True Man
ဆရာကြီးဒေါင်းနွယ်ဆွေရဲ့"မာန်" ဆိုတဲ့ ကဗျာလေးပါ...
-
မာန်
-
-
အပွင့်ကိုခူး
အဖူး ငါ့မှာ ကျန်သေးတယ် …
-
အဖူးကို ဖျက်
အခက် ငါ့မှာ ကျန်သေးတယ် …
-
အခက်ကို ချိုး
အရိုး ငါ့မှာ ကျန်သေးတယ် …
-
အရိုးကို နှုတ်
အငုတ် ငါ့မှာ ကျန်သေးတယ် …
-
အငုတ်ကိုပယ်ရွေ့
မျိုးစေ့ ငါ့မှာ ကျန်သေးတယ် …
-
မနက်ဖြန်ဆို ငါပင်ပျိုသည်
ဝေစည်စိမ်းလျှက် သီးပွင့်ရွက်နှင့်
ခက်လက်ဝေဆာ မြေကမ္ဘာမှာ
သာယာဝင့်လန်း မေတ္တာဖျန်းပြီး
ငါ့လမ်း ငါလျှောက်နေဦးမယ် … ။
(ကဗျာဆရာကြီးများ ၏ ကဗျာများစုစည်းမှု မှ)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။