Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, December 9, 2012

"ကြွေးဟောင်း"

By Khant Nyi Phae on Monday, September 24, 2012 at 9:10pm ·
ဆောင်းဝင်စ ပြုတော့မည်။ နံနက်စောစောတွင် အနည်းငယ် အုံ့အုံ့ဆိုင်းဆိုင်း ဖြစ်နေတတ်ပြီ။ နှင်းငွေ့လိုလို မြူလိုလိုဖြင့် အရပ်လေးမျက်နှာတွင် မှိုင်းညို့ညို့။ အအေးဓာတ်က မသိမသာတော့ ချဉ်းနင်းဝင်ရောက်စပြုနေချေပြီ။ သည်လိုရာသီဥတုမျိုးကို စိတ်ထဲ၌ သိပ်မကြိုက်ချင်။
စိတ်တွေက မလန်းဆန်းပဲ တစ်စုံတစ်ခုခုကို သတိရနေသလိုလို။သို့သော် အပူဒဏ်မှ ယာယီသက်သာရာ ရတော့မည့်အခြေအနေကို ကြိုဆိုမိပါသည်။ သြော်..မန္တလေး၌ ပူနေရသည့် အချိန်ကများနေသည် မဟုတ်ပါလော။
ထုံးစံအတိုင်း သည်နေ့မနက်လည်း စောစောနိုးနေသည်။ ဘုရားကန်တော့ ၀တ်ပြုအပြီး တံမြက်စည်း တစ်ချောင်းနှင့် အိမ်ရှေ့ထွက်လာခဲ့၏။ အိမ်အပြင်အရောက် လေနုအေးအေးက မျက်နှာကို ညင်သာစွာပွတ်တိုက်ဖြတ်သန်းပြီး ကြိုဆိုလိုက်ပါသည်။ နံနက်စောစော ခြောက်နာရီဝန်းကျင်ခန့်မို့ လမ်းပေါ်၌ လူသွားလူလာ ရှင်းနေသေး၏။ ဆွမ်းခံကြွလာသော ကိုရင်လေးတစ်သိုက်သာ ဖြတ်ကြွသွားကြသည်။ အိမ်ရှေ့ ထနောင်းပင်ကြီးအောက်နားမှစပြီး တံမြက်စည်း လှည်းနေလိုက်၏။ အနောက်ဖက် ကပ်လျက်အိမ်မှ တိုက်အသစ်ဆောက်နေသည့် လုပ်ငန်းခွင်ကြောင့် အမှိုက်သရိုက်များကတော့ အနည်းငယ် ရှုပ်ပွနေသည်။ နံနက်တိုင်းမလှည်းကျင်းဖြစ်လျှင် ဆိုးရွားစွာ ရှုပ်ထွေးနေပေလိမ့်မည်။ ခေတ္တနားနေရင်း ကျွန်တော်တို့ လမ်းလေးကို ငေးနေမိ၏။ အတွေးနယ်လည်း ချဲ့နေမိပါသည်။ ကျွန်တော်တို့လမ်းလေးထဲတွင် အိမ်စုတ်စုတ်ဆို ကျွန်တော့်တစ်အိမ်ကိုသာ လက်ညှိုးထိုးပြရတော့မလိုလို ဖြစ်နေသည်။ တိုက်တာအဆောက်အဦး အသစ်များနှင့် လူအသစ်များကြောင့် လမ်းလေးမှာလည်း စည်ကားနေပါ၏။ ဆောက်လက်စ တိုက်များကလည်း အပြိုင်အဆိုင် ဆောက်နေကြသလား ထင်ရသည်။ ဖွံ့ဖြိုးတိုးတက်လာသည်ကိုကြည့်ပြီး ပျော်ပဲပျော်ရမလို၊ ငိုပဲငိုရတော့မလိုလို။ သေချာသည်ကတော့ လူမျိုးခြား မျက်နှာစိမ်းများ တဖြည်းဖြည်း တိုးလာသည်ကတော့ မလွဲ။ တပြိုင်နက်ထဲ ငယ်ပေါင်းကြီးဖော် မိတ်ဆွေရင်းများလည်း ရှားရှား လာပါတော့၏။ ကျွန်တော်ပင်လျှင် ဘိုးဘွား၊ မိဘခေါင်းချခဲ့သည့်နေရာလေးကို တစိုက်မတ်မတ် တောင့်ခံနိုင်လွန်းသဖြင့်သာ ကျန်နေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ အတွေးနယ်တဆုံး လိုက်ပါမြောနေရင်း သိမှတ်မဲ့ တံမြက်စည်း ဆက်လှည်းနေဖြစ်၏။ ထိုစဉ် အသံတစ်ခုကြောင့် ပတ်ဝန်းကျင်ကို သတိပြန်မူလိုက်မိ၏။
"ဟော..သည်မှာ၊ အသီးအရွက်စုံတယ်နော်..ဗူးသီး၊ ရုံးပတီသီး၊ ခရမ်းသီး၊ ချဉ်ပေါင်ရွက်၊ ကန်စွန်းရွက်၊ ဗူးရွက်...အစုံပါတယ်နော် ...၀ယ်ကြပါဦးနော်...၀ယ်ကြဦးနော်"
တစ်ခါမှ မကြားဘူးသည့် ဈေးသည်ဟစ်သံကြောင့် လှမ်းကြည့်ဖြစ်သည်။ အကြောင်းမသိပဲ မျက်စေ့လည်လာသည့် ဈေးသည် ဖြစ်ပုံရ၏။ အကြောင်းသိ ဈေးသည်များမှာမူ သည်လမ်းအတွင်း လာရောင်းလေ့သိပ်မရှိကြပေ။ ဟုတ်ပေမည်။ သည်လမ်းလေးမှာက ယခင်လို ဖောက်သည်များမှ မရှိတော့သည်ကိုး။ များသောအားဖြင့် တိုက်တံခါးပိတ်ထားတတ်ကြပြီး အပြင်ဈေးသည်များထံမှ ၀ယ်လေ့ဝယ်ထ မရှိကြသူတွေသာ အနေများသည်မို့ ဈေးသည်များကလည်း သိပ်လာလေ့ မရှိကြတော့ပါ။ ကျွန်တော်လည်း ဈေးသည်အသံကြားရာဆီ လှမ်းကြည့်လိုက်သည်။ ခံတောင်း ခပ်နွမ်းနွမ်းတွင် ဟင်းသီးဟင်းရွက်များ ထိုးထိုးထောင်ထောင် ထည့်ရွက်လာသော ဈေးသည် မိန်းမကြီးကို တွေ့လိုက်ရသည်။ အသက်အတော်အတန်ကြီးနေပုံရ၏။ ခန့်မှန်းချေ ခုနှစ်ဆယ်နားနီးနီး ရှိလောက်ပြီ။ သည်လောက်မရှိတောင် ပင်ပင်ပန်းပန်းလုပ်ရသဖြင့် ရုပ်ရင့်နေသည်လည်း ဖြစ်နိုင်သည်။ အညိုရောင်ထမီကို ခပ်ညစ်ညစ်အကျီအဖြူနှင့်တွဲ ၀တ်ထား၏။ ခြေလှမ်းများက နှေးကွေးစွာဖြည်းဖြည်းချင်း လှမ်းလာနေသည်။ နှုတ်ကလည်း ကြိုးကြားကြိုးကြားဟစ်ရင် မောနေပုံရ၏။ကျွန်တော်လည်း တံမြက်စည်းကို ဘေးချလိုက်ရင်း လှမ်းခေါ်လိုက်သည်။
"အမေကြီး...ဒီ ခဏ လာပါဦးဗျ၊ ဘာတွေပါလဲ အမေကြီး..."
ကျွန်တော်၏ ခေါ်သံကို ကြားပုံမရ။ သူ့အသံနှင့်သူ၊ သူ့အာရုံနှင့်သူ စိုက်စိုက်၊ စိုက်စိုက် သွားနေသေးသည်။ ကျွန်တော်က တစ်ခါထပ်ပြီး ခပ်ကျယ်ကျယ် အော်လိုက်မှ ကြားသွားဟန်နှင့် ပြန်လှည့်လာ၏။ အနားအရောက်
"အမေကြီးကလည်း..ဈေးသည်ဖြစ်ပြီး နားမပါးဘူး၊ နားစွင့်နေမှပေါ့ဗျ။ ၀ယ်သူက စိတ်မရှည်ရင် ဘယ်ရောင်းရတော့မှာတုန်း၊ ကဲ..ဘာတွေပါတာတုန်း၊ ချပါဦးဗျ.."
ကျွန်တော်ကလည်း စကားပြောရင်း မိန်းမကြီး၏ တောင်းကို ကူချပေးလိုက်သည်။ အနီးကပ်မြင်ရသော သူ့ပုံသွင်ကိုလည်း လေ့လာနေမိ၏။ ဈေးသည် အမေကြီးက သူ့ခေါင်းခုအ၀တ်စကို ဖြန့်ပြီးနဖူးစပ်ရှိ ချွေးစများကို သုတ်နေသည်။ နံနက်စောစော၌ပင် ချွေးဆို့နေသော သူ့ကိုကြည့်ရင်း ရင်အတွင်းတစ်မျိုးကြီး ခံစားလိုက်ရ၏။ ကျွန်တော်၏ အထင် အသက်ခုနှစ်ဆယ်ဝန်းကျင်ခန့် ရှိလောက်မည်။ တွန့်လိမ်နေသော ဆံပင်ဖြူဖြူများက ဦးခေါင်းထက်တွင် ခပ်ကျဲကျဲဖြင့် ဖရိုဖရဲ။ ညာဖက်မျက်လုံးမှာ တိမ်စွဲနေဟန်ရှိသည်။ ခပ်ပြာပြာမှိုင်းမှိုင်း မျက်လုံးကို ခေါင်းခုအ၀တ်စနှင့် ဖိသုတ်နေ၏။ ကျွန်တော့်ကို စကားပြန် မပြောနိုင်သေး။ ခေတ္တအမောဖြေနေပုံရသည်။ ကျွန်တော်လည်း သူ့တောင်းကို အောက်အသာချပေးပြီး စကားစလိုက်ပြန်၏။
"အမေကြီး...အသီး အရွက်တွေက စုံလို့ပါလား။ အယင်က မတွေ့ဘူးပါဘူး၊ ဒီလမ်းထဲ လာရောင်းရင် အမေကြီးသိပ်ရောင်းရမှာ မဟုတ်ဘူး။ နောက်ဆို တစ်ခြားသွားရောင်းပါလားဗျ။ အမေကြီး ပင်ပန်းမှာစိုးလို့ပါ"
ဈေးသည်အမေကြီးကလည်း ကျွန်တော့်ကို မော့ကြည့်ရင်း
"ဟုတ်တယ်..အရင်က တစ်ခါမှတော့ မလာဘူးဘူးလေ။ ဒီနေ့ စီးလာတဲ့ ဘတ်စကားက ဒီထိပ်နား ဘီးပေါက်တော့ မထူးပါဘူးဆိုပြီး ဆင်းလာရင်း လျှောက်ရောင်းနေတာ၊ အမေကြီးက ဟိုး သံလမ်းနားက ရပ်ကွက်တွေမှာပဲ ရောင်းနေကျပေါ့။ ဒီရပ်ကွက်အကြောင်း မသိပါဘူးကွယ်၊ ၀ယ်ပါဦးလား..ဗူးသီးကြီးတွေ ကောင်းတယ်လေ၊ ဈေးလျှော့ပေးမှာပေါ့.."
ကျွန်တော်လည်း သူ့ကိုကြည့်ပြီး သဘောကျသွားပါသည်။ မျက်စေ့လည်လာတာတောင် ဈေးရအောင် ရောင်းနေသေး၏။ သူရောင်းနေကျ ရပ်ကွက်လေးကို ကျွန်တော်သိသည်။ ကျွန်တော်တို့လမ်းနှင့် ခပ်လှမ်းလှမ်းတွင် သံလမ်းဘေးနေကြသော ပျံကျရပ်ကွက်တစ်ခုရှိသည်။ ၄င်းရပ်ကွက်သို့ သွားရောင်းနေကျ ဖြစ်ပေလိမ့်မည်။ သူ့အသီးအရွက်များမှာ တော်တန်ရုံလူ ၀ယ်မည့်ပုံမပေါ်။ ကျွန်တော့်အထင် ရက်လွန်အသီးအရွက်များဖြစ်လိမ့်မည်ထင်၏။ ကြည့်လေ..ယခုလို မနက်စောစောတွင်ကို အရွက်များက အနည်းငယ်ညှိုးချင်ချင်။ သူ့ကြည့်ပြီး သက်ပြင်းမောတစ်ခု ခိုးချမိပါသည်။ ဒီအရွက်တွေကိုတော့ စိတ်မ၀င်စားပါ။ သို့သော် သူကို သနားစိတ်ဖြင့် အကူအညီကလည်း ပေးချင်နေမိပြန်သည်။ သည်အတိုင်း ပိုက်ဆံပေးလိုက်ရအောင်ကလည်း ဈေးရောင်းစားနေသူကို စော်ကားသလိုမျိုး ဖြစ်မှာ စိုးရ၏။ သို့နှင့်..
"ကဲ ..အမေကြီး ဗူးသီးပေးဗျာ၊ နှစ်လုံးစလုံး ယူလိုက်မယ်၊ ဘယ်လောက်လဲဗျ..."
ပြောရင်း ဗူးသီးနှစ်လုံးကို လက်နှစ်ဖက်မှဆွဲပြီး အမေကြီးအားပိုက်ဆံပေးရန် အိမ်ထဲသို့ ၀င်လာခဲ့သည်. ။ ဗူးသီးကြီး နှစ်လုံးဆွဲပြီး အိမ်ထဲဝင်လာသော ကျွန်တော့်ကို အိမ်သူက နားမလည်သလိုကြည့်ရင်း အံ့သြနေပုံပေါက်သည်။ ကျွန်တော်လည်း အသာပြုံးပြပြီး အိပ်ထောင်ထဲမှ ပိုက်ဆံယူပြီး အပြင်ပြန်ထွက်လာခဲ့သည်။ ဈေးသည်အမေကြီးအား ပိုက်ဆံပေးပြီး ဈေးတောင်းကို ပြန်ပင့်ပေးလိုက်ပါသည်။ ဗူးသီးနှစ်လုံး အလေးချိန်လျော့သွားသဖြင့် သိသိသာသာကြီးပေါ့သွားသော ဈေးတောင်းကို သတိပြုလိုက်မိသဖြင့် ကျွန်တော်မှာ ကျေနပ်ပီတိဖြစ်နေပါတော့၏။ ကျွန်တော်လည်း တံမြက်စည်းကို ပြန်သိမ်းပြီး အလုပ်သွားရန် ကပျာကယာ ပြင်ဆင်ရပါတော့သည်။

++++++++++++++++++++++++++++++++++++++++++++++++++++++

နေ့စဉ်ဖြတ်သန်းနေကျ ပုံစံခွက်ထဲမှဘ၀ အတိုင်း ရိုးစင်းစွာရုန်းကန်နေကြရသည်ကိုက ဘ၀အဓိပ္ပာယ်လား သေချာစွာ မကွဲပြားပါ။ အချိန်ဇယားကဲ့သို့ လည်ပတ်နေရသော ဘ၀ထဲမှာ မောသည်ဟုလည်း ညည်းမနေချင်။ တစ်နေ့ပြီးတစ်နေ့ မရိုးစတမ်းဖြတ်သန်းနေကြရဦးမည့် ဘ၀ခရီးရှည်ကြီးပင်။လူမှုရေး၊ ကျန်းမာရေး၊ သာရေး၊ နာရေး၊ သားရေး၊ သမီးရေး၊ စား ၀တ် နေ ရေး...စသည်ဖြင့် တို့တာဝန်အရေး အပါးသုံးဆယ်ကျော်တို့ကြောင့် ဘ၀တွေမှာ မွန်းကျပ်နေရ၏။ ကိုယ့်ထက်ဆိုးမည့် ဘ၀များစွာအတွက်လည်း စာနာသနားရုံကလွဲ ဘာများတတ်နိုင်ဦးပါတော့မည်နည်း။ တစ်ချို့တစ်ချို့တွေ၏ ဘ၀များကလည်း မယုံနိုင်လောက်အောင် ခက်ခဲလွန်းလှသည်။ အသက်ရှင်သန်နိုင်အောင် အလုပ်ရှာဖွေလုပ်ကိုင်နေကြရသည်လား...အလုပ်လုပ်နိုင်အောင် အသက်ရှင်သန်နေကြသည်လားပင် မဝေခွဲနိုင်စရာ။
ယနေ့လည်း ပုံမှန်ဖြတ်သန်နေကျ နေ့များစွာကဲ့သို့ပင် မနက်စောစော နိုးနေခဲ့၏။ တံမြက်စည်းကိုယူရင်း အိမ်အရှေ့သို့ ထွက်လာခဲ့ပြန်သည်။ ကိုယ့်အတွေးနှင့်ကိုယ် ဘေးပတ်ဝန်းကျင်ကို သတိမထားလိုက်မိ။ တံမြက်စည်းသာ ငုံ့လှည်းနေမိသည်။
"ဟော..သည်မှာ၊ အသီးအရွက်စုံတယ်နော်..ဗူးသီး၊ ရုံးပတီသီး၊ ခရမ်းသီး၊ ချဉ်ပေါင်ရွက်၊ ကန်စွန်းရွက်၊ ဗူးရွက်...အစုံပါတယ်နော် "
ဈေးသည်အမေကြီး၏ အသံကိုကြားလိုက်မှ ခေါင်းမော့ပြီး ကြည့်လိုက်မိသည်။ သည်တစ်ခါတော့ ကျွန်တော်ခေါ်စရာ မလိုတော့ပါ။ အမေကြီးက ကျွန်တော်ဆီ တန်းလာနေ၏။ အနီးအရောက် ဈေးတောင်းကို သူ့ဘာသာချလိုက်ရင်း
"ကောင်ငယ်လေးရေ...အမေကြီး ဈေးရောင်းမကောင်းလို့ အားပေးဦး၊ ဒီအချိန် ကောင်ငယ်လေး ရှိမယ်ထင်လို့ သေချာဝင်လာခဲ့တာ၊ ဘာယူဦးမလဲ.."
အမေကြီး၏ စကားအဆုံး သူ့တောင်းကို ငုံ့ကြည့်ပြီး လူမှာလည်း ပြုံးယောင်သန်းသွားမိသည်။ ကြည့်လေ..ကောင်ငယ်လေး..တဲ့။ သူများတွေလို ထွေလီကာလီ သားတို့၊ လူကလေးတို့ ဘာတို့ ညာတို့ နှင့် ရှုပ်မနေ။ သူ့ရင်ထဲကအရှိ အရိုးခံအတိုင်း ခေါ်လိုက်သည်ကိုက သဘောကျစရာကောင်းနေသည်။ ရိုးသားသောသူ့မျက်နှာကို ကြည့်နေရင်း ဂရုဏာစိတ်တို့က တားမနိုင်ဆီးမရ။
" အမေကြီးက ဘာတွေပါလာသေးတုန်း၊ အားပေးရမှာပေါ့ဗျာ။ ဗူးသီးတော့ မပါတော့ဘူးနဲ့တူတယ်။ ဒါဆိုလည်း ခရမ်းသီးတွဲတွေ ယူလိုက်မယ်ဗျာ။ အားလုံး လေးတွဲကျန်နေတာ အကုန်ယူလိုက်တော့မယ်။ မနက်ကျမှ ဘုန်းကြီးတွေ ဆွမ်းထလောင်းတော့မယ်၊ အမေကြီး ဘယ်လောက်လဲဗျ."
ကျွန်တော်လည်း သူ့တောင်းထဲပါလာသမျှ ခရမ်းသီးတွဲများကို ထုတ်ယူလိုက်၏။ အမေကြီးက တောင်းထဲမှ နံနံပင်တစ်စည်းကို ကျွန်တော့်အား လှမ်းပေးလိုက်ရင်း
" ရော့ ..ကောင်ငယ်လေးရေ၊ ဒါက အမေကြီးကပေးတာပါ။ ခရမ်းသီးတွေအတွက် ငါးရာပဲပေး..သာဓု သာဓု သာဓု ..ပါကွယ်။ တောင်းလည်းပေါ့သွားတော့ ရှေ့ဆက်သွားရောင်းလိုက်ဦးမယ်၊ အချိန်ရှိတုန်း ကောင်ငယ်လေး..ရေ သွားမယ်နော်။ ဒီလိုရောင်းမှလည်း တို့သားအမိ အဆင်ပြေမှာပါကွယ်"
စကားပြောလည်းပြော ထွက်လည်းထွက်သွားသော သူ့ကြောပြင်ကို ကြည့်ရင်း သက်ပြင်းမော ချလိုက်မိ၏။ ဒီအရွယ်ကြီးထိ လုပ်စားနေရဆဲဘ၀ကို ဂရုဏာသက်မိသလို ခိုင်းရက်သော သား၊ သမီးတို့ကိုလည်း အပြစ်တင်မိသည်။ နေရင်းထိုင်ရင်း တစ်စုံတစ်ခုခုကို မကျေမနပ် ဖြစ်နေမိပြန်ပါသည်။ လက်မှ နာရီကို တစ်ချက်ကြည့်ရင်း အလုပ်သွားဖို့ပြင်ဆင်ရန် အိမ်ထဲ ၀င်လာခဲ့တော့သည်။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++

နောက်ရက်များတွင်လည်း မနက်တိုင်း အိမ်ရှေ့၌ တံမြက်စည်း လှည်းဖြစ်သည်။ တစ်ခါတစ်ရံ ဈေးသည်အမေကြီးများရောက်လာဦးမလားဟု မျှော်မိတတ်သော်လည်း၊ တစ်ခါတစ်ရံ၌ သတိမရတတ်။ သည်ရက်ပိုင်းအတွင်း တစ်ကြိမ် နှစ်ကြိမ်ခန့်သာ တွေ့ခဲ့ရ၏။ သူကလည်း အချိန်မရ၊ ကိုယ်ကလည်း အလုပ်ချိန်နီးနေသဖြင့် စကားပင် ကောင်းကောင်း မပြောလိုက်မိ။ သူ့တောင်းထဲမှ အလေးဆုံးဖြစ်မည် ထင်ရသည့် အသီးအနှံ တစ်မျိုးမျိုးကိုသာ ရွေးဝယ်လိုက်ရသည်။ ကျွန်တော်ကလည်း သူ့ကို လမ်းဖွင့်ပေးထားခဲ့ပါသည်။ အမေကြီးလိုအပ်လျှင် လာခဲ့ပါဟု ပြောထားခဲ့သော်လည်း သိပ်ပေါ်မလာခဲ့ပေ။
သည်ရက်ပိုင်း သမီးငယ် ကိုယ်ပူပြီးဖျားနေသဖြင့် အလုပ်ရှုပ်နေခဲ့ပြန်သည်။ ဆေးခန်းပြေးလိုက်၊ ဆန်ပြုတ်ဝယ်လိုက်၊ သားကျောင်းပို့လိုက်၊ အလုပ်ပြေးသွားလိုက်နှင့် လူမှာ ပျာနေရ၏။ မနက်ပိုင်းလည်း သမီးအနားကပ်နေရသဖြင့် တံမြက်စည်းပင် ထွက်မလှည်းအား။ တော်သေး၏။ သမီးအဖျားက တာရှည်မနေသဖြင့် နှစ်ရက်ခန့်နှင့် ပြန်ကောင်းသွားသည်။ နောက်နေ့တွင် အိမ်ရှေ့ တံမြက်စည်းလှည်းနေရင်း ဈေးသည်အမေကြီးကို တစ်ချက်သတိရလိုက်မိသေး၏။ အယင်ရက်တွေကများ လာသွားလေမလား၊ သူ့ခမြာ ကျွန်တော်တစ်ယောက်ထဲ သီးသန့်တွေ့ရန် လာရပြီး မတွေ့လို့များ ပြန်သွားရရှာလေ မလားဟု စိတ်ပူနေမိသေးသည်။ ထိုနေ့ကတော့ သူ ပေါ်မလာခဲ့ပါ။ သြော်..သံယောဇဉ်၏သဘောက အဆန်းပါကလား။
သည်လို မေ့မေ့ ပျောက်ပျောက်နှင့် ရက်ပင်အတော် ကြာလာခဲ့သည်။ ကျွန်တော် တံမြက်စည်း ပုံမှန်ထွက်လှည်းဖြစ်သော်လည်း ဈေးသည်အမေကြီးကို မတွေ့ဖြစ်သည်မှာ အတော်ကြာနေပြီကို သတိထားမိသည်။ နေထိုင်မကောင်းများဖြစ်နေမလား၊ တစ်ခြားမှာပဲ အဆင်ပြေနေရော့သလား ဟုတွေးနေမိသေး၏။ ကြာတော့လည်း ကိုယ့်ကိစ္စနှင့်ကိုယ် လုံးခြာလိုက်ရင်း မေ့တေ့တေ့ ဖြစ်သွားတော့သည်။
ခုရက်တွင် လကုန်ခါနီးရက်မို့ နေ့လည်စာကို အိမ်ပြန်စားဖြစ်သည်။ အလုပ်ထဲတွင် အပိုကုန်မည့် ပိုက်ဆံကိုချွေတာရင်း ပြန်စားဖြစ်၏။ သည်နေ့ နေ့လည်စာစားအပြီး အလုပ်ပြန်ရန် စက်ဘီးဆွဲအထွက် အိမ်အပေါက်အရောက် အနောက်ဖက်ဆိုက်ထဲမှ လက်သမားဆရာက လှမ်းခေါ်ပြီး လက်တားပြသဖြင့် ရပ်စောင့်နေလိုက်သည်။
ထူးထူးဆန်းဆန်း ဘာများပါလိမ့်ဟု သိချင်ဇောနှင့် လက်သမားဆရာကူးအလာကို ရပ်စောင့်နေလိုက်၏။ လက်သမားဆရာကလည်း ကျွန်တော်ဆီ လျှောက်လာရင်း
" ဆရာသမား ထမင်းစားပြန်လာတာလားဗျ၊ စားပြီးပြီပေါ့.."
"သြော်..ဟုတ်ဗျ.စားပြီးပါပြီ၊ အခု အလုပ်ပြန်တော့မလို့လေ၊ ဘာများပြောစရာရှိလို့လဲဗျ.."
လက်သမားဆရာက လက်ခါပြရင်း ကျွန်တော့်အား ဆက်ပြောသည်။
" ဒီလိုပါ အထွေအထူးတော့ မဟုတ်ပါဘူးဗျာ၊ ဟိုးတစ်ရက်က ကျွန်တော်ဆိုက်ထဲကို စောရောက်နေတုန်း ခင်ဗျား တံမြက်စည်း ထွက်လှည်းနေတာ တွေ့တယ်။ ပြီးတော့ ဒေါ်မြကြင်နဲ့ စကားပြောနေတာတွေ့လို့ ခင်ဗျားနဲ့ ဒေါ်မြကြင် သိတယ်ထင်လို့.အဲ့ဒါ သူ့အကြောင်း ပြောပြမလို့"
"ဟ..နေပါဦးဗျ..ဒေါ်မြကြင်ဆိုတာ ဘယ်သူလဲ...သြော် သိပြီ ။ ဟင်းသီးဟင်းရွက် ရောင်းတဲ့ အမေကြီးပြောတာလား ...လက်သမားဆရာက ခင်ဗျားနဲ့ သိတယ်ပေါ့၊ ကျွန်တော်က နာမည်တောင် မသိပါဘူးဗျာ၊ သနားလို့ အားပေးဖြစ်နေတာပါ။ ဒါနဲ့ ပြောပါဦး ဒေါ်မြကြင် အကြောင်း.."
ကျွန်တော်၏ စကားအဆုံး လက်သမားဆရာက သက်ပြင်းတစ်ချက် ဟင်း ကနဲချလိုက်ပြီး..
" ဟုတ်တယ်ဗျ..။ ဒေါ်မြကြင်က ကျွန်တော်တို့ ရွာကိုဝင်တဲ့ ထိပ်မှာနေတာဆိုတော့ သိတာပေါ့ဗျာ..။ သနားပါတယ် ဒီနေ့မနက် ကျွန်တော်အလုပ်လာတော့ မနေ့ညက သူဆုံးသွားလို့တဲ့ဗျ၊ ခုမနက် ပြင်ထားတာတွေ့တယ် ...အဲ့ဒါ ခင်ဗျားနဲ့ စကားပြောနေတာ တွေ့ဘူးတော့ အသိဖြစ်မယ်ထင်လို့ သတင်းပေးတာပါဗျာ။ ဒီနေ့ ညနေ သဂြိုလ်မယ်နဲ့ တူတယ်ဗျ.."
သူ့စကားအဆုံး ကျွန်တော့်မှာ ကြောင်သွားသည်။ ပြီးမှ သတိရပြီး စိတ်မကောင်းလည်း ဖြစ်သွား၏။ သြော်..သူနေမကောင်းနေလို့ မတွေ့တာကြာနေတာဟုလည်း တွေးနေမိပြန်သည်။ စိတ်ထဲမှလည်း သနားစိတ်ဖြင့် သူ့နာရေးကို လိုက်ပို့ဦးမည် စိတ်ကူးပြီး..
"ဟာဗျာ..သနားပါတယ်၊ ဒါနဲ့နေပါဦးဗျာ ကျွန်တော့်ကို နေရာလေး လမ်းညွှန်ပေးပါဦး။ ကျွန်တော်သွားချင်တယ်ဗျာ.၊ အလုပ်က စောပြန်ပြီး သွားရမှာပဲ၊ သတင်းပေးတာ ကျေးဇူးပဲဗျာ"
ကျွန်တော်လည်း လက်သမားဆရာပေးသော လိပ်စာ လမ်းညွှန်ကိုယူပြီး သူ့ကို နှုတ်ဆက် ထွက်လာခဲ့တော့သည်။ လက်သမားဆရာက သူလည်း ခဏနေရင်သွားတော့မှာဆိုသဖြင့် သူ့ကိုစောင်နေဖို့ သေချာမှာထားလိုက်၏။

+++++++++++++++++++++++++++++++++++++++++++++++++++++++++

နာရီပြန် နှစ်ချက်ခွဲနေသည် ချစ်ချစ်တောက် ပူနေဆဲပင်။ တာဘောင်လမ်းပေါ်မှ လှမ်းမြင်နေရသော ဟိုးခပ်ဝေးဝေးဆီမှ ဧရာဝတီမြစ်ကြီးကလည်း ခြောက်သွေ့စွာ စီးဆင်းနေ၏။ တာဘောင်လမ်းမကြီးနှင့် မလှမ်းမကမ်းတွင် တဲငယ်အုပ်စု လေးငါးလုံးကို မြင်နေရ၏။ လေကြမ်းတစ်ချက်အဝေ့တွင် ဖုန်မှုန့်များက မြင်ကွင်းကို ဝေေ၀၀ါးဝါး ဖုန်းအုပ်သွားလေသည်။ တဲအုပ်စုထဲမှ တဲငယ်တစ်လုံးရှေ့၌ လူစုစုကို လှမ်းမြင်နေရ၏။ နေပူပူအောက်တွင် ထိုးထားသော ကနဖျဉ်းလေးမှာ လေတိုက်တိုင်း ယိမ်းထိုးနေသလိုလို။ ကျွန်တော်လည်း တာဘောင်ထိပ်မှ စက်ဘီးကိုတွန်းဆင်းလာရင်း အခြေအနေကို အကဲခတ်လာခဲ့သည်။လူစုစုထဲမှ လက်သမားဆရာကို လှမ်းမြင်လိုက်သဖြင့် ခပ်သွက်သွက် လျှောက်သွားလိုက်ပါသည်။
တဲငယ်လေး၏ရှေ့ ကနဖျဉ်းလေးအောက်တွင် ခုတင်ငယ်လေးနှင့် ပြင်ထားသော အမေကြီးဒေါ်မြကြင်၏ အလောင်းကို တွေ့လိုက်ရသည်။ အပူရှိန်ကြောင့် သူ၏ခေါင်းရင်းတွင် ထိုးထားသောပန်းအိုးမှ ပန်းလေးများကလည်း ညှိုးရော်နေသည်။ တဲငယ်လေးအတွင်းတွင် လူရိပ်လူရောင် မမြင်မိ။ လက်သမားဆရာက ကျွန်တော့်ကို မြင်သွားသဖြင့် နံဘေးမှ အရိပ်တွင် ခင်းထားသောဖျာလေးပေါ်ခေါ်သွားပြီး ထိုင်ခိုင်းထားသည်။ ကျွန်တော်ကလည်း အသာဝင်ထိုင်လိုက်ပြီး တဲလေးဖက်ကို လှမ်းကြည့်နေမိသည်။ လက်သမားဆရာနှင့်လည်း စကားမစဖြစ်သေး။ တဲလေးအ၀င်ဝတွင် ဈေးရောင်းထွက်သည့် ခံတောင်းလေးမှာ ပိုင်ရှင်မဲ့စွာ ခပ်စောင်းစောင်းလေး လဲနေ၏။ သေချာကြည့်တော့မှ တဲလေးအတွင်းတွင် လူအရိပ်တစ်ခုကို လှမ်းမြင်နေရသည်။ အပြင်မှ နေရောင်ကစူးနေသဖြင့် အတွင်းကို ကောင်းကောင်း မမြင်ရပဲဖြစ်နေ၏။ လက်သမားဆရာက ဆေးပေါ့လိပ် လေးငါးလိပ်ထည့်ထားသည့် ပန်းကန်ကို ကျွန်တော်ဆီတွန်းပေးလိုက်ရင်း စကားစသည်။
"သနားပါတယ်ဗျာ...မနေ့မနက်ကကို ဈေးရောင်းထွက်သေးတယ်တဲ့ဗျ၊ ညနေစောင်းရောက်မှ ခေါင်းထဲမူးတယ်မူးတယ် ဆိုပြီး ညဦးပိုင်းလောက်အရောက် ဆုံးသွားတာတဲ့၊ ရွာထဲက ကျန်းမာရေးမှူးကပြောတာတော့ ဦးနှောက်သွေးကြောပြတ်သွားတယ် ဆိုလားပဲ.."
သူ့စကားအဆုံး ကျွန်တော်ကလည်း သိချင်စိတ်ပြင်းစွာ ဖြတ်မေးလိုက်၏။
" နေပါဦးဗျာ..ဆေးရုံတွေဘာတွေ မပို့လိုက်ရဘူးလား၊ သူ့သားသမီးတွေကရော ဘာမှလုပ်မပေးဘူးလားဗျ"
"သြော်..ကိုယ့်ဆရာနှယ်..သူ့အမေ အမေအိုကြီးနဲ့ နှစ်ယောက်ထဲနေကြတာလေ။ သားထောက်သမီးခံ ရှိတယ်လဲ ပြောသံမကြားဘူးဗျ၊ ဒေါ်မြကြင်က ၆၈ နှစ်ဆိုလားပဲ၊ သူ့အမေကြီးကတော့ ၈၀ တော်တော်ကျော်နေပြီလေ။ သူကပဲ လုပ်ကိုင်ကျွေးမွေးနေတာပေါ့ဗျာ၊ အမေအိုကြီးကလည်း သူငယ်ပြန်ချင်သလိုလို ဖြစ်နေတော့ သူ့တဲထဲမှာပဲ အမြဲနေနေတာ။ သူဈေးရောင်းထွက်ရင် ဘေးကတဲနီးနားချင်းတွေကို အပ်ထားခဲ့တာပေါ့ဗျာ၊ ရွာဦးကျောင်းဆရာတော်ကလည်း စောင့်ရှောက်ပါတယ်။ ဒေါ်မြကြင်ကိုက မရတာဗျ။ ဘုန်းကြီးကျောင်းလည်း မနေဘူးတဲ့၊ လူအိုရုံကိုပို့မယ် ဆိုလည်း မရပါဘူးဗျာ၊ သူ့အမေကြီးကို မသေခင် သူပဲပြုစုသွားမယ်ဆိုတာလေ..ခုတော့ဗျာ သူပဲ အရင်ဆုံးသွားရှာတယ်။ သနားပါတယ်ဗျာ.."
လက်သမားဆရာ၏ စကားအဆုံး လူမှာ တွေသွားပါသည်။ ကျွန်တော်အထင် အမေကြီးက သူ့သား၊ သမီးတစ်ယောက်ယောက်နှင့် အတူနေထိုင်ပြီး အဆင်မပြေသဖြင့် အတူရုန်းကန် နေရသောဘ၀ဟုသာ ထင်ထားမိခဲ့သည်။ သည်အရွယ်ထိ လုပ်ကိုင်နေရသောဘ၀အတွက် သူ့သားသမီးများကိုပင် မကျေနပ်သလိုလို ဖြစ်ခဲ့ဘူးပါ၏။ ယခု အမေကြီး၏ လက်ရှိဘ၀ကို သိလိုက်ရချိန် လူမှာအံ့သြလွန်းသဖြင့် ဘာပြောရမှန်းပင် မသိတော့ပါ။
လက်သမားဆရာကိုခေါ်ပြီး တဲလေးအတွင်း ၀င်လာခဲ့မိသည်။ ခပ်မှောင်မှောင် ခပ်အုပ်အုပ် တဲလေးထဲ၌ အဘွားအိုတစ်ယောက် ငြိမ်သက်စွာ ထိုင်နေသည်ကို တွေ့ရ၏။ ဘေးပတ်ဝန်းကျင်ကို သတိမပြုပဲ ငြိမ်ငြိမ်လေးထိုင်နေရှာသော အဘွားအိုကို အနှောက်အရှက် မပေးချင်တော့ပါ။ ကျွန်တော်လည်း အိပ်ထောင်ထဲမှ ခေါက်ပိုက်ဆံအိပ်ကလေးကို ထုတ်လိုက်သည်။ အတွင်းအိပ်ထောင့်၌ ခေါက်ထည့်ထားသော တစ်ထောင်တန်အသစ်ကလေးသုံးရွက်ကို ထုတ်ယူလိုက်ပြီး အဘွားအို၏ ပိန်ခြောက်ခြောက်လက်ကလေးထဲ အသာဖြန့်ထည့်ပေးလိုက်ပါ၏။ အပြင်မှာလည်း လူသံဆူဆူ၊ ဆူဆူနှင့် အသုဘကိစ္စ ပြင်ဆင်နေကြပေပြီ။ ကျွန်တော်လည်း တဲလေးအပြင်သို့ ထွက်လာခဲ့တော့၏။
အမေကြီးဒေါ်မြကြင်၏ နောက်ဆုံးခရီးက လွမ်းမောဖွယ် ကောင်းသလိုလို ခံစားရ၏။ လူငယ်လေးယောက်ခန့်က ထမ်းသွားသော စင်ကလေးက မညီမညာ လမ်းလေးကြောင့် နိမ့်ချီမြင့်ချီနှင့် လှုပ်ယမ်းပြီး တရွေ့ရွေ့ သွားနေသည်။ ရွှေရောင် ငွေရောင်စက္ကူလေးများကပ်ထားသည့် ထမ်းစင်ကလေးမှာ ကျနေရောင်အောက်တွင် ပြိုးပြိုးပြောင်ပြောင် အရောင်လက်လျှက်။ လေအသော့တွင် အဖြူရောင်ဇာပုဝါစလေးများက တလူလူလွင့်နေလျှက်။ လူနည်းစု ပရိသတ်ကလည်း ငြိမ်သက်စွာ တရွေ့ရွေ့ လျှောက်နေလျှက်။ ကျွန်တော်လည်း နောက်ခပ်လှမ်းလှမ်းနားဆီမှ စက်ဘီးကိုတွန်းပြီး အတွေးများစွာ ပျံ့လွင့်လျှက်။ သြော်..ဘာပဲပြောပြော အပင်ပန်းဆုံးဘ၀လေးထဲမှ တဒင်္ဂလွတ်မြောက်ခွင့် ရသွားရှာသော အမေကြီးဒေါ်မြကြင်မှာ ငြိမ်းချမ်းသွားပါပြီ။ စိတ်ထဲတွင် လေးလံစွာခံစားနေရင်း တစ်ခုတွေးမိ၏။ အမေကြီးဒေါ်မြကြင်အတွက် မနက်ဖြန်မနက်တွင် အိမ်ရှေ့ဆွမ်းလောင်းရင်း အမျှဝေပေးရုံသာ တတ်နိုင်ပါတော့မည်။ အမေကြီးဒေါ်မြကြင် သာဓုအနုမောဒနာသာ ၀မ်းမြောက်စွာ ခေါ်ပါတော့လေ....။ ။

" ခန့်ညီဖေ" 25, September 2012, Tuesday 10:15 A:M

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။