10 December 2012 |By 8 Days
စိတ်ကူး ယဉ်ခဲ့တဲ့ ဆယ်ကျော် သက်အိပ်မက်
ဆရာဝန် တစ်ယောက် ဖြစ်ချင်
ခဲ့တယ်။ အဲဒီအတွက် စာတွေ အရမ်းကြိုးစားခဲ့တယ်။ နောက်ပိုင်း ကျတော့ အနုပညာဘက်ကို ပိုအား သန်လာပြီး အဆိုတော် အလွန်အကျွံမဟုတ်ပေမယ့် နည်းနည်းတော့ လွတ်လပ်ခွင့်ရခဲ့ပါတယ်
မေစံပယ်ညိုတစ်ယောက် ဖြစ်ချင်လာတယ်။ အခုတော့ “မ” ဖြစ်ချင်တဲ့အနုပညာရှင်တစ်ယောက် ဖြစ်နေပါပြီ။
ဆယ်ကျော်သက်ဘဝကို ဒီလို ဖြတ်သန်းခဲ့တယ်
အရမ်းကြီးထိန်းချုပ်တာမျိုး လည်းမရှိတော့ အဆင်ပြေခဲ့ပါ တယ်။ သွားစရာရှိရင် လိုက်ပို့ပေး တယ်။ အလွန်အကျွံမဟုတ်ပေမယ့် နည်းနည်းတော့ လွတ်လပ်ခွင့်ရခဲ့ပါ တယ်။ စိတ်ကြိုက်လုပ်ခဲ့ရတာမျိုး တော့ သိပ်မရှိဘူး။ ကိုယ်သွားတဲ့ နေရာတိုင်းလိုက်တယ်။ ဘာမဆိုသူ တို့ရဲ့ မျက်စိအောက်မှာပဲရှိနေတာ များတယ်။
မတင်း မလျော့လေး ကိုင်တွယ် ရင်ကောင်းမယ်
လူဆိုတာ အသစ်အဆန်းကို စူးစမ်းစေချင်တဲ့ စိတ်ရှိတယ်။ ဒါပေမဲ့ လွှတ်ထားလိုက်ပြန်ရင် လည်း အရမ်းလွတ်သွားမှာစိုးရိမ် ရပြန်ရော။ အဲဒါကြောင့် သားသမီး တွေကို မတင်းမလျော့လေးကိုင် တွယ်ဖို့ အကြံပေးချင်ပါတယ်။
ယုံကြည်ပြီး နားလည်ပေးပါ
မြန်မာ လူမျိုးတွေက အရမ်း စိုးရိမ်တတ်တယ်။ ဟိုတစ်ယောက် နဲ့ စကားပြောလိုက်တာနဲ့ နာမည် ပျက်မယ်။ လျှောက်မသွားနဲ့ ပျက် စီးမယ်၊ မြန်မာ လူမျိုးတွေရဲ့ အယူ အဆက တစ်ခါတလေအရမ်းဆိုး ပါတယ်။ မိဘတွေက သားသမီးတွေ ကို ယုံကြည်ပြီးနားလည်ပေးပါ။ သား သမီးတွေကလည်းမိဘတွေကို ပြန်ပြီးနားလည်ပေးပါ။ အချင်းချင်း သာအပြန်အလှန်နားလည်မှုပေးမယ် ဆိုရင် ဘာမဆိုအဆင်ပြေသွားမှာ ပါ။
ကြိုးစားရင် အကုန်ဖြစ်နိုင်တယ်
ကိုယ်ဖြစ်ချင်တဲ့ အရာကဘာ လဲဆိုတာအရင်ဆန်းစစ်ပါ။ ပြီးတော့ သေချာဇွဲရှိရှိနဲ့ ကြိုးစားပါ။ ကြိုးစား ရင်ဘာမဆိုဖြစ်နိုင်ပါတယ်။ အဓိက က ဇွဲရှိဖို့နဲ့ သည်းခံဖို့။ နောက်ပြီး ဆရာသမားတွေနဲ့ မိဘတွေရဲ့ သွန် သင်ဆုံးမမှုကိုနာခံပြီး တိုင်တိုင်ပင် ပင်နဲ့လုပ်စေချင်ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။