10 December 2012 |By ရိုးရာလေး
တစ်နေ့ကို သူရာလေးခွက်နှုန်းနဲ့ တစ်ပတ်ကို အနည်းဆုံး ငါးကြိမ်အထက် သောက်သုံးတဲ့ သူတွေဟာ ကျူမာရောဂါဖြစ်ဖို့ အလားအလာကောင်းကြောင်း သိရတယ်။ ကျူမာရောဂါဆိုတာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေနဲ့ ဖြစ်တည်လာတဲ့ အသားဆိုင်ကျိတ်၊ အသားပို တစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့နေရာ အနှံ့အပြားမှာ ထက်ရှိနိုင်ပါတယ်။ ပွားတတ်တဲ့ ကျူမာတွေရှိသလို တစ်နေရာတည်းမှာပဲ ပေါက်တတ်တဲ့ ကျူမာတွေလည်း ရှိပါတယ်။ သူရာအလွန်အကျွံ သောက်သုံးတဲ့သူတွေဟာ Prostate ကင်ဆာဖြစ်ဖို့နီးစပ်ကြောင်း မကြာသေးမီက သုတေသီများ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သိပ္ပံပညာရှင် များရဲ့ ရှာဖွေတွေ့ရှိချက် အရ တစ်ပတ်မှာတစ်နေ့ကို လေးခွက်နှုန်းနဲ့ အနည်းဆုံးငါးကြိမ် သောက်သုံးတဲ့ သူတွေဟာ သူရာမသောက်သုံးတဲ့ သူတွေထက် ကင်ဆာဖြစ်ဖို့ ရာခိုင်နှုန်းနှစ်ဆပိုတယ်လို့ သိရတယ်။ဒီကင်ဆာအကျိတ်တွေကို ထိန်းချုပ်လို့မရသလို အသက်အရွယ်၊ လူမျိုး၊ မျိုးရိုးလိုက်ခြင်း ရှိမရှိစတဲ့ အချက်တွေကလည်း ဒီကင်ဆာရဲ့ အသက်အန္တရာယ် ပြုနိုင်စွမ်း ဒီဂရီကို အနိမ့်အမြင့် မြှင့်တင်ပေးပါလိမ့် မယ်။ စိုးရိမ်ဖွယ်ရာကောင်း တဲ့သူတွေကတော့ အဝလွန်တဲ့သူ၊ ဆေးလိပ်သောက်တဲ့သူ သူရာသောက် တဲ့သူ၊ တိရစ္ဆာန်အဆီများစွာ စားသုံးတဲ့ သူတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူရာသောက်သုံးခြင်းဟာ ဘယ်ရှုထောင့်ကပဲ ကြည့်ကြည့် မကောင်းဘူးဆိုတာကို အသိပေးတင်ပြ လိုက်ရပါတယ်။
Ref By - http://seinpanpyar.multiply.com

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။