Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, March 4, 2014

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၇ နှင့် လိင်တူချစ်သူများအရေး


Aung Ko Ko
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၇ နှင့် လိင်တူချစ်သူများအရေး


7Day News Journal
အတွဲ (၁၂)၊ အမှတ်(၄၅)
ဦးတင်ဝင်းအောင်

မြန်မာနိုင်ငံမှ လိင်တူချစ်သူများအဖွဲ့ (LGBT အဖွဲ့)က ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၃၇၇ ကို ပယ်ဖျက်ပေးရန် တောင်းဆိုကြောင်း သတင်းများတွင် ဖတ်လိုက်ရသည်။

၎င်းတို့တောင်းဆိုရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ကုလသမဂ္ဂအာရှပစိဖိတ်ဒေသဆိုင်ရာ HIV/AIDS ညီလာခံသို့ ပေးပို့သော မိန့်ခွန်းပါစကားများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၇၊ ၃၅၃ ပါ အချက်တို့ကို ကိုးကားတောင်းဆိုထားကြောင်း တွေ့ရပါသည်။ ၎င်းတို့တောင်းဆိုရာတွင် လူ့အခွင့်အရေးဆိုသော အကြောင်းပြချက်များလည်း ပါရှိသည်ကိုတွေ့ရပါသည်။

မြန်မာ LGBT အခွင့်အရေးဆိုင်ရာကွန်ရက်က သတင်းထုတ်ပြန်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်၏မိန့်ခွန်းကို ကိုးကားရာ၌ “လိင်တူချစ်မှုအပေါ် ရာဇ၀တ်မှုအဖြစ် သတ်မှတ်ထားသည့် ဥပဒေများရှိနေခြင်းက လိင်တူချစ်သူများအကြား HIV/AIDS ကုသရေးအခက်အခဲ အဟန့်အတားဖြစ်နေကြောင်း၊ လိင်တူချစ်သူများအကြား HIV/AIDS ကူးစက်ပြန့်ပွားမှုနှုန်းမှာ အမြင့်ဆုံးတွင်ရှိနေပြီး ထိုသို့ဖြစ်နေရခြင်းမှာလည်း လူထုအတွင်းခွဲခြားမှုကို ဖြစ်နေစေသည့် အယူအဆအစွဲများ၊ ဥပဒေများရှိနေသောကြောင့်ဖြစ်ကြောင်း”ဆိုသောစကားများကို ကိုးကားထားသည်ကို တွေ့ရပါသည်။ ထိုအချက်မှာ မှန်သင့်သလောက်မှန်သော်လည်း ယင်းအကြောင်းကြောင့် ပုဒ်မ ၃၇၇ ကို မပယ်ဖျက်သင့်ပါ။

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံပုဒ်မ-၃၅၃ တွင် “ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုကိုဖြစ်စေ”ဟု ပြဋ္ဌာန်းပါရှိသည်မှာ မှန်သော်လည်း ပြဋ္ဌာန်းချက်အပြည့်အစုံမှာ “မည်သူ့ကိုမျှ တည်ဆဲဥပဒေနှင့်အညီမှ တစ်ပါးအသက်ကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုကိုဖြစ်စေ နစ်နာဆုံးရှုံးမှုမရှိစေရ”ဟု ပြဋ္ဌာန်းထားခြင်းဖြစ်ပါသည်။ “တည်ဆဲဥပဒေနှင့်အညီမှတစ်ပါး”ဆိုသည့်အချက်ကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါသည်။ ထို့ကြောင့် ဥပဒေတစ်ရပ်ကို ကိုးကားရာတွင် ကိုယ်လိုချင်သည့်အချက်ကိုသာ ဆွဲယူ၍မရဘဲ ပြဋ္ဌာန်းချက်တစ်ရပ်လုံးကို ခြုံငုံသုံးသပ်ဖို့လိုပါသည်။ ဥပဒေနှင့်ညီသော ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်ခွင့်ကို ဆိုလိုခြင်းဖြစ်ပါသည်။ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၃၇၇ ကို ပယ်ဖျက်စေနိုင်သည့် ပြဋ္ဌာန်းချက်မဟုတ်သည်ကို သတိပြုသင့်ပါသည်။

ပုဒ်မ-၃၇၇ ကို ပယ်ဖျက်သင့်သလား၊ ဖြည့်စွက်သင့်သလား။

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ- ၃၇၇ တွင် ပြဋ္ဌာန်းထားသည်မှာ “မည်သူမဆို ယောက်ျားနှင့်ဖြစ်စေ၊ မိန်းမနှင့်ဖြစ်စေ၊ တိရစ္ဆာန်နှင့်ဖြစ်စေ မိမိအလိုအလျောက် ဓမ္မတာနှင့်ဆန့်ကျင်သော ကာမစပ်ယှက်မှုကိုပြုလုပ်လျှင် ထိုသူကို တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်”ဟု ပြဋ္ဌာန်းထားပါသည်။ ထိုပြဋ္ဌာန်းချက်ကို စေ့စပ်သေချာစွာ လေ့လာသင့်ပါသည်။

ပုဒ်မ၏ခေါင်းစဉ်သည်ပင် “ဓမ္မတာနှင့်ဆန့်ကျင်သောပြစ်မှု”ဟု ပြဋ္ဌာန်းထားပါသည်။ “ဓမ္မတာ”ဆိုသည်ကို ပြစ်မှုဆိုင်ရာဥပဒေတွင် အဓိပ္ပာယ်ဖွင့်ဆိုထားခြင်းမရှိပါ။ ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော မြန်မာစာအဘိဓာန်တွင် “ဓမ္မတာ”ကို “ဖြစ်မြဲသော အစဉ်အလာ”ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ အင်္ဂလိပ်- မြန်မာအဘိဓာန်တွင်လည်း “ဓမ္မတာ”ကို "The Law of nature" ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်ကို တွေ့ရပါသည်။

ပုဒ်မ-၃၇၇ တွင် “ယောက်ျားနှင့်ဖြစ်စေ”ဟု ပြဋ္ဌာန်းပါရှိပါသည်။ ယောက်ျားချင်းအလိုတူ၍ ဆက်ဆံပါက ၎င်းပုဒ်မဖြင့် ပြစ်ဒဏ်မထိုက်သင့်စေလိုပါ။ သို့သော် ဆက်ဆံသူများအနေဖြင့် သတိထားရမည်မှာ မစင်စွန့်ရာလမ်းကြောင်းနှင့် ဆက်ဆံသည့်အတွက် လိင်နှင့်ပတ်သက်သောရောဂါများ အလွယ်တကူဖြစ်ပွားနိုင်သည်ကို ကျန်းမာရေးသတိဖြင့် ကြည့်သင့်ပါသည်။

ပုဒ်မ-၃၇၇ နှင့်ပတ်သက်၍ အထူးသတိပြုစေလိုသည့်အချက်တစ်ခုကို တင်ပြလိုပါသည်။ ဥပမာ-ပုဒ်မ ၃၇၇ ကို ပယ်ဖျက်ခဲ့မည်ဆိုပါက ယောက်ျားအများစု လိင်တူချစ်သူအမျိုးသားတစ်ဦးကို ၎င်း၏ဆန္ဒမပါဘဲ အဓမ္မပြုကျင့်ခဲ့လျှင် မည်သည့်ဥပဒေပုဒ်မဖြင့် တရားစွဲဆိုအရေးယူဆောင်ရွက်မည်နည်း။ ယောက်ျားချင်းသွေးဆောင်ဖြားယောင်းခြင်းဖြင့်လည်းကောင်း၊ အဓမ္မနည်းဖြင့်လည်းကောင်း၊ ကာမစပ်ယှက်ခဲ့လျှင်လည်း မည်သည့်ပုဒ်မဖြင့် အရေးယူဆောင်ရွက်ရပါမည်နည်း။

မကြာသေးမီကပင် မန္တလေးမှ လိင်တူချစ်သူများကို ရဲတပ်ဖွဲ့ဝင်က အဓမ္မပြုကျင့်သည်ဟူသော သတင်းကြားလိုက်ရပါသည်။ တကယ် ဟုတ်၊ မဟုတ်တော့ မသိပါ။ ပုဒ်မ-၃၇၇ ကို ပယ်ဖျက်လိုက်လျှင် ထိုကိစ္စမျိုးအတွက် မည်သည့်ပုဒ်မဖြင့် အရေးယူမည်နည်း။

အရွယ်ရောက်စအချိန်တွင် တဏှာကာမ၌ ယောက်ျားလေးအချင်းချင်း ဖောက်ပြန်ခံခဲ့ရဖူးသူများသည် ခံခဲ့ရသော တဏှာကာမကို မက်မောသွားပြီး အခွင့်ကြုံတိုင်း
ထပ်မံခံစားလိုသူများမှာ ယောက်ျားဟော်မုန်းဓာတ်မပြောင်းလဲစေကာမူ ထိုအတွေ့အကြုံတစ်မျိုးကို ခံစားလိုက်ဖူးခြင်းဖြင့် ထပ်၍ထပ်၍ ခံစားလိုမှုပေါ်ပေါက်ခြင်းဖြင့် လိင်တူချစ်သူဘ၀သို့ ရောက်သည့်အဖြစ်များ ရှိခဲ့ပါသည်။ အတွေ့ဖြင့် မိန်းမလျာဖြစ်သွားရသောဦးရေမှာ ဟော်မုန်းဓာတ်ကြောင့် မိန်းမလျာဖြစ်သွားရသောဦးရေထက် များပြားလှကြောင်း
ဒေါက်တာအောင်ခင်ဆင့်ရေးသည့် ဖိုမဆက်ဆံရေးစာအုပ်တွင် ထောက်ပြထားပါသည်။ ထို့ကြောင့် မိန်းမလျာဇာတ်သွင်းခြင်းဆိုသည့်ကိစ္စများရှိနေသဖြင့် အရွယ်ရောက်စလူငယ်များအား ကာကွယ်ရန် ပုဒ်မ-၃၇၇ ကို ဆက်လက်ထားရှိရပါမည်။

၎င်းပုဒ်မ ၃၇၇ တွင်ပင် “မိန်းမနှင့်ဖြစ်စေ”ဟု ပြဋ္ဌာန်းပါရှိသည့်အတွက် မိန်းမအချင်းချင်းလက်ထပ်ခြင်းကိုလည်း ဟန့်တားထားသည့် သဘောရှိပါသည်။ ထိုအချက်ကြောင့်လည်း ပယ်ဖျက်ရန် မသင့်ပါ။ မိန်းတစ်ဦးအား ဓမ္မတာအတိုင်းပင် အလိုမတူဘဲဆက်ဆံခဲ့ပါက ပုဒ်မ-၃၇၆ အရ အရေးယူအပြစ်ပေးနိုင်သော်လည်း ဓမ္မတာအတိုင်းမဟုတ်ဘဲ အလိုမတူဆက်ဆံပါက ပုဒ်မ-၃၇၆ ဖြင့် အရေးယူဆောင်ရွက်၍မရပါ။ ပုဒ်မ-၃၇၇ ဖြင့်သာ အရေးယူဆောင်ရွက်ရမည်ဖြစ်သည်။

ပုဒ်မ-၃၇၇ ၏ ပြဋ္ဌာန်းချက်အရ ဓမ္မတာနှင့်ဆန့်ကျင်သော ပြုလုပ်မှုတွင် ပါးစပ်နှင့်ဆက်ဆံခြင်း(Oral Sex)လည်း ပါရှိပါသည်။ ပြည့်တန်ဆာများသည်ပင်လျှင် ပါးစပ်နှင့်ဆက်ဆံခိုင်းခြင်းကို ရွံ့ရှာစက်ဆုပ်ကြမည်ထင်ပါသည်။ ထို့ကြောင့် ပုဒ်မ-၃၇၇ သည် အမျိုးသမီးများကို အကာအကွယ်ပေးထားသည့် ပုဒ်မတစ်ခုလည်း ဖြစ်ပါသည်။ ယောက်ျားကိုဖြစ်စေ၊ မိန်းမကိုဖြစ်စေ အနိုင်အထက်ပြု၍ ဓမ္မတာနှင့်ဆန့်ကျင်ပြီး ကာမစပ်ယှက်ခံရပါက နစ်နာသူ (စပ်ယှက်ခံရသူ)အတွက် ဥပဒေအရကုစားရန်နည်းလမ်းမှာ ပုဒ်မ-၃၇၇ သာ ရှိပါသည်။ ထို့ကြောင့် ပယ်ဖျက်ရန်မသင့်ပါ။

၎င်းပုဒ်မတွင်ပင် “တိရစ္ဆာန်နှင့်ဖြစ်စေ”ဟု ပြဋ္ဌာန်းပါရှိပါသည်။ လူမှန်သမျှသည် လူ၏ကိုယ်ကျင့်တရားကို စောင့်ထိန်းရန် တာဝန်ရှိပါသည်။ ယခုအချက်မှာ ထိုကိုယ်ကျင့်တရားကို စောင့်ထိန်းရန်နှင့် မဖြစ်သင့်၊ မဖြစ်ထိုက်သည်များကို တားမြစ်ထားခြင်း ဖြစ်ပေသည်။ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ တိရစ္ဆာန်နှင့် ကာမစပ်ယှက်ခြင်းကို လုံးဝတားမြစ်ထားပေသည်။

ယနေ့လူသားများ ထိတ်လန့်ကြောက်ရွံ့နေသော HIV/AIDS ရောဂါသည် (Sexsually Transmitted Disease) လိင်မှတစ်ဆင့် ကူးစက်သောရောဂါဖြစ်ပါသည်။ HIV ပိုးမှာ အနောက်အာဖရိကအလယ်ပိုင်း (West Central Africa)ရှိ မျောက်များတွင် စတင်ဖြစ်ပေါ်ခဲ့သည်ဟု ဆေးပညာရှင်များက (Medical Experts)များက ယူဆကြသည်။ ထိုမျောက်များမှ လူကိုကူးခြင်း (Zoonosis) ဖြစ်ပါသည်။ လူများက ထိုမျောက်သားကို အစိမ်းစားခဲ့၍လား (သို့မဟုတ်) လိင်ပိုင်းဆိုင်ရာဆက်ဆံခဲ့၍လား၊ မည်သည့်နည်းဖြင့် ကူးစက်လာသည်ကိုတော့ မသိသေးပါ။ သို့သော်လည်း HIV/AIDS ရောဂါမှာ လိင်မှတစ်ဆင့် ကူးစက်သောရောဂါဖြစ်သည်ကိုတော့ သတိပြုရမည်ဖြစ်သည်။ လူများသည် တိရစ္ဆာန်များနှင့် ကာမဆက်ဆံပါက အလားတူ ရောဂါဆိုးကြီးများ ပေါ်ပေါက်လာနိုင်သည်ကိုတော့ သတိပြုရပါလိမ့်မည်။ ထို့ကြောင့် “တိရစ္ဆာန်နှင့်ဖြစ်စေ”ဆိုသည့်အချက်မှာ လူ့ကိုယ်ကျင့်သိက္ခာကို ထိန်းသိမ်းရန်နှင့် မဖြစ်သင့်သည့်ရောဂါများ မဖြစ်အောင် ကာကွယ်ပေးထားခြင်းဖြစ်ပါသည်။

လူ့အခွင့်အရေးကြေညာစာတမ်းအပိုဒ် ၁၆(၁)တွင် “အရွယ်ရောက်ပြီးသော ယောက်ျားနှင့် မိန်းမတို့တွင် လူမျိုး၊ နိုင်ငံသား၊ ကိုးကွယ်သည့်ဘာသာကို အကြောင်းပြု၍ ချုပ်ချယ်ကန့်သတ်ခြင်းမရှိဘဲ ထိမ်းမြားနိုင်ခွင့်ရှိသည်”ဟု ပြဋ္ဌာန်းထားသည်ကိုသာ တွေ့ရပါသည်။ လိင်တူချင်းထိမ်းမြားလက်ထပ်နိုင်သည်ဟူသောသဘောမျိုး သက်ရောက်သည့် ပြဋ္ဌာန်းချက်မျိုးမတွေ့ရှိရပါ။ ထို့အပြင် လူ့အခွင့်အရေးကြေညာစာတမ်း ၂၉(၂)တွင် “မိမိ၏အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို သုံးစွဲရာတွင် လူတိုင်းသည် အခြားသူများ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို အသိအမှတ်ပြု၍ ရိုသေလေးစားစေရန် အလို့ငှာလည်းကောင်း၊ ဒီမိုကရေစီကျင့်သုံးသော လူ့အဖွဲ့အစည်းတွင် ကိုယ်ကျင့်တရားအပြင် ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူ့အကျိုးစီးပွားဖြစ်ထွန်းရေးတို့အတွက် တရားမျှတစွာ ကျင့်ဆောင်ရန် အလို့ငှာလည်းကောင်း၊ ဥပဒေကပြဋ္ဌာန်းထားသည့် ချုပ်ချယ်မှုများဖြင့်သာ ကန့်သတ်ခြင်းခံရမည်”ဟု ပြဋ္ဌာန်းထားပါသည်။ ထို့ကြောင့် ပုဒ်မ-၃၇၇ သည် လူအများ၏အခွင့်အရေးကို ကာကွယ်ရန် ကိုယ်ကျင့်တရားစောင့်ထိန်းရန် ပြဋ္ဌာန်းထားသဖြင့် လူ့အခွင့်အရေးကြေညာစာတမ်းနှင့်လည်း ကိုက်ညီကြောင်း တွေ့ရပါသည်။

ကျိုက်ထိုမြို့တွင် လိင်တူအမျိုးသားနှစ်ဦး မင်္ဂလာဆောင်ကို မြို့ခံများ မကျေနပ်ဆိုသည့်သတင်းကို ဖတ်လိုက်ရပါသည်။ လက်ထပ်ထိမ်းမြားခြင်းသည် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လူမှုရေးကိစ္စဖြစ်ပါသည်။ ဗုဒ္ဓဘာသာမြန်မာလူမျိုးယောက်ျားနှင့်မိန်းမ လက်ထပ်ရာတွင် ဥပဒေပြဋ္ဌာန်းသတ်မှတ်ထားခြင်းမရှိပါ။ ဓလေ့ထုံးတမ်းနှင့်အညီ ဆောင်ရွက်ကြပါသည်။ မြန်မာနိုင်ငံတွင် လိင်တူချင်းလက်ထပ်သည့် ဓလေ့ထုံးတမ်းမရှိသေးသဖြင့် လိင်တူချစ်သူများ လက်ထပ်ရန်မှာ အခက်အခဲများရှိနေနိုင်ပါသည်။ လူအများက လက်ခံလာနိုင်သည်အထိ ဆောင်ရွက်ရန်မှာ လိင်တူချစ်သူများအပေါ်တွင် အဓိကတာဝန်ရှိပါသည်။

ဥပဒေတစ်ရပ်တွင် ပြဋ္ဌာန်းပါရှိသည့်အချက်များ၌ မည်သည့်အချက်များက မိမိတို့ကို အကာအကွယ်ပေးထားသည် (သို့မဟုတ်) ပိတ်ပင်ထားသည်၊ အခွင့်အရေးပေးထားသည် (သို့မဟုတ်) တာဝန်ပေးထားသည် စသည်ဖြင့် သိရှိရန်လိုပါသည်။ ပုဒ်မ-၃၇၇ မှာ လူအများကို အကာအကွယ်ပေးထားသည့် ပုဒ်မဖြစ်ပါသည်။ ထို့ကြောင့် ၎င်းပုဒ်မကိုမပယ်ဖျက်ဘဲ ဖြည့်စွက်ရန်သာ တောင်းဆိုသင့်ပါသည်။

လူနည်းစု၏အခွင့်အရေးရဖို့ တောင်းဆိုရာတွင် ကျန်လူအများ၏အခွင့်အရေးကို ဆုံးရှုံးစေနိုင်လောက်သည်အထိ တောင်းဆိုခွင့်မရှိဟု ယူဆမိပါသည်။ ထိုအချက်မှာလည်း ဒီမိုကရေစီ၏သဘောတရားတစ်ခုဖြစ်သည်ဟု သုံးသပ်မိပါသည်။

ပုဒ်မ-၃၇၇ သည် ယောက်ျားချင်း၊ မိန်းမချင်း လက်ထပ်သည်ကို ကန့်သတ်သည့်သဘောသက်ရောက်နေသည်မှာ မှန်သော်လည်း ပယ်ဖျက်သည်အထိ မပြုလုပ်သင့်ပါ။ ပယ်ဖျက်လိုက်မည်ဆိုပါကလည်း လိင်တူချစ်သူများသည် တရားဝင်လက်ထပ်ခြင်းကို ရရှိလာလိမ့်မည်မဟုတ်ပါ။ ပြဿနာများသာ ပိုမိုဖြစ်ပွားလာနိုင်စရာ အကြောင်းရှိပါသည်။ ထို့အပြင် ယောက်ျားများနှင့် မိန်းမများအပြင် တိရစ္ဆာန်များကိုပါ ဓမ္မတာနှင့်ဆန့်ကျင်ပြီး အဓမ္မကာမစပ်ယှက်ခြင်းမှ အကာအကွယ်ပေးထားသည့် ပုဒ်မတစ်ခုဆုံးရှုံးရုံသာ ရှိပါလိမ့်မည်။ ထို့ကြောင့် လိင်တူချစ်သူများအနေဖြင့် မိမိတို့အတွက် လိုအပ်သည့်အခွင့်အရေးရလိုပါလျှင်

“ခြွင်းချက်။ ။ ဆက်ဆံသည့်အချိန်တွင် ဆက်ဆံခြင်းခံရသူက အလိုတူလျှင် ပြစ်မှုမမြောက်စေရ”ဟူသောအချက်ကိုသာ ပုဒ် မ-၃၇၇ တွင် ထပ်မံဖြည့်သွင်းပေးရန်သာ တောင်းဆိုသင့်ပါသည်။ သို့မှသာ တရားမျှတသော တောင်းဆိုမှုဖြစ်ပါလိမ့်မည်။ ၎င်းအချက်ကိုဖြည့်စွက်ခွင့်ပြုလျှင် လိင်တူချစ်သူများကို ပုဒ်မ- ၃၇၇ ဖြင့် တရားစွဲဆို၍ အရေးယူဆောင်ရွက်ခြင်းမှ ကင်းလွတ်မည်ဖြစ်ပါသည်။

အထက်ပါဖြည့်စွက်ချက်ကို ခွင့်ပြုရုံမျှဖြင့်လည်း လိင်တူချစ်သူများအနေဖြင့် တရားဝင်လက်ထပ်ခြင်းကို ရရှိလာခြင်းမရှိသေးဘဲ “အတူနေထိုင်ခြင်း”ကိုသာ ရရှိလာခြင်းဖြစ်ပါသည်။ ဖြည့်စွက်ချက်၏ နောက်ဆက်တွဲအနေဖြင့် “လိင်တူချစ်သူများ တရားဝင်လက်ထပ်ခြင်း”ရရှိရန် ဆက်လက်ဆောင်ရွက်နိုင်ပါကြောင်း အကြံပြုရေးသားလိုက်ရပါသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။