Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, December 24, 2012

ပစ်ကွင်းကို ချိန်ပစ်


Thet Ko Oo
ဒီလိုမျိုး ဖြစ်ဖူးသလား။
အောင်မြင်ရေးစာအုပ်တွေ ဖတ်တဲ့အခါ ဖတ်တုန်းခဏတော့ စိတ်ဓာတ်တွေ တက်ကြွလာတယ်။ အခုပဲ ဘ၀တစ်ခုလုံးကို ပြောင်းလဲပစ်တော့မလိုလို၊ မိုးကိုပဲ ဒူးနဲ့တိုက်တော့မလိုလိုနဲ့ စိတ်ဓာတ်တွေ တက်ကြွလာလိုက်တာ နှစ်ရက်သုံးရက်လောက်ကြာတော့ နဂိုအတိုင်း ပြန်ဖြစ်သွားပြန်ရော။ အရင်ကလိုပဲ ဘ၀ကို ဖြစ်သလို ဖြတ်သန်းမိပြန်ရော။
ကိုယ့်ကိုယ်ကိုယ်လည်း အံ့သြမိတယ်။ ” ဘယ်လိုကြီးလဲ .. ဘာလို့ ငါ့ရဲ့ စိတ်ဓာတ်တက်ကြွမှုဟာ အကြာကြီးမခံရတာလဲ “
...
ငါးအသေပဲ ရေစီးမှာ မြောတာ-တဲ့။ ကျနော်တို့ဟာ ငါးအသေတွေ မဟုတ်ပါဘူး။ ကျနော်တို့မှာ ကူးခပ်နိုင်တဲ့ ရေယက်တွေရှိတယ်။ ကျနော်တို့ အလိုရှိတဲ့ဆီကို ကူးခပ်သွားနိုင်တယ်။ ဒီလိုဆို ငါးအရှင်တွေလည်း ရေစီးမှာ မမြောနိုင်ဘူးလား။ မြောနိုင်ပါတယ်။ ဘယ်လိုငါးတွေလဲဆိုတော့ ဦးတည်ချက်မရှိတဲ့ ငါးတွေပေါ့။
ရှေ့မှာ ပြောခဲ့တဲ့ စိတ်ဓာတ်တက်ကြွမှုပြဿနာမှာလည်း အဲဒီအတိုင်းပါပဲ။ ကျနော်တို့ဟာ အောင်မြင်ရေးစာအုပ်တွေဖတ်တယ်၊ အခွေတွေနားထောင်တယ်၊ အောင်မြင်ရေးဟောပြောပွဲတွေ တက်တယ်။ ကြိုးစားမယ်ဆိုတဲ့စိတ်ဓာတ်တွေ တဟုန်းဟုန်းတောက်လာတယ်။ ဒါပေမဲ့ ကောက်ရိုးမီးလိုပဲ ခဏနဲ့ ပြန်ငြိမ်းသွားတယ်။ ကျနော်တို့ဟာ ရေစီးမှာ ပြန်မြောသွားကြပြန်ရော။ အဲဒါ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့မှာ တိကျတဲ့ ပစ်ကွင်းတစ်ခုမရှိလို့ပါပဲ။ တိကျတဲ့ ပစ်မှတ်တစ်ခုသာ မရှိဘူးဆိုရင် ကျနော်တို့တွေ စိတ်ဓာတ်တက်ကြွလည်း ခဏပါပဲ။
ကျနော်တို့ရဲ့ စိတ်ထဲမှာ ပစ်ကွင်းဟာ အမြဲရှိနေဖို့လိုပါတယ်။ ငါ ဘယ်သူလဲ။ ငါ ဘယ်ကိုသွားချင်တာလဲ။ ဒါကို ရည်မှန်းချက်လို့လည်း ခေါ်နိုင်ပါတယ်။ ကိုယ့်ရဲ့စိတ်ထဲမှာ ပစ်ကွင်းကို အမြဲမြင်ယောင်နေတဲ့အခါမှာ စိတ်ဓာတ်တက်ကြွမှုဟာလည်း အမြဲရှိနေမှာပဲဖြစ်ပါတယ်။
ငါဟာ ရေစီးမှာမမြောဘူး။ ငါ့မှာ ဦးတည်ချက်ရှိတယ် ဆိုတဲ့စိတ်နဲ့ ကျနော်တို့ဟာ အမြဲတမ်း တက်ကြွနေမှာဖြစ်တယ်။ ဒါဆိုရင် စာအုပ်တွေဖတ်ပြီး ခဏတာ စိတ်ဓာတ်တက်ကြွမှုမျိုး ဖြစ်မှာမဟုတ်တော့ပါဘူး။
ဒါကြောင့် ကျနော်တို့ဟာ ပစ်ကွင်းကို ချိန်ပစ်ဖို့ လိုပါတယ်။ ရေစီးမှာ မြောမပါဖို့ အရေးကြီးပါတယ်။ ရေစီးမှာ မြောပါတယ်ဆိုတာက အများလုပ်တိုင်း လိုက်လုပ်တာမျိုး၊ အများယောင်လို့ လိုက်ယောင်တာမျိုးပါ။ သူတို့တောင် အဲလိုနေသေးတာပဲ၊ ငါလည်း နေမယ်လုပ်လို့မဖြစ်ပါဘူး။ သင်ဟာ သူများနဲ့ မတူပါဘူး။ သင့်မှာ ရည်မှန်းချက်တွေရှိတယ်။ သင့်မှာ တန်ဖိုးထားမှုတွေရှိတယ်။ အဲဒါတွေကို ဘာအတွက်ကြောင့်မှ အပျက်မခံပါနဲ့။ ဘယ်သူတွေ ဝေဖန်ဝေဖန် ကိုယ့်မူနဲ့ကိုယ် နေပါ။ ကိုယ့်လမ်းကြောင်းနဲ့ကိုယ် သွားပါ။ ဒါဆိုရင် ကိုယ်လိုချင်တဲ့ ကိုယ်တန်ဖိုးထားတဲ့ ဘ၀တစ်ခုကို တည်ဆောက်နိုင်ပါလိမ့်မယ်။ ဒါကြောင့် ရေစီးမှာ မြောမပါဖို့ အရေးကြီးတယ်လို့ ပြောတာပါ။
သူငယ်ချင်းတွေက ဟေးလားဝါးလားနဲ့ အချိန်ဖြုန်းနေတယ်။ ငါလည်း သူတို့လို နေလိုက်မယ်လို့ စိတ်မကူးလိုက်ပါနဲ့။ အဲဒီသူငယ်ချင်းတွေကို ပစ်ပယ်ရမယ် မပြောပါဘူး။ သူတို့နဲ့လည်း ပေါင်းသင်းရမှာပါပဲ။ ဒါပေမဲ့ ကိုယ့်ရဲ့ လမ်းကြောင်းပျောက်မသွားဖို့ သတိထားရပါမယ်။
ဒီတော့ အနှစ်ချုပ်ရရင်- ကျနော်တို့ဟာ အမြဲတမ်း စိတ်ဓာတ်တက်ကြွနေဖို့အတွက် ကျနော်တို့စိတ်ထဲမှာ တိကျတဲ့ပစ်ကွင်းတစ်ခုကို သတ်မှတ်ရပါမယ်။ တိကျတဲ့ပစ်ကွင်းတစ်ခုကို သတ်မှတ်ထားရင် လမ်းကြောင်းချော်သွားတာမျိုး၊ ရေစီးမှာ မြောပါသွားတာမျိုး မဖြစ်နိုင်ပါဘူး။ ကိုယ့်ရဲ့ ပစ်ကွင်းက ကိုယ့်ကို တည့်မတ်သွားပါလိမ့်မယ်။ အဲဒီပစ်ကွင်းကပဲ ကိုယ့်ရဲ့ စိတ်ဓာတ်ကို အမြဲတမ်း တက်ကြွနေစေပါလိမ့်မယ်။
ပစ်ကွင်းကို ချိန်ပစ်နိုင်သူများ ဖြစ်ကြပါစေ
။Posted by အောင်သက်ခိုင်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။