Sweet Child O' Mine သီချင်းဖြစ်ပေါ်လာပုံ
ကမ္ဘာကျော် သီချင်းတစ်ပုဒ်ဖြစ်တဲ့ Sweet Child O' Mine သီချင်းကိုလူတိုင်း သိကြပါတယ်။ ဒီ သီချင်းကို အမေရီကန် hard rock အဖွဲ့ တစ်ဖွဲ့ ဖြစ်တဲ့ Guns N' Roses အဖွဲ့က သီဆိုတာပါ။ သူတို့ အဖွဲ့ ရဲ့  တတိယ မြောက် အခွေ ထွက်တဲ့ အချိန် August 17,1987 မှာ ထွက်ခဲ့တာပါ။ အဲဒီ သီချင်းက Billboard hot 100 မှာ ၀င် ခဲ့ပြီး အမေရိက ရဲ့  ပထမဦးဆုံး နာမည်ကြီး တစ်ကိုယ်တော် band အဖွဲ့ အဖြစ် နာမည်ကြီးခဲ့ပါတယ်။
ဒီ သီချင်းလေးကို အချိန် ငါး မိနစ်အတွင်း ရေးဆပ်ပြီးစီး ခဲ့တယ်လို့ဆိုပါတယ်။ ဒီ သီချင်းမှာ ကော့ဒ် ၃ ကွက်သာပါဝင်ပါတယ်။ ကော့ဒ် သုံး ကွက်နဲ့ သီချင်းတစ်ပုဒ် ဖန်တီးခဲ့တယ်။
ဒီ သီချင်းဖြစ်ပေါ်လာပုံလေးက Guns N' Roses အဖွဲ့ ရဲ့ ဂီတ သမား Slash ကြောင့်ပါတဲ့။ သူက သီချင်း အစ intro မှာ တီးထားတဲ့ string skipping သံစဉ်လေးကို သူလေ့ကျင့်နေတဲ့အချိန်မှာ ဒီ သီချင်းလေးက စတင်ပေါက်ဖွားလာခဲ့တာပါ။အစကနဦးမှာတော့ ဒီ သီချင်းလေး အောင်မြင်လိမ့်မယ် လို့ Slash က မထင်ခဲ့ပါဘူး။ သူတို့ အဖွဲ့ ရဲ့  လေ့ကျင့်တဲ့ အိမ်ဂေဟာ ကြီးမှာ drummer Steven Adler နဲ့ Slash နှစ်ဦးဟာ နှစ်ဦးသား မျက်နှာချင်းဆိုင်းပြီး သွေးပူ လေ့ကျင့်နေကြစဉ် Slash က သံစဉ်ပတ်လည် တစ်ကွက်ကို " စ" တီးလိုက်ပါတယ် ။ ဒါကို Rhythm တီးတဲ့ ဂီတာ သမား Izzy Stradlin က ကြားသွားတော့ ပြန်တီးခိုင်းလိုက်တယ်။ ရမ်ဒမ် သမားကလည်း သူ ကော့ဒ် လေးကိုင်ပြီး follow လိုက်တီးလိုက်တယ်။ ပြီးတော့ ဘေ့စ် သမား Duff McKagan ကလည်း သံစဉ်ကိုလိုက်ပြီးတော့ ဘေ့စ် သံစဉ် ထွင်လိုက်ပါတော့တယ်။ ဒီလိုနဲ့ Drummer Steven Adler လည်း beat ကို စီးချက်ညီညီ တီးပြီး သံစဉ်လေးကို ပို ပြည့်စုံစေခဲ့တယ်။ Slash က သူ့ အထုပ်ပတ္တိမှာ ဒီလိုရေးခဲ့ပါတယ်.."တစ်နာရီအတွင်းမှာ ကျတော့် သံစဉ်က တစ်မျိုးတစ်ဖုံဖြစ်လာခဲ့တယ်" ။
အဲဒီအချိန်မှာ အိမ်ဂေဟာ ကြီးရဲ့  အပေါ်ထပ် နားနေခန်းမှာ အနားယူနေတဲ့ အဆိုတော် Axl Rose ကြားခဲ့ပြီး သီချင်းစာသားရေးစပ်ဖို့ အတွေးပေါ်လာခဲ့ပါတယ်။ အဲဒီနေ့ ညနေမှာ ပဲ သီချင်းကို ရေးစပ်ပြီးစီးခဲ့တယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။