Royal Hero Media
ဂျိမ်းစဘွန်း ဇာတ်လမ်းတွဲ၏ ခြောက်ယောက်မြောက် မင်းသားကြီး ဒန်နီယယ် ကရေ့ခ်ျကို ၁၉၆၈ ခုနှစ် မတ်လတွင် မွေးဖွားခဲ့သည်။ မင်းသားကြီးကို အင်္ဂလန်နိုင်ငံ ရှီရှိုင်းယား ပြည်နယ် ချက်စတာ မြို့တွင် မွေးဖွားခဲ့ပြီး မိဘများမှာ ကာဂိုးလ် အိုလီဗီးယားနှင့် တီမိုသီ ဂျွန်ကာရေ့ခ်ျတို့ ဖြစ်ကြသည်။ မင်းသားကြီး ၏ ပညာရေးမှာ လီဗာပူးမြို့ အနီးတွင် ရှိသော Hilbre အထက်တန်း ကျောင်းတွင် တက်ရောက်ခဲ့ပြီး Calday Grange Grammar ကျောင်းကို ဆက်လက် တက်ရောက်ခဲ့သည်။ အသက် ၁၆ နှစ်မှာ လန်ဒန် မြို့သို့ ပြောင်းရွှေ့ခဲ့ပြီး National Youth Theatre မှာ ပညာ ဆည်းပူးခဲ့သည်။
၁၉၉၁ ခုနှစ်မှာ Guildhall School of Music and Dramaa ကျောင်းမှ ဘွဲ့ရရှိ ခဲ့သူဖြစ်သည်။ ဘွဲ့ရပြီးသည်နှင့် တစ်ပြိုင်နက် ဇာတ်ကားတွေကို စတင် ရိုက်ကူးခဲ့သည်။ မင်းသားကြီး၏ ပွဲဦးထွက် ဇာတ်ကားများမှာ Elizabeth, The Power of One, A Kid in King Arthur's Court, Sharpe's Eagle နဲ့ Zorro ဇာတ်ကားတို့ ဖြစ်သည်။
...
ခေါင်းဆောင် မင်းသားအဖြစ် ပထမဆုံး ရိုက်ကူးခဲ့သော ရုပ်ရှင်ကားကြီးမှာ အိန်ဂျလီနာ ဂျိုလီနှင့် တွဲဖက် ရိုက်ကူးခဲ့သော Lara Croft: Tomb Raider ဇာတ်ကားဖြစ်သည်။ မင်းသားကြီး၏ အောင်မြင်မှု အရှိဆုံး နှင့် ကမ္ဘာက သိခဲ့သော ဇာတ်ကားမှာ ဂျိမ်းစဘွန်း ဇာတ်လမ်းတွဲ တစ်ခုဖြစ်ပြီး ၂ဝဝ၆ ခုနှစ်မှာ ရိုက်ကူးခဲ့ သော Casino Royale ဇာတ်ကားဖြစ်သည်။ မင်းသားကြီးသည် Casino ဇာတ်ကားနှင့် ထင်မှတ်မထား လောက်အောင် အောင်မြင်မှုများ ရရှိခဲ့ပြီး ၎င်းဇာတ်ကားသည် ကမ္ဘာတစ်ဝန်း၌ အမေရိကန် ဒေါ်လာ ၁၉၄၂၃၉ဝ၆၆ ရရှိခဲ့သော ဇာတ်ကားဖြစ်သည်။ အဆိုပါ ဇာတ်ကားဖြင့် မင်းသားကြီးသည် ၂ဝဝ၆ ခုနှစ် အတွက် ဗြိတိန် အကယ်ဒမီ ဆုပေးပွဲတွင် အကောင်းဆုံး အမျိုးသား သရုပ်ဆောင် ဆုကို ရရှိခဲ့သည်။
Casino ဇာတ်ကားနှင့် အောင်မြင်မှု အကြီးအကျယ် ရရှိခဲ့သော မင်းသားကြီး သည် Quantum of Solace အမည်ရှိ ၂၂ တွဲမြောက် ဘွန်း ဇာတ်ကားကို ထပ်မံ ရိုက်ကူးခဲ့သည်။ သူ၏ တတိယမြောက် ဘွန်းရုပ်ရှင် ကားမှာ ၂ဝ၁၂ ခုနှစ်တွင် ရိုက်ကူးခဲ့သော Skyfall ဇာတ်ကားဖြစ်သည်။ Skyfall ဇာတ်ကား သည်လည်း ၂ဝ၁၂ ခုနှစ် အတွက် ဗြိတိန်နိုင်ငံ box office ထိပ်တန်း ဇာတ်ကား ၁ဝ ကားတွင် ရွေးချယ် ခံခဲ့ရပြီး ယခုလက်ရှိ အချိန်မှာ ဝင်ငွေ အများဆုံး ရရှိနေသော ဇာတ်ကားဖြစ်သည်။
အရပ် ၅ ပေ ၁ဝ လက်မ ရှိပြီး ခန္ဓာကိုယ် တောင့်တောင့် မျက်နှာထား တည်တည်နှင့် အကြည့် စူးရှသော မင်းသားကြီးမှာ တရားဝင် လက်ထပ်ခဲ့သည့် ဇနီးနှစ်ဦး ရှိပြီး ပထမဇနီးနှင့် ဒုတိယဇနီး ကြားမှာ ချစ်သူများစွာ ရရှိခဲ့သည်။ ပထမ ဇနီးဖြစ်သူ မင်းသမီး မီယိုနာလော်ဒန်နဲ့ ၁၉၉၂ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၁၉၉၄ ခုနှစ်မှာ ကွာရှင်း ပြတ်စဲခဲ့ သည်။ သူတို့နှစ်ဦးမှာ သမီး ရတနာလေး တစ်ဦး ထွန်းကားခဲ့သည်။ ဒုတိယ ဇနီးမှာ မင်းသားကြီး၏ အနီး တွင် သူငယ်ချင်းကောင်း တစ်ဦးအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ပေးခဲ့သော မင်းသမီး ရေချယ်လ်ဝေ့ဇ် ဖြစ်သည်။ မင်းသားကြီးတို့ စုံတွဲသည် ၂ဝ၁၁ ခုနှစ် ဇွန် ၂၂ ရက်က လက်ထပ်ခဲ့ပြီး လက်ထပ်ပွဲတွင် မင်းသားကြီး၏ သမီး အယ်လာ၊ ရေချယ်လ်၏ သား ဟင်နရီ အပါအဝင် ဧည့်သည် လေးဦးသာ ရှိခဲ့ သည်ဟု သိရသည်။
မင်းသားကြီး ဒန်နီယယ်သည် လီဗာပူး ဘောလုံး အသင်း၏ ထောက်ပံ့သူ တစ်ဦး လည်းဖြစ်ကြောင်း စာဖတ်သူ ပရိသတ်ကြီးကို မင်းသားကြီး ဒန်နီယယ်၏ ဘဝပုံရိပ် အကြောင်း ရေးသား ဖော်ပြ လိုက်ပါသည်။
မြဝတီ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။