Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, February 17, 2013

အုပ်ထိန်းမှုလွန်ကဲရင် လူရာ...မ၀င်ဖြစ်တတ်တယ်

Cloud Cuckoo Land shared ကိုသောင်း ပုလဲမြေ's photo.
ကျွန်မကဲ့သို့ သား/သမီး တစ်ဦးထဲ မွေးထားသူများအတွက် ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာလူထုဦးစိန်ဝင်းရဲ့ဆောင်းပါးကောင်းလေးကို မျှဝေလိုက်ပါတယ်။
အုပ်ထိန်းမှုလွန်ကဲရင် လူရာမ၀င်ဖြစ်တတ်တယ်
လူထုစိန်ဝင်း
--------------------------------
အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်း တစ်ခု လုပ်ကိုင်နေတဲ့ ကျောင်းသားဟောင်းတစ်ယောက် တစ်မနက်ရောက်လာပြီး ''ဆရာ့ဆီ ကအကြံဉာဏ်လေး ဘာလေးများရမလား လို့လာတာပါ''လို့ပြောပါတယ်။ အပူပေးချင်မှ ရောက်လာတယ်ဆိုပြီး ထိပ်ခေါက်ချင်လည်း ခေါက်ပါလို့လည်း မျက်နှာချိုသွေးပါသေးတယ်။

တစ်ဦးတည်းသား

အကျိုးအကြောင်း မေးကြည့်လိုက် တော့ ၁၀ တန်းဖြေပြီးတဲ့သားက မြစ်ကြီး နားက ရန်ကုန်မှာ ကျောင်းလာတက်တဲ့ သူငယ်ချင်း အပြန်လိုက်လည်ချင်တယ်ဆိုပြီး နားပူနားဆာလုပ်နေတဲ့အတွက် ဘယ်လို ကိုင်တွယ်ရမှန်းမသိ ဖြစ်နေရတယ်လို့ ပြောပြတယ်။ ကလေးကမြစ်ဆုံကိုသွားကြည့်ချင်တာပါတဲ့။ မိဘကလည်း တစ်ယောက်တည်းရှိတဲ့ သားကလေးကို မိဘမပါဘဲဘယ် မှ မလွှတ်ဖူးတော့ စိတ်မချဖြစ်နေတယ်။ သားလေးကို ငယ်ငယ်ကတည်းက ငပလီ၊ ချောင်းသာ၊ ငွေဆောင်စတဲ့နေရာတွေကို အမြဲ လိုက်ပို့ပေးပါတယ်။ တစ်ယောက်တည်း တော့ တစ်ခါမှ မလွှတ်ဖူးပါဘူးတဲ့။ သားက နေ့တိုင်းတကျီကျီနဲ့ နားပူနားဆာလုပ်နေ တာကြောင့် စိတ်ညစ်နေရပါတယ်တဲ့။ သူ့သားတောင် ၁၀ တန်းဖြေတဲ့ အရွယ်ရောက်နေပြီကိုးလို့ တွေးရင်းကုန်လွန်သွားတဲ့အချိန် တွေကို ပြန်သတိရသွားပါတယ်။

ကိုယ်ချင်းစာကြည့်ပါ

တစ်ခါက ကျောင်းသားတွေနဲ့ ချောင်းသာကို သင်္ဘောနဲ့ သွားမယ်လုပ်ကြတော့ သူ့မိဘကသူ့ကို လိုက်ခွင့်မပြုပါဘူး။ အဲဒီ အချိန်မှာ သူက စီးပွားရေးတက္ကသိုလ် ဒုတိယ နှစ်ကျောင်းသားပါ။ သူနားပူနားဆာလုပ် လွန်းတာကြောင့် သူ့မိဘတွေဆီလိုက် သွားပြီး လိုက်ခွင့်ပြုဖို့ ပြောပေးရပါတယ်။ မိဘများကလည်း ဆရာကိုယ်တိုင်လိုက်လာတယ်ဆိုတော့ အားနာပြီးထည့်လိုက်ပါ တယ်။ အဲဒီအကြောင်း သူ့ကိုပြန်သတိပေး ပြီး၊ ကိုယ်ချင်းစာစိတ်နဲ့ စဉ်းစားကြည့်ဖို့ပြော လိုက်ပါတယ်။ လိုက်ခွင့်ပြုပါလို့တော့ မတိုက်တွန်းလိုက်ပါဘူး။ သူပြန်သွားပြီး ညဘက်ကျတော့ ဖုန်းဆက်ပါတယ်။ သူ့ဇနီးနဲ့ တိုင်ပင်ပြီး သားကိုလိုက်ခွင့်ပြုလိုက်ပါတယ် လို့ ပြောပါတယ်။

ပူညံပူညံဆူသံတွေ

ကျွန်တော်တို့ မြန်မာမိသားစုတွေအတွင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ အိမ်တွင်းပြဿနာ က ဒါမျိုးချည့်ပါပဲ။ ဘယ်မိဘမဆို မိဘနေရာကပဲ စဉ်းစားပြီး သားသမီးနေရာက မစဉ်းစားပါဘူး။ သားသမီးကလည်း မိဘနေရာ ကနေပြီး စဉ်းစားကြည့်လေ့ မရှိပါဘူး။ အဲဒီတော့ သီချင်းနားထောင်တာနဲ့ တီဗီကြည့်တာကအစ၊ အ၀တ်အစား ၀တ်ပုံစားပုံအဆုံး ဘယ်နေရာမှ အကြိုက်ချင်းတူတယ်လို့ မရှိတော့ပါဘူး။ အကြိုက်မတူရာကနေပြီး ပူညံ ပူညံနဲ့ ဆူသံတွေ ပေါ်ထွက်လာကြပါတယ်။ လူငယ်တွေကတော့ ဒါကိုမျိုးဆက် ကွာဟ မှုကြောင့်လို့ လက်ညှိုးထိုးပြီး မိဘတွေကို ခေတ်နောက်ကျနေတဲ့ လူကြီးများအဖြစ် မြင်ကြတယ်။ ကွယ်ရာမှာ ခေါ်ကြတာကိုက ဘိုးတော်ကြီး၊ ဘွားတော်ကြီးတဲ့လေ။

ခေါင်းမအိုရင် လူမအို

အသက်ကြီးလာရင် အတွေးအခေါ်တွေ ပါခေတ်နောက်ကျန်ရစ်တာပဲလို့ လှေနံဓား ထစ်မှတ်ထားဖို့မသင့်ဘူး။ တလောကတီဗီ မှာ အဆိုတော်ချစ်ကောင်းနဲ့ သူ့သမီးအဆိုတော်မလေး အိမ့်ချစ်တို့ တွဲပြီးသီချင်းဆိုသွားတာ တွေ့လိုက်ရတယ်။ သမီးလေး အိမ့်ချစ် ထက်တောင် ချစ်ကောင်းက ပိုပြီး(ခေတ်စကားနဲ့ပြောရရင်) ဟော့ရှော့ဖြစ်နေသေး တယ်။ အဆိုတော် ဂျေမောင်မောင်လည်း အတူတူပါပဲ။ စင်ပေါ်မှာ သမီးသီရိဂျေမောင်မောင် ထက်တောင် ခုန်ပေါက်မြူးကြွနေသေး တာတွေ့ရပါတယ်။ အသက်ကြီးတိုင်း အတွေးအခေါ် ခေတ်နောက်ကျတာမဟုတ် ဘူး။ ခေါင်းမအိုရင် လူမအိုဘူးဆိုတာကို လူငယ်တွေလည်း နားလည်ထားဖို့လိုပါတယ်။

အာခံစိတ်ဖြစ်ရတဲ့အကြောင်း

မိဘတွေဘက်ကလည်း အရာရာကို မိဘနေရာကကြည့်ပြီး (စိုးရိမ်ပူပင်စိတ်နဲ့) တားဆီးပိတ်ပင်တာမျိုး အလွန်အမင်း မလုပ်သင့်ဘူး။ မိမိကိုယ်တိုင် သားသမီးများအရွယ် က ဘယ်လိုနေခဲ့ထိုင်ခဲ့ ၀တ်စားဆင်ယင်ခဲ့ သလဲ။ ဘာတွေကြိုက်ပြီး ဘာတွေလုပ်ခဲ့ သလဲဆိုတာ ပြန်စဉ်းစားပြီးမှ တားသင့် တာကိုတားပြီး ပိတ်သင့်တာကို ပိတ်သင့် တယ်။ ကိုယ်ငယ်ငယ်က သူငယ်ချင်းတွေနဲ့ ချောင်းသာတွေ၊ ငပလီတွေသွားခဲ့သလို၊ သား ကလေးလည်း သွားချင်ရှာမှာပဲလို့ စဉ်းစားသင့်တယ်။ ပူတာကတော့ ပူတာပေါ့။ သားသမီးအတွက်မပူတဲ့ မိဘဘယ်ရှိမှာလဲ။ ဒါပေမဲ့ သဘာဝထက်လွန်ကဲပြီး ပူတာမျိုး ကတော့မကောင်းဘူး။ မိဘလည်းစိတ်ဆင်း ရဲရပြီး သားသမီးလည်း မကျေနပ်မှုတွေဖြစ် ရတယ်။ မကျေမနပ်ဖြစ်ရတာတွေက အစိုင် အခဲကြီးဖြစ်သွားရင် အာခံစိတ်၊ တွန်းလှန် ပုန်ကန်ချင်စိတ်အထိ ရောက်သွားနိုင်တယ်။

ဗိုင်းကောင်းကျောက်ဖိလေးတွေ

တစ်ဦးတည်း သားသမီးများရဲ့ မိဘ တွေကပိုပြီး ပူတတ်ကြတယ်။ ဟိုဟာစိတ် မချ၊ ဒီဟာစိတ်မချနဲ့ကာကွယ် စောင့်ရှောက်မှု အလွန်အကျွံလုပ်လေ့ရှိတယ်။ အနှစ်နှစ် ဆယ်အစိတ် ကျောင်းဆရာလုပ်ခဲ့တဲ့သက် တမ်းတစ်လျောက်မှာ မိဘအအုပ်အထိန်း သိပ်ကောင်းတဲ့ ဗိုင်းကောင်းကျောက်ဖိ သား လိမ္မာ၊ သမီးလိမ္မာလေးတွေအများကြီး တွေ့ခဲ့ဖူးတယ်။ စာလည်း သိပ်တော်ကြတယ်။ ဒါပေမဲ့ အားမနာတမ်းမှန်တဲ့အတိုင်း ပြော ရရင် သူတို့အများစုဟာ လူ့အဖွဲ့အစည်း အတွင်း ၀င်ရောက်သွားရတဲ့အခါကျတော့ ဘယ်နေရာမှသုံးစားလို့မရတာကို တွေ့ရပါ တယ်။ မိဘရဲ့အုပ်ထိန်းမှုလွန်ကဲလေတော့ ဘယ်အရာကိုမှ ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ မလုပ်တတ်တော့ဘူး။ သူများကိုချည်းအား ကိုးနေကြရပါတော့တယ်။ အားကိုးရင်းအား ကိုးရင်းနဲ့အလုပ်တူလုပ်ကြတဲ့ အသက်ကြီး ကြီး အိမ်ထောင်သည်တွေနဲ့ညားသွားတဲ့ သားလိမ္မာ၊ သမီးလိမ္မာလေးတွေကိုလည်း ရင်နာစွာနဲ့ တွေ့ခဲ့ဖူးပါတယ်။

စိတ်သဘာဝသိဖို့လို

သားသမီးပြုစုပျိုးထောင်တဲ့အခါမှာ အသက်အရွယ်အပိုင်းအခြားအလိုက် ပြောင်း လဲသွားတဲ့ကလေးများရဲ့ စိတ်သဘာဝနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြုစုပျိုးထောင် တတ်ဖို့လိုပါတယ်။ ကလေးဟာအမိဝမ်း တွင်းကထွက်လာကတည်းက အမေဆိုတာ အားကိုးအားထားပြုစရာ ဧရာမတန်ခိုးရှင် ကြီးလို့ မှတ်ယူထားပြီး အမေ့နားကမခွာဘဲ တကပ်ကပ် လုပ်နေလေ့ရှိတယ်။ ကျောင်း စနေရတော့လည်း စာသင်ခန်းအပြင်က အမေစောင့်နေမှကျေနပ်တယ်။ နေ့စဉ်နေ့တိုင်းအမေပို့မှ၊ ကြိုမှကြိုက်တယ်။ အမေခွံ့ကျွေးမှစားတယ်။ အမေသိပ်မှ အိပ်တယ်။ ၁၁ နှစ်၊ ၁၂ နှစ်အရွယ်ခြောက်တန်း၊ ခုနစ် တန်းရောက်တော့ အမေလာမကြိုစေချင် တော့ဘူး။ သူငယ်ချင်းတွေနဲ့ပဲသွားချင်ပြန် ချင်တယ်။ ဒါမှမဟုတ် ဒရိုင်ဘာလာကြိုစေ ချင်တယ်။ သူအရွယ်ရောက်လာပြီ။ သူ့ကိုယ် သူထိန်းနိုင်ပြီဆိုတာ ဖော်ပြချင်လာတယ်။

သူ့ခြေထောက်နဲ့ သူလမ်းလျောက်

ဒါသဘာဝတရားရဲ့ ပြောင်းလဲမှုဖြစ် တယ်။ ဘယ်သူမှတားလို့မရဘူး။ ဒီအချက် ကို မိဘက နားလည်ပြီး သူအရွယ်ရောက် လာပြီ၊ သူ့ကိုယ်သူစောင့်ရှောက်နိုင်ပြီဆိုတာ အသိအမှတ်ပြုကြောင်း ထုတ်ဖော်ပြသဖို့ လို တယ်။ အရွယ်ရောက်လာပြီဖြစ်တဲ့အတွက် ဘယ်ကိစ္စမဆို မိဘကိုအားမကိုးဘဲ ကိုယ့် အားကိုယ်ကိုးနိုင်ဖို့ ကြိုးစားရမယ့်အကြောင်း၊ ဒီလိုကိုယ့်အားကိုယ်ကိုးဖို့အတွက် အရာရာ ကို ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားဝေဖန်သုံးသပ် ပြီး လုပ်ရမယ့်အကြောင်း၊ သားသမီးနား လည်အောင် ရှင်းပြပြီးစဉ်းစားတဲ့ အကျင့်ရ အောင်လုပ်ပေးရပါမယ်။ အကျိုးအကြောင်း ဆက်စပ် စဉ်းစားတတ်တဲ့ အကျင့် ရသွားတဲ့ကလေးဟာ သူ့ ဘ၀ တစ်လျောက်လုံး ဘယ်သူ့မှ အားမကိုးဘဲ သူ့ခြေထောက်နဲ့သူ ကောင်းကောင်းလမ်းလျောက်သွား
 နိုင်မှာသေချာပါတယ်။

အုပ်ထိန်းမှုလွန်ကဲလို့

အနောက်နိုင်ငံတွေမှာဆိုရင် မူလတန်း ကျောင်းသူကျောင်းသား လေးတွေကို ဆရာ၊ ဆရာမတွေက ဦးဆောင်ပြီးတစ်ညအိပ်၊ နှစ်ည အိပ် တောစခန်းထွက်တဲ့ အလေ့အကျင့် လုပ်ပေးလေ့ရှိတယ်။ ကလေးဘ၀ ကတည်းက ကိုယ်ရောစိတ်ပါကြံ့ခိုင်အောင် လေ့ကျင့်ပေးတဲ့ သဘောဖြစ် တယ်။ ဒါကြောင့်သူတို့ဆီက ၁၂ နှစ်၊ ၁၃နှစ်အရွယ် မိန်းကလေးတွေတောင် မိဘမပါဘဲနဲ့ ကျောပိုးအိတ်ကလေး တစ်လုံးနဲ့ ကမ္ဘာပတ်ဝံ့တဲ့ သတ္တိရှိနေ ကြတာဖြစ်တယ်။ မြန်မာပြည်မှာကတော့ အအုပ်အထိန်းလွန်ကဲလွန်းတော့ ဆရာဝန်မလေး၊ ကျူတာမလေးဖြစ်နေတာတောင် မိဘဒါမှမဟုတ်အဖော် တစ်ယောက်ယောက်မပါဘဲ ရန်ကုန် -မန္တလေး ခရီးလောက်ကို မသွားရဲ ကြတာတွေ အများကြီးရှိတယ်။ အုပ်ထိန်းမှုလွန်ကဲခြင်းကတရားခံပဲ။

ပင်ပန်းရှာကြတယ်

ဒီခေတ် ကျောင်းသူ၊ကျောင်းသား အရွယ်ကလေးတွေဟာ ရှေးခေတ်နဲ့ မတူ အင်မတန်ပင်ပန်းရှာကြတယ်။ သုံးနှစ်သားအရွယ်ကစပြီး ၁၀တန်း ကျောင်းသားအရွယ်ထိ ကျောင်းနဲ့ ကျူရှင်နဲ့ 'ဂိုက်' နဲ့မိုးလင်းက မိုးချုပ် လုံးချာလိုက်နေကြတယ်။ ကလေး သဘာဝ အမေ့နားကပ်ချွဲချိန်၊ ဆော့ ချိန်၊ကစားချိန်ရယ်လို့ ဟုတ်တိပတ်တိ ရှိ ကြတာမဟုတ်ဘူး။ တစာစာနဲ့ စာတွေနဲ့ ပိပြီးနုနယ်တဲ့ကလေးဦးနှောက် ကလေးတွေ ထုံထိုင်းသွားမှတောင် စိုးရိမ်မိတယ်။ ကလေးဆိုတာ သွက် သွက်လက်လက်၊ လန်းလန်း ဆန်းဆန်းနဲ့ ကြီးပြင်းလာရမှ ထူးချွန်တဲ့ လူငယ်လေးတွေဖြစ်လာနိုင်မှာပါ။

ပူတူးတူးလေးလို

၁၀တန်းစာမေးပွဲကြီး ဖြေပြီးတဲ့ အချိန်မျိုးမှာတော့ ကလေးတွေ လွတ်လပ်ပေါ့ပါးစွာ သူတို့စိတ် ကြိုက်နေခွင့်ပေးသင့်တယ်။ အဲဒီ အသက်အရွယ်ဟာ ကလေးဘ၀ ကနေ လူကြီးဘ၀ပြောင်းလဲဖို့ စတင် ခြေလှမ်း လိုက်ချိန်ဖြစ်တယ်။ အစစ အရာရာကိုယ်ပိုင်အသိနဲ့ ဆင်ခြင် စဉ်းစားဆုံးဖြတ်တတ်အောင်မိဘ များက ညွှန်ပြဖို့လိုပါတယ်။ သူတို့ အရွယ်ဟာကလေး မဟုတ်တော့ဘူး ဆိုတာသူတို့ ကိုယ်တိုင်သိလာအောင် လုပ်ပေးပါ။ မိဘများကလည်း အဲဒီ အရွယ်တွေကို 'ပူတူးတူးလေး'လို သဘောထားပြီး ထမင်းခွံ့ကျွေး မနေပါနဲ့တော့။ ဒါမှသူတို့လေးတွေ ရင့်ကျက်လာမှာဖြစ်ပါတယ်။

မြသွေးနီ
January 25
-----------------------------
Wai Lin Htike Photo

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။