Myanmaalinn
ပြည့်တန်ဆာ ၂ ဦးနဲ့ ဓာတ်ပုံတွဲရိုက်ခဲ့တဲ့ အမေရိကန်သမ္မတဟောင်း
အမေ ရိကန် သမ္မတ ဟောင်း ဘီလ် ကလင်တန် ဟာပြီး ခဲ့တဲ့ ကြာသ ပတေးနေ့ က လော့စ် အိန်ဂျလိစ် မှာ ကျင်းပ ပြုလုပ် ခဲ့တဲ့ လူမှု ရေး ရန်ပုံ ငွေပွဲ တစ်ခု မှာ ပြည့် တန်ဆာ နှစ်ဦး နဲ့ အတူ ဓာတ်ပုံ တွဲရိုက် ခဲ့တယ် လို့ ဒေးလီး မေးလ် သတင်း တစ်ရပ် မှာ ဖော်ပြ ထား ပါတယ်။
ဒီရန်ပုံ ငွေပွဲကို အနု ပညာ လောက က ထင်ရှား ကျော်ကြား သူတွေ၊ စီးပွားရေး လုပ် ငန်းရှင် တွေ တက် ရောက် ခဲ့ကြပြီး၊ ကလင်တန် ဟာ ပြည့်တန်ဆာနှစ်ဦးနဲ့အတူ ဓာတ်ပုံအတူ တွဲရိုက်ခဲ့လို့ အံ့အားသင့် စရာဖြစ် ခဲ့ ပါ တယ်။ ဒါပေမဲ့ ဒီပြည့်တန်ဆာနှစ်ဦးဟာ အထူးဖိတ် ကြားထားတဲ့ ဧည့်သည် တော် တွေ ဖြစ်ကြပါ တယ်။ အေဒိုရာနဲ့ ဘာဘီဂဲလ်အမည်ရ ပြည့် တန်ဆာနှစ်ဦးဟာ နီဗာဒါပြည်နယ်မှာ တရား ၀င်အဖြစ် လုပ်ကိုင် နေကြ သူ တွေဖြစ်ကြပါ တယ်။ သူတို့ဟာ ကာဆန်မြို့မှာ ဖွင့်လှစ်ထား တဲ့ ပျော်တော် ဆက် ဂေဟာမှာဝင်ရောက်လုပ် ကိုင်နေသူတွေဖြစ်ကြပါတယ်။ ဒီရန်ပုံငွေပွဲကို နယ်ပယ်အသီးသီးမှ ပုဂ်္ဂိုလ်တွေတက်ရောက် ခဲ့ကြပြီး ပျော် တော် ဆက်ဂေဟာပိုင်ရှင်ဟာ ပြည့်တန်ဆာ နှစ်ဦး နဲ့ အတူဒီပွဲကို ရောက်လာ တာဖြစ်ပါတယ်။ ဒီနောက် ပြည့်တန်ဆာ နှစ် ဦး ဟာ သမ္မတဟောင်း ကလင်တန်နဲ့ အတူ ဓာတ်ပုံတွဲရိုက်မှုတွေ ပြုလုပ် ခဲ့ကြ ပါတယ်။ ကလင်တန် က လည်း ကြည်ဖြူစွာနဲ့ ခွင့်ပြုခဲ့ပါ တယ်။ ကလင်တန်ဟာ အိမ်ဖြူတော်မှာ တာ ၀န်ထမ်းဆောင်ခဲ့စဉ်က မိုနီကာ လီ ၀န် စကီးနဲ့ ဖောက်ပြန်မှုတွေ ပြုလုပ်ခဲ့လို့ ဝေဖန်ခြင်း ခံခဲ့ရ ဖူးပါတယ်။ ဒီရန်ပုံ ငွေပွဲ ကို တက်ရောက်လာ တဲ့ ပြည့် တန်ဆာနှစ်ဦးဟာ တရားဝင်ဖွင့်လှစ် ထားတဲ့ ပျော်တော်ဆက်ဂေဟာမှာ သူတို့ရဲ့ အကြောင်း တွေကို အွန် လိုင်း ကနေတစ်ဆင့် ပွင့်လင်း မြင်သာစွာ ထုတ်ဖော်ရေးသားမှုတွေ ပြုလုပ်ထားကြပါတယ်။ ကလင်တန်ဟာ နာ မည်ကြီးအဆိုတော် လိုဗာတိုနဲ့ လည်း ဓာတ်ပုံ တွဲရိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီရန်ပုံငွေပွဲမှာ ကလင်တန်ဟာ စ ကား အနည်းငယ်သာ ပြော ကြားသွားခဲ့ပြီး သေဆုံး သွားခဲ့တဲ့ တောင် အာ ဖရိက သမ္မတဟောင်း နယ်လ်ဆင် မင်ဒဲလား ကို ဂုဏ်ပြုစကားတွေ ပြောကြားသွားခဲ့ ပါတယ်။
The Messenger
The Messenger

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။