Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, December 5, 2012

ဆုရွေးချယ်ရေးအဖွဲ့ အပြောင်းအလဲနှင့် အကယ်ဒမီအကြို မြင်ကွင်းများ


7Day News Journal အတွဲ (၁၁)၊ အမှတ်(၃၉)
အေးသူစံ၊ ကြူကြူဟန်
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ယခုနှစ်ကုန် ဒီဇင်ဘာ ၃၀ ရက်မှာ ရန်ကုန်မြို့မှာ ငါးနှစ်အတွင်းပထမဆုံးအကြိမ် ပြန်လည်ကျင်းပတော့မှာ ဖြစ်ပါတယ်။ ကျင်းပနေကျ နေပြည်တော်မဟုတ်ဘဲ ရန်ကုန်မှာပြန်ကျင်းပမှာဖြစ်လို့ အကယ်ဒမီပေးပွဲ နီးကပ်လာတာနဲ့အမျှ ခရီးသွားဖို့လာဖို့ တည်းဖို့ခိုဖို့ ကြိုတင်ပြင်ဆင်ရတဲ့ အလုပ်တွေသက်သာသွားတယ်လို့ အနုပညာရှင်တော်တော်များများက တညီတညွတ်တည်း ဖြေကြားကြပါတယ်။
ဒါပေမဲ့ အရင်နှစ်တွေနဲ့မတူ ထူးခြားတာက ပွဲကျင်းပဖို့ တစ်လလောက်ပဲ လိုတော့ပေမယ့် အကယ်ဒမီကို ပြည်သူလူထုက စိတ်ဝင်စားမှု နည်းပါးနေပြီး ယခင်နှစ်များလို ခန့်မှန်းအနုပညာရှင်တွေကို ထင်ကြေးပေးတာတွေ၊ အနုပညာရှင်တွေရဲ့ အကယ်ဒမီရင်ခုန်သံတွေလည်း ငြိမ်သက်နေခြင်းပါပဲ။ ၂၀၁၁ ခုနှစ်အတွက် အကယ်ဒမီ စာရင်းဝင်ဇာတ်ကားများကို စိစစ်အကဲဖြတ်တဲ့ အဖွဲ့ထဲမှာ ဒီနှစ်ကစပြီး အနုပညာရှင်တွေထဲက ပါဝင်လာကြတဲ့အတွက် ဆုရွေးချယ်မှုစနစ် ပိုပြီးအနုပညာမြောက်မယ်လို့တော့ ထင်မြင်ကြတဲ့ အနုပညာရှင်အများစုလည်း ရှိကြပါတယ်။ နှစ်သစ်ကို ကြိုရင်းကျင်းပမယ့် ၂၀၁၁ အကယ်ဒမီပွဲအပေါ် အနုပညာရှင်တွေရဲ့အမြင်၊ သူတို့ရဲ့ ပွဲတက်ဖက်ရှင်တို့ကို စုစည်းတင်ဆက်လိုက်ပါတယ်။
နေတိုး
ရန်ကုန်မှာ ကျင်းပတဲ့အတွက် သွားရလာရတာအရမ်း လွယ်ကူသွားတယ်။ လူစုံတက်စုံလည်း တက်ရောက်ခွင့်ရှိသွားတယ်။ ပွဲတစ်ပွဲဆိုတာ စည်စည် ကားကားဖြစ်လေ၊ ပိုအောင်မြင်လေလေပါပဲ။ အဆက်ဆက်ကလည်း ရန်ကုန်မြို့မှာပဲ လုပ်ခဲ့တာဆိုတော့ ရန်ကုန်မှာ ပြန်လုပ်တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါပဲ။ ဆုရွေးချယ်မှုနဲ့ ဆုပေးတဲ့အပိုင်းကိုတော့ ကျွန်တော်သိပ်စိတ်မ၀င်စားပါဘူး။ အနုပညာပိုင်းကိုပဲ စိတ်ဝင်စားပါတယ်။ ဘယ်သူတွေရနိုင်ခြေရှိတယ်ဆိုတာလည်း ကျွန်တော်မသိပါဘူး။ အကယ်ဒမီပွဲတက် ၀တ်စုံကတော့ ယွန်းရွှေရည်ပိုးထည်တိုက်ပါ။ ဒီဇိုင်နာကတော့ မင်းသက်စံပါ။ အရောင်ကိုတော့ ကျွန်တော် မသေချာသေးလို့ မပြောနိုင်သေးပါဘူး။
ကျော်ကျော်ဗို
အကယ်ဒမီပေးပွဲအတွက် ပွဲတက်ဝတ်စုံကတော့ ကျွန်တော့်အမျိုးသမီးပဲ နှစ်တိုင်းစီစဉ်တာပါ။ ဒီနှစ်လည်း ဘာဝတ်ဖြစ်မလဲဆိုတာ သူစီစဉ်တဲ့အပေါ် မူတည်ပါတယ်။ အကယ်ဒမီပွဲအပေါ်အမြင်ကတော့ တတ်သိနားလည်တဲ့ အနုပညာရှင်တွေ ပါဝင်ဆုံးဖြတ် စိစစ်ထားတဲ့အတွက် အရင်နှစ် တွေထက်စာရင် အပြောင်းအလဲ ရှိကောင်းရှိမှာပါ။ ရန်ကုန်မှာ ကျင်းပတာ ဖြစ်တဲ့အတွက်လည်း အားလုံးအတွက်ပိုပြီး အဆင်ပြေသွားပါတယ်။
ဒါရိုက်တာဝင်းထွန်းထွန်း
အကယ်ဒမီပေးပွဲကတော့ ပွဲပြီးမှပဲ အပြောင်းအလဲကိုသိရမှာပါ။ ဒီနှစ်ဆုရွေးချယ်ရေးအဖွဲ့ထဲမှာ အနုပညာကို နားလည်တတ်ကျွမ်းတဲ့သူတွေ ပါလာတော့ အရင်နှစ်တွေကထက်စာရင် ပိုကောင်းလာမယ်လို့တော့ မျှော်လင့်နိုင်ပါတယ်။ တကယ်ကြိုးစားထားတဲ့၊ တကယ်အရည်အချင်းရှိတဲ့၊ တကယ်အနုပညာမြောက်တဲ့ ဇာတ်ကားဆိုရင် တစ်ကားတည်းပဲ ရှိနေဦးတော့ အကယ်ဒမီနဲ့ ထိုက်တန်ပါတယ်။ ပွဲတက်ဒီဇိုင်းကတော့ ယောက်ျားလေးဖြစ်တဲ့အတွက် ထူးထူးခြားခြားမရှိပါဘူး။ ရန်ကုန်မှာလုပ်တာဖြစ်လို့ တော်တော်အလုပ်ရှုပ် သက်သာသွားပါတယ်။
ဒါရိုက်တာညီညီထွန်းလွင်
အကယ်ဒမီကတော့ ဂျာနယ်တွေထဲမှာ ပါတာတွေပဲ သိရတယ်။ “ထာဝရအလင်းတန်းများ” တို့၊ “ပန်းကြာဝတ်မှုန်”တို့ပေါ့။ ကျွန်တော်ကတော့ ရုပ်ရှင်မကြည့်ဖြစ်တာ များတယ်။ မင်းသားမင်းသမီးပိုင်းလည်း အဲဒီနှစ်ကားထဲက လူတွေရနိုင်တာပေါ့။
ဟိန်းဝေယံ
အကယ်ဒမီပွဲတက်ဝတ်စုံအတွက် ၀ါရွှေစင်ပိုးထည်တိုက်က စပွန်ဆာပေးထားပါတယ်။ ခဲရောင်ဝတ်ဖြစ်ပါမယ်။ ဒီဇိုင်နာက ကိုမင်းသက်စံပါ။ ဒီနှစ်အကယ်ဒမီ က အရင်နှစ်တွေနဲ့ မတူတော့ဘူး။ နေပြည်တော်ကို မသွားရတော့တဲ့အတွက် အချိန်ကုန်လည်းသက်သာသွားတယ်။ ဆုရွေးချယ်ရေး အဖွဲ့မှာလည်း အနုပညာလောကထဲက အနုပညာရှင်တွေ သက်ဆိုင်ရာအဖွဲ့ထဲမှာ ပါလာတဲ့အတွက် တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းနဲ့ ရွေးချယ်ကြမယ်လို့ကြားတော့ အနုပညာရှင်တွေ ပါဝင်အကဲဖြတ်ခွင့် ရလာမယ့်အပေါ်မှာ ဆုကပိုပြီး အသက်ဝင်လာမယ်လို့ မျှော်လင့်ပါတယ်။
အကယ်ဒမီ ထွန်းအိန္ဒြာဗို
ဒီနှစ် အကယ်ဒမီက အပြောင်းအလဲတွေ ရှိနေတော့ ကျွန်မ စိတ်ဝင်စားပါတယ်။ အခြေအနေကို စောင့်ကြည့်နေရတဲ့ အနေအထားပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ပြောင်းလဲသွားတဲ့ အနေအထားကို သိပ်ဝမ်းသာပါတယ်။ သိပ်ကြိုဆိုပါတယ်။ ဆုရွေးချယ်ရေးအဖွဲ့ကိုလည်း ယုံကြည်ပါတယ်။
ချစ်သုဝေ
အကယ်ဒမီဝတ်စုံကို ဒီဇိုင်းနာ မပုံ့ (My Favourite) က စီစဉ်ပေးတယ်။ ထရီဇာက ချိတ်ဝမ်းဆက်ဝတ်ဖို့ စဉ်းစားထားတယ်။ ခုနောက်ပိုင်းချိတ် စစ်စစ်တွေကို သိပ်မ၀တ်ဖြစ်ကြလို့ ၀တ်ဖို့ စဉ်းစားတာပါ။ မိတ်ကပ်ကတော့ အန်တီနှင်း (ဒီဇင်ဘာနှင်း)နဲ့ ပြင်ဖြစ်ပါတယ်။ ချိတ်ကတော့ ယဉ်သူထိုက် ပိုးထည်က စပွန်ဆာ ပေးတာပါ။ ဆုရွေးချယ်မှုအပေါ် အမြင်ကတော့ ရုပ်ရှင်ဘက်က အနုပညာရှင်တွေ ပါဝင်ဆုံးဖြတ် ရွေးချယ်ခွင့်ရလာတဲ့
အတွက် ပိုကောင်းမယ်လို့ ထင်ပါတယ်။ ရန်ကုန်မှာပဲ ကျင်းပတဲ့အတွက် သွားလာရတာ အရမ်းလည်း အဆင်ပြေသွားပါတယ်။
ဒီဇိုင်နာမပုံ့ (My Favourite)
အကယ်ဒမီပေးပွဲအတွက် သက်မွန်မြင့်၊ ခင်လေးနွယ်၊ ချစ်သုဝေ၊ ၀ိုင်းစုခိုင်သိန်း၊ သက်သခင်တို့ကိုဝတ်စုံစီစဉ်ပေးဖြစ်ပါတယ်။ အရောင်နဲ့ ဒီဇိုင်းကတော့ သရုပ်ဆောင်တွေရဲ့အကြိုက်ပေါ် မူတည်ပြီးတော့ အကောင်းဆုံးဖန်တီးပေးသွားမှာပါ။ ခေတ်ပုံစံရော ရိုးရိုးပုံစံပါ နှစ်စုံ၊ သုံးစုံလောက် လုပ်ထားပါမယ်။
ယုသန္တာတင်
အကယ်ဒမီအတွက် မြတ်ပန်းပွင့်ပိုးထည်တိုက်က စပွန်ဆာပေးထားပါတယ်။ ၀တ်စုံဒီဇိုင်းကတော့ မြတ်စုပါ။ အရောင်ကတော့ ဘာဝတ်ဖြစ်ဦးမလဲတော့ မသိသေးပါဘူး။ ဒီနှစ်ကတော့ အကယ်ဒမီပေးပွဲကို အနုပညာရှင် တစ်ယောက်အနေနဲ့ ပထမဆုံး တက်ရောက်မှာပါ။
အိနြာကျော်ဇင်+ပြေတီဦး
ဝတ်စုံဒီဇိုင်းကတော့ Vivid ဖက်ရှင်ကပါ။ မိတ်ကပ်က ခင်စန်းဝင်းနဲ့ လိမ်းဖြစ်ပါတယ်။ ကိုပြေတီဦးအတွက် ၀တ်စုံကိုတော့ ၀ါရွှေစင်ပိုးထည်က ဆင်ထားပေးပါတယ်။ ဒီနှစ်က ရန်ကုန်မှာ ကျင်းပတဲ့အတွက် သွားရလာရတာ အရမ်းအဆင်ပြေသွားပါတယ်။ ဆုရွေးချယ်မှုပိုင်းကလည်း ဒီအနုပညာ လောကအကြောင်းကို ပိုပြီး နားလည်တတ်ကျွမ်းတဲ့သူတွေ ပါလာတဲ့အတွက် ပိုပြီးကောင်းလာမယ်လို့ ထင်ပါတယ်။
ဒါရိုက်တာ စင်ရော်မောင်မောင်
ရန်ကုန်မှာ တစ်ကျော့ပြန် တက်ရမယ်ဆိုတော့ ဖီလင်နောက်တစ်ခု အသစ်ရတာပေါ့နော်။ အဓိကက အသက်ကြီးတဲ့သူတွေအတွက် ပါ ပါတယ်။ အသက်ကြီးတဲ့သူတွေက လေးနာရီခရီးထိမသွားဘဲနဲ့ တန်းတက်လို့ရတာပေါ့နော်။ ဒါပေမဲ့ တစ်ဖက်ကလည်း ရန်ကုန်မြို့လူထုတွက် အခုလို အလှည့်ကျလေး လုပ်ပေးလိုက်တော့ ကောင်းတာပေါ့။ အဲဒါလေး ပြောချင်ပါတယ်။ ကျွန်တော်က အကယ်ဒမီတက်ရင် ဒီဇိုင်နာ မရှိပါဘူး။ ကျွန်
တော့်မှာရှိတဲ့ ဥစ္စာကို သားနဲ့နှစ်ယောက် ၀တ်ပြီးသွားကြတယ်။ အသစ်ချုပ်တာပဲ။ စပွန်ဆာက မင်းသား၊ မင်းသမီးတွေပဲများပါတယ်။ ကျွန်တော်တို့က ဒါရိုက်တာတွေက ဒါမျိုး မရှိပါဘူး။ ကျွန်တော် သားသားနဲ့ပဲ သွားနေကျလေ။ သားသားနဲ့ပဲ သွားမှာပါ။
ကျွန်တော်တို့ ရုပ်ရှင်မှာ လေးစားရတဲ့ ဆရာဝင်းဖေတို့၊ ဦးအောင်သိန်းမြင့်တို့ အစရှိတဲ့ ပုဂ္ဂိုလ်တွေ ဆုရွေးချယ်ရေးအဖွဲ့ထဲမှာ ပါလာတဲ့အတွက် ၀မ်းသာပါတယ်။ လှိုက်လှိုက်လှဲလှဲလည်း ကြိုဆိုပါတယ်။

မယ်လိုဒီ
ကျွန်မ၀တ်မယ့် အ၀တ်အစားတွေကတော့ နန်းထိုက်က ပိုးထည်ပဲ ၀တ်မှာပါ။ မိတ်ကပ်က မကြီးစန်းပဲပေါ့။ ဒီဇိုင်နာက မစု (ဗိဿနိုး)၊ ရန်ကုန်မှာလုပ်တော့ ကောင်းပါတယ်။ အကုန်လုံးတက်လို့ ရတယ်။ အကဲဖြတ်တွေ တိုးလာတဲ့အခါကျတော့ ပိုကောင်းတာပေါ့။ အကုန်လုံး ၀ိုင်းဝန်းပြီးတော့ ကြည့်ပေးနိုင်တာပေါ့နော်။ ကောင်းပါတယ်။ ရန်ကုန်မှာပဲဆိုတော့ ကိုယ့်ဘာသာကိုယ်တစ်ယောက်တည်း သွားဖြစ်မှာပါ။

စိုးနန္ဒာကျော်
တက်ဖြစ်ဖို့ များပါတယ်။ သမီးကြားတာတော့ ဒီနှစ်က ရန်ကုန်မှာ လုပ်ဖြစ်တယ်လို့ ကြားတယ်ရှင့်။ အရင်နှစ်က နေပြည်တော်မှာဆိုတော့ သမီးတို့အနုပညာရှင်တွေ အခက်အခဲဖြစ်တယ်လို့ ထင်တယ်။ ရန်ကုန်မှာဆိုတော့ ပိုပြီးတော့ အဆင်ပြေသွားတာပေါ့။
အ၀တ်အစားတွေက စီစဉ်ဖို့လုပ်နေကြပါတယ်။ Aroma ကလည်း ပေးတယ်။ တချို့ဒီဇိုင်းနာတွေကလည်း စပွန်ဆာပေးတယ်။ ဒါပေမဲ့ သမီးဘယ်သူ့ဆီမှာ ချုပ်ဖြစ်မလဲဆိုတာ မသေချာသေးဘူး။ သမီးတို့မောင်နှမတွေ အားလုံး အားလို့ရှိရင် သမီးတို့ The Sign of Love အဖွဲ့သား အားလုံးတက်ဖြစ်လိမ့်မယ်။ အားလုံး စုစုလုံးလုံးပေါ့နော်။ အဲ့ဒီလို မဟုတ်ရင် သမီးတို့ အမေနဲ့ပဲ သွားဖြစ်မှာပါ။
စိုးပြည့်သဇင်
စိုးပြည့်အနုပညာလောကထဲ စ၀င်တည်းက ရန်ကုန်မှာ မကျဖူးဘူး။ ပထမဦးဆုံးဆိုတော့ အတွေ့ကြုံအသစ်ပေါ့နော်။ စိုးပြည့်ဝတ်မှာက Karat Silk ၊
မစိုးမြတ်နန္ဒာက စပွန်ဆာပေးတာပေါ့။ Karat Silk က ပိုးထည်ကို မလတ်နဲ့ ချုပ်ပါမယ်။ မိတ်ကပ်ကတော့ စီစီ(ခင်စန်းဝင်း) ပါ။ အကယ်ဒမီပေးပွဲက ကိုယ့်ရန်ကုန်မှာပဲဆိုတော့ ကိုယ့်ဘာသာကိုယ် သွားဖြစ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြီးမယ့်အချိန်တွေကမတူကြတော့လေ ပြင်ဆင်တာ။ စိုးပြည့်သိပ်တော့ နားမလည်ပါဘူး။ လူကြီးတွေ စီစဉ်တာ ကောင်းမယ်ထင်လို့ စီစဉ်ကြတာ။

ဝင့်ယမုံလှိုင်
အကယ်ဒမီပွဲဆိုတာ နှစ်တိုင်းနှစ်တိုင်း လုပ်နေတော့ ဘယ်လိုပြောရမှာလဲ အရမ်းပျော်စရာကြီးပါ။ ရင်ခုန်စရာကြီးပေါ့။ ၀တ်မယ့် အ၀တ်အစားတွေကတော့ သမီးတို့ကို စီစဉ်ပေးမယ့် လူတွေတော့ ရှိတယ်ပေါ့နော်။၊ သမီးတို့တက်ဖြစ်မယ်ဆိုရင် The Sign of Love တစ်ဖွဲ့လုံး တက်ဖြစ်မယ်ဆိုတော့ အဲ့ဒီအတွက် သူတို့ဘယ်လို စီစဉ်ပေးမလဲ မသိသေးဘူး။ ဒီဇိုင်းပိုင်းလည်း သူတို့ပဲ လုပ်ပါလိမ့်မယ်။

မောင်မျိုးမင်း(ရင်တွင်းဖြစ်)
အကယ်ဒမီက အရင်ပွဲနဲ့ အခုပွဲနဲ့ ဘာကွာလဲဆိုတာတော့ မရောက်သေးတော့ မပြောတတ်သေးဘူး။ အ၀တ်အစားက မြန်မာဆန်ဆန်ပဲ ၀တ်မယ်။ ၀ါရွှေစင်က ပိုးထည်ပေးတယ်။ ဖိနပ်က ဆင်ကိုးကောင်၊ ဒီဇိုင်းနာက မင်းသက်စံ။ ဦးနဲ့ ဦးမိန်းမနဲ့ပဲ သွားမှာပါ။
ချစ်စနိုးဦး
ဒီနှစ် ရန်ကုန်မှာလည်း ပြောင်းလုပ်တယ်။ ပြီးတော့ အစစ အရာရာ အကုန်လုံး ပြောင်းမယ်လို့ပြောတော့ အကောင်းဆုံးကိုတော့ မျှော်လင့်ထားတယ်။ ဒီဇိုင်းက မန္တလေးက အဉ္ဇလီဇော်ထက်၊ ချိတ်က တော်ဝင်နဒီ၊ ဖိနပ်က Shoe Gallery ၊ လက်ဝတ်ရတနာက မိဘရတနာဆိုင်၊ မိတ်ကပ်က ငယ်ငယ်(အေးချစ်မွန်)၊ ရန်ကုန်မှာဆိုတော့ ကိုယ့်ဘာသာကိုယ် သွားဖြစ်မယ်။
 

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။