Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, September 19, 2013

ပရိယာယ်များသော ခရီးလမ်း

ကို စိန်သန်း
ပရိယာယ်များသော ခရီးလမ်း
( Eleven Media Group မှ ကူးယူဖေါ်ပြပါသည် )

 လောကမှာ လူရယ်လို့ ဖြစ်လာကြရင် အခက်အခဲ၊ အကျပ်အတည်း၊ အတားအဆီး၊ အနှောင်အဖွဲ့တွေနဲ့ မလွဲမသွေ ကြုံတွေ့ ဖြတ်သန်း ကျော်ဖြတ် ကြရတာဖြင့် လောကရဲ့ဓမ္မတာပါပဲ။ မိသားစုဖြစ်စေ၊ အဖွဲ့အစည်း တစ်ရပ်ဖြစ်စေ၊ အသင်းအဖွဲ့ တစ်ခုဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံ ဖြစ်စေ ထိုနည်းလည်းကောင်း ဖြတ်သန်း ကျော်ဖြတ် သွားပြီးမှသာ မိမိတို့ရဲ့ အန္တိမ ရည်မှန်းချက်ကို ရရှိကြမှာ ဖြစ်ပါတယ်။ ယနေ့ စာရေးသူတို့ ၂၀၁၅ ခုနှစ် ဖြစ်တည်လာမယ့် နိုင်ငံရေး အနာဂတ်နဲ့ ပတ်သက်ပြီး ပရိယာယ် အနှောင်အဖွဲ့၊ အတားအဆီး၊ အကျပ် အတည်း ဖြစ်စဉ်တွေအပေါ် ထင်မြင် ယူဆချက်တွေ အမျိုးမျိုး ဖြစ်ပေါ်နေပြီး သတင်းစာမျက်နှာ တွေမှာ ဝေဖန်သုံးသပ် အကြံပြု အကဲဖြတ်နေမှုများကို မြင်တွေ့ နေရပါတယ်။

မည်သည့် နိုင်ငံမှာမဆို နိုင်ငံရေးလှုပ်ရှား တောင်းဆိုသူများနဲ့ အာဏာပိုင်တွေကြားမှာ ပဋိပက္ခတွေဆိုတာ ပေါ်ပေါက် နေစမြဲပါ။ ဒီမိုကရေစီ နိုင်ငံတွေမှာ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်နေကြတာ ကမ္ဘာနဲ့အ၀န်း မြင်တွေ့နေရလို့ မထူးဆန်းလှပေမဲ့ စာရေးသူတို့ တိုင်းပြည်မှာ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ကျင့်သုံးနေမှုများကို ဆင်ခြင်သုံးသပ် သင့်ပါပြီ။ လွတ်လပ်စွာ ဆန္ဒဖော်ခွင့်တွေ ပြုထားပေမယ့် တားဆီးမှုတွေ ပြုလုပ်နေပြီး လိုရင်လိုသလို ပုဒ်မတွေ ပြောင်းလဲပြင်ဆင် သတ်မှတ်ကာ ဖမ်းဆီး ထောင်ချ အရေးယူမှုတွေ ပြုလုပ်နေခြင်းဟာ ပြည်သူတွေရဲ့ နိုင်ငံတော် အစိုးရအပေါ် အကြည်အညို ကင်းမဲ့စေတဲ့ လုပ်ရပ်တွေအဖြစ် လက်တွေ့နယ်ပယ်မှာ ဖြစ်တည်နေမှုများကို တာဝန်ရှိသူများ သတိ ချပ်သင့်လှပါပြီ။

ကမ္ဘာပေါ်မှာ ပြည်တွင်းစစ် ဖြစ်ပွားမှု အရှည်ကြာဆုံး နိုင်ငံအဖြစ် သတ်မှတ်ခံထားရတဲ့ စာရေးသူတို့ တိုင်းပြည်ဟာ အင်္ဂလိပ်တွေရဲ့ သွေးခွဲ သပ်လျှို အုပ်ချုပ်ခဲ့တဲ့ နည်းပရိယာယ်တွေကြောင့် စည်းလုံးညီညွတ်မှု ပြိုကွဲပြီး ယနေ့ထက်တိုင် အချင်းချင်း ယုံကြည်မှုတွေ ကင်းမဲ့နေမှုများအပေါ် အလေးအနက်ထားပြီး အဖြေရှာဖို့ လိုအပ်နေပါပြီ။ နှစ်ပေါင်း ၁၇ နှစ် ကြာသည့်တိုင်အောင် ငြိမ်းချမ်းရေးတွေ ရယူနိုင်ခဲ့တဲ့ ကချင်ပြည်နယ်ဟာ စစ်အစိုးရ အသွင်ပြောင်း အရပ်သား အစိုးရလက်ထက်ရောက်မှ အပစ်အခတ် ဖြစ်စဉ်တွေ မြောက်မြားစွာ ပေါ်ထွက်လာပြီး ဒေသခံ တိုင်းရင်းသားပြည်သူ မြောက်မြားစွာ စစ်ဘေးစစ်ဒဏ်ကြောင့် ဒုက္ခမျိုးစုံကို လက်ရှိ ခံစားနေမှုများ အပေါ် လူသားအချင်းချင်း စာနာ နားလည် ထောက်ထားကာ ပေးထားတဲ့ ကတိစကား တွေကို အကောင်အထည် ဖော်ပေးသင့်ပါပြီ။ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် အစိုးရနဲ့ KIO အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြပေမယ့် မရေရာသေးတဲ့ အနာဂတ်အတွက် အောက်ခြေမှာ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်များဟာလည်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် အကျပ်အတည်း တစ်ခုအဖြစ် တည်ရှိနေတာကတော့ အမှန်ပါပဲ။
ပြည်သူအားလုံး ဒုက္ခအပေါင်းမှ ကင်းဝေးစေနိုင်မယ့် ဒီမိုကရေစီအသွင် ကူးပြောင်းရေး ခရီးလမ်းကို ပရိယာယ် အခက်အခဲ အကျပ်အတည်း များကြားမှ ကျော်ဖြတ်သွားဖို့ လိုအပ်နေပြီဖြစ်ကြောင်း . . .

''ဘာသာရေး အသွင်ဆောင်တဲ့ ပဋိပက္ခတွေ ဆက်တိုက် ဖြစ်ပွားနေပါက ၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံ အပြောင်းအလဲ ဖြစ်နိုင်တယ်'' ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်ချက်ပြုစကားဟာ အလေးထား စဉ်းစားစရာ အချက်တစ်ချက်ပါပဲ။ စစ်အစိုးရခေတ် အဆက်ဆက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခဲ့ကြတဲ့ ပြည်သူတွေဟာ ယနေ့ အချိန်အခါရောက်မှ ဘာသာရေးနဲ့ ဆက်နွှယ်တဲ့ ပဋိပက္ခ ဖြစ်စဉ်တွေကြောင့် ပြည်သူအချင်းချင်း ယုံကြည်မှုကင်းမဲ့ခဲ့ကြပြီး အသက်နဲ့ ခန္ဓာကိုယ် အိုးစားကွဲခဲ့ကြသလို အိုးအိမ် စည်းစိမ်တွေလည်း ပျက်စီးဆုံးရှုံး ခဲ့ရပါတယ်။ အာဏာပိုင် အဖွဲ့အစည်းတွေအနေနဲ့ ဘာသာရေး အခြေခံတဲ့ ပဋိပက္ခဖြစ်စဉ်များသဖွယ် ထင်မြင်ယူဆနိုင်အောင် သတ်မှတ်ပြီး ဖြေရှင်းဆောင်ရွက်ပေးနေကြပေမဲ့ အများပြည်သူတွေရဲ့ ထင်မြင် ယူဆချက်ကတော့ နောက်ကြောင်းပြန်လှည့်ချင်တဲ့ အသွင်ကို ဆောင်နေတယ် ဆိုပါတယ်။ ပဋိပက္ခဖြစ်စဉ်များရဲ့ နောက်ကွယ်က အကြောင်းတရားများနဲ့ ပရိယာယ်တွေရဲ့ အတိမ်အနက်ကို မှန်းဆလို့ ခက်နေပေမဲ့ ပဋိပက္ခတွေ ဖြစ်ပွားတိုင်း အချိန်နဲ့ တစ်ပြေးညီ လုံခြုံရေးအင်အား အပြည့်အ၀ မရရှိမှုတွေဟာ ပြည်သူတွေရဲ့ ထင်မြင် ယူဆချက်တွေကို ပိုမိုပြီးလေးနက် စေတယ်လို့ ဆိုပါတယ်။

နယ်ချဲ့အင်္ဂလိပ်ရဲ့ ၀ါဒဖြန့် သွေးခွဲသပ်လျှိုခဲ့တဲ့ နည်းပရိယာယ်တွေကြောင့် တိုင်းရင်းသားတွေ စည်းလုံး ညီညွတ်ရေး ပြိုကွဲခဲ့ရသလို ယနေ့အချိန်အခါမှာလည်း လူမှုအဖွဲ့အစည်းတွေ အကြား ၀ါဒဖြန့် သွေးခွဲ သပ်လျှိုမှု ပရိယာယ်တွေကြောင့် စည်းလုံးညီညွတ်မှု ပြိုကွဲရမယ့် အနေအထားတွေကို မြင်တွေ့နေရပါပြီ။ စစ်အစိုးရခေတ် အဆက်ဆက် ၀ါဒဖြန့် ရုပ်ရှင်၊ သီချင်း၊ ဇာတ်လမ်းတွေကို စီစဉ် ဆောင်ရွက် ပေးခဲ့ကြရတဲ့ အနုပညာရှင် အသိုင်းအ၀ိုင်းဟာ ဘာအသံမှ မထွက်ခဲ့ကြပေမဲ့ ယနေ့ အချိန်ရောက်မှ အသံတွေ ထွက်ပေါ်လာကြပြီး မြန်မာ့ ရုပ်ရှင်သမိုင်းမှာ တစ်ကြိမ်တစ်ခါမှ မကြုံဖူး၊ မကြားဖူးခဲ့တဲ့ ဆန္ဒပြမှုတွေ၊ ရှေ့ဆက်ပြီးလည်း စည်းလုံး ညီညွတ်မှုကို ထိခိုက်စေနိုင်တဲ့ အနေအထားမျိုးတွေ ဖြစ်ပေါ်နေခြင်းဟာ ဒီမိုကရေစီ ခရီးလမ်းအတွက် အလားအလာ မကောင်းတဲ့ ပုံရိပ်တစ်ခုအဖြစ် တည်ရှိ နေတာကတော့ အသေအချာပါပဲ။

သတင်းမီဒီယာတွေကို ကြောက်ရွံ့မနေဘဲ ထိတွေ့ ဆက်ဆံမှု ပြုလုပ်ရန် နိုင်ငံတော် သမ္မတကြီးက အကြိမ်ကြိမ် ပြောကြားခဲ့ပေမဲ့ အချို့သော ဌာနဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ အမှန်တရားများအတွက် ယနေ့အချိန်ထိ ပွင့်လင်း မြင်သာမှုရှိရှိ သတင်းမီဒီယာတွေနဲ့ တွေ့ဖို့ တွန့်ဆုတ်နေဆဲ ရှိနေကြပါသေးတယ်။ သတင်းမီဒီယာတွေကို အကြောင်းအမျိုးမျိုးပြ ရှောင်ရှား နေမှုများဟာ အစိုးရအပေါ် ယုံကြည်မှု နည်းပါးစေတယ်ဆိုတဲ့ အချက်ကို သတိမူသင့်ပါတယ်။ ထို့အတူ စာနယ်ဇင်း ကောင်စီ(ယာယီ)နဲ့ ပြန်ကြားရေးဝန်ကြီးဌာန (အစိုးရ)တို့ ကြားမှာ ပေါ်ပေါက်နေတဲ့ အနေအထားတွေကြောင့် အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး ဝေဖန်ထောက်ပြနေတဲ့ စတုတ္ထမဏ္ဍိုင် အပေါ် ပရိယာယ်တွေနဲ့ ထိုးနှက်ချက် တစ်ရပ်အဖြစ် သုံးသပ် ဝေဖန် နေကြပါတယ်။

စတုတ္ထမဏ္ဍိုင်က ဘယ်လောက်ပဲ ဝေဖန်ရေးသား ထောက်ပြ ပြောဆိုနေကြပါစေကာမူ လုပ်ပိုင်ခွင့်နဲ့ ငွေကြေး အရှိန်အ၀ါတွေ သုံးပြီး ကိုယ့်လူမျိုးအချင်းချင်း ကြီးနိုင် ငယ်ညှဉ်းပြုကာ ''ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်၊ ငါ့လှေငါထိုး ပဲခူးရောက်ရောက်'' ပုံစံမျိုးတွေ ပြုမူနေကြတာတွေ၊ အချို့သော ရပ်ကွက်၊ မြို့နယ်အဆင့် အောက်ခြေအာဏာပိုင် အဖွဲ့အစည်းတွေရဲ့ ပြည်သူတွေအပေါ် ''ငါ့ စကားနွားရ'' ပုံစံမျိုး ဆက်ဆံ ဆောင်ရွက်နေမှုတွေဟာ လွန်ခဲ့တဲ့ လပေါင်း ၃၀ အတွင်း အစိုးရ အဖွဲ့အစည်းများနဲ့ ပတ်သက်လို့ ပြုပြင် ပြောင်းလဲမှု အားနည်းချက်တွေကို သူ့ရဲ့ လပတ် ရေဒီယို မိန့်ခွန်းတွေမှာ နိုင်ငံတော် သမ္မတကြီးက ၀န်ခံခဲ့ရတဲ့အထိပါပဲ။ ယနေ့ အချိန်အခါ ပြည်သူအများစု လက်ရှိ ရင်ဆိုင် ကြုံတွေ့နေရတဲ့ စားဝတ်နေရေး၊ အရေးသုံးပါးနဲ့ နိုင်ငံတော် သမ္မတကြီးက အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး ၀န်ခံခဲ့မှုတွေကို နှိုင်းဆ ချိန်ထိုးကြည့်ရင် မပြောင်းလဲသေးတဲ့ ဘ၀တွေအတွက် နယ်ပယ်အသီးသီးမှာ ရှိနေတဲ့ လိုအပ်ချက်များစွာကို မြင်တွေ့နေရတာတွေက သာဓကတွေပါပဲ။

မည်သို့ပင်ဆိုစေကာမူ ပြည်သူ ပြည်သားများ၊ အရပ်ဘက် ဘာသာရေး၊ လူမှုရေး အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနဲ့ တိုင်းရင်းသား အဖွဲ့အစည်းများ အားလုံးတို့ဟာ ရှေ့အနာဂတ် ဒီမိုကရေစီ ခရီးလမ်းအတွက် မလွဲမသွေ အခက်အခဲ အကျပ်အတည်း၊ အတားအဆီးများကို ကျော်ဖြတ် သွားရဦးမှာ ဖြစ်ပါတယ်။ သို့ဖြစ်၍လည်း စည်းလုံးမှု၊ ညီညွတ်မှုများ ပျက်ပြားစေနိုင်မယ့် မခန့်မှန်းနိုင်သော အမှောင့် ပယောဂ ပရိယာယ်များ ကျရောက် လာနိုင်တဲ့အတွက် နိုင်ငံရေး အစဉ်သတိရှိကြပြီး မျက်မှောက် နိုင်ငံရေးရာများ အပေါ် မျက်ခြည် မပြတ်ကြဘဲ အချင်းချင်း ခိုင်မာသော စည်းလုံးညီညွတ်မှုကို တည်ဆောက်ကာ ပြည်သူအားလုံး ဒုက္ခအပေါင်းမှ ကင်းဝေးစေနိုင်မယ့် ဒီမိုကရေစီ အသွင်ကူးပြောင်း ရေး ခရီးလမ်းကို ပရိယာယ် အခက်အခဲ အကျပ်အတည်းများကြားမှ ကျော်ဖြတ်သွားဖို့ လိုအပ်နေပြီဖြစ်ကြောင်း သတိပေး ရေးသား လိုက်ရပါတယ်။

ကချင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းတစ်ခုကို စက်တင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်)

Written by - ကိုသိန်း (ကျောက်ကြီး)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။