TechSpace Journal
စတိဗ်ဂျော့ သမိုင်းကြောင်း ရုပ်ရှင် သြဂုတ် ၁၆ ရုံတင်မည်
Apple ကုမ္မဏီအား ပူးတွဲတည်ထောင်သူ စတိဗ်ဂျော့အကြောင်းကို ရိုက်ကူးတဲ့ ရုပ်ရှင် ဖြစ်ပါတယ်။ ရုပ်ရှင် အမည်ကို American Legend လို့ အမည်ပေးထားပါတယ်။
သြဂုတ်လ ၁၆ ရက်နေ့ စတင် ရုံတင်ဖို့ အတည်ပြုလိုက်ပါပြီ။ သို့ပေမယ့် ကမ္ဘာအနှံ့ ရုံတင်ပြသနိုင်ဖို့က ဆွေးနွေး တိုင်ပင်ဆဲ ကာလဖြစ်ကြောင်း ဆိုပါတယ်။ ရုပ်ရှင် ၁၉၇၁ ခုနှစ်ကစလို့ ပထမဆုံး iPod တီထွင်တဲ့ကာလအထိ အနှစ် ၃၀ စာကို Cover လုပ်ထားပါတယ်။ အများစု ပေးတဲ့ ဝေဖန်ချက်အရ ရုပ်ရှင် စတိဗ်ဂျော့အကြောင်း ပြည့်ပြည့်စုံစုံကို မီးမောင်းမထိုးပြနိုင်ပေမယ့် Apple ဖြစ်ပေါ်လာပုံကို အခြေခံအားဖြင့် ဖော်ပြနိုင်တဲ့ ရုပ်ရှင်လို့ ဆိုပါတယ်။ Apple တင်မက Pixar တို့လို အခြား စတ...ူဒီယိုလုပ်ငန်းတို့ကို စတိဗ်ဂျော့တစ်ယောက် ဘယ်လောက်ထိ ကြိုးစားဖန်တီးသွားတယ်ဆိုတာကို ရိုက်ကူးပြသထားတဲ့ ရုပ်ရှင် ဖြစ်ပါတယ်။

ရုပ်ရှင်က စတိဗ်ဂျော့ကွယ်လွန်သွားချိန်အထိကို မလွမ်းခြုံထားပါဘူး။ ပထမဆုံး iPod မျိုးဆက် ဖန်တီးချပြ နိုင်မှုနဲ့ အဆုံးသတ်ထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း အဝေဖန်ခံရတာပါ။ Dermot Mulroney, Josh Gad, Lukas Haas, J.K. Simmons နဲ့ Matthew Modine အစရှိတဲ့ ရုပ်ရှင်သရုပ်ဆာင်များ ပါဝင်ပေးထားပါတယ်။Ashton Kutcher က စတိဗ်ဂျော့နေရာမှာ ပါဝင်သရုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။
ရုပ်ရှင် Trailer များကို အောက်ပါ လခ့်တွေမှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
.
http://youtu.be/SKZfFpCKJLM
http://youtu.be/3rOiXeKaUUM
Aung Kham (TSJ team)
.
http://blog.techspace.com.mm/2013/08/blog-post_7.html

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။