Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, December 15, 2012

ဗိုလ်ချုပ်အောင်ဆန်း တကယ်ငိုခဲ့သလား ???

By Ter Tee on Saturday, December 15, 2012 at 7:14pm ·
 
FB Note တစ်ခုမှာ ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်လပ်ရေးမရမီကာလမှာ ဘုရင်ခံဖြစ်တဲ့
ဆာဟျူးဘတ်ရန့်စ် အိမ်ကိုသွားပြီး စကားပြောရင်း ချုံးပွဲချငိုခဲ့တယ်လို့ဆိုပါတယ်။
အဲဒီ Note ဟာ ဘယ်သူ့ပြောကြားချက် ဘယ်စာအုပ်စာတမ်း ဘယ်မှတ်တမ်းကိုမှ
ကိုးကားထားခြင်းမရှိတဲ့အတွက် ကျွန်တော်ကန့်ကွက်ပါတယ်။ Note ရဲ့လွဲချော်ချက်တစ်ခုကတော့
ဗိုလ်ချုပ်အောင်ဆန်း ဟာ ဆာဟျူးဘတ်ရန့်စ် အိမ်သွားပြီး စကားပြောတယ်လို့ပါရှိပါတယ်။
မောရစ်ကောလစ်ရေးတဲ့ First & Last In Burma စာအုပ်မှာရေးတာက ဆာဟျူးဘတ်ရန့်စ် မဟုတ်ပါ …
ဆာဒေါ်မန်စမစ်အိမ်သွားတယ်လို့သာ ရေးထားပါတယ်။ ချုံးပွဲချ ငိုတယ်ဆိုတဲ့ အထောက်အထားကတော့
ဘယ်လိုမှ မဖြစ်နိုင်သလို ဘယ်မှာမှလည်းရှာမတွေ့ပါဘူး။ စာရေးဆရာ မောင်သာချိုက စာပေဟောပြောပွဲမှာ
အဲဒီလိုဟောတယ်လို့ FB Friend တစ်ယောက်ကပြောပါတယ်။ ဒါဆိုရင် ဆရာမောင်သာချိုကို
ကျွန်တော် တောင်းဆိုချင်တယ်။ ဗိုလ်ချုပ်အောင်ဆန်း ငိုတယ်ဆိုတဲ့ အထောက်အထားရှာပြပါ။
အဲဒီလိုမှမဟုတ်ဘဲ အထောက်အထားမပြနိုင်ဘဲ ဇာတ်နာအောင်သက်သက် ရေးခဲ့ပြောခဲ့မယ်ဆိုရင်
ဗိုလ်ချုပ်အောင်ဆန်းဟာ သူနဲ့ ဥာဏ်ချင်းပြိုင်နေခဲ့ရတဲ့ လူမျိုးခြား ဘုရင်ခံတစ်ယောက်ရှေ့မှာ
ချုံးပွဲချငိုတဲ့သူအဖြစ် နောင်လာနောက်သား ကလေးသူငယ်တွေ အမှတ်မှားသွားပါလိမ့်မယ်။


ဗိုလ်ချုပ်အောင်ဆန်း ငိုတယ်လို့ရေးတဲ့ Note ရဲ့ Link ===> https://www.facebook.com/photo.php?fbid=179328728879894&set=a.105812606231507.11745.100004083038866&type=1&relevant_count=1




ဗိုလ်ချုပ်အောင်ဆန်း ဆာဒေါ်မန်စမစ် ထံသွားတွေ့တယ်ဆိုတဲ့ အထောက်အထား
---------------------------------------------------------------------------------------------------------

Last & Fast In Burma
Maurice Collics
ရန်ကုန်အရေးပိုင်ဟောင်း မောရစ်ကောလစ် - ရေး .... အင်္ဂလိပ်-မြန်မာ နောက်ဆုံးတိုက်ပွဲ ( ၁၉၄၁-၁၉၄၈ )
ဦးခင်မောင်ကြီး ( ဆရာမိုးဝေ ) မြန်မာပြန်သည်။
( ၂၀၀၆ ဇွန်လ ဒုတိယအကြိမ်ထုတ်ဝေသည် )
စာမျက်နှာ ၂၄၆ - ၂၄၇


............... အချိန်ကာလ တစ်ညနေခင်းတွင် အောင်ဆန်းသည် ဒေါ်မန်စမစ်အား လာတွေ့ခဲ့လေသည်။ ထိုနေ့ကဖြစ်ပျက်မှုသည် တော်တော်ပင်ထူးဆန်းခဲ့ပေသည်။ အောင်ဆန်းသည် တွေ့ခဲ့ဖူးရသမျှ မြန်မာများနှင့်
ဘယ်လိုမှမတူလျှင် ဒေါ်မန်စမစ်မှာလည်း သူနှင့်တူသည့် ဘုရင်ခံမျိုးဆို၍ ရှိခဲ့ဖူးသည်မဟုတ်ချေ။
ဒေါ်မန်စမစ်မှာ အရာရှိစိတ် ဘယ်လိုမှ မွေးမြူ၍ရသူတစ်ယောက် မဟုတ်ချေ။ သူသည် မိမိအသည်းနှလုံး
စေခိုင်းချက်ကိုသာ လုပ်တတ်သူဖြစ်ရာ ရန်သူဖြစ်စေ ၊ ဘက်တော်သားဖြစ်စေ ၊ နိမ့်ကျသူဖြစ်စေ ၊
မြင့်မားသူဖြစ်စေ မည်သူမဆို ခင်မင်ယုံကြည်မှုကို ရယူရန် ကြိုးစားတတ်သူ ဖြစ်လေသည်။
အောင်ဆန်းမှာလည်း ဒေါ်မန်စမစ်၏ ယင်းသို့သော စိတ်သဘောထားကို သိထားသူဖြစ်ရာ
ယခု စိတ်အားညှိုးငယ်နေသည့်အခါ၌ သူ၏စိုးရိမ်ချက်များအား ဘုရင်ခံထံ ဖွင့်ဟတိုင်ပင်ရန်
ရောက်လာခဲ့ခြင်းဖြစ်လေသည်။ သူ့တွင် တိုင်ပင်ဖော်တိုင်ပင်ဖက်မရှိဘဲ တစ်ကိုယ်တည်းသာ
ရှိနေရကြောင်းကို အောင်ဆန်းက ထုတ်ဖော်ပြောကြားခဲ့လေသည်။ သူသည် မိတ်ဆွေများ
လိုချင်ခဲ့သော်လည်း ရှာရနိုင်ဖို့ အင်မတန်မှ ခဲယဉ်းခဲ့သည်ဟု ဆိုသည်။


"ဟာ ... ခင်ဗျားဟာ ပြည်သူလူထုကြီးရဲ့ အချစ်တော်ဖြစ်နေတာ မိတ်ဆွေမရှိဘူးလို့
ဘယ့်နှယ့်ပြောတာလဲ" ဟု ဒေါ်မန်စမစ်က ပြောခဲ့သည့်အခါ၌ -


"ကျုပ်ဟာ ဒီအဖြစ်အပျက်ကို မရည်ရွယ် မလိုလားခဲ့ပါဘူး ၊ ကျုပ်တိုင်းပြည်ကို လွတ်လပ်စေဖို့ကိုသာ
ကျုပ်ရည်ရွယ်ခဲ့တာပါ ၊ ဒီတာဝန်ကြီးဟာ ဘယ်လောက်ကြီးလေးပြီး ၊ ကျုပ်ကို အဖော်မဲ့ဖြစ်စေမယ်ဆိုတာ
ကျုပ်မသိခဲ့ပါဘူး" ဟု အောင်ဆန်းကပြန်ဖြေဆိုသည်။


ထိုသို့ပြောရင်းက အောင်ဆန်းသည် ၀မ်းနည်းပန်းနည်း ညည်းတွားခဲ့လေသည်။ ဒေါ်မန်စမစ်က ၄င်းအား
ဖျောင်းဖျနှစ်သိမ့်ခဲ့ပါသော်လည်း အောင်ဆန်းသည် မနှစ်သိမ့်ခဲ့ချေ။


"အမျိုးသား အာဇာနည်ခေါင်းဆောင်တွေဟာ ဘယ်လောက်ကြာကြာခံသလဲ ၊ ဒီတိုင်းပြည်မှာတော့
သိပ်မခံပါဘူး ၊ သူတို့မှာ ရန်သူတွေ သိပ်များလှတာကလား ၊ အလွန်ဆုံး ခံလှရင် ၃ နှစ်ပါပဲ ၊
ကျုပ်အတွက်ဆိုရင် နောက်ဆက်အသက်ရှင်လှ တစ်နှစ်ခွဲပေါ့" ဟု အောင်ဆန်းသည်
စိတ်ပျက်နာကြဉ်းစွာ ပြောခဲ့လေသည်။


သို့အားဖြင့် အောင်ဆန်းသည် သူ၏နီးကပ်လာနေပြီဖြစ်သော သေဘေးကို ကြိုတင်ဖွင့်ပြောခဲ့လေသည်။
ဤအကြောင်းကို သူ့စိတ်ထဲက အလိုလို ရိပ်မိနေသည့်အပြင် နက္ခတ်ဗေဒင်ဆရာများကလည်း
သတိပေးထားကြလေသည်။ သူ့တွင် အချိန်သိပ်မကျန်တော့သည်ကို သူသိသည်နှင့်အမျှ ဒေါ်မန်စမစ်ကို
ထုတ်ဖော် မပြောဆိုဘဲ မနေနိုင်ခဲ့တော့ချေ။


သူ ဤသို့ ၀မ်းပန်းတနည်း ညည်းတွားခဲ့ခြင်းမှာ ကြောက်ရွံ့၍မဟုတ်။ သူ့ကံကြမ္မာကို မခံယူနိုင်၍လည်းမဟုတ် ၊
သူယုံကြည်စွာ ဤအကြောင်းကို ဖွင့်ဟတိုင်ပင်နိုင်သည့်လူ ရှာတွေ့ရပြီး စိတ်ထိခိုက်လှခြင်းကြောင့်သာ ဖြစ်လေသည်။ ............



--------------------------------------------------------------------------------------------------------------------



မောရစ်ကောလစ်ရေးတဲ့စာအုပ်အရ ( ဘာသာပြန်သူရဲ့ ပြန်ဆိုချက်အရ ) ဗိုလ်ချုပ်ဟာ ငိုခဲ့တယ်လို့မပါပါဘူး ...
ကျွန်တော်နောက်တစ်ချက် စဉ်းစားမိတာက ဖတ်ဖူးသမျှ ဖတ်မိသမျှ စာအုပ်တွေအရ ရန်ကုန်အရေးပိုင်ဟောင်း
မောလစ်ကောရစ် နဲ့ ဆာဒေါ်မန်စမစ်ဟာ အလွန်ခင်မင်ရင်းနှီးပြီး ဗိုလ်ချုပ်တို့နဲ့ ဆာဒေါ်မန်စမစ်ဟာ သိပ်အဆင်မပြေလှပါဘူး ....
ဗိုလ်ချုပ်နဲ့အလွန် အဆင်ပြေခဲ့သူဟာ ဆာဒေါ်မန်စမစ်နောက်ပိုင်းမှာရောက်လာတဲ့ ဘုရင်ခံ ဆာဟျူးဘတ်ရန့်စ်ပါ ...
ဆာဒေါ်မန်စမစ်ဆိုတာ ဒုတိယကမ္ဘာစစ်အပြီးမှာ ဗိုလ်ချုပ်ကို စစ်အတွင်းက ဗြိတိသျှအပေါ် သစ္စာဖောက်မှုနဲ့
စွဲချက်တင်ဖို့ ကြိုးစားသူ ၊ ဗိုလ်ချုပ်ဦးဆောင်တဲ့ ဖဆပလ ကို တန်ပြန်ဖို့ ဂဠုန်ဦးစောကို ယူဂန်ဒါနိုင်ငံမှာ
အကျဉ်းချထားရာကနေပြန်ခေါ်သူ ၊ ဥိးစောနဲ့ အလွန် ပလဲနံပသင့်သူ ၊ ဂျူလိုင် ၁၉ လုပ်ကြံမှုကြီးကြောင့်
ဦးစော သေဒဏ်ပေးခံရစဉ်က ဦးစော လွတ်မြောက်အောင် အစွမ်းကုန်ကြိုးစားခဲ့
( ထိုစဉ်က မြန်မာ အစိုးရထံ ဦးစောကို သေဒဏ်က လွှတ်ပေးဖို့မေတ္တာရပ်ခံခဲ့ ) သူတစ်ယောက်ဖြစ်ပါတယ် ....
ဒါကြောင့် ဦးစောကို လွတ်လိုဇော ဒါမှမဟုတ် ဗိုလ်ချုပ်ကို လုပ်ကြံတာ ငါတို့မပါဘူး သူတို့အချင်းချင်း
လုပ်ကြံတာဆိုတဲ့ ကိုယ်လွတ်ရုန်းတဲ့သဘောနဲ့များ အဲဒီလိုများ ပြောခဲ့လေမလား .... မောရစ်ကောလစ်ကလည်း
သူ့မိတ်ဆွေရင်းဖြစ်တဲ့ ဒေါ်မန်စမစ်အပေါ်မှာ ယုံကြည်ပြီး ဒီလိုရေးခဲ့လေသလား .... သံသယဖြစ်စရာပါ ....











စဉ်းစားကြည့်ပါ .. အလွန်စိတ်ဓါတ်ခိုင်မာပြီး လုပ်ဖော်ကိုင်ဘက်တွေကို အလွန် သံယောဇဉ်ကြီးတဲ့ ဗိုလ်ချုပ်ဟာ
သူနဲ့ အဆင်မပြေတဲ့ ကိုလိုနီ ဘုရင်ခံ တစ်ယောက်ထံကို အဲဒီလိုသွားပြောပြီး ငိုမတဲ့လား ....
သူ့မှာတိုင်ပင်ဖော် တိုင်ပင်ဘက်တွေရင်ဖွင့်စရာလူတွေ များပါတယ် ... သခင်မြ ၊ ဒီဒုတ်ဦးဘချို ၊ သခင်နု ၊
သခင်ဗဟိန်း ၊ ဦးသိန်းဖေမြင့် ၊ ဗိုလ်လက်ျာ ... နောက်ဆုံး ကုန်ကုန်ပြောရရင်
ပါရမီဖြည့်ဘက် ဖြစ်တဲ့ ဒေါ်ခင်ကြည် ... အဲဒီသူတွေအားလုံးကို ကျော်ပြီး ဆာဒေါ်မန်စမစ်နဲ့
သွားတွေ့တယ်ဆိုတာ သိပ်ယုတ္တိမတန်သလိုပါပဲ ... နောက်ပြီး သူဘယ်သွားသွားပါတဲ့ သူရဲ့ အပါးတော်မြဲ
ဗိုလ်ထွန်းလှကရော အဲဒီကိစ္စဘာလို့မသိရတာလဲ ...


ဗိုလ်ချုပ်ဟာ သူ့ကို လုပ်ကြံဖို့ ရှိတယ်ဆိုတဲ့ သတင်းမှန်သမျှကို လက်မခံခဲ့သူတစ်ယောက်ပါ ....
ဥပမာ - ဗိုလ်ချုပ်အမေ ဒေါ်စုက သတိထားဖို့ပြောတော့ "အမေရာ .. နိုင်ငံရေးလုပ်တာ
အတိုက်အခံကတော့ရှိမှာပဲ ဘုရားတောင် အတိုက်အခံရှိတာပဲ" လို့ သာမန်လောက်ပဲ သဘောထားခဲ့တယ် ...
ဒီးဒုတ်ဦးဘချိုက ပြောပြန်တော့လည်း "ကျွန်တော့်ကို သူတို့သတ်ရင် သူတို့ကိုရော တစ်ပြည်လုံးက အုံကြွပြီး
ဆော်ကြမယ်ဆိုတာ သူတို့ မသိဘဲနေမလား" လို့ ပြောခဲ့ဖူးပါတယ် ...
ဥိးဘချို ပြောခဲ့တဲ့ စကားထဲမှာလည်း"အောင်ဆန်းက ဗေဒင်အကြောင်းပြောရင် မကြိုက်ဘူး ..
ငါ့တောင် ငေါက်သကွဲ့ .. သူ့ဇာတာကလည်း သိပ်ကောင်းတာမဟုတ်ဘူး" လို့ သတင်းစာဆရာတစ်ယောက်ကို
ပြောတယ်လို့ ဖတ်ခဲ့ဖူးပါတယ် ....


အဲဒီလို သူ့အသက်ကို ဘယ်သူမှ လုပ်ကြံမယ် မထင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ လုပ်ကြံခံရမယ့်အရေးတွေးပူပြီး
အင်္ဂလိပ် ဘုရင်ခံရှေ့ သွားငိုတယ်ဆိုတာ ယုတ္တိရှိမရှိ စာဖတ်သူများ စဉ်းစားကြပါ .... ။


( မည်သူ့ကိုမှ ဆန့်ကျင်တိုက်ခိုက်ခြင်းမဟုတ်ပါ ... သမိုင်းအဖြစ်အပျက်များ လွဲနေမှာကို စိုးရိမ်၍
ဖြေရှင်းရခြင်းဖြစ်ပါတယ် ... ကျွန်တော် မှားနေတယ် ဆိုရင် အထောက်အထား အချက်အလက်
ခိုင်ခိုင်လုံလုံနဲ့ ပြန်လည်ချေပနိုင်ပါတယ် )


Ter Tee
15.12.2012

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။