Shwe Eaim Si shared ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည်'s photo.
ဗမာတွေဖြစ်ကုန်ကြ(ယခင်က မန်လေး...ယုခုတော့ တရုပ်တွေ)
အိမ်နောက်ဘက်မှာနေတဲ့ သူငယ်ချင်းထွန်းကြည်၊ ထွန်းလှ၊ ထွန်းအေးတို့ကျတော့ အစ္စလာမ် ဘာသာဝင်တွေ။ ဒါပေမဲ့ လဖုန်းကျော...င်းမှာ အတူနေကြတာဆိုတော့ အမြဲတမ်း လည်ပင်းဖက် နေခဲ့ကြသူတွေ ဖြစ်တယ်။ တချို့များဆို တရုတ်ရယ်၊ ကုလားရယ်လို့ အခေါ်သာ ရှိတော့တယ်။ တရုတ်စကား၊ ကုလားစကားတောင် တတ်ကြတော့တာ မဟုတ်ဘူး၊ အားလုံး ဗမာစကားပြောပြီး ဗမာတွေ ဖြစ်ကုန်ကြတယ်။ ဒါပေမဲ့ အခုကျတော့ အဲဒီလို မဟုတ်ဘူး။ ကိုယ့်ရပ်ကွက်ထဲ ရောက်လာ ကြသူတွေက ဗမာစကား တစ်လုံးမှ မတတ်ကြလေတော့ ဘယ်သူနဲ့မှ အပေါင်းအသင်း မလုပ်ဘူး။ အုတ်တံတိုင်း အမြင့်ကြီးတွေ ကာရံပြီးသူတို့ဟာ သူတို့သီးခြားနေ ကြတယ်။ လမ်းမှာတွေ့လို့ ကိုယ်က ဗမာ့ထုံးစံအတိုင်း ပြုံးပြရင်လည်း မျက်နှာထားတင်းတင်းနဲ့ မတူသလိုမတန်သလို ကြည့်ပြီး မျက်နှာလွှဲသွားကြတယ်။ သူတို့က လာမရော သလို သူတို့ကို လာရောတာလည်း မကြိုက်ဘူး။
သူတို့လူများစု
ဘယ်သူနဲ့မှမရောဘဲ ခပ်တင်းတင်း နေနိုင်မှာပေါ့။ သူတို့လို လူမျိုးတွေက နေရာတိုင်း ရပ်ကွက်တိုင်းမှာ လက်ညှိုးထိုးမလွဲ ရှိနေကြတာကိုး။ တချို့ရပ်ကွက်တွေဆို သူတို့တောင် လူများစု ဖြစ်နေသေးတယ်။ မူလက သောင်းဂဏန်းလောက်သာ တန်ဖိုးရှိတဲ့အိမ်တွေ မြေတွေကို သူတို့က သိန်းရာချီပေးပြီး ဝယ်ကြလေတော့ ရွာခံမြို့ခံတွေက ရောင်းပြီး မြို့သစ်တွေဘက် ပြောင်းကုန်ကြတယ်။ နောက်တော့ ရာဂဏန်းက ထောင်ဂဏန်း၊ အခုဆို သောင်းဂဏန်းအထိ တောင်ပေးပြီး ဝယ်ကြတော့ ဗမာတွေက မရောင်းဘဲ မနေနိုင်ကြတော့ဘူးလေ။
မန္တလေးကို ချစ်တဲ့စိတ် ကိုယ့်လူမျိုးကို ချစ်တဲ့စိတ်(လူထုစိန်ဝင်း)မှထုတ်နှုတ်သည်။

မန္တလေးကို ချစ်တဲ့စိတ် ကိုယ့်လူမျိုးကို ချစ်တဲ့စိတ်(လူထုစိန်ဝင်း)မှထုတ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။