MM Social Sky
တစ်ကမ္ဘာလုံးကို အင်တာနက်ရစေဖို့ ဇူကာဘတ်တို့ ကြိုးပမ်း
ဇူကာဘတ် ရဲ့ Facebook, အခြား ကုမ္မဏီကြီးများ ဖြစ်တဲ့ Sony, Nokia, Samsung တို့လည်းပါဝင်မယ့် အဖွဲ့အစည်းကြီးက တစ်ကမ္ဘာလုံးကို အင်တာနက် ရအောင် ကြိုးစားဖန်တီးတော့မှာ ဖြစ်ကြောင်း သိရပါတယ်။
ကြိုးပမ်းမယ့်နည်းလမ်းကတော့ ကမ္ဘာ့ အကုန်အကျအနည်းဆုံး၊ အသုံးပြုလို့ အဆင်ပြေမယ့် အင်တာနက် ဆက်သွယ်ရေး နည်းပညာကို ဖန်တီးပြီး လိုအပ်နေတဲ့ နိုင်ငံတွေဆီ အလကား မျှဝေပေးမှာ ဖြစ်ပါတယ်။ ဒီအတွက် www.internet.org လို့အမည်ရတဲ့ ဝဘ်ဆိုဒ်ကို ဇူကာဘတ်ကိုယ်တိုင် မိတ်ဆက် ပေးခဲ့ပါတယ်။
ကမ္ဘာမှာ လက်ရှိ အင်တာနက် အသုံးပြုသူ စုစုပေါင်း သန်း ၂ထောင်သာ ရှိသေးပြီး ကျန်ရှိတဲ့ သန်း ၅ထောင်က အင်တာနက်နဲ့ ဝေးနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာပေ...ါ်မှာ ရှိရှိ သမျှ လူတွေ အားလုံး စုစုပေါင်း သန်း ၇ထောင် လုံး အင်တာနက် အသုံးပြုနိုင်ရန် ကြိုးပမ်းဆောင်ရွက်မှာ ဖြစ်ပါတယ်။

နည်းပညာကော၊ ပစ္စည်းကော၊ ငွေကော လိုအပ်တာမှန်သမျှကို Facobook, Nokia, Samsung တို့အပြင် အခြားသော ကမ္ဘာကျော် နည်းပညာ ကုမ္မဏီများကပါ ကူညီထောက်ပံ့မှာ ဖြစ်ကြောင်း သိရပါတယ။်
.
Ref: internet.org
Aung Kham (MM Social Sky)
.
Ref: internet.org
Aung Kham (MM Social Sky)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။