Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, August 14, 2013

အရုဏ်ဦး လွတ်လပ်ရေး (၉)

 

အရုဏ်ဦး လွတ်လပ်ရေး (၉)

(နေသန်မောင်)

အိုးဝေအယ်ဒီတာ...

၁၉၃၅-၃၆ စာသင်နှစ်တွင် ကိုနုသည် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌအဖြစ် အရွေးခံရသလို ကိုအောင်ဆန်းလည်း အလုပ်အမှုဆောင်အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရသည်။ သမဂ္ဂ အလုပ်အမှုဆောင်အဖွဲ့ တင်မြှောက် ပြီးသည့်အခါ ကိုအောင်ဆန်းမှာ ဝါဒဖြန့်ချိရေးမှူးအဖြစ် တာဝန်ယူရသည်။ သမဂ္ဂ ဒုတိယဥက္ကဋ္ဌမှာ ကိုရာရှစ် ဖြစ်သည်။


ဥက္ကဋ္ဌအဖြစ် ကိုနုကို ရွေးချယ်တင်မြှောက်ခဲ့ပြီး အထွေထွေအတွင်းရေးမှူး ရာထူးအတွက် ကိုအောင်ဆန်းကို ရည်စူးထားသော်လည်း ကိုသီဟန် ကိုသာ နောက်ဆုံး ရွေးချယ်ခဲ့ကြသည်။ ကိုအောင်ဆန်းသည် လူမှုဆက်ဆံရေး ညံ့ဖျင်းခြင်း၊ အလိုက်ကမ်းဆိုး မသိခြင်း၊ ရိုင်းသည်ဟု သတ်မှတ် ခံရခြင်းများကြောင့် ကျောင်းသားသမဂ္ဂ၌ အထွေထွေ အတွင်းရေးမှူးအဖြစ် ရွေးကောက် မခံခဲ့ရပေ။

ကျောင်းသားသမဂ္ဂ၏ အရေးကြီးသော နေရာများ ကို တော်လှန်လိုသော ကျောင်းသားတစ်စု ရယူသွားခြင်းသည် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ၏ သဘောသဘာဝကို များစွာ ပြောင်းလဲသွားစေခဲ့သည်။ ကျောင်းသား သမဂ္ဂသည် လူမှုရေး၊ ယဉ်ကျေးမှုနှင့် အားကစားအရာများ အတွက်သာ အဓိက ဇောင်းပေးသော လူမှုရေးအသင်းအဖွဲ့မှသည် နိုင်ငံရေးနှင့် တိုင်းရေးပြည်ရာများဘက် ပိုမိုဦးလှည့်လာသည်။ ကျောင်းသားများ ၏ နိုင်ငံရေး စရိုက်လက္ခဏာများမှ ပိုမိုသိသာလာသည်။

ကျောင်းသားများ၏ အမျိုးသားလှုပ်ရှားမှု ဒီရေမြင့်တက်လာခြင်း သည် ရှောင်လွှဲ၍ မရနိုင်ကြောင်း ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး ဒီ၊ ဂျေ၊ စလော့စ်နှင့် အုပ်ချုပ်ရေး အဖွဲ့ဝင်များက နားလည် သဘောပေါက်ခဲ့ ကြသော်လည်း အဆိုပါ လှုပ်ရှားမှုများသည် ရုတ်ခြည်းမဟုတ်ဘဲ တရိပ်ရိပ်သာ မြင့်တက်လာမည်ဟု မျှော်လင့်ထားကြသည်။

ကိုအောင်ဆန်းသည် တက္ကသိုလ် ရောက်စထက်စာလျှင် ၁၉၃၅ ခုနှစ် အရောက်၌ အင်္ဂလိပ်စကားကို ကောင်းမွန် သင့်တင့်စွာ ပြောဆို လာနိုင်ပြီ ဖြစ်သည်။ သူ့ကိုယ်သူ နိုင်ငံရေးသမားတစ်ယောက် ဖြစ်လာစေရန် အတွက် အစစအရာရာ ပြင်ဆင်မှုများ ပြုလုပ်သည်။ ပဲခူးဆောင်ရှိ ကိုအောင်ဆန်း၏ အခန်းဖော် ပြောဆိုချက်အရ ကိုအောင်ဆန်းသည် တစ်ခါတစ်ရံ ချုံဖုတ်ထဲသို့ သွား၍ နာရီပေါင်းများစွာ တစ်ယောက်တည်း စကားပြောနေသည်။ ကျောင်းအားလပ်ရက်များ၌ ဗြိတိန်ပါလီမန်မှ နာမည်ကျော် နိုင်ငံရေးသမားများ စကားပြောဆိုပုံများကို ကိုအောင်ဆန်း အထူးတလည် လေ့လာသည်။ ထိုနှစ်၌ ဆရာအတတ်သင် ကောလိပ်၌ တက်ရောက်နေသူ ကိုသန်းထွန်းနှင့်လည်း ရင်းနှီးခင်မင်လာသည်။ ကိုအောင်ဆန်းသည် နန်းရင်းဝန် ဒေါက်တာဘမော်၏ အင်္ဂလိပ် စကားပြောဟန်များကို များစွာအတုခိုးပြီး လေ့ကျင့်သည်။

ကျောင်းသားသမဂ္ဂသည် ထိုနှစ်မှစတင်ကာ အများကြီး ပြောင်းလဲ သွားပြီ ဖြစ်ပြီး ပို၍ပင် နိုင်ငံရေးဆန်သော အဖွဲ့အစည်း ဖြစ်လာသည်။ ဗြိတိသျှ ဆန့်ကျင်ရေး၊ တိုင်းပြည် လွတ်လပ်ရေးအတွက် စိတ်ကူးအိပ်မက် ထားကြသော ခပ်စွာစွာ ကျောင်းသားများ သမဂ္ဂ၌ တွင်ကျယ်လာသည့် ကာလလည်း ဖြစ်သည်။

ထိုအချိန်၌ ရန်ကုန်တက္ကသိုလ်မှ ထုတ်ဝေသော ကောလိပ် မဂ္ဂဇင်းနှင့် ကျောင်းသားသမဂ္ဂမှ ထုတ်ဝေသော သမဂ္ဂမဂ္ဂဇင်းဟူ၍ နှစ်ခုရှိရာ အပြိုင်အဆိုင် ဖြစ်သည်။ ကောလိပ် မဂ္ဂဇင်းသည် ကျောင်းအုပ်ကြီး စလော့စ် ကိုယ်တိုင် ရွေးချယ် ခန့်အပ်ထားသောသူများဖြင့် ထုတ်ဝေခြင်းဖြစ်ပြီး အလိုတော်ရိ လေသံပါသည်။ သမဂ္ဂမဂ္ဂဇင်းမှာ လူဆူလူပူတို့ စုဝေးရာ ဖြစ် သဖြင့် တော်လှန်သော စာပေများကို မွေးထုတ်ရာ အရပ်လည်း ဖြစ်သည်။ ကိုအောင်ဆန်းသည် သမဂ္ဂမဂ္ဂဇင်း၏ အယ်ဒီတာဖြစ်ပြီး ကိုညိုမြမှာ မဂ္ဂဇင်း မန်နေဂျာ ဖြစ်သည်။ ကိုအောင်ဆန်းက မဂ္ဂဇင်းကို သမဂ္ဂဟု ခေါ်တွင်ခြင်း အား မကြိုက်သဖြင့် အမည်ပြောင်းလိုရာ ကိုညိုမြ ရွေးချယ်သော အိုးဝေ အမည်ကို ပြောင်းလဲ သတ်မှတ်လိုက်သည်။

ကိုအောင်ဆန်းသည် ကမ္ဘာ့စာပေများကို အတော်အတန် လေ့လာ လိုက်စား လာခြင်းကြောင့် ဗဟုသုတ တိုးတက်လာပြီး အရေးအသားဘက်၌ ထူးချွန် လာသည်။ အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ဖြစ်လာသောအခါ အများက ကြောင်သည်ဟု ယူဆခြင်းခံရသော၊ ရူးသည်ဟု သတ်မှတ်ခြင်း ခံထားရသော သူ၏အရည်အချင်းကို တက္ကသိုလ် အသိုင်းအဝိုင်း၌ အသိအမှတ် ပြုလာကြသည်။ ကိုအောင်ဆန်းသည် ရန်ကုန်မြို့ရှိ လစဉ်ထုတ် မဂ္ဂဇင်းများနှင့် နေ့စဉ်ထုတ် သတင်းစာများတွင် ဆောင်းပါးများ ရေးသား သည်။ သူသည် နယူးဘားမား သတင်းစာသို့ ဆောင်းပါးများ အပို့များသည်။

တို့ဗမာ အစည်းအရုံးသည် ‘ဗမာပြည်သည် တို့ပြည်၊ ဗမာစာသည် တို့စာ၊ ဗမာစကားသည် တို့စကား၊ တို့ပြည်ကိုချစ်ပါ၊ တို့စာကို လေးစားပါ၊ တို့စကား ကို ချီးမြှင့်ပါ’ ဆိုသည့် ဆောင်ပုဒ်ဖြင့် တစ်နိုင်ငံလုံးရှိ လူထုအကြား အထူး အာရုံစိုက်ခြင်းကို ခံနေရသောကာလ ဖြစ်သည်။ ပထမအကြိမ် တို့ဗမာ အစည်းအရုံး ညီလာခံ၌ သာယာဝတီ သူပုန်ကို ချီးကျူးခြင်း၊ တိုင်းပြည် လွတ်လပ်ရေးအတွက် လူငယ်၊ ကျောင်းသား၊ အလုပ်သမားများကို စည်းရုံးခြင်း၊ ရေနံမြေ အလုပ်သမားတို့၏ တောင်းဆိုချက်များ ကို ထောက်ခံခြင်းစသည့် ဆုံးဖြတ်ချက် သုံးရပ်ကို ချမှတ်ခဲ့ရာ ဗြိတိသျှ အစိုးရက မျက်စိဒေါက်ထောက် ကြည့်လာနေသော အချိန်ဖြစ်သည်။

ကိုနု၊ ကိုအောင်ဆန်း၊ ကိုရာရှစ် စသော တိုးတက်သည့် အမြင်ရှိသည့် ကျောင်းသားများ တက္ကသိုလ်သမဂ္ဂ၌ နေရာရလာ ပြီးနောက် ပြင်ပမှ နိုင်ငံရေးသမားကြီးများ ဖြစ်သော တို့ဗမာအစည်းအရုံးမှ သခင်ကိုယ်တော်မှိုင်း၊ ဒေါက်တာဘမော်၊ ဦးဘဖေ၊ ဂဠုန်ဦးစောတို့ကို သမဂ္ဂသို့ ဖိတ်ကြားပြီး နိုင်ငံရေးတရားပွဲများ ဟောပြောစေခြင်း၊ စကား စစ်ထိုးသည့် ငြင်းခုံပွဲများ ပြုလုပ်စေခြင်းများ ဆောင်ရွက်ခဲ့သည်။ တက္ကသိုလ် ပရိဝုဏ်အတွင်း နိုင်ငံရေး နိုးကြားမှုမှာ သိသိသာသာ ခြေလှမ်းကျဲလာသည်။ သို့သော် တရိပ်ရိပ်သာဖြစ်၏။ အိန္ဒိယနှင့် တွဲရေး၊ ခွဲရေးတွင်လည်း တွဲရေးသည် အောင်မြင်သွားသည်။

သို့သော် တွဲရေး၊ ခွဲရေးသည် ဒေါက်တာဘမော်၏ ကျွမ်းကျင်သော လက်ထဲတွင် ခွဲတွဲဖြစ်သွားသည်။ ဥပဒေပြု လွှတ်တော်တွင် ဗမာပြည်အား အိန္ဒိယနိုင်ငံအတွင်း ထားပါက ခွဲလိုသောအခါ ခွဲထွက်ခွင့်ရှိရမည်။ အိန္ဒိယမှ ခွဲထုတ်လိုက်ပါက အိန္ဒိယထက် မညံ့သော အုပ်ချုပ်ရေး ပေးရမည် ဟူသည့် ဒေါက်တာဘမော်၏ အဆို အောင်မြင်သွားသည်။ ထိုအခါ ဗြိတိသျှ အစိုးရသည် ဗမာပြည်အား အိန္ဒိယမှ ခွဲထုတ်လိုက်ရန် ဆုံးဖြတ်ကြောင်း ကြေညာလိုက်သည်။

၁၉၃၅ ခုနှစ်တွင် ဗြိတိသျှအစိုးရသည် ဗမာပြည်ကို အိန္ဒိယမှ ခွဲထုတ်ပြီး ၉၁ ဌာနအုပ်ချုပ်ရေးဟု လူသိများသော ‘၁၉၃၅ ခုနှစ် ဗမာပြည် အက်ဥပဒေ’ ဖြင့် အုပ်ချုပ်ရေး စနစ်သစ်အရ အုပ်ချုပ်သည်။ အုပ်ချုပ်ရေးသစ်အရ ၁၉၃၅ ခုနှစ်ကုန်သောအခါ ရွေးကောက်ပွဲ ပြုလုပ်သည်။ ရွေးကောက်ပွဲ၌ ဦးဘဖေ၏ ငါးပွင့်ဆိုင်ပါတီမှ ၄၆ ယောက်၊ ဒေါက်တာဘမော်၏ ဆင်းရဲသားပါတီမှ ၁၆ ယောက်၊ ဦးချစ်လှိုင်၏ ၂၁ ဦးပါတီမှ ၁၂ ယောက်၊ တို့ဗမာ အစည်းအရုံးမှ သုံးယောက်၊ ရွှေတောင်ကြား ပါတီမှ နှစ်ယောက်၊ ဖေဘီယံ ပါတီမှ တစ်ယောက်၊ သက်ပန်းမှ တစ်ယောက်၊ တစ်သီးပုဂ္ဂလ ၁၇ ယောက်၊ ကရင်-ဗြိတိသျှနှင့် အိန္ဒိယနွယ်ဖွားများက ၃၈ ယောက် စုစုပေါင်း ၁၃၆ ယောက် ရွေးကောက်ခံရသည်။ မည်သည့်ပါတီကမှ လွတ်လွတ်ကျွတ်ကျွတ် အစိုးရ မဖွဲ့နိုင်သဖြင့် ညွန့်ပေါင်းအစိုးရ ဖွဲ့သည်။ အဆိုပါ ညွန့်ပေါင်းအစိုးရကို ဒေါက်တာဘမော်က ဦးဆောင် ရသောကြောင့် ဒေါက်တာဘမော်သည် ဗမာပြည်၏ ပထမဆုံးသော ဝန်ကြီးချုပ် (နန်းရင်းဝန်) ဖြစ်လာသည်။

၁၉၃၅ ဗမာပြည် အက်ဥပဒေသစ်အရ ဥပဒေပြု လွှတ်တော်တွင် ဦးဆောင်ရသော ဒေါက်တာဘမော်သည် ဆင်းရဲသား ဝံသာနုပါတီကို ထူထောင်ပြီး ဓားမတံဆိပ်ကို အမှတ်အသား ပြုသည်။ ဓားမပါတီသည် အလုပ်သမား၊ လယ်သမားများကို ကိုယ်စားပြုသည်ဟု ကြွေးကြော်ပြီး ဂျီစီဘီအေ အကွဲအပြဲနောက်ပိုင်း လူသိများ ထင်ရှားလာသည်။ ထိုအချိန်တွင် ကျောင်းသားသမဂ္ဂသည် သခင်ပါတီဟု အမည်တွင်နေသော တို့ဗမာအစည်းအရုံးရှိ သခင်များနှင့် ပို၍ရင်းနှီးလာသည်။ ကိုအောင်ဆန်း ကား တက္ကသိုလ် ရောက်ခါစကအတိုင်း အနေအထိုင်မှာ မပြောင်းမလဲ ရှိသည်။ သမဂ္ဂအလုပ်အမှုဆောင် အဖွဲ့ဝင် ကိုအောင်ဆန်း၏ နေပုံထိုင်ပုံကို စာရေးဆရာ မြဒေါင်းညိုက အောက်ပါအတိုင်း ပုံဖော်ခဲ့သည်။

“သူနေသော ကျောင်းဆောင် အခန်းထဲသို့ ရောက်သွားရာ ခေါင်းစုတ်ဖွားနှင့် စွပ်ကျယ်အကျီ အစုတ်အပြဲ၊ စုတ်ပြတ်နေသော လုံချည်ကို ဝတ်လျက် ပတ်ဝန်းကျင် လောကကြီးကို အရေးမစိုက်သော ပုံမျိုးဖြင့် စာကုန်းကြည့်နေသော ကိုအောင်ဆန်းကို တွေ့မြင်ရလေသည်။ သူနေသော အခန်းမှာ (ပဲခူးဆောင် အမှတ် ၁၁၃) အခြားကျောင်းသားများကဲ့သို့ တန်ဆာဆင် မထားသော်လည်း အခန်းထောင့်ရှိ စာအုပ်စင်ပေါ် တွင် နိုင်ငံရေး သိပ္ပံနှင့် ဆိုင်သော စာအုပ်များကို တွေ့ရသည်”

အိုးဝေအယ်ဒီတာ ကိုအောင်ဆန်းသည် ဆရာအတတ်သင် ကောလိပ်၌ တက်ရောက်နေသော ကိုသန်းထွန်းနှင့် ခင်မင်ရင်းနှီးလာသလို ကိုသန်းထွန်း သည်လည်း တက္ကသိုလ်သို့ ပုံမှန်လိုလို ရောက်လာပြီး ခပ်စွာစွာ ကျောင်းသား များဖြစ်သော ကိုနုတို့ အပေါင်းအပါများနှင့် တွဲမိလေသည်။ ကိုသန်းထွန်း သည် နောက်ပိုင်း၌ ကန်တော်ကြီးစောင်းရှိ ကုလားကျောင်း တစ်ကျောင်းတွင် ကျောင်းဆရာ လုပ်နေပြီး နိုင်ငံရေးစာပေများကို လိုက်စားနေသည်။ ထို့နောက် တို့ဗမာအစည်းအရုံးသို့ ဝင်ကာ သခင်ဖြစ်လာသည်။ အိုးဝေမဂ္ဂဇင်းတွင် ဝင်ထွက် သွားလာကြသော ကိုအောင်ဆန်းနှင့် သခင်သန်းထွန်းတို့အကြောင်း ကိုညိုမြက အောက်ပါ အတိုင်း ရေးသားခဲ့သည်။

“ထမင်းအတူစားရာတွင် ကိုအောင်ဆန်းမှာ ကျွေးသမျှဟင်းနှင့် တင်းတိမ် ရောင့်ရဲတတ်သည်။ အခြားသူများအတွက် ဘာမှမကျန်အောင် အလိုက်ကန်းဆိုးမသိ အစားကြီးသူ မဟုတ်ပေ။ ထိုအခါ သခင်သန်းထွန်း သည် ကုလားကျောင်း၌ ကျောင်းဆရာ လုပ်လျက်ရှိရာ ထမင်းဝဝ မစားရ၍လား မသိ။ အိုးဝေမဂ္ဂဇင်း ထမင်းဝိုင်းသို့ မကြာခဏလာ၍ စားတော်ခေါ်တတ်သည်”

ရန်ကုန်တက္ကသိုလ်၌ ကျောင်းသားများသည် ဆရာနှင့်အုပ်ချုပ်ရေး အဖွဲ့ဝင်များကို ‘ဆာ’ မထူးပါက ပြစ်ဒဏ်အဖြစ် ကျောင်းမှထုတ်ပစ်လေ့ ရှိသည်။ သမဂ္ဂဥက္ကဋ္ဌ ကိုနုက ကျောင်းသားများ တက္ကသိုလ် အာဏာပိုင်များကို ဆလံပေးရခြင်းနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် ဝေဖန် သည်။ သမဂ္ဂ စင်မြင့်ထက် စကားပြောတိုင်း ဆလံပေးရခြင်းနှင့် ပတ်သက်သော အကြောင်းအရာမှာ ပါလာမြဲ ဖြစ်သည်။ ကိုနုက တက္ကသိုလ် အာဏာပိုင်များကို တိုက်ခိုက်မှုကြောင့် အခြေအနေမှာ တင်းမာစ ပြုလာသည်။ ထိုနှစ်က ကိုနုသည် သူ၏ မပြီးဆုံးသေးသော ဥပဒေဘွဲ့အတွက် တတိယမြောက်အဖြစ် တက္ကသိုလ်သို့ ပြန်လည် ရောက်လာချိန် ဖြစ်သည်။

မတ်လ အတန်းတင် စာမေးပွဲကြီး နီးကပ်လာချိန်ဖြစ်၍ ကျောင်းသားများ စာကို အသည်းအသန် လေ့လာနေချိန် ဖြစ်သည်။ ထိုအချိန် စစ်ကိုင်းဆောင်ရှိ ကျောင်းသား ကိုကျော်မြင့်ကို ကျောင်းတစ်နှစ် နားလိုက်သည်။ ကိုနုက ထိုကိစ္စအပေါ် ဒေါသထွက်နေသည်။ ကျောင်း ပိတ်ရက် ကုန်ခါနီး၍ သမဂ္ဂ နှစ်ပတ်လည် အစည်းအဝေး ကျင်းပရာ ကိုနုက အစည်းအဝေးသို့ တက်လာသော နန်းရင်းဝန်၊ အစိုးရဝန်ကြီးများ၊ တက္ကသိုလ် အာဏာပိုင်များ အစုံအညီရှေ့ တက္ကသိုလ် အာဏာပိုင်များကို ရင့်သီးသော အသုံးအနှုန်းများဖြင့် ဝေဖန်ပြောဆိုသည်။ ကျောင်းသားများက ကိုနု၏ မိန့်ခွန်းကို လက်ခုပ်လက်ဝါးတီးကာ တစ်ခဲနက် ထောက်ခံကြသည်။ အစည်းအဝေးအပြီး ၁၅ ရက်အကြာ ကိုယ်ပိုင် စာကြည့်ချိန်အဖြစ် ကျောင်း ပိတ်လိုက်သည်။

ထိုအချိန်၌ အယ်ဒီတာ ကိုအောင်ဆန်း စီစဉ် တည်းဖြတ်သည့် အိုးဝေမဂ္ဂဇင်း ထွက်လာသည်။ မဂ္ဂဇင်း မထွက်မီ တစ်ရက်အလို ရန်ကုန်မြို့လယ် ပုံနှိပ်တိုက်မှ စာအုပ်များကို ထုပ်ပိုးကာ တက္ကစီကား တစ်စီး ငှား၍ တက္ကသိုလ်သို့ ပြန်လာခဲ့သည့် မြင်ကွင်းကို ကိုညိုမြက အောက်ပါ အတိုင်း ရေးသားခဲ့သည်။

“ကားပေါ်တွင် မဂ္ဂဇင်း စာအုပ်များ တင်လျက် လေညင်းခံကာ လိုက်ပါလာသော ကိုအောင်ဆန်းနှင့် ကျွန်တော်တို့သည် မနက်ဖြန် မဂ္ဂဇင်း ထွက်လျှင် ဗုံးပေါက်ကွဲသလို တစ်ကျောင်းလုံး၊ တစ်ပြည်လုံး ဂယက်ရိုက် သွားမည်ကို လားလားမျှ မမျှော်လင့်ခဲ့ကြပေ။ ထိုမဂ္ဂဇင်း စာအုပ်များကို တင်ဆောင် လာခြင်းမှာ အမှန်အားဖြင့် ပေါက်ကွဲစေတတ်သော လက်နက်ပုန်းများကို ခိုးယူ တင်ဆောင်လာသကဲ့သို့ပင် ဖြစ်လေသည်။”

ကျောင်းပိတ်ရက် ပထမသုံးရက်အကြာ ဖေဖော်ဝါရီ ၂၁ ရက်နေ့ တွင် ကျောင်းအုပ်ကြီး စလော့စ်၏ လက်မှတ်ဖြင့် စာတစ်စောင် ကိုနုထံ ရောက်လာသည်။ တက္ကသိုလ် အာဏာပိုင်များကို တရားလက်လွတ် စော်ကားသော အကြောင်းအရာများ ပြောဆိုမှုဖြင့် တက္ကသိုလ်မှ ထုတ်ပစ်ကြောင်း အသိပေးစာ ဖြစ်သည်။ ကိုနုသည် သူကျောင်းထုတ်ခံရခြင်းကို မည်သူ့ကိုမျှ မပြောဘဲနေသည်။

တိုက်ဆိုင်လှစွာပင် အိုးဝေမဂ္ဂဇင်းမှာ တက္ကသိုလ်အတွင်း ပြန့်သွား ပြီး ကျောင်းအုပ်ကြီး ရုံးခန်း၌ ဗုံးတစ်လုံးပမာ ပေါက်ကွဲလေတော့သည်။ အိုးဝေမဂ္ဂဇင်း၌ မန်နေဂျာ ကိုညိုမြက ကလောင်အမည်ခံပြီး အင်္ဂလိပ် ဘာသာဖြင့် ရေးသားထားသော ဆောင်းပါးတိုမှာ ကျောင်းအုပ်ကြီး စလော့စ်နှင့် ကပ်ကာ မျိုးချစ်ကျောင်းသားများကို ချောက်တွန်းသူ တက္ကသိုလ်ဆရာ တစ်ဦးအား ခွေးနက်ကြီးနှင့် နှိုင်းကာ ပက်ပက်စက်စက် ဆော်ထည့် လိုက်သော အချက်များ ပါဝင်လေသည်။

“ငရဲခွေးကြီး လွတ်နေပြီ”

မဟာအဝီစိ ငရဲဘုံမှ မကောင်းဆိုးရွား မိစ္ဆာတစ်ကောင် ခွေးနက်ကြီးအသွင် ဖန်ဆင်း၍ လွတ်မြောက်သွား၏။ ၎င်းမိစ္ဆာကောင်ကြီးသည် လူ့ပြည်၌ ယာယီနေခဲ့စဉ်အတွင်း ဆိုးသွမ်းယုတ်မာသော အတ္တဘောကြီး တစ်ကောင် ဖြစ်ခဲ့၏။

ယင်းသတ္တဝါသည် ယုတ်မာခြင်း၊ သစ္စာမဲ့ခြင်း၊ ဆိုးရွားသော ရာဇဝတ်မှုများ ကျူးလွန်ခြင်း၊ စောက်တလွဲများသာ လုပ်တတ်ခြင်းကြောင့် မဟာအဝီစိ သို့ ဇောက်ထိုး ကျဆင်းခဲ့ရ၏။

ယင်းသတ္တဝါသည် ဆောင်ကြာမြိုင်မှ အပေါစား ဆပ်စလူးများကို ပြီတီတီ၊ ရိတိတိဖြင့် မြှူဆွယ် ကလိနေတတ်သော ကလိန်ကျ ဖာခေါင်း တစ်ဦးဖြစ်၏။
၎င်းသည် ကျောင်းသားရေးရာ ပျော်ပွဲရွှင်ပွဲနှင့် ကစားခုန်စားမှုများကို အရှက်မဲ့စွာ အလွန်အကျူး စိတ်ပါဝင်စားပြီး ပျာယာခတ်လောက်အောင် တွင်ကျယ်လိုသူလည်း ဖြစ်၏။

ဖာလိုက်စားတတ်ခြင်းကြောင့် ကိုယ်ပေါ်တွင် အဖုအပိမ့်များ ရှိနေ၏။ ယင်းမိစ္ဆာကောင်အား တွေ့ရှိပါက ကျေးဇူးပြု၍ ငရဲဘုံသို့ ပြန်လည် ကန်ချပေးစေလိုပါကြောင်း ....။

ပုံ
(ယမမင်း)

ကျောင်းအုပ်ကြီး စလော့စ်သည် အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်း ကို နောက်တစ်နေ့၌ ခေါ်တွေ့ပြီး ငရဲခွေးကြီး လွတ်နေပြီ (A Hell Hound at Large) ဆောင်းပါးကို ရေးသူအား ထုတ်ဖော် ပြောဆိုရန် ဆင့်ခေါ်သည်။ ယမမင်းဟု ကလောင်အမည် ခံထားသည့် အဆိုပါ ဆောင်းပါးသည် တက္ကသိုလ် အာဏာပိုင်တစ်ဦးကို တိုက်ရိုက် ဝေဖန် ထားခြင်းကြောင့် ကျောင်းအုပ်ကြီးနှင့်အဖွဲ့ အင်မတန် ဒေါသထွက်နေကြ သည်။

ကိုအောင်ဆန်းက အယ်ဒီတာ ကျင့်ဝတ်အရ မည်သူမည်ဝါ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်ခဲ့သဖြင့် ကျောင်းမှ ထုတ်ပစ်မည်ဟု အုပ်ချုပ်ရေးအဖွဲ့က ဆုံးဖြတ်လိုက်သည်။ သို့သော် ယင်းဆုံးဖြတ်ချက် ကို ဖေဖော်ဝါရီ ၂၄ ရက်နေ့အထိ မကြေညာသေးဘဲ ထားသည်။
ထိုအချိန်၌ သမဂ္ဂ ဥက္ကဋ္ဌ ကိုနုကို ကျောင်းထုတ်လိုက်ကြောင်း သတင်းများ ပြန့်သွားချိန်တွင် ဒုတိယဥက္ကဋ္ဌ ကိုရာရှစ် ပဲခူးဆောင်ရှိ ကိုနုထံ ရောက်လာပြီး အကျိုးအကြောင်းမေးသည်။ ကိုအောင်ဆန်း လည်း ကျောင်းမှ အထုတ်ခံလိုက်ရကြောင်း ကောလာဟလများ ပြန့်နေ သဖြင့် သမဂ္ဂ၏ အလုပ်အမှုဆောင် အစည်းအဝေးကို ညတွင်းချင်း ခေါ်ယူ လိုက်သည်။

ထို့နောက် မကြာခင် ကျင်းပရန်ရှိသော တက္ကသိုလ် စာမေးပွဲအား သမဂ္ဂ အလုပ်အမှုဆောင် တစ်ဖွဲ့လုံး ဝင်ရောက် မဖြေဆိုရန် ဆုံးဖြတ်လိုက်သည်။
ထိုဆုံးဖြတ်ချက်ကို ကိုရာရှစ် ဦးဆောင်ပြီး ဖေဖော်ဝါရီ ၂၅ ရက်နေ့၌ ကျောင်းသားထု ညီလာခံ ခေါ်ယူပြီး ရှင်းလင်း တင်ပြခဲ့သည်။ ကျောင်းသားသမဂ္ဂ အလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက် ကို ကြေညာလိုက်သောအခါ ကျောင်းသားထု တစ်ရပ်လုံးက ‘သပိတ် ... သပိတ် ... မှောက် ... မှောက်’ ဆိုသော ကြွေးကြော်သံကြီးသည် ညံစီ၍ ထွက်ပေါ်လာတော့သည်။

တော်လှန်လိုသော ကျောင်းသားတစ်စု၏ ကြိုတင် စီမံထားသည့် ဗြိတိသျှ ဆန့်ကျင်ရေး လှုပ်ရှားမှု စတင်ရုပ်လုံးပေါ်လာပြီ ဖြစ်သည်။ နယ်ချဲ့ အင်္ဂလိပ် တို့ကို ဆန့်ကျင် အာခံလိုသော ကျောင်းသား တစ်စုသည် သပိတ် တိုက်ပွဲဖြင့် နေမဝင် အင်ပါယာကြီးကို စတင် စိန်ခေါ်လိုက်လေတော့သည်။

(ဆက်လက်ဖော်ပြပါဦးမည်)

<< အရုဏ်ဦး လွတ်လပ်ရေး (၈) ကို ဖတ်ရှုရန်<< အရုဏ်ဦး လွတ်လပ်ရေး (၈) ကို ဖတ်ရှုရန်
(https://www.facebook.com/photo.php?fbid=613106238709639&set=a.164790403541227.32157.158797964140471&type=1&relevant_count=1)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။