10 December 2012 |By 8 Days
ကမ္ဘာပေါ်မှာ ရှိကြတဲ့ လူသား တိုင်း ကျန်းမာခြင်းနဲ့ အတူ လှပခြင်း ကိုလည်း ပိုင်ဆိုင် ချင်ကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ အသားအရေလှလိုက် တာ၊ ဆံပင် ကောင်းလိုက်တာ၊ သွား လေးတွေက ပုလဲလေးတွေ စီထားတဲ့ အတိုင်း ညီညာလိုက်တာ စသည် ဖြင့် ပိုင်ဆိုင်ချင်ကြမှာပါပဲ။ ဒီလိုအ လှတရားတွေ ပိုင်ဆိုင်ဖို့ အတွက် Star တစ်ယောက်ဖြစ်တဲ့ ဆန်းသစ်လ က ဘယ်လိုထိန်းသိမ်းလေ့ရှိလဲဆို တာ လေ့လာကြည့်လိုက်ရအောင် .....
လုပ်ဖြစ်တဲ့လေ့ကျင့်ခန်း
ဆန်းသစ်က အားကစားအနေ နဲ့ဆိုခါးလှည့်တဲ့လေ့ကျင့်ခန်းကိုလုပ် ဖြစ်နေတယ်။ ခါးလှည့်တဲ့ လေ့ကျင့်ခန်းက ချက်ချင်းတော့သူ့အကျိုးကျေးဇူးက မသိသာဘူး။ နှစ်ချီပြီးတော့လုပ်ရ တာ။ ခါးလှည့်တော့ ကျောက အဆီ ကျတယ်။ ခါးအဆီလည်းမတက် ဘူး။ ခါးကိုလည်း သေးစေတယ်။ အချိန်ကုန်ငွေကုန်မရှိဘူး ဒီလေ့ကျင့်ခန်းက အချိန်လည်း မကုန်ဘူး။ စက်တွေနဲ့လည်း လုပ်စရာ မလိုဘူး။ အိမ်မှာ ဝါးလုံး လေးတစ်ချောင်းရှိရင် အဆင်ပြေ ရွေးပြီးတော့လုပ်ဖြစ်တယ်။ ခါးလှည့်တဲ့အပြင် ကြက်တောင် ရိုက်တာတို့ စက်ဘီးစီးရတာကို လည်းသဘောကျတယ်။
ဓာတုဆေးဝါးမသုံးဘူး
အသီးအရွက်များများစား တယ်။ နွားနို့သောက်တယ်။ အသား တွေသိပ်မစားဖြစ်ဘူး။ ဓာတုဆေးဝါးက ချက်ချင်း တော့ သိသာတယ်။ ဒါပေမဲ့ ကြာ ရင်တော့ အဆင်မပြေဘူး။ အား ကစားလေ့ကျင့်ခန်းလုပ်တာက အဆင်ပြေတယ်။ ဓါတုဆေးဝါးကိုမသုံးဖြစ်ဘူး။
အသီးအရွက်များများစားတယ်
ကျန်းမာရေးက အရေးပါပါ တယ်။ လူတစ်ယောက်ရဲ့ခန္ဓာကိုယ် ထဲမှာအောင်းနေတဲ့ ချွေးပုပ်တွေကို ထွက်စေတဲ့ အတွက်လည်းကောင်း တယ်။ အမောလည်းခံနိုင်တယ်။ အစားနဲ့လျော့တယ်။ ခါးလှည့် တဲ့ လေ့ကျင့်ခန်းလည်းလုပ်ဖြစ် တယ်။ ထမင်းအများကြီးမစားဘူး။ အသီးအရွက်စားတယ်။ မိန်းကလေး တစ်ယောက်အနေနဲ့ ခန္ဓာကိုယ် အလှကို ဂရုစိုက်သင့်တယ်လို့ ဆန်းသစ်ထင်ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။