KhingKhing Su and Soe Min shared Kusala Bds's photo.
by မစိုးရိမ်တိုက်သစ် မဟာအောင်မြေ
==========...
by မစိုးရိမ်တိုက်သစ် မဟာအောင်မြေ
==========...
=====================
အသိညာဏ်နည်းတဲ့ ပုဂ္ဂိုလ်တွေ များတဲ့အတွက် မင်းတို့ ဒီနိုင်ငံ မတိုးတက်တာ၊ တကယ်ဆိုရင် သူများနိုင်ငံတွေ သိပ်တိုးတက်နေတာပဲ၊ ဒါ ဒီနိုင်ငံက အလားအလာ သိပ်ကောင်းလျှက်သားနဲ့ မတိုးတက်တာ ဘာဖြစ်လို့ မတိုးတက်သလဲဆိုရင် ခုနကပြောခဲ့သလိုပဲ အသိညာဏ်နည်းတဲ
့အတွက် မတိုးတက်တာ၊
မင်းတို့ လူငယ်တွေ စာပေတော့ ဖတ်ကြပါတယ်၊ ဒါပေမဲ့ ကာတွန်းပဲ ဖတ်ကြတာ၊ တကယ့် ကိုယ့်ကို ဗဟုသုတပေးမယ့် စာပေမျိုးကြတော့ မဖတ်ဘူး၊ ဘာမှမဟုတ်တဲ့ ကာတွန်းချည်းပဲ လျှောက်ပြီး ဖတ်တယ်၊ ဘာဗဟုသုတမှ အဲဒီတော့ မရှိတော့ဘူး၊ ဒီတော့ အသိညာဏ်ရှိဖို့ ဗဟုသုတရှိဖို့ မင်းတို့ အင်မတန်လိုအပ်တယ်၊ အဲဒါ အသိညာဏ်ရှိတဲ့ နိုင်ငံတွေဟာ တိုးတက်သွားတာပဲ၊ နိုင်ငံသူနိုင်ငံသား အားလုံးဟာ အသိညာဏ်ရှိနေတယ်၊ ဒို့နိုင်ငံတိုးတက်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာ သူတို့ကိုယ်သူတို့ သိကြတယ်၊ အဲသိတော့ကို အဲဒီနိုင်ငံတွေ တိုးတက်သွားတာပဲ။
အသိညာဏ်ဆိုတာ မင်းတို့ ငယ်တာကြီးတာနဲ့မဆိုင်ဘူး၊ အသက်အရွယ်ငယ်ပေမဲ့ တချို့ကျတော့ တိုင်းပြည်အတွက် သိပ်အသိညာဏ်ရှိတယ်၊
မင်းတို့ ဘင်္ဂလာဒေ့ရှ်နိုင်ငံမှာ တခါဖြစ်သွားတယ်၊ အဘူခီယာဆိုတဲ့ကလေး သူက (၉)နှစ်ပဲ ရှိသေးတယ်၊ (၉)နှစ်ဆိုတော့ ဘယ်လောက်မှ မကြီးသေးဘူး၊ ဒါပေမဲ့ လူဆင်းရဲလေးမို့၊ လူဆင်းရဲလေးဆိုတော့ မနက်အစောကြီး (၅)နာရီလောက်ပေါ့ ထရတယ်၊ ထပြီးတော့ တောထဲ ယာထဲ အလုပ်သွားရတယ်၊ အဲဒါ သူ့အိမ်နဲ့ယာခင်းအကြားမှာ ရထားလမ်းရှိတယ်၊ ရထားလမ်းရောက်တော့ ရထားလမ်းက သံလမ်းအဆက်ပြုတ်နေတယ်၊ ပြုတ်နေပေမဲ့ သူက ကလေးဖြစ်တဲ့အတွက် သံလမ်းအဆက်ကိုလဲ ပြန်ပြီးတော့ မဆက်နိုင်ဘူး၊ ရထားကလဲ လာချိန်နီးနေပြီ၊ ဒီသံလမ်းအဆက်ကြီးအတိုင်း ရထားကလဲ ဖြတ်သွားမယ်ဆိုရင် လမ်းချော်ပြီး မှောက်မှာက သေချာတယ်။ ဒီတော့ သူဘယ်လိုလုပ်တုန်း? အိမ်ပြန်ပြီးတော့ နီတဲ့အ၀တ်အစား ယူတယ်၊ ယူပြီးတော့ ရထားလမ်းပြန်လာ၊ ရထားဥသြဆွဲသံကြားတော့ သူက ခုနကယူလာတဲ့ အနီရောင်အ၀တ်အစားကို လှုပ်ပြတယ်၊ အဲဒီတော့ သူ့ရဲ့ အသိညာဏ်ထဲမှာ `` ရထားတွေ ကားတွေဆိုတာ အနီပြရင် ရပ်ရတယ်´´ဆိုတာ သူက သိပြီးသား၊ သိပြီးသားဖြစ်တော့ကို အဲဒီအင်္ကျီအနီကို လှုပ်ပြတယ်၊ အလံတော့ မဟုတ်ဘူးပေါ့၊ အဲသလို လှုပ်ရမ်းပြတော့ စက်ဗိုလ်က မြင်တယ်၊ မြင်တော့ကို ``ဒီကလေး ဘာဖြစ်လို့ပါလိမ့်´´ ဆိုပြီးတော့ ရထားကို ဘရိတ်အုပ် ရပ်လိုက်တယ်၊ ရပ်ပြီးမှ `` ဟာ ဘာဖြစ်တာလဲ´´ဆိုပြီးတော့ ဆင်းကြည့်တော့ ရထားသံလမ်း အဆက်ပြုတ်နေတာ တွေ့ရတယ်၊ ဒီကလေးကြောင့် ရထားလမ်းပေါ်မှာပါတဲ့ ခရီးသည် အားလုံး အသက်ချမ်းသာရာ ရသွားတယ်၊
အဲ သူတို့ ကုလားနိုင်ငံတွေမှာ ရထားတစီးတစီး အမြဲတမ်း လူတထောင်လောက် ပါတယ်၊ အဲဒီတထောင်သော လူတွေရဲ့ အသက်ဟာ ဒီကလေး အသိညာဏ်ရှိတဲ့အတွက် အကုန်လုံး အသက်ချမ်းသာရာ ရသွားတယ်။
အဲဒီတော့ မီးရထားဌာနက သူ့ကို ကျေးဇူးတင်လွန်းလို့ အဲဒီတုန်းက (၆၃)ဒေါ်လာ သူ့ကို ဆုချတယ်၊ (၆၃)ဒေါ်လာဆိုတော့ အခုခေတ် ဗမာငွေနဲ့ တွက်ကြည့်တော့ ငွေခြောက်သောင်းကျော်လောက်ရှိမှာပေါ့၊ အဲဒီ(၆၃)ဒေါ်လာ မီးရထားဌာနက ဆုချတယ်၊ ဆုချတဲ့အပြင် ဒီကလေး အသက်အရွယ်ရလာရင် မီးရထားဌာနကို အလုပ်ကောင်းကောင်းပေးမယ်၊ အခုတော့ အသက်က (၉)နှစ်ပဲ ရှိသေးတဲ့အတွက် အလုပ်ပေးလို့ မရသေးဘူး၊ ဒီတော့ အသက်အရွယ် လူလားမြောက်ပြီဆိုရင် သူ့အလုပ်အကိုင်အတွက် မခက်ခဲစေရဘူး၊ မီးရထားဌာနမှာပဲ ပြန်ပြီးတော့ အလုပ်သွင်းမယ်၊ သူ အသိညာဏ်ရှိလို့ ဂုဏ်ပြုကြတာ။
နောက် ကုမ္ပဏီတခုက အင်မတန်အသိညာဏ်တော်တဲ့ ကလေးပဲဆိုပြီးတော့ ဒီကလေး ဆယ်တန်းမအောင်မချင်း ကျောင်းစရိတ် အကုန်ကျခံပြီးတော့ ကျောင်းထားပေးမယ်၊ ကုမ္ပဏီတခုက အဲသလို တာဝန်ယူတယ်။
အဲဒါ မင်းတို့ အသိညာဏ်ဆိုတာ ငယ်သောကြီးသောမဟုတ်ဘူး၊ ငယ်ပေမဲ့ မွေးရာပါ အသိညာဏ်ရှိတယ်၊ ဒီကလေး ဘာပဲပြောပြော - ဘင်္ဂလာဒေ့ရှ်ဆိုတော့ အင်မတန်ဆင်းရဲတဲ့နိုင်ငံ၊ ဒို့ဗမာပြည်ထက် ဆင်းရဲတယ်၊ အစားအသောက်က အင်မတန်ဆင်းရဲတဲ့နိုင်ငံ လုပ်ကိုင်းစားသောက်စရာ မြေကွက် သိပ်မရှိဘူး၊ ဒီတော့ သဘာဝဘေးအန္တရာယ်ကလဲ အင်မတန်များတဲ့နိုင်ငံ၊
ဆိုကြပါစို့ ဘင်္ဂလားပင်လယ်အော် မုန်းတိုင်းကျတယ်၊ ဒို့ဆီက ရခိုင်ရိုးမက ခံနေတော့ အဲဒီရခိုင်ရိုးမကို ပြိုကျအောင် လေမုန်တိုင်းက မတိုက်နိုင်ဘူး၊ ဒီတော့ အဲဒီရခိုင်ရိုးမကို လေမုန်တိုင်းတိုက်ပြီးတော့ ဘင်္ဂလာဒေ့ရှ်ထဲ ၀င်သွားတာပဲ။ သဘာဝဘေးအန္တရာယ်ကလဲ အင်မတန်များတဲ့ နိုင်ငံ၊ ဒို့ဆီထက် ဆင်းရဲလဲ ဆင်းရဲတဲ့နိုင်ငံ။
ဒီတော့ အဘူခီယာဆိုတဲ့ ကလေးငယ်ဟာ သိပ်လဲပဲ ပညာတော့ တတ်ပုံမပေါ်ပါဘူး၊ ရှိရင်လဲ လေးတန်းငါးတန်းပေါ့၊ အဲသလောက်ပဲ ရှိမှာပါ၊ အေး အဲဒါ ကျောင်းနေပညာတော့ မရှိဘူးပေါ့၊ ပဋိသန္ဓေပညာက ပါလာတယ်၊ ရထားလမ်း အဆက်ပြုတ်နေတာ၊ ရထားဆက်ခုက်သွားလို့ရှိရင် တိမ်းမှောက်မယ်၊ အဲဒီအသိညာဏ်က ပါလာတယ်။
ငယ်ပေမဲ့ မွေးရာပါ အသိညာဏ်တော်တဲ့ကလေးတွေလဲ အများကြီးရှိတယ်၊ အဲသလို မွေးရာပါ အသိညာဏ်မတော်စေကာမူ စာပေဗဟုသုတနဲ့ အသိညာဏ်တော်အောင်လဲပဲ လူဆိုတာ ကြိုးစားရတယ်၊ အသိညာဏ်ရှိမှ ၊ ကိုယ့်သာသနာလဲ စောက်ရှောက်လို့ရမယ်၊ တိုင်းပြည်လဲပဲ ကြီးပွားတိုးတက်အောင် အများစုအသိညာဏ်ရှိမှ ကြီးပွားတိုးတက်မှာ။
အဲသလိုပဲ အသိညာဏ်နုံ့နှေးနေမယ်ဆိုရင် မင်းတို့ ဒီနိုင်ငံ အမြဲတမ်း နောက်ပိတ်ခွေးနိုင်ငံ ဖြစ်နေမှာပဲ။ အလားအလာကောင်းပြီး အင်မတန်နှမြောစရာကောင်းတဲ့နိုင် ငံ၊ အဲလူထုက အသိညာဏ် အင်မတန်နည်းတယ်၊ ဟေးလားဝါးလား နေချင်တဲ့ပုဂ္ဂိုလ်က များတယ်၊ မင်းတို့ လူပိုင်းရော ဘုန်းကြီးပိုင်းရော လူငယ်တွေပိုင်းရော ဦးဇင်းတွေပိုင်းရော အတူတူပဲ၊ ဟေးလားဝါးလား အချိန်ကုန်ချင်တဲ့ ပုဂ္ဂိုလ်က များနေတယ်၊ အေး ဒီအတိုင်းနေကြမယ်ဆိုရင် ဒီနိုင်ငံ ဒီသာသနာ ဘယ်တော့မှ တိုးတက်မှာ မဟုတ်ဘူး။ ကိုယ့်ကိုကိုယ် ဗဟုသုတရှိအောင် အားလပ်တဲ့အချိန်တွေမှာ စာပေဖတ်၊ စာအံကျောင်းတွေမှာတော့ မဂ္ဂဇင်းတွေ ၀တ္ထုတွေ ဂျာနယ်တွေ မယူရဘူး၊ အေး ယူလို့ တွေ့လို့ရှိရင်လဲ မင်းတို့ နှင်ထုတ်မှာ၊ အဲဒါလဲပဲ ခွင့်မလွှတ်ဘူး၊ စာပေဖတ်တာကို ငါက သဘောကျပါတယ်၊ ငါကိုယ်တိုင်လဲ အခုထက်ထိ စာပေဖတ်နေတုန်းပါပဲ၊
လောကီစာပေတွေ မဂ္ဂဇင်းတွေ ဘာတွေ ဖတ်နေတုန်းပဲ၊ အဲ `` လူဆိုတာ ဘာပဲပြောပြော ဘုန်းကြီးပဲဖြစ်ဖြစ်၊ လူပဲဖြစ်ဖြစ် နိုင်ငံရေးဆိုတာ သိရမယ့်ကိစ္စ``၊
ရွှေကျင်သာသနာပိုင် မြောင်းမြဆရာတော်၊ အဲဒီမြောင်းမြဆရာတော်က ``န၀မ conference´´ကို တက်တယ်လို့ အရှင်ဇနကာဘိဝံသ ရာပြည့်စာစောင်ထဲမှာ ထည့်ရေးထားတယ်၊ အဲ သူတို့ ရွှေကျင်ဆိုပေမဲ့ နိုင်ငံရေးကို လျစ်လျူရှုပြီး မထားဘူးပေါ့၊ သဘောက အဲဒီန၀မကွန်ဖရင့်တောင်မှ မြောင်းမြဆရာတော်တို့ တက်တယ်ဆိုပြီးတော့ ရေးထားတယ်၊ အဲဒါမှတ်ထား၊ နိုင်ငံရေးဖြစ်ဖြစ် သာသနာရေးဖြစ်ဖြစ် သိရမယ့်ကိစ္စပဲ။
အဲဒီသိရမဲ့ကိစ္စ သိထားမှ ညာရင် ညာနေတယ်ဆိုတာ သိတာ၊ ဒါ ဒီပြဿနာ ဖန်တီးတယ်ဆိုရင် ဖန်တီးတယ်လို့ သိတာ၊ အခုတော့ မင်း ဒီပြဿနာဖန်တီးတယ်ဆိုတာလဲ မသိဘူး၊ မသိတော့ တချို့က ဆူကြတယ်၊ ဆူတော့ ဘယ်သူနာလဲ ဆူတဲ့ပုဂ္ဂိုလ်တွေပဲ နာတာပဲ။ အဲဒါ မင်းတို့မှတ်ထား အသိညာဏ်ရှိလိုဖို့တယ်။
၁၃၆၇-ခုနှစ်၊ ၀ါခေါင်လပြည့်နေ့
မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ကြီး (၃)တိုက်တို့၏
အဓိပတိ မဟာနာယကချုပ်ဆရာတော်
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ၏ စိန်ရတုအထိမ်းမှတ် သြ၀ါဒကထာ မှ
အသိညာဏ်နည်းတဲ့ ပုဂ္ဂိုလ်တွေ များတဲ့အတွက် မင်းတို့ ဒီနိုင်ငံ မတိုးတက်တာ၊ တကယ်ဆိုရင် သူများနိုင်ငံတွေ သိပ်တိုးတက်နေတာပဲ၊ ဒါ ဒီနိုင်ငံက အလားအလာ သိပ်ကောင်းလျှက်သားနဲ့ မတိုးတက်တာ ဘာဖြစ်လို့ မတိုးတက်သလဲဆိုရင် ခုနကပြောခဲ့သလိုပဲ အသိညာဏ်နည်းတဲ
့အတွက် မတိုးတက်တာ၊
မင်းတို့ လူငယ်တွေ စာပေတော့ ဖတ်ကြပါတယ်၊ ဒါပေမဲ့ ကာတွန်းပဲ ဖတ်ကြတာ၊ တကယ့် ကိုယ့်ကို ဗဟုသုတပေးမယ့် စာပေမျိုးကြတော့ မဖတ်ဘူး၊ ဘာမှမဟုတ်တဲ့ ကာတွန်းချည်းပဲ လျှောက်ပြီး ဖတ်တယ်၊ ဘာဗဟုသုတမှ အဲဒီတော့ မရှိတော့ဘူး၊ ဒီတော့ အသိညာဏ်ရှိဖို့ ဗဟုသုတရှိဖို့ မင်းတို့ အင်မတန်လိုအပ်တယ်၊ အဲဒါ အသိညာဏ်ရှိတဲ့ နိုင်ငံတွေဟာ တိုးတက်သွားတာပဲ၊ နိုင်ငံသူနိုင်ငံသား အားလုံးဟာ အသိညာဏ်ရှိနေတယ်၊ ဒို့နိုင်ငံတိုးတက်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာ သူတို့ကိုယ်သူတို့ သိကြတယ်၊ အဲသိတော့ကို အဲဒီနိုင်ငံတွေ တိုးတက်သွားတာပဲ။
အသိညာဏ်ဆိုတာ မင်းတို့ ငယ်တာကြီးတာနဲ့မဆိုင်ဘူး၊ အသက်အရွယ်ငယ်ပေမဲ့ တချို့ကျတော့ တိုင်းပြည်အတွက် သိပ်အသိညာဏ်ရှိတယ်၊
မင်းတို့ ဘင်္ဂလာဒေ့ရှ်နိုင်ငံမှာ တခါဖြစ်သွားတယ်၊ အဘူခီယာဆိုတဲ့ကလေး သူက (၉)နှစ်ပဲ ရှိသေးတယ်၊ (၉)နှစ်ဆိုတော့ ဘယ်လောက်မှ မကြီးသေးဘူး၊ ဒါပေမဲ့ လူဆင်းရဲလေးမို့၊ လူဆင်းရဲလေးဆိုတော့ မနက်အစောကြီး (၅)နာရီလောက်ပေါ့ ထရတယ်၊ ထပြီးတော့ တောထဲ ယာထဲ အလုပ်သွားရတယ်၊ အဲဒါ သူ့အိမ်နဲ့ယာခင်းအကြားမှာ ရထားလမ်းရှိတယ်၊ ရထားလမ်းရောက်တော့ ရထားလမ်းက သံလမ်းအဆက်ပြုတ်နေတယ်၊ ပြုတ်နေပေမဲ့ သူက ကလေးဖြစ်တဲ့အတွက် သံလမ်းအဆက်ကိုလဲ ပြန်ပြီးတော့ မဆက်နိုင်ဘူး၊ ရထားကလဲ လာချိန်နီးနေပြီ၊ ဒီသံလမ်းအဆက်ကြီးအတိုင်း ရထားကလဲ ဖြတ်သွားမယ်ဆိုရင် လမ်းချော်ပြီး မှောက်မှာက သေချာတယ်။ ဒီတော့ သူဘယ်လိုလုပ်တုန်း? အိမ်ပြန်ပြီးတော့ နီတဲ့အ၀တ်အစား ယူတယ်၊ ယူပြီးတော့ ရထားလမ်းပြန်လာ၊ ရထားဥသြဆွဲသံကြားတော့ သူက ခုနကယူလာတဲ့ အနီရောင်အ၀တ်အစားကို လှုပ်ပြတယ်၊ အဲဒီတော့ သူ့ရဲ့ အသိညာဏ်ထဲမှာ `` ရထားတွေ ကားတွေဆိုတာ အနီပြရင် ရပ်ရတယ်´´ဆိုတာ သူက သိပြီးသား၊ သိပြီးသားဖြစ်တော့ကို အဲဒီအင်္ကျီအနီကို လှုပ်ပြတယ်၊ အလံတော့ မဟုတ်ဘူးပေါ့၊ အဲသလို လှုပ်ရမ်းပြတော့ စက်ဗိုလ်က မြင်တယ်၊ မြင်တော့ကို ``ဒီကလေး ဘာဖြစ်လို့ပါလိမ့်´´ ဆိုပြီးတော့ ရထားကို ဘရိတ်အုပ် ရပ်လိုက်တယ်၊ ရပ်ပြီးမှ `` ဟာ ဘာဖြစ်တာလဲ´´ဆိုပြီးတော့ ဆင်းကြည့်တော့ ရထားသံလမ်း အဆက်ပြုတ်နေတာ တွေ့ရတယ်၊ ဒီကလေးကြောင့် ရထားလမ်းပေါ်မှာပါတဲ့ ခရီးသည် အားလုံး အသက်ချမ်းသာရာ ရသွားတယ်၊
အဲ သူတို့ ကုလားနိုင်ငံတွေမှာ ရထားတစီးတစီး အမြဲတမ်း လူတထောင်လောက် ပါတယ်၊ အဲဒီတထောင်သော လူတွေရဲ့ အသက်ဟာ ဒီကလေး အသိညာဏ်ရှိတဲ့အတွက် အကုန်လုံး အသက်ချမ်းသာရာ ရသွားတယ်။
အဲဒီတော့ မီးရထားဌာနက သူ့ကို ကျေးဇူးတင်လွန်းလို့ အဲဒီတုန်းက (၆၃)ဒေါ်လာ သူ့ကို ဆုချတယ်၊ (၆၃)ဒေါ်လာဆိုတော့ အခုခေတ် ဗမာငွေနဲ့ တွက်ကြည့်တော့ ငွေခြောက်သောင်းကျော်လောက်ရှိမှ
နောက် ကုမ္ပဏီတခုက အင်မတန်အသိညာဏ်တော်တဲ့ ကလေးပဲဆိုပြီးတော့ ဒီကလေး ဆယ်တန်းမအောင်မချင်း ကျောင်းစရိတ် အကုန်ကျခံပြီးတော့ ကျောင်းထားပေးမယ်၊ ကုမ္ပဏီတခုက အဲသလို တာဝန်ယူတယ်။
အဲဒါ မင်းတို့ အသိညာဏ်ဆိုတာ ငယ်သောကြီးသောမဟုတ်ဘူး၊ ငယ်ပေမဲ့ မွေးရာပါ အသိညာဏ်ရှိတယ်၊ ဒီကလေး ဘာပဲပြောပြော - ဘင်္ဂလာဒေ့ရှ်ဆိုတော့ အင်မတန်ဆင်းရဲတဲ့နိုင်ငံ၊ ဒို့ဗမာပြည်ထက် ဆင်းရဲတယ်၊ အစားအသောက်က အင်မတန်ဆင်းရဲတဲ့နိုင်ငံ လုပ်ကိုင်းစားသောက်စရာ မြေကွက် သိပ်မရှိဘူး၊ ဒီတော့ သဘာဝဘေးအန္တရာယ်ကလဲ အင်မတန်များတဲ့နိုင်ငံ၊
ဆိုကြပါစို့ ဘင်္ဂလားပင်လယ်အော် မုန်းတိုင်းကျတယ်၊ ဒို့ဆီက ရခိုင်ရိုးမက ခံနေတော့ အဲဒီရခိုင်ရိုးမကို ပြိုကျအောင် လေမုန်တိုင်းက မတိုက်နိုင်ဘူး၊ ဒီတော့ အဲဒီရခိုင်ရိုးမကို လေမုန်တိုင်းတိုက်ပြီးတော့ ဘင်္ဂလာဒေ့ရှ်ထဲ ၀င်သွားတာပဲ။ သဘာဝဘေးအန္တရာယ်ကလဲ အင်မတန်များတဲ့ နိုင်ငံ၊ ဒို့ဆီထက် ဆင်းရဲလဲ ဆင်းရဲတဲ့နိုင်ငံ။
ဒီတော့ အဘူခီယာဆိုတဲ့ ကလေးငယ်ဟာ သိပ်လဲပဲ ပညာတော့ တတ်ပုံမပေါ်ပါဘူး၊ ရှိရင်လဲ လေးတန်းငါးတန်းပေါ့၊ အဲသလောက်ပဲ ရှိမှာပါ၊ အေး အဲဒါ ကျောင်းနေပညာတော့ မရှိဘူးပေါ့၊ ပဋိသန္ဓေပညာက ပါလာတယ်၊ ရထားလမ်း အဆက်ပြုတ်နေတာ၊ ရထားဆက်ခုက်သွားလို့ရှိရင် တိမ်းမှောက်မယ်၊ အဲဒီအသိညာဏ်က ပါလာတယ်။
ငယ်ပေမဲ့ မွေးရာပါ အသိညာဏ်တော်တဲ့ကလေးတွေလဲ အများကြီးရှိတယ်၊ အဲသလို မွေးရာပါ အသိညာဏ်မတော်စေကာမူ စာပေဗဟုသုတနဲ့ အသိညာဏ်တော်အောင်လဲပဲ လူဆိုတာ ကြိုးစားရတယ်၊ အသိညာဏ်ရှိမှ ၊ ကိုယ့်သာသနာလဲ စောက်ရှောက်လို့ရမယ်၊ တိုင်းပြည်လဲပဲ ကြီးပွားတိုးတက်အောင် အများစုအသိညာဏ်ရှိမှ ကြီးပွားတိုးတက်မှာ။
အဲသလိုပဲ အသိညာဏ်နုံ့နှေးနေမယ်ဆိုရင် မင်းတို့ ဒီနိုင်ငံ အမြဲတမ်း နောက်ပိတ်ခွေးနိုင်ငံ ဖြစ်နေမှာပဲ။ အလားအလာကောင်းပြီး အင်မတန်နှမြောစရာကောင်းတဲ့နိုင်
လောကီစာပေတွေ မဂ္ဂဇင်းတွေ ဘာတွေ ဖတ်နေတုန်းပဲ၊ အဲ `` လူဆိုတာ ဘာပဲပြောပြော ဘုန်းကြီးပဲဖြစ်ဖြစ်၊ လူပဲဖြစ်ဖြစ် နိုင်ငံရေးဆိုတာ သိရမယ့်ကိစ္စ``၊
ရွှေကျင်သာသနာပိုင် မြောင်းမြဆရာတော်၊ အဲဒီမြောင်းမြဆရာတော်က ``န၀မ conference´´ကို တက်တယ်လို့ အရှင်ဇနကာဘိဝံသ ရာပြည့်စာစောင်ထဲမှာ ထည့်ရေးထားတယ်၊ အဲ သူတို့ ရွှေကျင်ဆိုပေမဲ့ နိုင်ငံရေးကို လျစ်လျူရှုပြီး မထားဘူးပေါ့၊ သဘောက အဲဒီန၀မကွန်ဖရင့်တောင်မှ မြောင်းမြဆရာတော်တို့ တက်တယ်ဆိုပြီးတော့ ရေးထားတယ်၊ အဲဒါမှတ်ထား၊ နိုင်ငံရေးဖြစ်ဖြစ် သာသနာရေးဖြစ်ဖြစ် သိရမယ့်ကိစ္စပဲ။
အဲဒီသိရမဲ့ကိစ္စ သိထားမှ ညာရင် ညာနေတယ်ဆိုတာ သိတာ၊ ဒါ ဒီပြဿနာ ဖန်တီးတယ်ဆိုရင် ဖန်တီးတယ်လို့ သိတာ၊ အခုတော့ မင်း ဒီပြဿနာဖန်တီးတယ်ဆိုတာလဲ မသိဘူး၊ မသိတော့ တချို့က ဆူကြတယ်၊ ဆူတော့ ဘယ်သူနာလဲ ဆူတဲ့ပုဂ္ဂိုလ်တွေပဲ နာတာပဲ။ အဲဒါ မင်းတို့မှတ်ထား အသိညာဏ်ရှိလိုဖို့တယ်။
၁၃၆၇-ခုနှစ်၊ ၀ါခေါင်လပြည့်နေ့
မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ကြီး (၃)တိုက်တို့၏
အဓိပတိ မဟာနာယကချုပ်ဆရာတော်
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ၏ စိန်ရတုအထိမ်းမှတ် သြ၀ါဒကထာ မှ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။