Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, December 23, 2012

ရည်မှန်းချက်ပန်းတိုင်


Thet Ko Oo
အောက်တိုဘာလ 10, 2012 တွင် 10:06pm မှာ ချစ်စနိုးငယ် မှ တင်သွင်းခဲ့သည်။

 ... လူတွေသည် မှန်ရေကန်ထဲက ရွှေငါးများနှင့် တူလှသည်ဟု ပြောလေ့ရှိကြသည်။
ငါးတွေသည် မပြတ် ကူးခပ်နေကြသော်လည်း ဘယ်ခရီးမျှ မရောက်။ မှန်ရေကန်ထဲမှာပတ်ချာလည်၍သာနေသည်။
လူတွေမှာလည်း အများစုတို့သည် ဘေးကကြည့်လျှင် အလုပ်များနေသယောင် ထင်ရသော်လည်း တကယ်တမ်း၌ ဘ၀အတွက် အစီအစဉ်တကျ ရည်မှန်းချက်ရှိရှိ လှုပ်ရှားနေခြင်း မဟုတ်။ မရေမရာ မျောပါနေကြခြင်းသာ ဖြစ်၏။

စင်စစ် ဘ၀ ဟူသည် ကံစမ်းပွဲ မဟုတ်။ ကံအကောင်း၊အဆိုးကို မျှော်ကာ ကြုံရကျရာ မျောပါနေဖို့ မဟုတ်။ မိမိဘ၀ကို ဖန်တီးနိုင်သောအရာသည် ကံကြမ္မာသာ မဟုတ်။ မိမိသာလျှင်ဖြစ်ကြောင်း သိထားဖို့ လိုသည်။ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ကြောင်း ယုံကြည်လျှင် ဒီဘ၀မှာ ငါဘာဖြစ်ရမည် ဟူ၍ ဆုံးဖြတ်ချက်ချနိုင်ပေပြီ။
ဒီဘ၀မှာ သင် ဘာဖြစ်ချင်သလဲ? သင်ကိုယ်တိုင်ပဲ ရွေးချယ်ရလိမ့်မည်။ တခြားသူ ဆုံးဖြတ် ရွေးချယ်ပေး၍ မရ။
အသက် (၆၀) မှာ သင် ဘာဖြစ်ချင်သလဲ???
အသက် (၇၀) မှာ ဘယ်အနေအထားမျိုးနှင့် ရှိချင်သလဲ။
အသက် (၈၀) မှာကော...???
ဘယ်လိုဂုဏ်သရေမျိုးနှင့်ပုဂ္ဂိုလ် ဖြစ်ချင်သလဲ။ ပိုင်ဆိုင်မှုတွေ ဘယ်လောက်ရှိချင်သလဲ။ ဆွေမျိုးအသိုင်းအ၀ိုင်းက၊ ရပ်ရွာက၊ နိုင်ငံက သင့အပေါ် ဘယ်လိုသဘောမျိုး ထားရှိစေချင်သလဲ။ စဉ်းစားကြည့်ပါ။ ပီပီသသ မြင်ယောင်ကြည့်ပါ။ ငါ အဲဒီလိုဖြစ်ရမည်၊ ငါ အဲဒီလောက်ဖြစ်ရမည်ဟု စိတ်ထဲမှာ ယုံကြည်လာလျှင် အဲဒါသည် သင့်အတွက် ရေရှည်ရည်မှန်းချက်ဖြစ်ပြီ။
ဒီရည်မှန်းချက် သင့်ခေါင်းထဲမှာ စွဲမြဲနေမည်၊ အခြားအလိုဆန္ဒများ၏အထက်က လွှမ်းမိုး၍နေမည်ဆိုလျှင် ဒီနှစ်ကာလများတွင်း သင် လှုပ်ရှားလုပ်ကိုင်သမျှသည် သင့်အား ပန်းတိုင်ဆီသို့ မသိမသာဖြစ်စေ၊ သိသိသာသာဖြစ်စေ တွန်းပို့ပေးသောအရာများချည်း ဖြစ်လာလိမ့်မည်။
လောက၌ မည်သူမျှ လျှပ်ပြက်သလို ရုတ်တရက် ချမ်းသာကြွယ်ဝမသွားနိုင်။ အနုညာတမှ နေ့ချင်းညချင်း အထင်ကရ ဖြစ်သွားသည်ဟူ၍လည်း မရှိ။ ဘေးလူတွေက အကြောင်းမသိသဖြင့် ဘယ်သူဘယ်ဝါ၏ဘ၀ ရုတ်ခြည်း ပြောင်းလဲသွားသည် ထင်ကြသော်လည်း အနိမ့်မှ အမြင့်သို့ တိုးတက်ပြောင်လဲဖို့ရာ သူ ဘာတွေ ဘယ်မျှ လုပ်ခဲ့ရသည်ဆိုတာ သူ့ဘာသာသိသည်။
မည်သည့်နယ်ပယ်၌ဖြစ်စေ အောက်ခြေမှ ထိပ်ဆုံးသို့ တစ်ချက်တည်း ခုန်တက်၍ ရောက်ရိုးထုံးစံ မရှိပါ။ အဆင့်ဆင့်တွေ ဖြတ်သန်းရသည်။ လှေကားထစ်ပေါင်းများစွာကို နင်းတက်ရသည်။ ထို့ကြောင့် ရေရှည်ရည်မှန်းချက်ဆီသို့ ချီတက်ရာတွင် မျက်စိမလည်စေဖို့နှင့် တစ်ဆင့်ပြီးတစ်ဆင့် အားဖြည့်မြှင့်တင်ပေးနိုင်ဖို့ ရည်မှန်းချက်အငယ်စား၊ ရည်မှန်းချက်အလတ်စားတွေ ချမှတ်ပေးရသည်။ မည်သည့်လုပ်ငန်းတာဝန်မဆို တစ်ပိုင်းစီ တစ်ကန့်စီ ဆောင်ရွက်၍ရသည့် လုပ်ငန်းငယ်ကလေးများအဖြစ် ခွဲခြမ်းစိတ်ဖြာ၍လုပ်ကိုင်လျှင် သက်သာလွယ်ကူပြီး အောင်မြင်ရန်လည်း ပိုသေချာသည်။ ဘ၀တစ်ခုလုံးအတွက် ရည်မှန်းချက်ကြီးကိုလည်း တစ်နှစ်အတွက် ရည်မှန်းချက်၊ တစ်လအတွက် လျာထားချက်၊ တစ်ပတ်စာအစီအစဉ်၊ တစ်နေ့တာအလုပ် စသဖြင့် စနစ်တကျ တစ်ဆင့်စီ၊ တစ်နိုင်စီ မှန်မှန်လုပ်သွားပါက ခရီးတစ်လျှောက် အောင်မြင်မှုကြီးငယ်များကို ခံစားရင်း အချိန်တန်သော် ပန်းတိုင်ရောက်မှာ မုချဖြစ်သည်။
ထို့ကြောင့် ဘ၀၌ လတ်တလောအနေအထားသည် အကြောင်းမဟုတ်ပါ။ အရေးကြီးသည်က ဦးတည်ရာလမ်းကြောင်းရှိဖို့ ဖြစ်သည်။ လမ်းကြောင်းပေါ်မှာ ရောက်နေပြီ၊ ပန်းတိုင်သို့ ဦးတည်လှုပ်ရှားနေပြီဆိုလျှင် ဘ၀အတွက် အလားအလာကောင်းပေပြီ။

ကျမ်းကိုး-
အားပြင်းတဲ့ မြားတစ်စင်း (ဖေမြင့်)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။