Ko Nyo
မိတ်ဆွေရှားလည်း..မိတ်ဆွေရှာသူ
သြဂုတ်ဟာ
တယောက်ပြီးတယောက်ကို ခြွေနေရာက
ငြိမ်းချမ်းရေးသမားသူတော်စင်ကြီးကိုလည်း ချန်မထား။
ရန်ငါ စည်းမထားတတ်တဲ့...
သက်ရှိသမိုင်းကြီးဟာ
သူ့မျက်စေ့အောက်မှာပဲ
ဖြစ်လိုက်၊ ပျက်လိုက်၊
ပြန်ရှင်လိုက်၊ လဲပြိုလိုက်နဲ့
နိမ့်တုံ၊ မြင့်တုံ..
(ဒါပေမဲ့) မြင့်မြင့်မခုန်နိုင်တဲ့
ရဲဘော်ရဲဘက်တွေကို ကြွေကွဲစွာကြည့်ရင်း
ခဏခဏ အသဲကွဲသွားရှာသည်။
သြဂုတ်ဟာ
တယောက်ပြီးတယောက်ကို ခြွေနေရာက
ငြိမ်းချမ်းရေးသမားသူတော်စင်ကြီးကိုလည်း ချန်မထား။
ရန်ငါ စည်းမထားတတ်တဲ့...
သက်ရှိသမိုင်းကြီးဟာ
သူ့မျက်စေ့အောက်မှာပဲ
ဖြစ်လိုက်၊ ပျက်လိုက်၊
ပြန်ရှင်လိုက်၊ လဲပြိုလိုက်နဲ့
နိမ့်တုံ၊ မြင့်တုံ..
(ဒါပေမဲ့) မြင့်မြင့်မခုန်နိုင်တဲ့
ရဲဘော်ရဲဘက်တွေကို ကြွေကွဲစွာကြည့်ရင်း
ခဏခဏ အသဲကွဲသွားရှာသည်။
ရန်သူမရှိ၊ မိတ်ဆွေသာရှိ၊
ငြိမ်းချမ်းရေးအတွက်
ရန်သူကို မိတ်ဆွေဖြစ်အောင်မွေးကြသူတွေ
မိတ်ဆွေအချင်းချင်း ရန်သူဖြစ်သွားသည်ကိုလည်း
သံဝေဂယူ၊ တွေးပူသွားရှာသည်။
"ရန်သူလိုဆက်ဆံတာ၊ သူ့အပိုင်း
ကိုယ်က ရန်စိတ်မထား၊
မိတ်ဆွေပွားဖို့သာ စိတ်ကိုပြင်ဆင်ပါ" တဲ့
ဆရာကြီးကို ဗျူးခဲ့စဉ်..
တယ်လီဖုံးလိုင်းထဲက အမှာစကား
ရွှေအိုရောင်နှစ်များစွာကို
(ဒီကနေ့မှာ) ကပျာကရာ ဖုံသုတ်
ရင်ဘတ်ကရှုတ်နေတဲ့ ကြိုးတွေအကုန်ဖြုတ်ပြီး
ငုတ်တုတ်ထိုင်ခဲ့ရာက
ထရပ်လိုက်ပြီ...
ငါသည် မိတ်ဆွေရှာတော့မည်..။
ကိုညို(အော်စလို)
၁၉သြဂုတ်၂၀၁၃..
ဆရာကြီး ဒဂုံတာရာ.ဘ၀ဆက်တိုင်း ငြိမ်းချမ်းရေးကို မိမိမျက်စေ့နဲ့ တပ်အပ်မြင်ရပါစေလို့ ဆုတောင်းလိုက်ပါတယ်)
ငြိမ်းချမ်းရေးအတွက်
ရန်သူကို မိတ်ဆွေဖြစ်အောင်မွေးကြသူတွေ
မိတ်ဆွေအချင်းချင်း ရန်သူဖြစ်သွားသည်ကိုလည်း
သံဝေဂယူ၊ တွေးပူသွားရှာသည်။
"ရန်သူလိုဆက်ဆံတာ၊ သူ့အပိုင်း
ကိုယ်က ရန်စိတ်မထား၊
မိတ်ဆွေပွားဖို့သာ စိတ်ကိုပြင်ဆင်ပါ" တဲ့
ဆရာကြီးကို ဗျူးခဲ့စဉ်..
တယ်လီဖုံးလိုင်းထဲက အမှာစကား
ရွှေအိုရောင်နှစ်များစွာကို
(ဒီကနေ့မှာ) ကပျာကရာ ဖုံသုတ်
ရင်ဘတ်ကရှုတ်နေတဲ့ ကြိုးတွေအကုန်ဖြုတ်ပြီး
ငုတ်တုတ်ထိုင်ခဲ့ရာက
ထရပ်လိုက်ပြီ...
ငါသည် မိတ်ဆွေရှာတော့မည်..။
ကိုညို(အော်စလို)
၁၉သြဂုတ်၂၀၁၃..
ဆရာကြီး ဒဂုံတာရာ.ဘ၀ဆက်တိုင်း ငြိမ်းချမ်းရေးကို မိမိမျက်စေ့နဲ့ တပ်အပ်မြင်ရပါစေလို့ ဆုတောင်းလိုက်ပါတယ်)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။