By Thura Awng on Saturday, December 15, 2012 at 6:00pm ·
ဤခရီးနီးသလား?
by Ye Moe on Monday, December 5, 2011 at 11:58am ·
နိုင်ငံရေးသမားများအမှတ်ရဖွယ် ရက်စွဲများ
၁၉၂၀ GCBAအသင်းကို တည်ထောင်သည်။
၁၉၂၃ ဒိုင်အာခီ အုပ်ချုပ်ရေးကို အကြောင်းပြု၍ GCBA နှစ်ခြမ်းကွဲသည်။ဦးဘဖေဦးဆောင်သော (၂၁)ဦး ပါတီခွဲထွက်သည်။
၁၉၂၅ ဦးစိုးသိမ်း GCBA နှင့် ဦးချစ်လှိုင် GCBA ဟုထပ်ကွဲသည်။ (၂၁)ဦးပါတီလည်း ပြည်သူ့ပါတီ၊ ငါးပွင့်ဆိုင် ၊မျိုးချစ် ၊ ဟုမ်းမရူး စသည့်ပါတီများအဖြစ် အစိတ်စိတ်အမွှာမွှာ ထပ်ကွဲသည်။
၁၉၃၀ အိန္ဒိယနှင့် တွဲရေး ၊ ခွဲရေး စကွဲသည်။ တစ်ပြည်လုံးအသင်းအဖွဲ့များရောပြည်သူများပါ နှစ်ခြမ်းကွဲကြသည်။
၁၉၃၃ တို့ဗမာ အစည်းအရုံးကို ဖွဲ့စည်းသည်။
၁၉၃၅ (၉၁)ဌာန အုပ်ချုပ်ရေးကို အကြောင်းပြု၍ လွှတ်တော်တွင်း၌ ဆင်းရဲသားပါတီ ၊ ငါးပွင့်ဆိုင်ပါတီ ၊ကိုယ်မင်းကိုယ်ချင်းပါတီတို့ ကွဲကြသည်။
၁၉၃၈ တို့ဗမာ အစည်းအရုံးတွင် သခင်ဗစိန်အဖွဲ့နှင့် သခင်သိမ်းမောင်အဖွဲ့တို့စကွဲသည်။
၁၉၃၉(Feb-12) အတိုက်အခံပါတီ၏ အစိုးရအပေါ် အယုံအကြည်မရှိ အဆိုအောင်မြင်၍ ညွှန့်ပေါင်းအစိုးရ ပြုတ်ကျသည်။
၁၉၃၉(Oct-3) ဗမာ့ထွက်ရပ်ဂိုဏ်းကို ဖွဲ့စည်းသည်။
၁၉၄၂(Jan) BIA တပ်များ မြန်မာပြည်သို့ စတင်ဝင်ရောက်သည်။
၁၉၄၂(Feb) BIA တပ်မှ ပုသိမ်မြို့ကိုသိမ်းသည်။
၁၉၄၂ BIA တပ်များနှင့် အင်္ဂလိပ်တပ်မှ ကရင်စစ်ပြေးများကြား တိုက်ခိုက်ရာမှ ကရင်-ဗမာ အဓိကရုဏ်းစတင် ဖြစ်ပွားသည်။ အဓိကရုဏ်းသည် မြစ်ဝကျွန်းပေါ်ဒေသ တစ်ခုလုံးသို့ ပြန့်နှံ့သွားသည်။
၁၉၄၃ ဂျပန်ပေးသော လွတ်လပ်ရေးနှင့် ပတ်သက်၍ ဂျပန်ဖွဲ့စည်းပေးထားသော အစိုးရအဖွဲ့တွင် သဘောထားကွဲကြသည်။ သခင်ဗစိန်နှင့် သခင်ထွန်းအုပ်တို့ နိုင်ငံခြားသို့ ထွက်သွားသည်။
၁၉၄၄ ဖ.တ.ပ.လကို တည်ထောင်သည်။
၁၉၄၄(Oct) ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံပါတီ ပူးပေါင်းသည်။မကြာမီ ပြန်ကွဲသွားသည်။
၁၉၄၅(Mar-1) ဖ.ဆ.ပ.လဟု အမည်ပြောင်းသည်။
၁၉၄၅(Mar-27) ဂျပန်ကို တော်လှန်သည်။
၁၉၄၅(May-6) ရန်ကုန်ကို အင်္ဂလိပ်တပ်များ ပြန်ဝင်လာသည်။
၁၉၄၅ ဆင်းမလားစက္ကူဖြူ စီမံကိန်းကြောင့် ဦးပု၊ မန်းဘခင်၊ ဦးရန်အောင် စသောလူကြီးများ ဖ.ဆ.ပ.လမှ နှုတ်ထွက်၍ အမှုဆောင်ကောင်စီတွင် ရာထူးယူကြသည်။
၁၉၄၆ ဦးစော ၊ ဒေါက်တာဘမောင်၊ ရဲဘော်သုံးကျိပ်ဝင်သခင်ထွန်းအုပ်နှင့် သခင်ဗစိန်တို့ နိုင်ငံခြားမှပြန်လာသည်။သခင်ထွန်းအုပ် အမှုဆောင်ကောင်စီဝင်ဖြစ်လာပြီး ဖ.ဆ.ပ.လအား ပြင်းထန်စွာ ဝေဖန်သည်။စစ်မြေပြင်တွင် ဗိုလ်ချုပ်အောင်ဆန်း သေဒဏ်စီရင်ခဲ့သည်ကို ဖွင့်ချသည်။
၁၉၄၆ ဖ.ဆ.ပ.လအတွင်းမှ ကွန်မြူနစ်တို့က ပြင်ပတွင် ကွန်မြူနစ်ပါတီကို သီးခြားထူထောင်သည်။ပြည်သူ့အရေးတော်ပုံပါတီကလည်း ဆိုရှယ်လစ်ပါတီကို သီးခြားထူထောင်သည်။
၁၉၄၆(Feb) ကွန်မြူနစ်ပါတီ နှစ်ခြမ်းကွဲသည်။ သခင်စိုး၊ သခင်တင်မြ၊ဒေါ်စောမြ စသည်တို့က ခွဲထွက်၍ အလံနီပါတီ(ကွန်မြူနစ်ပါတီဗမာပြည်) ကိုထူထောင်သည်။
၁၉၄၆(Oct) ဖ.ဆ.ပ.လမှ ကွန်မြူနစ်ပါတီကို ထုတ်ပယ်ကြောင်း ကြေငြာသည်။
၁၉၄၆(Oct) ပြည်သူ့ရဲဘော်အဖွဲ့မှ ဗိုလ်သိန်းဒန် ခေါင်းဆောင်သောအဖွဲ့ ခွဲထွက်သည်။
၁၉၄၆ ကရင်ခေါင်းဆောင်အချို့က စောဘဦးကြီး၊ဆစ်နီလူနီ ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို လန်ဒန်သို့ စေလွတ်၍ ကရင်ပြည်နယ်သည် ဗြိတိသျှဓနသဟာယအဖွဲ့အတွင်း နေလိုကြောင်း တောင်းဆိုသည်။
၁၉၄၇(Jan) အောင်ဆန်းအက်တလီ စာချုပ်ချုပ်ဆိုရန် ဗိုလ်ချုပ်အောင်ဆန်းလန်ဒန်သို့သွားသည်။ ထိုအချိန်တွင် ဗိုလ်ချုပ်သည် ရှမ်းပြည်၏ ကိုယ်စားလှယ် မဟုတ်ဟု ရှမ်းစော်ဘွားအချို့က လန်ဒန်သို့ ကြေးနန်းရိုက်သည်။ ဦးစောနှင့် သခင်ဗစိန်က စာချုပ်ကိုသဘော မတူကြောင်း ကန့်ကွက်သည်။
၁၉၄၇(Feb-4) ကရင်အဖွဲ့အစည်းများမှ ညီလာခံကျင်းပပြီး အောင်ဆန်းအက်တလီစာချုပ်ကို လက်မခံကြောင်း ကြေငြာသည်။
၁၉၄၇(April-6) KNU အဖွဲ့ကို စတင်တည်ထောင်ဖွဲ့စည်းသည် ။
၁၉၄၇(April-9) ရွေးကောက်ပွဲ ကျင်းပသည်။ ဗိုလ်ချုပ်ဦးစီးသော ဖ.ဆ.ပ.လ အပြတ်အသတ်အနိုင်ရသည်။ သခင်စိုး၏ အလံနီကွန်မြူနစ်ပါတီ ၊ ဒေါ်က်တာဘမော်၏ မဟာဗမာအဖွဲ့ ၊ဦးစော၏ မျိုးချစ်ပါတီတို့ ရွေးကောက်ပွဲမ၀င်။
၁၉၄၇(April-9) KNU မှ ရွေးကောက်ပွဲကို သပိတ်မှောက်သည်။
၁၉၄၇(April-23) KNU အရေးပေါ် ညီလာခံကျင်းပ၍ စောဘဦးကြီး ဥက္ကဌ ဖြစ်လာသည်။
၁၉၄၇(July-19) ဗိုလ်ချုပ်အောင်ဆန်းနှင့် ၀န်ကြီးများ လုပ်ကြံခံရသည်။ ဦးနု ၀န်ကြီးချုပ် ဖြစ်လာသည်။
၁၉၄၈(Jan-4) လွတ်လပ်ရေး ကြေငြာသည်။အခမ်းအနားသို့ သခင်သန်းထွန်းပါ တက်ရောက်သည်။
၁၉၄၈(Mar-28) ကွန်မြူနစ်ပါတီ တောခိုသည်။တပ်မတော်မှ ရဲဘော်အချို့ပါသွားသည်။
၁၉၄၈(July-26) ဖ.ဆ.ပ.လ၏ အဓိကအင်အားဖြစ်သော ပြည်သူ့ရဲဘော်အဖွဲ့အတွင်း၌ နုမူ(၁၄)ချက်နှင့် ပတ်သက်၍ ရဲဘော်ဖြူ ရဲဘော်ဝါဟူ၍ နှစ်ခြမ်းကွဲကာ ရဲဘော်ဖြူများ တောခိုသွားသည်။
၁၉၄၈(Aug) တပ်မတော်မှ တပ်ရင်း(၁)၊တပ်ရင်း(၃)မှအချို့ ၊တပ်ရင်း(၆)မှအချို့ တောခိုသည်။
၁၉၄၈(Nov) ကရင်တပ်များ ထကြွလာသည်။
၁၉၄၉(Jan) ကရင်တပ်များမှ ထန်းတပင် ဖြူးနှင့် တောင်ငူကို သိမ်းသည်။ ပုသိမ်ကို စတိုက်သည်။
၁၉၄၉(Feb-2) ကရင်တပ်များ အင်းစိန်ကို သိမ်းသည်။
၁၉၄၉(Mar-12) ကရင်နှင့် ကွန်မြူနစ်တပ်များ မန္တလေးကိုသိမ်းသည်။
၁၉၅၀(April-5) ကရင်နှင့် ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးသည်။
၁၉၅၀(April-8) ငြိမ်းချမ်းရေးပြန်ပျက်သည်။ တိုက်ပွဲများ ဆက်ဖြစ်သည်။
၁၉၅၀ ကိုရီးယားစစ်ပွဲ မူဝါဒနှင့် ပတ်သက်၍ သခင်ချစ်မောင်(၀ိဓူရ)၊သခင်လွင်နှင့် အခြားအမတ်များ ဖ.ဆ.ပ.လမှ ခွဲထွက်သည်။ ဆိုရှယ်နီဟု အမည်တွင်သည်။
၁၉၅၂ KMT တရုတ်ဖြူများ ကျူးကျော်သည်။
၁၉၅၈(May) ဖ.ဆ.ပ.လအဖွဲ့ကြီး တတိယအကြိမ် နှစ်ခြမ်းကွဲသည်။ သန့်ရှင် ဖ.ဆ.ပ.လနှင့် တည်မြဲ ဖ.ဆ.ပ.လဟူ၍ ဖြစ်လာသည်။
၁၉၅၈(May) နုတင်အုပ်စုမှ တပ်မတော်သည် ဆွေငြိမ်းအုပ်စုဘက် ဘက်လိုက်သည်ဟု စွပ်စွဲလာသည်။
၁၉၅၈(Aug) ဖ.ဆ.ပ.လညီလာခံ (နုတင်အုပ်စု)၌ ဟံသာဝတီ ကိုယ်စားလှယ်မှ တပ်မတော်အား ပြည်သူ့ရန်သူအမှတ်(၁)၊ ဆွေငြိမ်းအုပ်စု လိုလားသူ မြို့ပြ၀န်ထမ်းများအား ပြည်သူ့ရန်သူ အမှတ်(၂)၊အစိုးရကို လက်နက်စွဲကိုင် တော်လှန်နေသော သူပုန်များအား ပြည်သူ့ရန်သူ အမှတ်(၃)အဖြစ် ကြေငြာသည်။
၁၉၅၈(Sept) နုတင်အုပ်စုမှ စစ်ရဲတပ်ရင်းများ ပျူစောထီးနှင့် သစ်တောကာကွယ်ရေးတပ်ဖွဲ့များကို ရန်ကုန်မြို့သို့ ရွေ့ပြောင်းလိုက်သည်။ ၀န်ဒါမီယာ ၀န်ကြီးများဝင်း၌ လက်နက်ကိုင်အင်အား(၄၀၀)ခန့်ကို တပ်စွဲထားလိုက်သည်။
၁၉၅၈(Sept-22) တပ်မတော်ထောက်လှမ်းရေးမှ ၎င်းလှုပ်ရှားမှုများကို သတင်းပို့ချက်အရ တပ်မတော်မှ မြို့အ၀င်ဂိတ်များကို တပ်များနေရာဝင်ယူ လာပြီး စစ်ဆေးမှုများ ပြုလုပ်လာသည်။ရန်ကုန်မြို့တွင်းရှိ လက်နက်တိုက်များ၊ ရဲစခန်းများတွင် တပ်များဝင်ရောက် တပ်စွဲလာသည်။လေဆိပ်ကိုလည်း လေတပ်မှဝင်ရောက်တပ်စွဲလိုက်သည်။
၁၉၅၈(Sept-26) ဦးနုက ဗိုလ်ချုပ်နေ၀င်းထံ အခြေအနေကို ထိန်းသိမ်းရန်နှင့် အိမ်စောင့်အစိုးရဖွဲ့ရန် စာရေးသည်။
၁၉၅၈(Oct-28) အိမ်စောင့်အစိုးရ တက်လာသည်။
၁၉၆၀ ရွေးကောက်ပွဲ ကျင်းပသည်။သန့်ရှင်း ဖ.ဆ.ပ.လအနိုင်ရသည်။ ပြည်ထောင်စုပါတီဟူ၍ အမည်ပြောင်းသည်။
၁၉၆၀ ပြည်ထောင်စုပါတီအတွင်း ဦး - ဗိုလ် - သခင် အုပ်စုကွဲလာသည်။
၁၉၆၁(Aug-26) ဗုဒ္ဒဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းသည်။အခြားဘာသာများကို တန်းတူအခွင့်အရေးပေးရန် အခြေခံဥပဒေကို ပြင်ဆင်သည်။ သံဃာများက ဆန္ဒပြကြသည်။
၁၉၆၁ တိုင်းရင်းသား ခေါင်းဆောင်များက ပြည်နယ်များ၏ အာဏာကို တိုးမြှင့်တောင်းဆိုသည်။မရလျှင် ပြည်ထောင်စုမှ ခွဲထွက်မည်ဟု ပြောဆိုသည်။
၁၉၆၂(Mar-2) ဗိုလ်ချုပ်နေ၀င်း ဦးဆောင်သော တော်လှန်ရေးကောင်စီ(တပ်မတော်)မှ အာဏာသိမ်းသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။