"လဲနေသူ မထူပါနှင့်"
***********************
ဂျပန်ကို ကျနော်ရောက်စမှာ (အဲဒီတုန်းက) ကမ္ဘာ့ စီးပွားရေး ဒုတိယအင်အားအကြီးဆုံး ခေတ်မီတိုးတက်တဲ့ ဂျပန်နိုင်ငံရဲ့ အားကျအတုယူစရာတွေကိုသာ မြင်တွေ့ခဲ့ရပြီး နည်းနည်းအနေကြာလာတော့ ဂျပန်တွေကို တော်တော်မြင်ပြင်းကပ်စရာ ကိစ္စတစ်ခု ကြုံလာရပါတယ်
ပန်းခြံတစ်ခုမှာ ကျနော်စာဖတ်ရင်း ထိုင်နေတုန်း လမ်းလျှောက်တတ်စ ကလေးလေးတစ်ယောက် တောက်တောက် တောက်တောက်နဲ့ ပြေးလာတယ်။ ပန်းသွေးနု ပါးဖောင်းဖောင်း မျက်ပေါက်မှေးမှေး ဂျပန်ကလေးလေးဟာ ပြေးရင်းလည်း တခစ်ခစ် ရယ်လို့။ အရမ်းချစ်စရာကောင်းတာပါပဲ။
အဲလို ပြေးရင်းနဲ့ ဘိုင်းကနဲ လဲသွားတော့ ကျနော့မှာ ထိတ်ကနဲ စိတ်ပူသွားတယ်။ ကလေးတော့ အတော်နာသွားမှာပဲ ဆိုတဲ့စိတ်နဲ့ ပွေ့ထူပေးဖို့ ထရပ်လိုက်ပေမယ့် သူ့အမေ နောက်က ပါနေတော့ အသာကြည့်နေလိုက်ရတာပေါ့။ ကိုယ့်ကလေးမဟုတ်တာတောင် ကျနော့မှာ တော်တော် စိတ်မကောင်းဖြစ်မိတာ သူ့အမေရင်းကတော့ အေးအေးဆေးဆေး ရပ်ကြည့်နေလေရဲ့။
ငိုမဲ့မဲ့ ဖြစ်နေတဲ့ ကလေးကို သူ့အမေက ပွေ့ထူမပေးတဲ့အပြင်၊ လက်ခုပ်လေးတီးပြီး "ဂမ္ဘာရဲ…ဂမ္ဘာရဲ" (ကြိုးစားလိုက်စမ်း…ကြိုးစားလိုက်စမ်း)
ဆိုပြီး ကိုယ့်ဖာသာ မတ်တပ်ပြန်ရပ်ခိုင်းတယ်။ မြန်မာလူရွှင်တော်တွေရဲ့
ပြက်လုံးလို "ဒီနားလာခဲ့ ငါထူပေးမယ်" ဆိုတာမျိုး ဖြစ်နေတာပေါ့။
အဲဒီလို ကိုယ့်ရှေ့မှာ ကလေးတစ်ယောက် ပစ်လဲသွားရင် ကျနော်က ပြေးထူချင်စိတ် ရှိပေမယ့် ဂျပန်အဖေတွေ အမေတွေကတော့ ဆယ်ခါမှာ ကိုးခါလောက် ထူမပေးဘဲ ရပ်ကြည့်နေတာ သတိထားမိတယ်။ အသည်းနှလုံးမရှိတဲ့ ဂျပန်မိဘတွေဆိုပြီး ကျနော် တော်တော်စိတ်ဆိုးမိပါတယ်။
သူတို့ ဘာဖြစ်လို့ ဒီလို စိမ်းစိမ်းကားကား လုပ်ကြသလဲဆိုတာ သိရအောင် သေသေချာချာ လေ့လာကြည့်ပါတယ်။ ကလေးက သူ့ရဲ့ လမ်းလျှောက်တတ်စ စွမ်းရည်အသစ်ကို စမ်းသပ်ရင်း ပြေးကြည့်တယ်၊ ခုန်ကြည့်တယ်၊ အဲလို ပြေးရင်းခုန်ရင်းနဲ့ပဲ လဲကျခြင်းဆိုတဲ့ ဒုက္ခအခက်အခဲကို တွေ့တော့တယ်။
ဒီတော့ အခက်အခဲနဲ့ နာကျင်မှုကို ကြုံကြိုက်ရတဲ့အခိုက်မှာ ကလေးက ဝမ်းနည်းပြီး ငိုချင်စိတ်ဖြစ်တယ်၊ ငိုမဲ့မဲ့လေး ဖြစ်နေတဲ့ကလေးကို ပျာပျာသလဲ ပွေ့ချီပြီး "ဟဲ့ ဟဲ့ အောင်မလေးလေး ဘယ်နားနာသွားသလဲ၊ ဩုံဖွ ဩုံဖွ" သွားလုပ်လိုက်ရင် ဗျဲကနဲ ငိုချတော့မှာပဲ။ မိဘက အဲဒီလို လုပ်လိုက်ရင် ကလေးမှာ အားငယ်စိတ်က ချက်ချင်း ဝင်လာတာကိုး။
ဂျပန်အဖေအမေတွေက ဘာမှမဖြစ်သလို အေးအေးလူလူ ကြည့်နေတော့ ကလေးစိတ်ထဲမှာလည်း ဒါဟာ ဖြစ်ရိုးဖြစ်စဉ် သာမန်ကိစ္စလို့သာ ခေါင်းထဲရောက်သွားတယ်။
ပြီးတော့ ဂျပန်မိဘတွေက ကိုယ့်ကလေးအတွက် ဝမ်းနည်းအားငယ်စိတ်အစား "ပြန်လည်ရုန်းထဖို့ ကြိုးစားချင်စိတ်" ဖြစ်ပေါ်လာအောင် "ဂမ္ဘာရဲ…ဂမ္ဘာရဲ" (ကြိုးစားလိုက်စမ်း…ကြိုးစားလိုက်စမ်း)
ဆိုပြီး အားပေးတာပါ။ ကိုယ့်ဖာသာ မတ်တပ်ပြန်ရပ်နိုင်တဲ့ ကလေးကို မိဘတွေက
လက်ဆန့်ကြိုရင်း "ဒက်ခိတ" (လုပ်နိုင်ပြီနော်) ဆိုပြီး ရင်ခွင်ထဲမှာ
ထွေးပွေ့ချီးကျူးတဲ့အခါမှာေ တာ့
ကလေးလည်း ဝမ်းသာရွှင်လန်းတာပေါ့။ ကိုယ့်အားကိုယ်ကိုး ကြိုးစားမှု၊
အောင်မြင်မှုရဲ့ ဝမ်းမြောက်ပီတိကို ခံစားကြည့်နိုင်အောင် ကလေးကို
ပျိုးထောင်လေ့ကျင့်ပေးတဲ့ သဘောပါပဲ။
ကလေးပေါက်စနလေးကို ဒီလောက်တောင် လုပ်တာ လွန်လွန်းတယ်လို့ ကျနော် ထင်မိပါတယ်။ ဒါပေမယ့်၊ ဒီကိုယ်ထူကိုယ်ထ စိတ်ဓာတ်ဟာ ဂျပန်လူမျိုးတွေ လူမှန်းမသိတတ်သေးတဲ့ ကလေးပေါက်စဘဝကတည်းက တစ်ခါတည်း ရိုက်သွင်းပေးထားတာကို နားလည်လာခဲ့ရတယ်။
ဒီထက် အသက်နည်းနည်းကြီးလာပြန်တော့
၂ နှစ်၊ ၃ နှစ်အရွယ်လောက်ကတည်းက ကလေးတွေဟာ ကိုယ့်ကျောပိုးအိတ်ကို
ကိုယ့်ဖာသာ လွယ်ရပါတော့တယ်။ ကျောပိုးအိတ်လွယ်ထားတဲ့ ကလေးငယ်ငယ်လေးတွေ
တွေ့ရင် ကျနော်ကတော့ သနားတာပဲ။ ဂျပန်မှာ လူဖြစ်ရတာ မလွယ်ပါလား၊
ဒီအရွယ်လေးကတည်းက ခိုင်းကြတော့တာပဲဆိုပြီး မိဘတွေကို အမြင်ကပ်တာပေါ့။
သူတို့ရဲ့ ကျောပိုးအိတ်သေးသေးလေးတွေထဲ မှာ
နို့ဘူး၊ ဖျော်ရည်ဘူး၊ သောက်ရေ၊ မုန့်၊ လက်သုတ်ပဝါ၊ အဝတ်အစားအပို စတာတွေ
ထည့်ထားတယ်။ လမ်းမှာ ကလေးက မေမေ ရေဆာတယ် ဆိုရင် သမီးရဲ့ ကျောပိုးအိတ်ထဲမှာ
ရှိတယ်လေ၊ ယူသောက်လိုက်၊ မုန့်စားချင်တယ်ဆိုရင် သားဖာသာ ကျောပိုးအိတ်ထဲက
ယူစားလိုက်လေ အဲဒီလို ပြောတာပဲ။
ဒီတော့၊ ကလေးစိတ်ထဲမှာ ငါလိုချင်တာ အားလုံး ငါ့ဆီမှာ ရှိတာပဲ၊ ငါ့ဖာသာ လုပ်လို့ရတာပဲ ဆိုတဲ့ အသိစိတ်ဓာတ် ဝင်လာပြီ။ ဒါဟာ ဘာမှ ပြောပလောက်စရာ မဟုတ်တဲ့ အသေးအဖွဲလို့ ထင်ကြမှာပဲ။ (ငါလိုချင်တာ အားလုံး ငါ့ဆီမှာ ရှိတယ်၊ ငါ့ဖာသာလုပ်လို့ရတယ်) ဆိုတဲ့ ကိုယ့်အားကိုယ်ကိုး self reliance စိတ်ဓာတ်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်အားထားစိတ် self confidence အတွက် ပထမဆုံး လှေခါးထစ်ပါ။ ဂျပန်လူမျိုး ကလေးမိဘတွေအနေနဲ့ ဒီကျောပိုးအိတ်သေးသေးလေးထဲက
ပစ္စည်းတွေကို သယ်ပေးဖို့ လူကြီးမှာ ဘာမှ ဝန်လေးစရာမရှိပါဘူး။ ဒါပေမယ့်၊
ဒီကျောပိုးအိတ် သေးသေးလေးတွေထဲမှာ ကြီးမားတဲ့ စိတ်ဓာတ်တွေကို ထည့်ပေးပြီး
သားသမီးတွေကို သယ်ပိုးခိုင်းနေမှန်း ကျနော် နောက်မှ စဉ်းစားမိပါတယ်။
ကျနော်တို့လည်း နောက်မျိုးဆက်အတွက် အဲဒီလို ကိုယ့်ကိုယ်ကို အားကိုးစိတ်၊ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချစိတ်မျိုး မွေးမြူပေးဖို့ အရေးကြီးတယ်။ ခုချိန်ထိတော့၊ ပြဿနာတစ်ခုခုကြုံရင် ဒေါ်အောင်ဆန်းစုကြည် ဘာမှ လုပ်မပေးဘူး၊ ဘွားတော်ကြီးကို အားမကိုးရဘူး ဆိုတဲ့ အပြစ်တင်စကားတွေ လွယ်လွယ်ပြောလို့ ထွက်နေကြတယ်။
နိုင်ငံခြားအကူအညီ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကိုလည်း
လည်ပင်းကိုးတောင်ရှည်အောင် မျှော်ကြတယ်။ ဒါတွေလည်း အရေးကြီးတယ်၊ လိုလည်း
လိုအပ်ပါတယ်။ ဒါပေမယ့်၊ ကိုယ့်ဖာသာ ဖြစ်မြောက်အောင် ကြိုးစားချင်စိတ်ကို
အရင်ဆုံး မွေးရမှာပါ။
ကိုယ်တိုင်တောင် လက်ဖြန့်တောင်းချင်စိတ် မကုန်သေးဘဲ ကိုယ့်သားသမီးတွေ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ခိုင်းဖို့ ပြောရခက်လိမ့်မယ်။
မြန်မာပြည်သူတွေဟာ (ငါတို့လိုချင်တာ အားလုံး ငါတို့ဆီမှာ ရှိတယ်၊ ငါတို့ဖာသာလုပ်လို့ရတယ်) ဆိုတဲ့ စိတ်ဓာတ်ကို မွေးနိုင်ပြီဆိုရင် ကိုယ်ရည်မှန်းတဲ့ ပန်းတိုင်ကို ရောက်ပြီလို့သာ မှတ်လိုက်ကြပါတော့။
(ဓာတ်ပုံကတော့ ဂျပန်နိုင်ငံရောက် မြန်မာဇနီးမောင်နှံ ကို Zaw Moe Than နဲ့ Linn Myanmar တို့ရဲ့ တိုကျိုမြို့မှာ မွေးတဲ့ တစ်ဦးတည်းသော သားလေး မောင်စစ်မိုးနိုင် ဂျပန်စတိုင်လ် ကျောပိုးအိတ်လေးနဲ့ တွေ့ရပုံပါ။)
***********************
ဂျပန်ကို ကျနော်ရောက်စမှာ (အဲဒီတုန်းက) ကမ္ဘာ့ စီးပွားရေး ဒုတိယအင်အားအကြီးဆုံး ခေတ်မီတိုးတက်တဲ့ ဂျပန်နိုင်ငံရဲ့ အားကျအတုယူစရာတွေကိုသာ မြင်တွေ့ခဲ့ရပြီး နည်းနည်းအနေကြာလာတော့ ဂျပန်တွေကို တော်တော်မြင်ပြင်းကပ်စရာ ကိစ္စတစ်ခု ကြုံလာရပါတယ်
ပန်းခြံတစ်ခုမှာ ကျနော်စာဖတ်ရင်း ထိုင်နေတုန်း လမ်းလျှောက်တတ်စ ကလေးလေးတစ်ယောက် တောက်တောက် တောက်တောက်နဲ့ ပြေးလာတယ်။ ပန်းသွေးနု ပါးဖောင်းဖောင်း မျက်ပေါက်မှေးမှေး ဂျပန်ကလေးလေးဟာ ပြေးရင်းလည်း တခစ်ခစ် ရယ်လို့။ အရမ်းချစ်စရာကောင်းတာပါပဲ။
အဲလို ပြေးရင်းနဲ့ ဘိုင်းကနဲ လဲသွားတော့ ကျနော့မှာ ထိတ်ကနဲ စိတ်ပူသွားတယ်။ ကလေးတော့ အတော်နာသွားမှာပဲ ဆိုတဲ့စိတ်နဲ့ ပွေ့ထူပေးဖို့ ထရပ်လိုက်ပေမယ့် သူ့အမေ နောက်က ပါနေတော့ အသာကြည့်နေလိုက်ရတာပေါ့။ ကိုယ့်ကလေးမဟုတ်တာတောင် ကျနော့မှာ တော်တော် စိတ်မကောင်းဖြစ်မိတာ သူ့အမေရင်းကတော့ အေးအေးဆေးဆေး ရပ်ကြည့်နေလေရဲ့။
ငိုမဲ့မဲ့ ဖြစ်နေတဲ့ ကလေးကို သူ့အမေက ပွေ့ထူမပေးတဲ့အပြင်၊ လက်ခုပ်လေးတီးပြီး "ဂမ္ဘာရဲ…ဂမ္ဘာရဲ" (ကြိုးစားလိုက်စမ်း…ကြိုးစာ
အဲဒီလို ကိုယ့်ရှေ့မှာ ကလေးတစ်ယောက် ပစ်လဲသွားရင် ကျနော်က ပြေးထူချင်စိတ် ရှိပေမယ့် ဂျပန်အဖေတွေ အမေတွေကတော့ ဆယ်ခါမှာ ကိုးခါလောက် ထူမပေးဘဲ ရပ်ကြည့်နေတာ သတိထားမိတယ်။ အသည်းနှလုံးမရှိတဲ့ ဂျပန်မိဘတွေဆိုပြီး ကျနော် တော်တော်စိတ်ဆိုးမိပါတယ်။
သူတို့ ဘာဖြစ်လို့ ဒီလို စိမ်းစိမ်းကားကား လုပ်ကြသလဲဆိုတာ သိရအောင် သေသေချာချာ လေ့လာကြည့်ပါတယ်။ ကလေးက သူ့ရဲ့ လမ်းလျှောက်တတ်စ စွမ်းရည်အသစ်ကို စမ်းသပ်ရင်း ပြေးကြည့်တယ်၊ ခုန်ကြည့်တယ်၊ အဲလို ပြေးရင်းခုန်ရင်းနဲ့ပဲ လဲကျခြင်းဆိုတဲ့ ဒုက္ခအခက်အခဲကို တွေ့တော့တယ်။
ဒီတော့ အခက်အခဲနဲ့ နာကျင်မှုကို ကြုံကြိုက်ရတဲ့အခိုက်မှာ ကလေးက ဝမ်းနည်းပြီး ငိုချင်စိတ်ဖြစ်တယ်၊ ငိုမဲ့မဲ့လေး ဖြစ်နေတဲ့ကလေးကို ပျာပျာသလဲ ပွေ့ချီပြီး "ဟဲ့ ဟဲ့ အောင်မလေးလေး ဘယ်နားနာသွားသလဲ၊ ဩုံဖွ ဩုံဖွ" သွားလုပ်လိုက်ရင် ဗျဲကနဲ ငိုချတော့မှာပဲ။ မိဘက အဲဒီလို လုပ်လိုက်ရင် ကလေးမှာ အားငယ်စိတ်က ချက်ချင်း ဝင်လာတာကိုး။
ဂျပန်အဖေအမေတွေက ဘာမှမဖြစ်သလို အေးအေးလူလူ ကြည့်နေတော့ ကလေးစိတ်ထဲမှာလည်း ဒါဟာ ဖြစ်ရိုးဖြစ်စဉ် သာမန်ကိစ္စလို့သာ ခေါင်းထဲရောက်သွားတယ်။
ပြီးတော့ ဂျပန်မိဘတွေက ကိုယ့်ကလေးအတွက် ဝမ်းနည်းအားငယ်စိတ်အစား "ပြန်လည်ရုန်းထဖို့ ကြိုးစားချင်စိတ်" ဖြစ်ပေါ်လာအောင် "ဂမ္ဘာရဲ…ဂမ္ဘာရဲ" (ကြိုးစားလိုက်စမ်း…ကြိုးစာ
ကလေးပေါက်စနလေးကို ဒီလောက်တောင် လုပ်တာ လွန်လွန်းတယ်လို့ ကျနော် ထင်မိပါတယ်။ ဒါပေမယ့်၊ ဒီကိုယ်ထူကိုယ်ထ စိတ်ဓာတ်ဟာ ဂျပန်လူမျိုးတွေ လူမှန်းမသိတတ်သေးတဲ့ ကလေးပေါက်စဘဝကတည်းက တစ်ခါတည်း ရိုက်သွင်းပေးထားတာကို နားလည်လာခဲ့ရတယ်။
ဒီထက် အသက်နည်းနည်းကြီးလာပြန်တော့
သူတို့ရဲ့ ကျောပိုးအိတ်သေးသေးလေးတွေထဲ
ဒီတော့၊ ကလေးစိတ်ထဲမှာ ငါလိုချင်တာ အားလုံး ငါ့ဆီမှာ ရှိတာပဲ၊ ငါ့ဖာသာ လုပ်လို့ရတာပဲ ဆိုတဲ့ အသိစိတ်ဓာတ် ဝင်လာပြီ။ ဒါဟာ ဘာမှ ပြောပလောက်စရာ မဟုတ်တဲ့ အသေးအဖွဲလို့ ထင်ကြမှာပဲ။ (ငါလိုချင်တာ အားလုံး ငါ့ဆီမှာ ရှိတယ်၊ ငါ့ဖာသာလုပ်လို့ရတယ်) ဆိုတဲ့ ကိုယ့်အားကိုယ်ကိုး self reliance စိတ်ဓာတ်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်အားထားစိတ် self confidence အတွက် ပထမဆုံး လှေခါးထစ်ပါ။ ဂျပန်လူမျိုး ကလေးမိဘတွေအနေနဲ့ ဒီကျောပိုးအိတ်သေးသေးလေးထဲက
ကျနော်တို့လည်း နောက်မျိုးဆက်အတွက် အဲဒီလို ကိုယ့်ကိုယ်ကို အားကိုးစိတ်၊ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချစိတ်မျိုး မွေးမြူပေးဖို့ အရေးကြီးတယ်။ ခုချိန်ထိတော့၊ ပြဿနာတစ်ခုခုကြုံရင် ဒေါ်အောင်ဆန်းစုကြည် ဘာမှ လုပ်မပေးဘူး၊ ဘွားတော်ကြီးကို အားမကိုးရဘူး ဆိုတဲ့ အပြစ်တင်စကားတွေ လွယ်လွယ်ပြောလို့ ထွက်နေကြတယ်။
နိုင်ငံခြားအကူအညီ၊ နိုင်ငံခြားရင်းနှီးမြှုပ်န
ကိုယ်တိုင်တောင် လက်ဖြန့်တောင်းချင်စိတ် မကုန်သေးဘဲ ကိုယ့်သားသမီးတွေ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ခိုင်းဖို့ ပြောရခက်လိမ့်မယ်။
မြန်မာပြည်သူတွေဟာ (ငါတို့လိုချင်တာ အားလုံး ငါတို့ဆီမှာ ရှိတယ်၊ ငါတို့ဖာသာလုပ်လို့ရတယ်) ဆိုတဲ့ စိတ်ဓာတ်ကို မွေးနိုင်ပြီဆိုရင် ကိုယ်ရည်မှန်းတဲ့ ပန်းတိုင်ကို ရောက်ပြီလို့သာ မှတ်လိုက်ကြပါတော့။
(ဓာတ်ပုံကတော့ ဂျပန်နိုင်ငံရောက် မြန်မာဇနီးမောင်နှံ ကို Zaw Moe Than နဲ့ Linn Myanmar တို့ရဲ့ တိုကျိုမြို့မှာ မွေးတဲ့ တစ်ဦးတည်းသော သားလေး မောင်စစ်မိုးနိုင် ဂျပန်စတိုင်လ် ကျောပိုးအိတ်လေးနဲ့ တွေ့ရပုံပါ။)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။