Żaw Żaw Ñaing shared Myanmar Online News's photo.
မြေဆွဲအားဖြင့်မီးလင်းစေမည့်မီး လုံးကြောင့် ကမ္ဘာတစ်ဝန်း
လျှပ်စစ်မီးမထွန်းနိုင်သူ သန်းထောင့်ငါးရာကျော်ကို
အလင်းပေးနိုင်တော့မည်
Monday, 24 December 2012
... ကမ္ဘာ့မြေဆွဲအားကို အသုံးပြု ၍ မီးလင်းနိုင်သည့် မီးလုံးကို ဗြိတိန် ကုမ္ပဏီတစ်ခုက တီထွင်လိုက်ရာ ထို မီးလုံးကြောင့် ကမ္ဘာတစ်ဝန်းလျှပ်စစ် ဓာတ်အားကို လက်လှမ်းမမီ၍ လျှပ် စစ်မီးမထွန်းနိုင်သော လူသား သန်း ထောင့်ငါးရာကျော်ကို အလင်းပေး နိုင်တော့မည်ဖြစ်ကြောင်းသိရသည်။
ထိုမြေဆွဲအားသုံး အယ်လ် အီးဒီ မီးလုံးတွင် ကြိုးဖြင့် ချိတ် ထားသော သဲအိတ်ငယ်တစ်ခု ပါ ဝင်သည်။
ထိုသဲအိတ်ငယ်ကို မီးလုံး တွင်ပါသော ဒိုင်နမိုတွင် ကြိုးဖြင့် ချိတ်ဆက်
ထားသည်။ မြေဆွဲအား ကြောင့် သဲအိတ်ငယ်သည် အောက်ကို တဖြည်းဖြည်းချင်း လျှောကျ သွား သည်တွင် ဒိုင်နမိုကို လှည့် ပေး
သကဲ့သို့ ဖြစ်ပြီး လျှပ်စစ်ဓာတ်အား ထွက်လာကာ မီးလုံး လင်းလာ မည်ဖြစ်သည်။
သဲအိတ်ငယ် အောက် ဆုံးသို့ ရောက်ရှိသွားပါကအပေါ်ဆုံး ပြန်ရောက်အောင်
သုံးစက္ကန့်ခန့် သာ ပြန်ရစ်တင်ရပြီး ပြန်လွှတ်ထား ပေးပါက နာရီဝက်ခန့်ထိ မီးလင်းနေ နိုင်စွမ်းရှိကြောင်းလည်း သိရသည်။
ထိုမီးလုံးကို GravityLight ဟု အမည် ပေးထားသည်။ ထိုမီးလုံးကို
လန်ဒန် အခြေစိုက် Deciwatt.org ကတီထွင် ခြင်းဖြစ်သည်။
ထိုမီးလုံးသည် လျှပ်စစ် ဓာတ် အားရှိရန် မလိုအပ်ဘဲ မီးလင်းနိုင် မည်ဖြစ်သောကြောင့် ကမ္ဘာတစ်ဝန်း လျှပ်စစ်ဓာတ်အား လက်လှမ်းမမီ
သော လူသား သန်းထောင့်ငါးရာ ကျော်ထံသို့ အလင်းရောင်ဆောင် ကြဉ်းပေးနိုင်မည် ဖြစ်သည်။
Messenger News Journal

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။