Aung Than Nyunt Aungnilai and Zayar Zy shared Aye Chan Mon's photo.
မိခင် ( ၁)
တစ်ခါတုန်းက မိခင်တစ်ယောက်မှာ သားနှစ်ယောက်ရှိတယ် ။ တစ်နေ့တော့ မိခင်က ဈေးကအပြန်မှာ ပန်းသီး ၂ လုံးဝယ်လာပါတယ် ။ တစ်လုံးက ပန်းသီးအကြီးဖြစ်ပြီးတစ်လုံးက ပ...န်းသီးအသေးဖြစ်တယ် ။ ပန်းသီးအကြီးက နီရဲနေပြီးစားချင်စဖွယ်ပါပဲ ။ ချိုမြနေမယ့်ပုံပါပဲ ။ သားအကြီးရောအငယ်ရောက ပန်းသီးအကြီးကိုပဲလိုချင်နေခြဲ့ ကတယ် ။ သားအကြီးဖြစ်သူက အငယ်ကောင်လေးထက်ဦးအောင် ပြောလိုက်တယ် ။ " မေမေ သားကို အဲဒီပန်းသီးအကြီးပေးပါ " ဒီတော့မိခင်ဖြစ်သူက သားအကြီးကို ကြည့်ပြီးပြောတယ် ။ " အကောင်းဆုံးကို သူတပါးကိုပဲပေးရမယ်လို့စိတ်ထဲမှာ မှတ်ထားပါ ကိုယ်ကျိုးကိုဘယ်တော့မှ မကြည့်နဲ့ " အဲဒီစကားကြားတဲ့အခါ သားကြီးဖြစ်သူက တစ်ချက်စဉ်းစားပြီး သူ့အမေကို ထပ်ပြောလိုက်တယ် ။
" အမေ ကျွန်တော့်ကို ပန်းသီးအသေးပဲပေးပါ ညီလေးကို ပန်းသီးအကြီးပေးလိုက်ပါ " အမေဖြစ်သူကပြုံးလိုက်ပြီး သားကြီးကိုနမ်းလိုက်တယ် ပြီးတော့ သားကြီးကို ပန်းသီးအကြီးပေးလိုက်တယ် ။ နောက်ပိုင်းမှာ သားကြီးဖြစ်သူက လိုချင်တဲ့ပစ္စည်းတစ်ခုရဖို့အတွက်လိမ်ညာတတ်လာခဲ့တယ် ။ ရန်ဖြစ်ပြီး ခိုးဆိုးလုယက်လာတတ်တယ် ။ ပြီးတော့ ထောင်ထဲ ရောက်သွားတာပါပဲ ။
မိခင် ( ၂ )
တစ်ခါတုန်းက မိခင်တစ်ယောက်မှာ သားနှစ်ယောက်ရှိတယ် ။ တစ်နေ့တော့ မိခင်က ဈေးကအပြန်မှာ ပန်းသီး ၂ လုံးဝယ်လာပါတယ် ။ တစ်လုံးက ပန်းသီးအကြီးဖြစ်ပြီးတစ်လုံးက ပန်းသီးအသေးဖြစ်တယ် ။ ပန်းသီးအကြီးက နီရဲနေပြီးစားချင်စဖွယ်ပါပဲ ။ ချိုမြနေမယ့်ပုံပါပဲ ။ သားအကြီးရောအငယ်ရောက ပန်းသီးအကြီးကိုပဲလိုချင်နေခြဲ့ ကတယ် ။ အမေဖြစ်သူက ပန်းသီးအကြီးကိုကိုင်ပြီးသားတွေ ကိုပြောတယ် ။ " ဒီပန်းသီးအကြီးကို သားငယ်ရောသားကြီးရောလိုချင်နေကြ မှာပဲ ဒီတော့ သားတို့ကို အမေကပြိုင်ပွဲလေးတစ်ခုလုပ်ပေးမယ် ။ အိမ်ရှေ့ကမြက်ခင်းကို အညီအမျှ ပိုင်းလိုက်မယ် ။ သားတို့ ကိုယ့်အပိုင်းကို မြက်ခုတ်ရမှာဖြစ်ပြီး အရင်ပြီးတဲ့လူက ဒီပန်းသီးအကြီးကိုရမယ် " ဒီလိုနဲ့ မြက်ရိတ်ပြိုင်ပွဲကျင်းပခဲ့တယ် ။ သားအငယ်က အမြန်ဆုံး ပြီးသွားတဲ့အတွက်ပန်းသီး အကြီးကိုပိုင်ဆိုင်ခွင့်ရခဲ့တယ် ။ သားတွေရဲ့စိတ်ထဲမှာလည်း လိုချင်တဲ့အရာတစ်ခုခုကို ရဖို့ တရားမျှတစွာနဲ့ယှဉ်ပြိုင်ယူရမယ် ဆိုတဲ့အသိစွဲထင်လာခဲ့တယ် ။ တစ်ခုခုကိုလိုချင်ရင်ကြိုးစားရမ ယ် ။ ကိုယ်လိုချင်တဲ့ အရာကိုရဖို့အတွက် အတိုင်းအတာတစ်ခုအထိတော့ပေးဆပ်ရမှာပါပဲ ။ နောက်ဆုံးညီငယ်လေးက စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်သွားတယ် ။
------------------------------ -----
မိခင်တွေက ကလေးတို့အနာဂါတ်ရဲ့ ပဲ့ကိုင်ရှင်တွေပါပဲ ။ အနာဂါတ်ကို အုပ်စိုးမယ့် လူငယ်တိုင်းရဲ့ လက်ဦးဆရာတွေဖြစ်သလို မိခင်တွေက ပဲ သားသမီးတွေကို ဘ၀အမျိုးမျိုးရောက်အောင်သင်ကြား ပေးနိုင်တယ် ။ ကလေးတွေကို လိမ်ညာတတ်ခြင်းကိုဖြစ်စေနိုင်သလို လူတော်တစ်ယောက်လည်းဖြစ်စေနိုင်တ ယ် ။
သက်တန့်ချို
အေးချမ်းမွန်(အဲဆာန်မန်) မှ သက်တန့်ချို တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်
တစ်ခါတုန်းက မိခင်တစ်ယောက်မှာ သားနှစ်ယောက်ရှိတယ် ။ တစ်နေ့တော့ မိခင်က ဈေးကအပြန်မှာ ပန်းသီး ၂ လုံးဝယ်လာပါတယ် ။ တစ်လုံးက ပန်းသီးအကြီးဖြစ်ပြီးတစ်လုံးက ပ...န်းသီးအသေးဖြစ်တယ် ။ ပန်းသီးအကြီးက နီရဲနေပြီးစားချင်စဖွယ်ပါပဲ ။ ချိုမြနေမယ့်ပုံပါပဲ ။ သားအကြီးရောအငယ်ရောက ပန်းသီးအကြီးကိုပဲလိုချင်နေခြဲ့
" အမေ ကျွန်တော့်ကို ပန်းသီးအသေးပဲပေးပါ ညီလေးကို ပန်းသီးအကြီးပေးလိုက်ပါ " အမေဖြစ်သူကပြုံးလိုက်ပြီး သားကြီးကိုနမ်းလိုက်တယ် ပြီးတော့ သားကြီးကို ပန်းသီးအကြီးပေးလိုက်တယ် ။ နောက်ပိုင်းမှာ သားကြီးဖြစ်သူက လိုချင်တဲ့ပစ္စည်းတစ်ခုရဖို့အတွက
မိခင် ( ၂ )
တစ်ခါတုန်းက မိခင်တစ်ယောက်မှာ သားနှစ်ယောက်ရှိတယ် ။ တစ်နေ့တော့ မိခင်က ဈေးကအပြန်မှာ ပန်းသီး ၂ လုံးဝယ်လာပါတယ် ။ တစ်လုံးက ပန်းသီးအကြီးဖြစ်ပြီးတစ်လုံးက ပန်းသီးအသေးဖြစ်တယ် ။ ပန်းသီးအကြီးက နီရဲနေပြီးစားချင်စဖွယ်ပါပဲ ။ ချိုမြနေမယ့်ပုံပါပဲ ။ သားအကြီးရောအငယ်ရောက ပန်းသီးအကြီးကိုပဲလိုချင်နေခြဲ့
------------------------------
မိခင်တွေက ကလေးတို့အနာဂါတ်ရဲ့ ပဲ့ကိုင်ရှင်တွေပါပဲ ။ အနာဂါတ်ကို အုပ်စိုးမယ့် လူငယ်တိုင်းရဲ့ လက်ဦးဆရာတွေဖြစ်သလို မိခင်တွေက ပဲ သားသမီးတွေကို ဘ၀အမျိုးမျိုးရောက်အောင်သင်ကြား
သက်တန့်ချို
အေးချမ်းမွန်(အဲဆာန်မန်) မှ သက်တန့်ချို တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။