Today Myanmar
သင် ဆင်လိုလူလား ?
တစ်ခါကလူတစ်ယောက်ဟာ လမ်းသွားရင်းနဲ့ ဆင်ကြီးတစ်ကောင်ကိုတွေ့တယ်။ တစ်ခုခုထူးဆန်းနေမှန်းသိလိုက်တယ်။ သေချာကြည့်လိုက်တော့ ဆင်အကြီးကြီးရဲ့ ရှေ့ခြေထောက်ကို သာမန်ကြိုးလေးတစ်ချောင်းသာ ချည်နှောင်ထားတာတွေ့တယ်။ သံကြိုးကြီးမဟုတ်ပါဘူး။ ဆင်ကြီးအနေနဲ့ အသာလေးရုန်းလိုက်တာနဲ့ ကြိုးပြတ်သွားမှာပါ ။ မရုန်းဘူးဗျာ့ သူ့ချည်ထားတဲ့တိုင်နားမှာပဲ နေနေတယ်။ အနားမှာလည်း ဆင်ထိန်းရှိနေတာနဲ့ မေးကြည့်လိုက်တယ်။ ဆ...င်ထိန်းက့ 
" ဒီလိုဗျ့ သူ့ကိုငယ်ငယ်ကတည်းက အဲဒီလိုချည်ထားတာ။ အဲဒီတုန်းကတော့ သူမရုန်းနိုင်တဲ့ကြိုးနဲ့ပေါ့ဗျာ့ သူရုန်းပေမယ့် ရုန်းလို့မရဘူးလေ့ ရုန်းလိုမရမှန်းသိတော့ နောက်မရုန်းတော့ဘူ့း့ ဒီကြိုးကို သူမရုံးနိုင်ဘူးလို့ ခုထိယုံကြည်နေတယ်။့ ဒီနေ့အချိန်ထိမရုန်းတော့တာ ခင်ဗျားမြင်တဲ့အတိုင်းပဲ့ "
လို့ပြောပြပါတယ် ။ သူတစ်ကြိမ်လောက် ကြိုးစားကြည့်ရုံနဲ့ သူလွတ်မြောက်သွားနိုင်ပါလျှက်နဲ့ သူမလုပ်နိုင်ပါဘူးဆိုတဲ့ ယုံကြည်ချက်ကြောင့် သူ့ခမျာ အမြဲအရိုက်ခံ အခိုင်းခံနေရတာပါလား ။
ဒီဆင်လိုပါပဲ့  ကျွန်တော်တို့လူအများစုဟာလည်း တစ်ခုခုကို မလုပ်နိုင်ခဲ့ရင် တစ်ခါရှုံးနိမ့်ရုံနဲ့ ငါမတတ်နိုင်ပါဘူးဆိုတဲ့ ယုံကြည်ချက်ကို အသေဆုပ်ကိုင်ထားတတ်ကြတာကလာ့း့  ။ ရှုံးနိမ့်ခြင်းဆိုတာ ကြိုးစားအားထုတ်မှုရဲ့ အစိတ်အပိုင်းတစ်ခုပဲလေ။ ဒါကြောင့် ဘဝအခက်အခဲတွေကို ရင်ဆိုင်တဲ့အခါ ဘယ်တော့ ဘယ်တော့မှ နောက်မဆုတ်ပါနဲ့ ။ ။
Credit-Nyein Chan Win

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။