Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, September 22, 2012

7 Wonders of the World

Seven Wonders of the World Banner
ဒီတစ်ခေါက် Knowledge 101 အနေနဲ့ ကျွန်မတို့ MYMC က ပရိသတ် အားလုံးကို ကမ္ဘာ့အကျော် ကြားဆုံး နေရာ၇ခုကို စာတွေ့ အလည်တစ်ခေါက် ခေါ်ချင်ပါတယ်။ Seven Wonders ဆိုတာဟာ ကမ္ဘာတစ်ခုလုံးမှ သဘာဝအရ ထူးခြား လှပတဲ့ နေရာက အဆောက်အဦးဟောင်းတွေ၊ ထင်ရှားတဲ့ နေရာတွေအားလုံးထဲကမှ လူကြိုက်အများဆုံးမဲ ရရှိထားတဲ့ နေရာတွေပါ။ နေရာတိုင်းရဲ့ သမိုင်းစဉ်ဟာ စိတ်ဝင်စားစရာကောင်းသလို မြင်ရတဲ့ မြင်ကွင်း အလှအပဟာလည်း ရင်သတ်ရှုမောဖွယ်ပါပဲ။ ကဲ ... စာတွေ့ အလည်အပတ်ကို စတင်လိုက်ရအောင်။

Chichen Itza, Mexico
Chichen Itza ရဲ့ နာမည်ကြီးလှတဲ့ Mayan Pyramids ကို တော်တော် များများ မြင်ဖူးကြမယ် ထင်ပါတယ်။ Maya ဘာသာ စကားအရ ဆိုရင် "Mouth of the well of Itza" လို့ အဓိပ္ပါယ် ရပါတယ်။ Chichen Itza ဟာ Mexico နိုင်ငံ၊ Yucatan ၏ မြို့တော် Merida ရဲ့ အရှေ့ဘက် ၇၅ မိုင်အကွာမှာ ရှိပါတယ်။ အဲ့ဒီ့ ဒေသရဲ့ အဓိက ဆွဲဆောင်မှုကတော့ လေးထောင့် ပုံစံ၊ လှေကားထစ်များနဲ့ ၇၅ပေလောက် မြင့်တဲ့ El Castillo de la Serpiente Emplumada ပရိမစ်ပဲ ဖြစ်ပါတယ်။ "Castle of the Plumed Serpent" လို့ အဓိပ္ပါယ် ရပါတယ်။ ပွဲတွေကျင်းပမယ်ဆိုရင်လည်း "El Castillo" ဟာ Kukulkan မျိုးစု သားစဉ်မြေးဆက် ကျင်းပလာတဲ့ နေရာဖြစ်ပါတယ်။ ဒီ ပရစ်မစ်ဟာ နက္ခတ္တဗေဒ အဆင်အပြင်နဲ့ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ "El Castillo" မှာ pok ta pok လို့ခေါ်တဲ့ Mayan တွေကစားတဲ့ ကျယ်ဝန်းလှတဲ့ ဘောလုံးကွင်းကြီး တစ်ခုကိုတွေ့ရပါလိမ့်မယ်။ ကစားနည်းကတော့ မြေပြင်နဲ့ ၇ပေလောက်မြင့်တဲ့ နံရံမှာ လုပ်ထားတဲ့ ကွင်းထဲကို ဘောလုံးပစ်ထည့်ရတဲ့ နည်းဖြစ်ပါတယ်။ သူရဲ့ သမိုင်းကြောင်းကတော့ AD ၅၀၀ နဲ့ ၉၀၀ ကြားမှာ Mayan တွေ နေထိုင်ခဲ့ပြီး ၉၀၀ လောက်မှာ အကြောင်းအမျိုးမျိုးကြောင့် Chichen Itza ကို စွန့်ခွာခဲ့ကြပါတယ်။ နောက် နှစ် ၁၀၀ လောက်ကြာတော့ ပြန်လည် အခြေချခဲ့ပေမယ့် မြောက်ပိုင်းက Toltecs တွေရဲ့ ကျူးကျော်ခြင်းခံရပြန်တယ်။ ၁၃၀၀ လောက်မှာ ထပ်မံပြီး Chichen Itza ကနေ စွန့်ခွာသွားကြပြန်တယ်။ တကယ်လို့ စပိန်လူမျိုးတွေကသာ Mayan ရဲ့ ဘုန်းတော်ကြီးတွေကို မသတ်ဘဲ၊ စာအုပ်တွေကို မီးမရှို့ခဲ့ဘူးဆိုရင် ဒီထက် နောက်ကြောင်းကို ခိုင်ခိုင်လုံလုံ ဖော်ပြနိုင်ပါတယ်လို့ ဆိုပါတယ်။

Chichen Itza


Chichen Itza နဲ့ဆက်စပ်တဲ့ Documentary ပါ။


Christ the Redeemer, Brazil
ကမ္ဘာ့အမြင့်ဆုံး ရုပ်ထုအဖြစ်နဲ့ Wonders တွေထဲက တစ်မျိုးဖြစ်လာတာကတော့ Corcovado တောင်ထိပ်မှာ တည်ရှိတဲ့ Christ the Redeemer ရုပ်ထုဖြစ်ပါတယ်။ ဒီရုပ်ထုဟာ ၃၈မီတာ အရှည်ရှိပြီး အရုပ်နဲ့ အောက်ခြေမှာ ဓမ္မာရုံများလည်း တည်ဆောက်ထားပါတယ်။ အဓိပ္ပါယ်ကတော့ ယေရှုခရစ်တော်က လူသားအားလုံးကို ချစ်ပါတယ်လို့ ဆိုလိုတာပါ။ ရုပ်ထုဟာ သံမဏိနဲ့ ဆောက်လုပ်ထား တာမဟုတ်ဘဲ အချိန်ကြာကြာ ခံနိုင်ရည်ရှိပြီး လိုသလို ပုံသွင်းနိုင်တဲ့ Soapstone လို့ခေါ်တဲ့ ကျောက်သားတစ်မျိုးနဲ့ ဆောက်ထားတာဖြစ်ပါတယ်။ Christ the Redeemer ကို သွားလည်မယ် ဆိုရင်တော့ ခရီးသည် ၃၆၀ လောက် သယ်နိုင်တဲ့ Corcovado ရထားလမ်းကနေ သွားရမှာ ဖြစ်ပါတယ်။ ရထားနဲ့သွားရင် မိနစ် ၂၀ လောက်ကြာပြီး အောက်ခြေကနေ နာရီဝက်တစ်ခါ ရထားရှိတယ်လို့ ဆိုပါတယ်။ ရထားအထွက်ကနေ ရုပ်ထုကိုရောက်ဖို့ အထပ် ၂၂၂ တက်ရပါတယ်။ သိပ်ပြီး အပင်အပန်း မခံနိုင်ရင်တော့ ဓါတ်လှေကားတွေ၊ စက်လှေကားတွေနဲ့ တက်လို့ ရပါသေးတယ်။ သွားဖို့ အကောင်းဆုံး အချိန်ကတော့ လှပတဲ့ နေ၀င်ချိန်ကို ကြည့်နိုင်တဲ့ ညနေစောင်းလောက် သွားသင့်ပါတယ်။ ဒီရုပ်ထုကို Corcovado တောင်ပေါ်မှာ ဆောက်ဖို့ အကြံပြုသူကတော့ Rio de Janeiro ကို အလည်ရောက်ခဲ့ပြီး တောင်ရဲ့ ဆွဲဆောင်မှု အလှကနေ ရုန်းမထွက်နိုင်ခဲ့တဲ့ ဘုန်းတော်ကြီး Pedro Maria Boss ဖြစ်ပါတယ်။

Christ the Redeemer

Christ the Redeemer 2


Great Wall of China, China
တရုတ်အင်ပါယာက မြောက်ဘက်ပိုင်း နယ်နိမိတ်ကို ကာကွယ်ဖို့ ကျောက်တုံးတွေ၊ မြေသားတွေနဲ့ အခိုင်အခံပြုလုပ်ပြီး BC ၅ရာစုကနေ ၁၆ ရာစုအထိ ထိန်းသိမ်းထားတဲ့ တရုတ်နိုင်ငံက Great Wall ကိုတော့ မသိတဲ့သူ မရှိလောက်ပါဘူး။ သူကလည်း Seven Wonders of the World ထဲက တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ Great Wall ကို ၇ရာစုက Dynasty Zhou လက်ထက်မှာ စတင် တည်ဆောက်ခဲ့တာဖြစ်တယ်။ Great Wall ရဲ့အစဦးကတော့ တရုတ်နယ်နမိတ်က မြေမှာ ချဉ်းကပ်လာတဲ့ ရွာနဲ့ ကျူးကျော်ဝင်ရောက်လာသူတွေကို ကာကွယ်ဖို့ ဆောက်လုပ်ခဲ့ပါတယ်။ အဲ့ဒီ့နောက် တရုတ် ပုန်ကန်သူတွေက မြောက်ပိုင်းကို ဦးတည်လာတာကြောင့် မြောက်ပိုင်းမှာလည်း ထပ်ဆောက်ပြီး ကနဦး တည်ဆောက်ထားတဲ့ Great Wall ဟာ ဒုတိယ တပ်ခံဖြစ်လာပါတယ်။ Great Wall ဟာ Qin, Han, နဲ့ Ming မင်းဆက်သုံးဆက် လက်ထက်မှာ စစ်သား၊ အရပ်သား၊ လယ်သမား နဲ့ အကျဉ်သားတို့ရဲ့ လုပ်အားနဲ့ ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ Qin လက်ထက်မှာ အလုပ်သမားတွေဟာ ကြမ်းတမ်းခက်ခဲမှုတွေ ကြုံတွေ့ရရုံမက တောပုန်းဓါးပြတွေရဲ့ တိုက်ခိုက်မှုကိုလည်း ခံခဲ့ရပါသေးတယ်။ Great Wall စဆောက်တုန်းက ကျောက်တုံးတွေက ပျော့နေတာကြောင့် နာရီပေါင်းများစွာ တစ်စစီ ခြေမွပြီး ပြန်လာ မာလာအောင် လုပ်ပြီးမှ တည်ဆောက်ထားရတာပါ။ Han မင်း လက်ထက်မှာလည်း Great Wall ကို Gobi သဲကန္တရကို ဖြတ်ပြီး တောင်ဘက်ကို ဦးတည်လျက် ဆောက်ခဲ့ပါတယ်။ Ming မင်းဆက်ကတော့ အကြီးဆုံး၊ အရှည်ဆုံး၊ နဲ့ အဆင်တန်ဆာ အများဆုံး ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့တွေ့ရတဲ့ နံရံတွေဟာ Ming လက်ထက်က ဆောက်ခဲ့တာတွေနဲ့ ခပ်ဆင်ဆင်တူပါတယ်။ Great Wall ရဲ့ လှေကားတွေဟာ မတ်ဆောက်ပြီး အရှည်ကလည်း ၆၇၀၀ ကီလိုမီတာ အရှည်ရှိပါတယ်။ Great Wall ဟာ လူတွေ လက်နဲ့ ကိုယ်တိုင်ဆောက်တဲ့ ဖွဲ့စည်းတည်ဆောက်မှုတွေထဲမှာ အကြီးမားဆုံးဖြစ်တာကြောင့် နာမည်ကြီးရပါတယ်။

Great Wall of China


National Geographic က Great Wall of China နဲ့ပတ်သက်တဲ့ Documentary ပါ။


Machu Picchu, Peru
ပင်လယ်ရေမျက်နှာပြင် အထက်မှာရှိပြီး ပျောက်ဆုံးနေတဲ့ မြို့တော်အဖြစ် နာမည်ကြီးတဲ့ Machu Picchu ဟာ ၂၄၃၈ မီတာ (ပေ ၈၀၀၀) နီးပါး ကြီးမားလှပါတယ်။ Machu Picchu ရာစုပေါင်းများစွာ ပျောက်ဆုံးနေခဲ့တဲ့ မြို့ဟောင်းကြီး တစ်ခုဖြစ်ပြီး စပိန်အောင်နိုင်သူတွေက ရှာတွေ့ခဲ့တာဖြစ်ပါတယ်။ Machu Picchu ဟာ ဗိသုကာရတနာလို့ တင်စားရလောက်အောင် ပြောင်မြောက်တဲ့ ဗိသုကာလက်ရာနဲ့ သဘာဝပတ်ဝန်းကျင်အလှတို့ ပေါင်းစပ်ထားတဲ့ နေရာတစ်နေရာဖြစ်ပါတယ်။ Machu Picchu ကို ၁၄၃၈-၁၄၇၁ ကြားမှာ Inka Pachakuteq ကို တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် စပိန်တွေရဲ့ ၀င်ရောက်ကျူးကျော်မှုကြောင့် နှစ်ပေါင်း ၁၀၀ တောင်မခံခဲ့ပါဘူး။ ၁၉ရာစုရဲ့ ရှာဖွေသူတွေဟာလည်း ဝေးလံ မြင့်မားလှတဲ့ Machu Picchu ကို ဘယ်တော့မှ မရောက်ခဲ့တာကြောင့် နှစ်ပေါင်းများစွာ ပျောက်ဆုံးတဲ့ မြို့ကြီး အဖြစ်တည်ရှိနေခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီ့ ဒေသမှာရှိတဲ့လူတွေနဲ့ လေးနှစ်နီးပါးလောက် နေထိုင်ပြီး လေ့လာရှာဖွေခဲ့တဲ့ Bingham ကတော့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီ Machu Picchu ကို ၁၉၉၀ လောက်ကတည်းက တစ်ကမ္ဘာလုံးက Seven Wonders အဖြစ် မဲပေးခဲ့ကြပြီး မဲပေါင်း သန်း ၂၀ လောက်ရရှိခဲ့ပါတယ်။ ယနေ့တိုင် Machu Picchu ဟာ Peru ရဲ့ ရှေးဟောင်း သုတေသနဆိုင်ရာ နယ်မြေဖြစ်ပြီး တစ်ကမ္ဘာလုံးရဲ့ အလှပဆုံးစာရင်းထဲမှာ တည်ရှိနေပါတယ်။

Machu Picchu


Machu Picchu Documentary အပိုင်းအစပါ။


Petra, Jordan
Petra ဟာ သမိုင်းမတိုင်မီကတည်းက တည်ရှိနေတယ်လို့ ရှေးဟောင်း သုတေသန ပညာရှင်တွေက ယုံကြည်ကြပါတယ်။ AD ၁ရာစုအတွင်းမှာ Petra မှာ လူပေါင်း ၃သောင်းလောက် နေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ Petra ဟာ လူသေတွေအတွက်ပဲ ဖြစ်တယ်လို့ မှားယွင်းယူဆထားပါတယ်။ A.D ၃၆၃ လောက်မှာ ဖြစ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြောင့် Petra မြို့ရဲ့ တ၀က်လောက်ကို ပျက်စီးစေခဲ့ပါတယ်။ အဲ့အချိန်ကစပြီး Petra က ပြန်လည် တည်ဆောက်ခြင်း မရှိခဲ့တော့ပါဘူး။ Petra ဟာ နှစ်ပေါင်း ၃၀၀ လောက်ပျောက်နေခဲပြီး ၁၈၁၂ မှာ ပထမဆုံး ပြန်လည်ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ Petra မှ အထိမ်းအမှတ် အဆောက်အဦး၊ အုတ်ဂူ၊ ဘုရာကျောင်း စတဲ့ မော်ကွန်းပေါင်း ၈၀၀ လောက်ရှိပါတယ်။ Petra ဟာ တောင်ဘက် Morden Amman နဲ့ ၃-၅ နာရီ အကွာအဝေး ရှိပြီး မြောက်ဘက် Aqaba နဲ့ ၂နာရီ ကွာပါတယ်။ ဒါ့အပြင် Wadi Araba ကန္တရတောင်ရဲ့ အစွန်းဘက်မှာ တည်ရှိနေပါတယ်။ Petra မြို့ကြီးဟာ ကျူးကျော်ဝင်ရောက်သူတွေကို ကာကွယ်ဖို့ Sandstone အရောင်ရှိတဲ့ အမြင့်မားဆုံး တောင်တွေနဲ့ ၀ိုင်းရံနေလျက်ရှိပါတယ်။ Petra ရဲ့ ထင်ရှား ကျော်ကြားရတဲ့ အကြောင်းအရင်းဟာ စနစ်တကျ ပြုပြင်ထားတဲ့ အဆောက်အဦးဟာ ကျောက်စောင်တွေထဲ ၀င်နေခြင်းကြောင့် ဖြစ်ပါတယ်။ Petra ရဲ့ အဓိက ၀င်ပေါက်ကိုတော့ Siq လို့ခေါ်ပါတယ်။ Siq ဟာ ၂၀၀ မီတာလောက် ပတ်လည်မြင့်ပြီး အဲ့မှာရှိတဲ့ ချောက်နက်နဲ့ ဘုရားကျောင်းဟာ Indiana Jones and The last Crusade ရုပ်ရှင်ထဲမှာပါရင် လူသိများလာခဲ့ပါတယ်။ အားလုံးထဲကမှ အုတ်ဂူ ၈၀၀ လောက်ရှိတဲ့ The Kazneh ဟာ နာမည်အကြီးဆုံးဖြစ်ပါတယ်။ သွားရတဲ့ လမ်းကြောင်းဟာ ကျောက်တုံး ကျောက်စောင်တွေကြားမှာ ဖြတ်ပြီး ပြုလုပ်ထားတာဖြစ်ပါတယ်။ Monastery ကတော့ Petra မှာ အကြီးဆုံး အုတ်ဂူဖြစ်တယ်လို့ ဆိုပါတယ်။ Petra ဟာ Sandstone Mountains တွေနဲ့ ၀န်းရံနေတာကြောင့် Nabateans ရဲ့ မြို့တော်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ သွားလည်ချင်တဲ့ သူတွေအတွက်ကတော့ Petra ဟာ ၀င်နိုင်တဲ့ လမ်းအတွေ အများကြီး ရှိပေမယ့် ၀င်ဖို့လည်း ခက်ပါတယ်တဲ့။ တောင်ကြားတွေက ပိတ်နေရင်တော့ ဘယ်သူမှ ၀င်လို့မရဘူးလို့ ဆိုပါတယ်။

Petra






Roman Colosseum, Italy
ကုန်သွယ်မှုမျိုးစုံနဲ့ နာမည်ကြီးခဲ့တဲ့ Rome အကြောင်း ပြောမယ်ဆိုရင် နာမည်ကြီးလှတဲ့ Roman Colosseum ကတော့ မပါမဖြစ်ပေါ့။ အစကတော့ Flavian Amphitheatre လို့ခေါ်ကြပြီး Rome မြို့ရဲ့ အချက်အချာကျတဲ့ နေရာမျာ တည်ရှိနေပါတယ်။ ဒီဗိသုကာ လက်ရာဟာ ရောမရဲ့ အပြောင်မြောက်ဆုံး လက်ရာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီအဆောက်အဦးကို Falvian မင်းဆက်က ဆောက်လုပ်ခဲ့တာဖြစ်တဲ့အတွက် မူလအစက Falvian Amphitheatre လို့ အမည်ခေါ်တွင်ခဲ့တာဖြစ်ပါတယ်။ ဒီ အဆောက်အဦးကို Caelian, Esquiline နဲ့ Palatine တောင်ကြားက မြေနိမ့်ချိုင့်ဝှမ်းမှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ AD ၆၄ လောက်မှာ ရောမမှာ ဖြစ်ပွားခဲ့တဲ့ Great Fire ကြောင့် ပျက်စီးခဲ့ပြီး Nero က သူရဲ့ ကိုယ်ပိုင် ပိုင်နက်ဆောက်ဖို့ နေရာတစ်ချို့တစ်ပိုင်းကို ရယူခဲ့ပါတယ်။ ဒီလိုနဲ့ Colosseum ဟာ၂၁၇ လောက်မှာ ဆိုးရွားတဲ့ မီးလောင်မှုကြောင့် တော်တော်လေး ပျက်စီးခဲ့ပြီး ၂၄၀ တိုင်အောင် ပြန်ပြင်ဆင်ခြင်း မရှိခဲ့ပါဘူး။ ၂၅၀-၂၅၂ ကြားလောက်မှာ ပြန်လည်ပြင်ဆင်ခဲ့ပေမယ့် ၄၄၂ လောက်မှာ ထပ်မံပြီး ဆိုးရွားတဲ့ မြေငလျင်ကြောင့် ပျက်စီးခဲ့ရပြန်တယ်။ Colosseum မှာရှိတဲ့ အားကစားကွင်းဟာ သုဿန်အဖြစ် ပြောင်းလဲခဲ့ပြီး ၁၂၀၀ခုနှစ်လောက်မျာ Frangipani မိသားစုဆက်က ရဲတိုက်အဖြစ်ပြန်လည် အသုံးပြုခဲ့ပါသေးတယ်။ ဒါပေမယ့် ၁၃၄၉ ခုနှစ်ရဲ့ ထပ်မံ ငလျင်ကြောင့် Colosseum ရဲ့ အနောက်ပိုင်းဟာ ပြိုကျခဲ့ပါတယ်။ ပြိုကျသွားခဲ့တဲ့ ကျောက်တုံးတွေကိုတော့ ရောမမြို့ရဲ့ တခြားနေရာက နန်းတော်၊ ခရစ်ယာန်ဘုရားကျောင်း၊ ဆေးရုံ နဲ့ တခြား အဆောက်အဦးတွေ ဆောက်ဖို့ အသုံးပြုခဲ့ပါတယ်။

Rome Colosseum

Rome Colosseum 2


စိတ်ဝင်စားဖို့ ကောင်းတဲ့ Rome Colosseum အကြောင်း Documentary ပါ။


Taj Mahal, India
အချစ်ဇာတ်လမ်းတွေကို ကိုယ်စားပြုပြီး Yamuna မြစ်စောင်းမှာရှိတဲ့ Taj Mahal ကိုတော့ မကြားဖူးသူ မရှိလောက်ဘူး ထင်ပါတယ်။ Taj Mahal ဟာ လေးထောင့်ပုံစံဖြစ်ပြီး အကျယ်က ၃၁၀ x ၅၅၀ မီတာ နီးပါးရှိပါတယ်။ Taj Mahal ဟာ အဆောက်အဦး ပုံစံမျိုးစုံနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး သေဆုံးသွားတဲ့ Mumtaz Mahal အတွက် အထိမ်းအမှတ်အဆောက် အဦးဖြစ်တယ်လို့လည်း ဆိုပါတယ်။ Taj Mahal မှာ အပိုင်း ငါးပိုင်းရှိပါတယ်။ အဲ့ဒါတွေကတော့ Darwaza, Bageecha, Masjid, Naqqar Khana နဲ့ Rauza တို့ဖြစ်ပါတယ်။ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် Taj Mahal ဟာ Mughal က ဧကရာဇ် Shah Jahan က တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒီ ကြီးမားလှတဲ့ Taj Mahal ဟာ Mumtaz Mahal ပါရှား မူစ္စလင် မင်းသမီးအဖြစ် အမည်တပ်ခြင်းခံရပြီး နောက်ပိုင်းမှာ Arjumand Bano Begum ဖြစ်လာတဲ့ ဘုရင်မအတွက် အမှတ်တရ တည်ဆောက်ခဲ့တာပါ။ အမည်ကွဲနေရခြင်းဟာ Mughals ရဲ့ ရိုးရာအရ လက်ထပ်ပြီးနောက်ပိုင်းမှာ နာမည်ကွဲသုံးစွဲခြင်းကြောင့် ဖြစ်ပါတယ်။ ဘုရင်မဟာ သူတို့ရဲ့ ၁၄ ယောက်မြောက် ကလေးမွေးပြီး သူရဲ့ ခင်ပွန်းအနားမှာ ပုန်ကန်မှုတွေကို နှိမ်နင်းရင်း သေဆုံးခဲ့ပါတယ်။ သူမ မသေဆုံးခင်မှာ ဧကရာဇ်ဆီက ကတိလေးခု ရခဲ့ပါတယ်။ ဒါတွေကတော့ ၁။ ဧကရာဇ်က Taj ကို တည်ဆောက်မယ် ၂။ သူ နောက်တကြိမ် အိမ်ထောင်ပြုမယ် ၃။ သူတို့ရဲ့ သားသမီးတွေအပေါ်မှာ ကြင်နာပါ့မယ် ၄။ ဧကရာဇ်က သူမရဲ့ သင်္ချိုင်းကို သူမရဲ့ သေဆုံးတဲ့ရက်တိုင်း သွားလည်ပါမယ် တို့ဖြစ်ပါတယ်။ တကယ်တမ်းကျတော့ ဧကရာဇ်ဟာ သူမ သေဆုံးပြီး နောက်ပိုင်းမျာ သူ့ကိုယ်သူ အခန်းထဲမှာ ၈ ရက်လောက် အစာမစားဘဲ ပိတ်လှောင်ထားခဲ့ပါတယ်လို့ ဆိုကြပါတယ်။ Shah Jahan ဧကရာဇ် အခန်းအောင်းပြီး ပြန်ထွက်လာတဲ့အခါ Taj Mahal ကို ကတိအတိုင်း တည်ဆောက်ခဲ့ပါတယ်။ နောက် ခြောက်လလောက် ကြာတော့ ဘုရင်မရဲ့ ရုပ်ခန္ဓာဟာ Taj Mahal ရဲ့ အဓိက သင်္ချိုင်းရဲ့ မြေတိုက်သချိုင်းဂူကို ဌာပနာပြုဖို့ Agra အဖြစ် ပြောင်းလဲခဲ့ပါတယ်။ ဒါကြောင့် Taj Mahal ဟာ ဘုရင်မ Mumtaz Mahal နဲ့ ဧကရာဇ် Shah Jahan တို့ရဲ့ သင်္ချိုင်းဖြစ်တယ်လို့ ဆိုကြပါတယ်။

Taj Mahal


Taj Mahal နဲ့ဆန်းကြယ်မှုများ နောက်ကွယ်က Documentary ပါ။
အခုနောက်ဆုံးမှာ အကုန်လုံးကို တပေါင်းတစည်းတည်း ပြန်ကြည့်လို့ရမယ့် Documentary တစ်ခုကိုတွေ့လို့ Share ပေးလိုက်ပါတယ်။


ကဲ အခုဆိုရင်တော့ ကမ္ဘာ့အထင်ရှားဆုံး နေရာ ၇ ခုကို MYMC စာဖတ်ပရိသတ်အားလုံး စာတွေ့ အလည်ရောက်ဖူးပြီပေါ့။ ဒီလောက်ဆိုရင် ဘယ်နေရာကို ပိုပြီး စိတ်ဝင်စားတယ်၊ ဘယ်နေရာကို ကိုယ်တိုင် ကိုယ်ကျ မြေချချင်လဲဆိုတာ Comment လေးတွေ ရေးခဲ့ပါဦးနော်။
Written By Nunki, Edited by Lucifer
Source From - 7wonders.org, Wiki, Images from National Geographic and Many other Sites (All Images use on this page belongs to respective owner and we give credit to them)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။