ယနေ့ခေတ်တွင် မြန်မာရိုးရာစစ်တုရင်ကိုကြားဖူး တဲ့လူငယ်တွေနည်းလာတဲ့အတွက် လူငယ်များသိအောင် တင်ပြရခြင်းဖြစ်ပါတယ် .......... အနောက်တိုင်း စစ်တုရင် (Chess) ကို စာအုပ်ဆိုင်၊ စာကြည့်တိုက်၊ အင်တာနက် များတွင် အလွယ်တကူ ရှာဖွေနိုင်သော်လည်း မြန်မာ့စစ်တုရင်ပညာရပ်ကို စာကြည့်တိုက် အချို့  မှတစ်ပါး အခြားနေရာများတွင် ရှာဖွေရန် မလွယ်သော်ကြောင့် မသိသေးသူများ သိရအောင်ရေးရခြင်း ဖြစ်ပါတယ်။ အနောက်တိုင်းစစ်တုရင် (Chess) ကို အေဒီ ၁၅ ရာစု လောက်ကစတင်ကစားခဲ့ကြသည်။
... (From Wikipedia)။ မြန်မာနိုင်ငံ၌ စစ်တုရင်ကို မှတ်တမ်းများအရ အင်းဝခေတ်တွင် နန်းတွင် ပညာရှင်များ ကစားနေကြသည်ဟု မှတ်တမ်းများက ဖေါ်ပြပါ။ မြန်မာစစ်တုရင်ကစားနည်းသည် အနောက်တိုင်းစစ်တုရင် (Chess)၊ တရုပ်စစ်တုရင် (Xiangqi) တို့နှင့်မတူပဲ ထူးခြားတဲ့ကစားနည်းတစ်မျိုးဖြစ် သည်။ အခြားစစ်တုရင် ကစားနည်းလိုပဲ ကစားသမား ၂ နှစ် တဖက်တချက်တွင် နေရာယူကာ မျက်နှာချင်းဆိုင် ထိုင်ရသည်။ စစ်တုရင်ခုံတွင် ကစားကွက် ၆၄ ကွက်ရှိသည်။ ခုံ၏ထောင့်လေးထောင့်တွင် မျဉ်းလေးကြောင်းပါရှိသည်။ စစ်ကဲကြိုးဟုခေါ်သည်။ ကစားရုပ် ၁၆ ရုပ်ရှိသည်။
၁။ နယ် (စစ်သား၊ ခြေလျှင်တပ်) ၈ ရုပ်
၂။ မြင်း (မြင်းတပ်) ၂ ရုပ်
၃။ ဆင် (ဆင်တပ်) ၂ ရုပ်
၎။ ရထား (ရထားတပ်) ၂ ရုပ်
၅။ စစ်ကဲ (စစ်ဗိုလ်ချုပ်) ၁ ရုပ်
၆။ မင်းကြီး (စစ်သေနာပတိ) ၁ ရုပ် စုစုပေါင်း ၁၆ ရုပ်ပါဝင်ပါသည်။
မြန်မာစစ်တုရင်သည် မြန်မာတို့တွင်ရှိသော တပ် ၄ တပ်လုံးပါဝင်အောင်ဖွဲ့ စည်းထားသည်။
အကွက်ရွှေ့ ပုံ
နယ်သည် အရှေ့  သို့ တကွက်သာတက် လို့ရသည်။ စားလျှင် မျက်နှာချင်းဆိုင် တစောင်းစားရသည်။
(အနောက်တိုင်း စစ်တုရင်မှ Pawn နဲ့ အတူတူပဲဖြစ်သည်။)
မြင်းသည် အင်္ဂလိပ်အက္ခရာ L ပုံစံခုန်ရသည်။
(အနောက်တိုင်း စစ်တုရင်မှ Knight နဲ့ အတူတူပဲဖြစ်သည်။)
ဆင် သည် အရှေ့ သို့ မျက်နှာချင်းဆိုင် တကွက်၊ ဘေးရှေ့ ထောင့် ၂ ကွက် စုစုပေါင်း ၃ ကွက်သို့ရွှေ့ နိုင်သည် စားနိုင်သည်။ နောက်သို့ ဆုတ်ရာတွင် ထောင့် ၂ ကွက်သာရွှေ့ နိုင်သည်။
ရထားသည် ရှေ့ အကွက်အားလုံး ဘေးဘယ်ညာ အကွက်များအားလုံးရွှေ့  နိုင်သည်။
(အနောက်တိုင်း စစ်တုရင်မှ Rook နဲ့ အတူတူပဲဖြစ်သည်။)
စစ်ကဲသည် ထောင့်လေးထောင့်ကို မိမိကြိုက်ရာ ၁ ကွက်ခြင်း ရွှေ့ နိုင်သည်။
မင်းကြီးသည် ပတ်လည် ၈ ကွက်မှ မိမိကြိုက်ရာ ၁ ကွက်ခြင်း ရွှေ့ နိုင်သည်။
(အနောက်တိုင်း စစ်တုရင်မှ King နဲ့ အတူတူပဲဖြစ်သည်။)
ကစားကွက်ခင်းကျင်းပုံ
စစ်တုရင်ခုံ၏အလယ်တွင် ပ၀ါဖြင့် ကန့်လန်ကာ ကာ မိမိ၏ အကွက် အလျှာ ၈ ကွက် အနံ ၄ ကွက် စုစုပေါင်း ၃၂ ကွက်တွင် မိမိ ကြိုက်သလို အရုပ်များထားနိုင်သည်။ တဖက်မှလည်း မိမိလိုပင် သူစိတ်ကြိုက် ထား ထာမည်ဖြစ်သည်။ ကစားချိန်ကြမှ အလယ်မှ ပ၀ါကို ဖယ်ကာကစားရသည်။
ကစားပုံ
မိမိစိတ်ကြိုက်စီပြီးပြီဆိုပါက အလယ်မှ ကန့်လန်ကာကိုဖယ်ကာ စတင်ကစားရသည်။ တဖက်သူ၏ စစ်ကဲကို ချိန်ထားပြီဆိုပါက စစ်ကဲ ခွေ ( Queen Check)၊ မင်းကြီးဆိုပါက မင်းကြီး ခွေ (King Check) လို့ အော်ကာ အမိဖမ်းရပါသည်။
****** ခေတ်နောက်ပြန်ဆွဲရေးထားခြင်းမဟု တ်ပါ မြန်မာယဉ်ကျေးမှု အနုပညာ၊ တိမ်ကောနေသော မြန်မာတို့၏ အတတ်ပညာများကို ဖေါ်ထုတ်ရေးထားခြင်သာဖြစ်သည် *******
အလင်းစေတမန်
ဝေဟင်ချစ်သူ
www.facebook.com/theuseofforce
... (From Wikipedia)။ မြန်မာနိုင်ငံ၌ စစ်တုရင်ကို မှတ်တမ်းများအရ အင်းဝခေတ်တွင် နန်းတွင် ပညာရှင်များ ကစားနေကြသည်ဟု မှတ်တမ်းများက ဖေါ်ပြပါ။ မြန်မာစစ်တုရင်ကစားနည်းသည် အနောက်တိုင်းစစ်တုရင် (Chess)၊ တရုပ်စစ်တုရင် (Xiangqi) တို့နှင့်မတူပဲ ထူးခြားတဲ့ကစားနည်းတစ်မျိုးဖြစ်
၁။ နယ် (စစ်သား၊ ခြေလျှင်တပ်) ၈ ရုပ်
၂။ မြင်း (မြင်းတပ်) ၂ ရုပ်
၃။ ဆင် (ဆင်တပ်) ၂ ရုပ်
၎။ ရထား (ရထားတပ်) ၂ ရုပ်
၅။ စစ်ကဲ (စစ်ဗိုလ်ချုပ်) ၁ ရုပ်
၆။ မင်းကြီး (စစ်သေနာပတိ) ၁ ရုပ် စုစုပေါင်း ၁၆ ရုပ်ပါဝင်ပါသည်။
မြန်မာစစ်တုရင်သည် မြန်မာတို့တွင်ရှိသော တပ် ၄ တပ်လုံးပါဝင်အောင်ဖွဲ့ စည်းထားသည်။
အကွက်ရွှေ့ ပုံ
နယ်သည် အရှေ့  သို့ တကွက်သာတက် လို့ရသည်။ စားလျှင် မျက်နှာချင်းဆိုင် တစောင်းစားရသည်။
(အနောက်တိုင်း စစ်တုရင်မှ Pawn နဲ့ အတူတူပဲဖြစ်သည်။)
မြင်းသည် အင်္ဂလိပ်အက္ခရာ L ပုံစံခုန်ရသည်။
(အနောက်တိုင်း စစ်တုရင်မှ Knight နဲ့ အတူတူပဲဖြစ်သည်။)
ဆင် သည် အရှေ့ သို့ မျက်နှာချင်းဆိုင် တကွက်၊ ဘေးရှေ့ ထောင့် ၂ ကွက် စုစုပေါင်း ၃ ကွက်သို့ရွှေ့ နိုင်သည် စားနိုင်သည်။ နောက်သို့ ဆုတ်ရာတွင် ထောင့် ၂ ကွက်သာရွှေ့ နိုင်သည်။
ရထားသည် ရှေ့ အကွက်အားလုံး ဘေးဘယ်ညာ အကွက်များအားလုံးရွှေ့  နိုင်သည်။
(အနောက်တိုင်း စစ်တုရင်မှ Rook နဲ့ အတူတူပဲဖြစ်သည်။)
စစ်ကဲသည် ထောင့်လေးထောင့်ကို မိမိကြိုက်ရာ ၁ ကွက်ခြင်း ရွှေ့ နိုင်သည်။
မင်းကြီးသည် ပတ်လည် ၈ ကွက်မှ မိမိကြိုက်ရာ ၁ ကွက်ခြင်း ရွှေ့ နိုင်သည်။
(အနောက်တိုင်း စစ်တုရင်မှ King နဲ့ အတူတူပဲဖြစ်သည်။)
ကစားကွက်ခင်းကျင်းပုံ
စစ်တုရင်ခုံ၏အလယ်တွင် ပ၀ါဖြင့် ကန့်လန်ကာ ကာ မိမိ၏ အကွက် အလျှာ ၈ ကွက် အနံ ၄ ကွက် စုစုပေါင်း ၃၂ ကွက်တွင် မိမိ ကြိုက်သလို အရုပ်များထားနိုင်သည်။ တဖက်မှလည်း မိမိလိုပင် သူစိတ်ကြိုက် ထား ထာမည်ဖြစ်သည်။ ကစားချိန်ကြမှ အလယ်မှ ပ၀ါကို ဖယ်ကာကစားရသည်။
ကစားပုံ
မိမိစိတ်ကြိုက်စီပြီးပြီဆိုပါက အလယ်မှ ကန့်လန်ကာကိုဖယ်ကာ စတင်ကစားရသည်။ တဖက်သူ၏ စစ်ကဲကို ချိန်ထားပြီဆိုပါက စစ်ကဲ ခွေ ( Queen Check)၊ မင်းကြီးဆိုပါက မင်းကြီး ခွေ (King Check) လို့ အော်ကာ အမိဖမ်းရပါသည်။
****** ခေတ်နောက်ပြန်ဆွဲရေးထားခြင်းမဟု
အလင်းစေတမန်
ဝေဟင်ချစ်သူ
www.facebook.com/theuseofforce
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။