10 December 2012 |By Good Health
သင့်အသည်းဟာ သင့်ခန္ဓာကိုယ်နဲ့ သွေးတွေ သန့်စင်နေဖို့ရာအတွက် နေ့စဉ်နေ့တိုင်း အံ့ဩစရာ ကောင်းတဲ့ လုပ်ငန်း တာဝန်တွေကို လုပ်ဆောင်နေ ပါတယ်။ အသည်းရဲ့လုပ်ငန်း ဆောင်တာတွေ အကောင်းဆုံး ဖြစ်စေဖို့နဲ့ အသည်းအားပြည့်ကာ ကျန်းမာနေစေဖို့ သင်သတိထားသင့်တဲ့ အချက်တွေ ရှိပါတယ်။
သင့်အသည်း ဘာလုပ်သလဲ
- ကူးစက်ပိုးတွေကို တွန်းလှန်နိုင်အောင် ကိုယ်ခံအားကို ကောင်းမွန်စေပါတယ်။
- သွေးခဲတာကို ဟန်ချက်ညီစေပါတယ်။
- သည်းခြေရည်ထုတ်လုပ်တာနဲ့ စွန့် ထုတ်တာတို့ကို လုပ်ဆောင်ပေးပါတယ်။
- ဘီလီရူဘင်၊ ကိုလက်စထရော၊ ဟော် မုန်းနဲ့ ဆေးဝါးတွေကို စွန့်ထုတ်ပေးပါတယ်။
- အဆီ၊ ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ်တွေကို တည်ဆောက်ဖြိုခွဲပေးပါတယ်။
- အင်ဇိုင်းတွေကို အားကောင်းအောင် လုပ်ဆောင်ပေးပါတယ်။
- ဂလိုင်ကိုဂျင်၊ ဗီတာမင်နဲ့ သတ္တုဓာတ် တွေကို သိုလှောင်ပေးပါတယ်။
- မတူညီတဲ့ ဓာတုဗေဒဆိုင်ရာ လုပ်ငန်း ဆောင်တာ ၅၀ဝ ကျော်ကို လုပ်ဆောင်ပါတယ်။
- သွေးတွေကို သန့်စင်အောင် လုပ်ပေး ပါတယ်။
- တစ်မိနစ်မှာ သွေးတစ်လီတာကို စစ် ထုတ်ပေးပါတယ်။
Tip!
သင့်အသည်းရဲ့ အလေးချိန်က အဆီ ၁၀ ရာခိုင်နှုန်းထက် ပိုများနေပြီဆိုရင် အသည်းအဆီဖုံးတာ ဖြစ်နိုင်ပါတယ်။
အသည်းထိခိုက်နေသော လက္ခဏာများ
အသည်းရဲ့ လုပ်ငန်းဆောင်တာ မကောင်းတော့ဘူးဆိုရင် ခေါင်းကိုက်တာ၊ ဆီးမည်းသွားတာ၊ အစာစားချင်စိတ် မရှိတာ၊ နာတာရှည်ဝမ်းချုပ်တာ၊ ဝမ်းလျှောတာ၊ ဝမ်းဖြူဖြူသွားတာ၊ အရေပြားပေါက် ပြဲလွယ်တာ၊ ပူပင်သောက များတာ၊ စိတ် ဓာတ်ကျတာ၊ စိတ်ကသိကအောက်ဖြစ် တာ၊ ဟော်မုန်းဟန်ချက်မညီတာ၊ မော ပန်းနုံးချည့်တာ၊ အသားဝါတာ၊ လိင်စိတ် လျော့နည်းတာ၊ အစာဓာတ်မတည့်မှု ဖြစ် လွယ်တာ စတာတွေ ဖြစ်တတ်ပါတယ်။
သင့်အသည်းကို အားဖြည့်ပါ
- ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာ၊ အထူးသဖြင့် ဩဂဲနစ်အစာကို စားပါ။
- ပရိုတင်းဓာတ်ရစေမယ့် အစာအနည်းငယ် စားပေးပါ။
- ပဋိဇီဝပိုးသတ်ဆေးနဲ့ အက်စစ်ဆန့်ကျင်တဲ့ ဆေးတွေကို မိမိသဘောနဲ့ မိမိ မသောက်ပါနဲ့။
- အရက်ကို ရှောင်ပါ။ ပါရာစီတမောကို တတ်နိုင်သမျှ လျှော့သောက်ပါ။ အရက်နဲ့ ပါရာစီတမောကို ဘယ်တော့မှ တွဲမသောက်ပါနဲ့။
- ဆေးသောက်နေရရင် ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကို သတိထားပါ။
- ပတ်ဝန်းကျင်အဆိပ်အတောက်တွေ ကို ရှောင်ပါ။
Fact! အသည်း၏ အလေးချိန်
အသည်းရဲ့ အလေးချိန်က ပျမ်းမျှအားဖြင့် သုံးပေါင်ခွဲလောက် ရှိပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။