Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, March 3, 2014

ကိုစစ်နိုင်နှင့် သက်မွန်မြင့်တို့ ဇနီးမောင်နှံ၏ ချစ်စခင်စ အိမ်ထောင်သည်ဘဝ ကြည်နူးစရာ စကားများ


Popular Journal
ကိုစစ်နိုင်နှင့် သက်မွန်မြင့်တို့ ဇနီးမောင်နှံ၏ ချစ်စခင်စ အိမ်ထောင်သည်ဘဝ ကြည်နူးစရာ စကားများ

=========================================

တူနှစ်ကိုယ်ချစ်ခြင်းမေတ္တာနှင့် တူနှစ်ဖြာ လက် ထပ်ထိမ်းမြားမင်္ဂလာပွဲ ဆင်ယင်ကျင်းပပြီး နှစ်ဦးဂဟေ ဆက်ဘဝနှစ်ခုပေါင်းစပ်၍ အိမ်ထောင် တစ်ခုကို တည် ထောင်ပြုခဲ့ ကြသည့် ခင်ပွန်းသည် ကိုစစ်နိုင်နှင့် ဇနီး သည် သရုပ်ဆောင်အကယ်ဒမီ သက်မွန်မြင့်တို့၏ နှစ်ဦးသား ပိုင်ဆိုင်ထားရှိသည့် အိမ်ထောင်သည်ဘဝ စိတ်ခံစားမှု၊ ခိုင်မြဲသော အိမ်ထောင်တစ်ခု တည်ဆောက်ရန် အမြင် များ အပြင် အနုပညာအလုပ်ကိစ္စ၊ ဘဝရှေ့ရေး ပြင်ဆင်ထားရှိမှုအကြောင်းတို့ကို မေးမြန်းဖြစ်ခဲ့ ပါသည်။

►ကိုစစ်နိုင် သူပါဝင်တဲ့ဇာတ်ကားတိုင်း ကြည့်ဖြစ်၊ အားပေးဖြစ်တယ်

ဒီမာယာပရောဂျက် ဇာတ် ကားထဲမှာ သူတော်တော်လေးလှတယ်။ လွန်ခဲ့တဲ့ ၂နှစ်က ရိုက်ထားတာ။ ကျွန်တော်တို့စတွေ့တဲ့ အချိန်လောက်ဆိုတော့ တအားလှတယ်။ အခု လည်းလှပါတယ်။ ဒီဇာတ်ကားထဲမှာ သူက မြန်မာဆန် ဆန်လေးဝတ်ထားတာဆိုတော့ သူ နဲ့ လိုက်တယ်။ အစကတည်းက ကျွန် တော်က သူ့ပရိသတ်အနေနဲ့ သူ့ ဇာတ်ကားတွေကို ကြည့် ပြီး အားပေးဖြစ်သလို၊ ကြိုက်လည်း ကြိုက် ပါတယ်။

►နိုင်ငံခြားရုပ်ရှင်ကြည့်ပြီး အကြံဥာဏ်လေးတွေ ပေးဖြစ်တယ်

နောက်ပိုင်း မှာလည်း ကျွန် တော်က အနု ပညာပိုင်းနဲ့ ပတ် သက်ပြီး သူ့ကို အကြံဥာဏ်ပေးလို့ ရတဲ့ကိုယ်မြင်တဲ့ ခံစား ချက်လေးတွေ၊ ပြီး တော့ နိုင်ငံ ခြားရုပ်ရှင်တွေ လည်းကျွန်တော်ကကြည့်ရတာ ဝါသနာပါတော့ ဟို ဘက် ကနေပြီး မြန်မာနိုင်ငံနဲ့ လုပ်နေတာတွေကို ဟိုဘက်အနုပညာနဲ့ ပတ် သက်ပြီး ဘာတွေအတု ယူစရာရှိလဲ ကျွန်တော်မြင်တာလေး တွေကို သူ့ကိုအကြံဥာဏ်ပေးမယ်။ သူကလည်း ဒီဘက်ခေတ်သရုပ် ဆောင်တစ်ယောက်အနေနဲ့ သူဖျော်ဖြေနိုင်တာလေးတွေ ကို ပေးနိုင် အောင် ကျွန်တော်လည်းတတ်နိုင်သလောက် အကြံဥာဏ်ပေးသွားမှာပါ။

►မတ်လထဲမှာ ဟန်းနီးမွန်းခရီးထွက် မယ်

ဟန်းနီးမွန်းကတော့ ငွေဆောင် ကို သွားဖြစ်တယ်။ နောက်ပိုင်း တော့ မတ်လထဲမှာလည်း သွားမယ်။ ဧပြီ ထဲမှာလည်း ခရီးသွားဖို့ရှိ တယ်။ ခရီး ကတော့ အမြဲတမ်း သွားဖြစ်နေတော့ သူ့ကို ပြောပါတယ်။ အမြဲတမ်း ဟန်းနီးမွန်းခရီးပေါ့လို့ သင်္ကြန်ကိုတော့ နိုင်ငံခြားသွားဖို့ တော့ စီစဉ်ထားတယ်။

►ချစ်သူရည်းစားဘဝနဲ့ အိမ်ထောင်သည်ဘဝ ကမတူဘူး

နားလည်မှုဆိုတာက တော့ အခု မှန်ညှိတုန်းပေါ့။ ရည်း စားဘဝနဲ့ အိမ်ထောင်သည်ဘဝ ကတော့မတူဘူး။အိမ်ထောင်သည် ဖြစ်သွား ပြီဆိုတော့နှစ်ဖက်မိဘဆွေ မျိုး အသိုင်းအဝိုင်းတွေကိုအခုမှ တစ် ယောက်နဲ့ တစ်ယောက်တွေ့ကြတယ်။ တစ်ယောက်အကြောင်း တစ်ယောက် ပိုပြီး သိရတယ်။

သူ့မိသားစုကလည်း ချစ်ခင် ပြီးသားဆိုတော့ တအားအဆင်ပြေ ပါတယ်။ သူ့ကိုလည်း ကိုယ်က အိမ် ထောင်ရှင်မဖြစ်ပြီဖြစ်တဲ့အတွက် သူမသိတာလေးတွေ ရှိရင် ပြောပြရ တာမျိုးတွေရှိတယ်။ သူက သူ့မိသား စုမှာလည်း အငယ်ဆုံးဆိုတော့ ကလေးဆန်တယ်။ အဲဒါလေးတွေကို တော့ ကျွန်တော့်အနေနဲ့ ပြောပြဖြစ် အဆင်ပြေပါ တယ်။

►ကလေးချစ်တတ်သူမို့ ရင်သွေးယူဖို့ ညှိရဦးမယ်

ကလေးယူဖို့ကတော့ ညှိရဦးမှာ ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ နှစ် ယောက် လုံးက အလုပ်လုပ်နေတော့ နှစ်ယောက်စလုံးကတော့ ကလေး တအား ချစ်တတ်ကြတယ်။ ကလေး ယူဖို့တော့ ညှိရဦးမယ်။

►သက်မွန်မြင့် အနုပညာအလုပ်ပေါ် မှာ တာဝန် ကျေချင်တယ်

အနုပညာအလုပ်နဲ့ ပတ်သက် ပြီးတော့ အိမ်ထောင်ကျတာနဲ့ မကျ တာနဲ့တော့ မဆိုင်ပါဘူး။ အစက တည်းက ကိုယ်က အလုပ်စလုပ်က တည်းက တာဝန်ကျေချင်တယ်။ ကိုယ်ရိုက်တဲ့ကားမှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားပြီးတော့ သရုပ် ဆောင်တယ်။ ကိုယ့်ဇာတ်ကားကြည့် တဲ့အခါမှာ ကြည့်ရတာ တန်တယ်ဆို တာမျိုးပဲ ဖြစ်ချင်တာပါ။

►ချစ်သူရည်းစားဘဝကတည်းက နားလည်မှုရှိပြီးသား အိမ်ထောင်တစ် ခုပါ

သီးသန့်ကြီးတော့ မရှိပါဘူး။ ချစ်သူဘဝကတည်းက နားလည်မှုရှိ ပြီးသားမို့လို့ အိမ်ထောင်တစ်ခုကို တည်ဆောက်ကြတယ်။ ထွေထွေထူး ထူးပြောင်းလဲသွားတာတော့ မရှိပါ ဘူး။ ကိုယ့်အလုပ်ကို သူနားလည် ပေး တယ်။ တစ်ယောက်နဲ့တစ် ယောက်က နားလည်မှုနဲ့ပဲ သူလည်း အလုပ်လုပ် ကိုယ်လည်း အလုပ်လုပ် နားလည်မှုနဲ့ပဲ ဆက် သွားကြမယ်။ သူကိုယ်တိုင် ကလည်း ရုပ်ရှင်ကြည့် တာ ဝါသနာပါတယ်။ အနုပညာကို ခံစားတတ်တယ်။ အရင်တုန်းက တော့ သူတစ်နေ့ကို ရုပ်ရှင်တစ် ကားအမြဲကြည့် တယ်ဆိုတော့ ကိုယ့် ကိုလည်း သူက သူသိတာလေးတွေကို အကြံဥာဏ်ပေးပါတယ်။

►အလုပ်တွေ အကြွေးတင်နေလို့ ဟန်းနီးမွန်းခရီး မစီစဉ်ဖြစ်သေး

ဟန်းနီးမွန်းကတော့ သေသေ ချာချာ ရွေးပြီးတော့ မသွားဖြစ်သေး ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီပွဲ အတွက်ကို စီစဉ်နေတဲ့အချိန်မှာ အလုပ်တွေကို ပစ်ထားရတာကြာပြီ ဆိုတော့ သူလည်း အလုပ်တွေပေါ် မှာ အကြွေး တင်နေတယ်။ ကိုယ်က လည်း မရိုက်ရတာကြာပြီိဆိုတော့ အလုပ်လုပ်ချင် တယ်။ အလုပ်တွေကို အရင်လုပ်လိုက်ဦးမယ်။ ပွဲပြီးပြီးချင်း တော့ နားတဲ့သဘောနဲ့ ငွေဆောင် တော့ ရောက်ဖြစတယ်။ သင်္ကြန်ကျ တော့ သွားဖို့တော့ စီစဉ်ထား တယ်။ သေတော့မသေချာသေးပါဘူး။

►အိမ်ထောင်သည်ဘဝရောက်လည်း အနုပညာအလုပ်ကို ဆက်ကြိုးစား လုပ်မယ်

သက်မွန်ကတော့ အနုပညာ အလုပ်တွေကို ဆက်ပြီးတော့ ကြိုး စားသွား မှာပါ။ အိမ်ထောင်သည် ဘဝရော၊ အနုပညာဘဝရောကို မျှ ပြီးတော့ အောင်မြင်အောင် ကြိုးစား သွားမယ်လို့ ပြောချင်ပါတယ်။

►ကိုယ်တိုင် မိခင်တာဝန်ယူနိုင်ခါကျမှ ကလေးယူတော့မယ်

လောလောဆယ်တော့ ကလေး ယူဖို့ကိုတော့ မစဉ်းစားသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်လည်း ရှိသင့်တယ်။ ကလေးကတော့ နှစ် ယောက်စလုံး ချစ်တတ် တာတော့ ဟုတ်တယ်။ ကိုယ်တိုင်ကလည်း ကလေးဆန်တယ်။ နောက်ပြီး ကလေးကို ကိုယ်ထိန်းသိမ်းနိုင်မလားဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းနေသေး တယ်။ ကိုယ်က တာဝန်ယူနိုင်တဲ့ အချိန်ကျ မှ ယူတာကောင်းတယ်။

►နေမှုထိုင်မှု ပြောဆိုမှုတွေ ခင်ပွန်း သည်က သွန်သင်ဆုံးမတယ်

သူကတော့ ကိုယ့်ကိုပြောတာ ဆိုတာတွေကို ပြောပြတယ်။ ကိုယ် က စိတ်ထဲရှိတိုင်း မပြောရဘူးလို့ ပြောပြတယ်။ သက်မွန်က တအားခံ စားလွယ်တယ်။ အဲဒီတော့ မပျော့ ညံ့ရဘူး။ ကိုယ်က သေသေချာချာ တွေး တတ်ရတယ်။ နေတတ်ထိုင် တတ်စားတတ်၊ ပြောတတ်ရတယ် လို့ ပြောပြ တာတွေရှိတယ်။ သူက လူကြီး ပုံစံအသက်က်ေ တာ့ တအားကြး မကွာ ပေမယ့် သူက ပိုပြီးကိုယ့်ထက်ရင့် ကျက်တယ်။ သင်ပေးတာလည်း ရှိတယ်။

လွင်လွင်ထွန်း
ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)၊ ထက်လူလူ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။