဘောကတော့ ရန်ပွဲမစခင်၊
စကားချိုသပ်ခြင်းပါဘဲ သင့်ကိုလုပ်ဖို့ ကြိမ်ဖန်များစွာ ပြောထားပေမဲ့၊
သင့်ပျက်ကွက်မှု့ကို သည်းမခံနိုင်မှု့ကို ပြသတဲ့ သဘောပါဘဲ။ ဒီနောက်တော့
နံပါတ် ၃ကို ပြန်ရောက်တော့တာဘဲ
Credit - Original up-loader
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။