“ အမှာ ”
📖 - 📰 -
တောရိုင်းဝါဒဟာ
သူ့ဗျူဟာခင်းကျင်းလို့
မြင်းခြောက်ကောင်က, ရထားနဲ့
ရှေ့ကသွားနှင့်ပြီ
ဖုန်လုံးတွေ အီလို့
.
ဒီမှာ
ရိက္ခာပါပြီ
ရေဗူးပါပြီ
သီတာခုနှစ်တန် ကျော်နင်းဖို့
လွှာချင်းဖိနပ်လေး စီးကာ
ညီမလေးက မှာတယ်
“ ပျိုးခင်းကို စောင့်ရစ်ပါတဲ့ ။ ”
.
စိတ်ချ ညီမလေး
ဓားရေးတွေ ဘယ်လောက်လာပြပြ
မျိုးစေ့ကောင်းမှန်သမျှ
မတွန့်မဆုတ် သီးပွင့်ကြတာပဲ ။
.
#မင်းကိုနိုင်
(၁၀-မတ်-၂၀၁၆ )
📖 - 📰 -
တောရိုင်းဝါဒဟာ
သူ့ဗျူဟာခင်းကျင်းလို့
မြင်းခြောက်ကောင်က, ရထားနဲ့
ရှေ့ကသွားနှင့်ပြီ
ဖုန်လုံးတွေ အီလို့
.
ဒီမှာ
ရိက္ခာပါပြီ
ရေဗူးပါပြီ
သီတာခုနှစ်တန် ကျော်နင်းဖို့
လွှာချင်းဖိနပ်လေး စီးကာ
ညီမလေးက မှာတယ်
“ ပျိုးခင်းကို စောင့်ရစ်ပါတဲ့ ။ ”
.
စိတ်ချ ညီမလေး
ဓားရေးတွေ ဘယ်လောက်လာပြပြ
မျိုးစေ့ကောင်းမှန်သမျှ
မတွန့်မဆုတ် သီးပွင့်ကြတာပဲ ။
.
#မင်းကိုနိုင်
(၁၀-မတ်-၂၀၁၆ )

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။