MM Social Sky
ဘယ်အရာမဆို လိုသလောက် သုံတာ အကောင်းဆုံးပဲ။
===============================
တစ်ခါက ကိုမင်း ဆိုတဲ့ လူတစ်ယောက် ရှိတယ်။
သူက ဧည့်လမ်းညွှန် ဆိုပါတော့။ တစ်နေ့တော့ နိုင်ငံခြားသူ
တစ်ယောက်နဲ့ ထမင်းအတူ စားကြတယ်။
===============================
တစ်ခါက ကိုမင်း ဆိုတဲ့ လူတစ်ယောက် ရှိတယ်။
သူက ဧည့်လမ်းညွှန် ဆိုပါတော့။ တစ်နေ့တော့ နိုင်ငံခြားသူ
တစ်ယောက်နဲ့ ထမင်းအတူ စားကြတယ်။
ဆိုင်က ဘူဘေးဆိုင်ဆိုတော့ ကိုမင်းက ထမင်းတွေ အများကြီး
ယူစားတာပေါ့။ ထမင်းတွေက များတော့ ကိုမင်း မကုန်ဘူးလေ။
ထိုအခါ နိုင်ငံခြားသူက ကိုမင်း ကိုပြောတယ်။
" ကိုမင်း အသက်ဘယ်လောက်ရှိ ပြီလဲတဲ့။"
ထိုအခါ ကိုမင်းက ၃၀ လို့
ဖြေလိုက်ပါတယ်။ နိုင်ငံခြားသူက ပြန်ပြောတယ် " အခုအသက်အရွယ်ထိ ရောက်တာတောင်
ကိုယ့်ဗိုက် ဘယ်လောက်ဆန့်တယ်ဆိုတာကို မသိဘူးလားတဲ့။"
ကိုမင်းက ပြန်ဖြေတယ်။
" ကျွန်တော်တို့ နိုင်ငံဟာ ဆန်၊ စပါး အရမ်းပေါတဲ့ နိုင်ငံဗျ။"
ထိုအခါ နိုင်ငံခြားသူက ခုလိုတစ်လုံးထဲ ပြန်ပြောလိုက်တယ်။
"အဲဒါကြောင့် ဆင်းရဲနေတာ"
ကျော်လင်းနိုင် (Mm Social Sky)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။