Yati Magazine
YATI FILM FEELING
----------------------
Jobs
Biography, Drama
Open Road Films
ဒါရိုက်တာ - Joshua Michael Stern
----------------------
Jobs
Biography, Drama
Open Road Films
ဒါရိုက်တာ - Joshua Michael Stern
ထုတ်လုပ်သူ - Mark Hulme,
Marcos A. Rodriguez
ဇာတ်ညွှန်း - Matt Whiteley
သရုပ်ဆောင်များ - Ashton Kutcherç Josh Gadç Ahna O'Reillyç Dermot Mulroneyç Matthew Modineç J. K. Simmonsç Lukas Haas
Apple ကုမ္ပဏီရဲ့ တွဲဖက် တည်ထောင်သူ၊ ဥက္ကဌ၊ စီအီးအို အမေရိကန် လုပ်ငန်းရှင် စတိဗ် ဂျော့ဘ်(စ်) ရဲ့ ဘဝ ဇာတ်ကြောင်း (၁၉၇၁ ကနေ ၂ဝ၁၁) သေဆုံးချိန် အထိ အဖြစ်အပျက်တွေကို အခြေခံ ရိုက်ကူးထားတဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိ ဒရာမာ ရုပ်ရှင်ကားပါ။ အက်ရှ်တန်ကာ့ထ်ချာက ဆီလီကွန်တောင် ကြား လုပ်ငန်းရှင် ဂျော့ဘ်(စ်)အဖြစ် သရုပ်ဆောင် ထားပါတယ်။
စတိဗ်ဂျော့ဘ် (စ်)ရဲ့ ထင်ရှားပေါ်လွင်ဆုံး အချိန်၊ ကိုယ်ရေးကိုယ် တာအဖြစ် အပျက်တွေ၊ စိတ်ပါဝင်စားမှုအပိုင်းနဲ့ သူ့ရဲ့ ဘဝထဲက မိတ်ဆွေတွေ အကြောင်း ထိတွေ့ ရိုက်ကူးထားတယ်။ ပုံသွင်းရ လွယ်ကူတဲ့ လူငယ် လေး၊ ထိန်းရကျောင်းရတော့ ခက်နေပြန်တဲ့ မာကျောကြွပ်ဆတ် ဟစ်ပီလေးပုံစံ ငယ်ဘဝ ကနေ အောင်မြင်မှုတွေဆီ ဖြတ်ကျော် နင်းလျှောက်လာခဲ့ တဲ့ ဂျော့ဘ်(စ်) ရဲ့ခြေလှမ်းတွေကို အက်ရှ်တန် ကာ့ထ်ချာက ပုံဖော်ထားတယ်။
သူတည်ထောင်ခဲ့ တဲ့ ကုမ္ပဏီကနေ ထုတ်ပယ်ခံရပြီး နောက်ဆုံး Apple နဲ့ အတူအောင်ပွဲ ခံနိုင်ခဲ့ပုံတွေဟာ လေးစား အားကျ အတုယူစရာ အဖြစ် မြင်တွေ့ရ လိမ့်ဦးမယ်။ ဂျော့ဘ်(စ်)ရဲ့ ငယ်ဘဝက အိမ် ကယ်လီဖိုးနီးယား၊ လောစ့်အယ်လ်တော့စ်မှာလည်း ရိုက်ကူးခဲ့ကြ တယ်။
ဒီရုပ်ရှင်ရဲ့ နာမည်ကို အမည်တပ်ဖို့ စဉ်းစားခဲ့ကြတုန်းက JOBS ဆိုပြီး Apple ရဲ့ ကုန်ပစ္စည်း အမည် 'i' စာလုံး အသေးနဲ့ အမည်ပေး လိုက်တယ်။ ဒါပေမဲ့ ဂျော့ဘ်(စ်)ရဲ့အမည် ရသ ပျောက်ပျက်ကုန်တယ်လို့ ယူဆပြီး မူလအမည် Jobs နာမည်ပဲ အသုံးပြု လိုက်ကြတော့တယ်။ ၂ဝ၁၃ Sundance Film Festival မှာ ပိတ်ပွဲ ရုပ်ရှင်အဖြစ် Jobs ကို ပြသခဲ့ကြပါတယ်။
အက်ရှ်တန်ကာ့ထ်ချာ ပရိတ်သတ် နဲ့ ဂျော့ဘ်(စ်) ရဲ့ Apple ပရိတ်သတ်တွေ အားလုံးအတွက် စောင့်မျှော်ရဦးမယ့် ရုပ်ရှင်ပါပဲ။
ဖြိုးဖြိုး

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။