True Man
မိမိကိုယ်တိုင်က မိမိအတွက် ခေါင်းဆောင် ဖြစ်ပါတယ်
^^^^^^^^^^^^^^^^^^^^^^^^^^^^^^
လူတစ်ဦးချင်းစီက မိမိကိုယ်မိမိ အရာရာမှာ အောင်မြင်စေဖို့ စီမန်ခန့်ခွဲ လုပ်ဆောင်ရာမှာ မိမိကိုယ်တိုင်က မိမိအတွက် ခေါင်းဆောင် ဖြစ်ပါတယ်။ အဖွဲ့အစည်း တွေမှာ ခေါင်းဆောင်က တစ်ဦးတည်းပဲ ရှိပေမဲ့ လူတိုင်းက မိမိတို့တစ်ဦးချင်း တာဝန်ယူ ဆောင်ရွက်ကြရတဲ့ လုပ်ငန်းတွေ အတွက် မိမိက ခေါင်းဆောင်ပဲ ဖြစ်ပါတယ်။
ခေါင်းဆောင်မှု သဘောတရား တွေကို လူတစ်ဦးချင်း သိရှိဖို့ လိုအပ်သလိုလိုက်နာကျင့် သုံးဖို့လည်း လိုအပ်တာဖြစ်ပါတယ်။ ခေါင်းဆောင် လုပ်မယ့်သူတွေ သိထားသင့်တဲ့ C ဆယ်လုံးကို ပြန်လည် မျှဝေ ပေးလိုက်ပါတယ်။
၁)သိလိုစိတ် ပြင်းပြမှု(Curiosity)
မိမိလုပ်ငန်း အဖွဲ့အစည်းအတွက် အကျိုးရှိစေနိုင်မဲ့ အရာမှန်သမျှကို သိလိုစိတ် ပြင်းပြမှု ရှိတာကို ပြရမယ်။ သူ့ရဲ့ လုပ်ငန်း အ၀န်းအ၀ိုင်း အတွင်းမှာရှိနေတဲ့ ဟုတ်ပါ့၊ မှန်ပါ့ ပြောနေတဲ့ အုပ်စုရဲ့ အပြင်ဘက်က လူတွေ ပြောတာကို နားထောင်ရမယ်။ ကမ္ဘာကြီးက ကြီးမားပြီး ရှုပ်ထွေးတဲ့ နေ၇ာတစ်ခု ဖြစ်နေတဲ့အတွက် အကျိုး ရှိစေမယ့် စာအုပ် စာတမ်းတွေကို သိလိုစိတ် ပြင်းပြ တဲ့စိတ်နဲ့ ဖတ်ရမယ်။
နိုင်ငံတကာရဲ့အညွှန်းစာသားအရ Leaders are Listerners လို့ ခေါ်ကြတယ်။
မိမိထိုင်နေရတဲ့ အေးချမ်းတဲ့ နေရာရဲ့ပြင်ပကို မတူညီတဲ့ အတွေးတွေ နားထောင်နိုင်ဖို့ လျှောက်လှမ်း သွားလာပြီး ထဲထဲဝင်ဝင် မရှိရင် လန်းလန်းဆန်းဆန်း မရှိဘဲ ကြီးထွားနေရတာနဲ့ တူနေမှာ ဖြစ်တယ်လို့ ဆိုတယ်။
လူအများရဲ့ ယုံကြည်မှု မရခဲ့ရင် သူလုပ်ဆောင်မှုတွေ မှန်တယ် ဆိုတာ ကို သူကိုယ်တိုင် သိနိုင်မှာ မဟုတ်တော့ဘူးလို့ ဆိုတယ်။ လူတွေ ပြောတာကို နားထောင်နိုင် ဖို့ အရည်အချင်း မရှိတာက စိတ်ကြီးဝင်မှု ပုံစံတစ်ခု ဖြစ်တယ်။
ဒါက အရာရာ သူသိတယ် ဆိုတဲ့ အတ္တစိတ် (Ego)ကနေ စိတ်ကြီးဝင်မှု (Arrogance)ဖြစ်ပြီး ဘာကိုမှ ဂရုမ စိုက်တော့ တာမျိုး ဖြစ်သွားတယ်။ အဲဒီလိုဖြစ် တဲ့ ခေါင်းဆောင်တွေ ရဲ့ နောက်ဆုံး ရောက်ရှိမဲ့နေရာက ဆုံးရှုံးမှု (failure)ပဲ ဖြစ်တယ်လို့ ဆိုတယ်။
(၂)ဆန်းသစ်မှု(Creativity)
မိမိ နေရာကနေထွက်ပြီး မတူညီဘဲ ကွဲပြားမှုတစ်ခုခု ဘာတွေ ရှိနေ တယ်ဆို တာကို ကြိုးစားရှာဖွေလိုစိတ် ရှိရမှာဖြစ်တယ်။ မိမိနေရာ ပြင်ပကို ထွက်ပြီး တွေးတော မှုတွေ ရှိရမယ် ။ ခေါင်းဆောင်မှု ဆိုတာက ပြောင်းလဲမှုကို စီမံခန့်ခွဲတာဖြစ်လို့ သင်က ကုမ္ပဏီ တစ်ခုခုကို ဦးဆောင်နေ ရတာ ဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံကို ဦးဆောင်နေရတာ ဖြစ်စေ ပြောင် လဲမှုတွေ အားလုံးကို စီမံခန့်ခွဲနိုင် ရမယ်။ အရာရာက ပြောင်းလဲနေတာ ဖြစ်လို့ ဆန်းသစ်တဲ့ ရှာဖွေမှုတွေရှိရမယ်။ ရှိနေတဲ့ အခြေအနေ ကနေ တိုးတက်အောင်လုပ်ရမယ်။
(၃)ဆက်သွယ်ဆောင်ရွက်မှု(Communication)
ဆက်သွယ် ဆောင်ရွက်မှု ကောင်းသူ တစ်ဦးလည်း ဖြစ် ရမယ်။ ပါးစပ်ကနေ ပြောနေရုံ သက်သက် မဟုတ်ဘဲ တကယ့် အစစ်အမှန်ကို ရင်ဆိုင်ပြီး အမှန်ပြောဆိုတာကို ဆိုလိုတာဖြစ်တယ်။ ဆက်သွယ် ဆောင်ရွက်မှုကို အမှန်ပြောဆိုတာနဲ့ အစပြုရမယ်။ နာကြည်း ဖွယ်ရာတွေ နဲ့ ကြုံတွေ့နေရတဲ့ အခါမှာသော်မှ အမှန်ကို ပြောဆို ရမှာ ဖြစ်တယ်။ ဒါကြောင့် ခေါင်းဆောင်တွေက ဆက်သွယ် ဆောင်ရွက်မှု ကောင်းတွေ (Leaders are good communicators) လို့လည်း ဆိုကြတာ ဖြစ် တယ်။
(၄)အကျင့်စာရိတ္တကောင်းမွန်သူ(Character)
အကျင့်စာရိတ္တ ကောင်းသူ ဖြစ်ရမယ်။ အမှား၊ အမှန်ကို ဝေဖန် ပိုင်းခြားပြီး မှန်တာကို လုပ်ရဲရမယ်။ တကယ်လို့ လူတစ်ယောက်ရဲ့ အကျင့်စာရိတ္တကို စမ်းသပ် ချင်ရင် သူ့ကို အာဏာပေးကြည့် လိုက်ပါလို့ အီဗရာဟင်လင်ကွန်းက ဆိုခဲ့တယ်။
(၅)သတ္တိရှိမှု(Courage)
သတ္တိရှိရမယ်၊ ကြောက်ရွံ့ နေသူတွေ အကြားမှာ သွားပြ တာ က သတ္တိရှိတာ မဟုတ်ဘူး။ ကြမ်းကြမ်း တမ်းတမ်း ပြောတာကလည်း သတ္တိ ရှိ တာ မဟုတ်ဘူး။ သတ္တိရှိတယ် ဆိုတာက စေ့စပ် စကားဝိုင်းမှာထိုင်ပြီး ကတိက၀တ် ထားရှိ စကား ပြော ဆိုနိုင်မှု ဖြစ်တယ်လို့ဆိုတယ်။
(၆)အပြစ်ဖြစ်ရင် ခံယူရဲတဲ့သတ္တိရှိမှု(Conviction)
အပြစ်ဖြစ်ရင် အဲဒီအပြစ်အတွက် ခံယူရဲတဲ့ သတ္တိ၇ှိရမယ်။ အလုပ်တစ်ခုကို အောင်မြင်ပြီးမြောက်သည်အထိ ပြီစီးအောင် လုပ်လိုစိတ် ရှိရမယ်။ အလုပ် လုပ်တဲ့ သူတိုင်း အမှားတွေ လုပ်မိကြတာ ဖြစ်တယ်။ အမှားနဲ့ ကင်းသူက အလုပ်မလုပ် သူ ဖြစ်တယ်လို့ဆိုတယ်။ အမှားကို အမှားအတိုင်း မထားဘဲ အမှန်ဖြစ်အောင် ရဲရဲဝံ့ဝံ့ ရင်ဆိုင် ဖြေရှင်းတတ်သူ ဖြစ်တယ်။
(၇)လူအများ၏ ချစ်ခင်လေးစားနိုင်မှု(Charisma)
လူအများရဲ့ ချစ်ခင်လေးစားနိုင်စေမှုက လူတွေကို သင့်နောက်ကနေ လိုက်အောင် ပြုလုပ်နိုင် တဲ့ အရည်အသွေး ဖြစ်တယ်။ လူတွေကို စိတ်အားထက်သန်မှု ရှိစေတဲ့ အရည်အချင်း ဖြစ် တယ် ။ လူတွေက သူ့ကို ယုံကြည်တဲ့အတွက် သူ့နောက်ကနေ လိုက်ကြတာ ဖြစ်တယ်။
(၈)ကျွမ်းကျင်လိမ္မာမှု(Competent)
ကျွမ်းကျင် လိမ္မာမှုရှိရမယ်။ မိမိလုပ်နေတဲ့လုပ်ငန်းတွေနဲ့ ဆက်စပ်တာတွေ အားလုံးကို သိနေရမယ်။ ပိုအရေးကြီးတာက သင်ကိုယ်တိုင်ရဲ့ ၀န်းကျင် မှာရှိနေတဲ့ သူတွေကလည်း သူတို့ ဘာတွေ လုပ်နေတာလည်းဆိုတာ သိနေတဲ့ လူတွေ ဖြစ်ဖို့လိုတယ်။ ပြသာနာ ဖြေ ရှင်းနိုင်သူ တစ်ဦး ဖြစ်ဖို့ လိုတယ်။
(၉)လက်တွေ့ကျကျ တွေးတတ်မှု(Common Sense)
အကယ်၍ သင့်မှာ လက်တွေ့ကျကျ တွေးတောတတ်မှု မရှိရင် မဖြစ်နိုင်ဘူး လို့ဆိုတယ်။ ခိုင်မာတဲ့ စိတ်ဓာတ် ရှိရမယ်။ ကြီးမားတဲ့ အပြုံးပိုင် ရှင် တစ်ယောက် ဖြစ်ရ မယ်။ ဆုတ်စရာရှိရင် ညင်ညင် သာသာ ဆုတ်တတ်ရမယ်။ လုပ်စရာရှိ ရင် မြန်မြန်ထက်ထက် လုပ်တတ်ရ မယ်။ အကယ်၍ သင်က လူသားဆန်တဲ့ လူတစ်ယောက် ဖြစ်လာဖို့ သင့်ရဲ့ ကြောင်းကျိုး ခိုင်လုံစေမှုနဲ့ လက်တွေ့ကျကျ တွေးတတ်မှု လိုအပ်တယ်။
(၁၀)အကျဉ်းအကျပ်ထဲကနေ ဖောက်ထွက်နိုင်မှု(Crisis)
အကျဉ်းအကျပ် ကာလအတွင်းမှာ ပုံသွင်း ခံရသူနဲ့ လမ်းထွင်နိုင် သူ ဖြစ် တယ်။ ခုံပေါ်မှာ ခြေထောက်တင်ပြီး စာတွေ့တွေ ပြောရတာက လွယ်ကူပေမဲ့ လက်တွေ့ မှာ ဖြစ်လာတဲ့ အခက်အခဲတွေ ၊ အကျဉ်းအကျပ် ဖြစ်မှုတွေ ကနေ အောင်မြင် အောင် လမ်းထွင်နိုင်သူ ဖြစ်မှသာ ခေါင်းဆောင် ဖြစ်လာနိုင်တယ်။
Credit To>>Tin Maung Hlaing

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။