Ko Soe shared အူတက်အောင်ရီရသောဟာသများနဲ့အခြား's photo.
မုဆိုး နှစ်ယောက် သည် လေယာဉ်ငယ် တစ်စီးကို စင်းလုံးငှားပီး အာဖရိက တောနက်ထဲသို့ အမဲပစ်ထွက်လာကြ၏။
နှစ်ပတ်ခန့်ကြာသောအခါ .....ထိုလေယာဉ်ငယ်ကလေးသည် မု...ဆိုး နှစ်ဦးအား ပြန်လာခေါ်လေ၏။
မုဆိုး နှစ် ယောက်သည် သူတို့ ပစ်ထားသော သမင်ကြီး နှစ် ကောင်ကို လေယာဉ်ပေါ် ကိုတင်နေသည်ကို တွေ့ သဖြင့် လေယာဉ်မှူးမှ.....
" ဟာ...မဖြစ်ဖူးလေဗျာ။ လေယာဉ်ပေါ် ခင်ဗျားတို့ နှစ်ယောက်နဲ့ သမင် တစ်ကောင်ပဲ တင်လို့ရမယ်။ကျန်တစ်ကောင်တော့ ဒီတိုင်းထားခဲ့မှရမယ်...".
ထိုအခါ မုဆိုး နှစ် ဦးမှ......
" ရပါတယ်ဗျ။ မနှစ်ကလဲ ဒီလိုလေယာဉ်မျိုးနဲ့ ပဲပြန်တာပဲဗျ။ အဲဒီတုန်း က လေယာဉ်မှူးက တင်ခဲ့တာပဲ...ဗျ...."
လေယာဉ်မှူးမှ..." ....ဒါဆိုလဲ ကောင်းပီလေ....မနှစ်က ရတယ်ဆိုရင်....အခုလဲ ရမှာပေါ့..."....ဟုဆို၏။
သို့နှင့် သမင် နှစ် ကောင်အား မုဆိုး နှစ်ယောက်မှ လေယာဉ်ပေါ်သို့ တင်ဆောင်ပီး ထွက်ခွာလာခဲ့ကြ၏။
မကြာမီ......အလေးချိန် ပိုတင်လာသဖြင့် လေယာဉ်သည် အမြင့် ကို ပျံတက်ရန် အခက်အခဲရှိလာ၏။
နောက်ဆုံး တောင်ကုန်း တစ်ကုန်း ကိုပင် ဖြတ်ကျော်ရန် မတတ်နိုင်တော့ ပဲ လေယာဉ်ပျက်ကျ သွားလေသည်။
ထို့နောက်....မြေပြင်ပေါ်ရှိ....
" တို့ ဘယ်နေရာ ရောက်နေတာလဲ ကွ.."...ဟု မေး၏။
ထိုမုဆိုးလည်း အနီး ပတ်ဝန်းကျင် ကို လျှောက်ကြည့် လိုက်ပီး ပြောလိုက်သည်မှာ......
" တို့...မနှစ် က ပျက်ကျတဲ့ နေရာ နား လောက်မှာပဲ ထင်တာပဲ.......ကွ...."........တ
တိန်
ရီမောပျော်ရွှင်ပါစေ
ကိုလုံ....
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။