အကန်းတို့၏ “ရွာ”
အပိုင်း(၁) အပိုင်း(၂) အပိုင်း(၃) တို့အား တစုတစည်းတည်း ဖေါ်ပြထားပါပြီ
ကျနော်နေသောရွာသည် အတော်ပင်ကြီးမာ၏၊ ကျနော်၏ရွာတွင် ပေါင်းစုံအမယ်စုံ အားလုံးရှိသည်။ ကျနော်တို့ရွာတွင် မှူးချုပ်ကြီးဆိုသူက အုပ်ချုပ်ကာ မှူးကြီး၏ အောက်တွင် စစ်တပ် ရဲတပ်ဖွဲ့ တရားရုံး နှင့် အုပ်ချုပ်ရေးယန္တများ အစုံလင်ရှိပြီး ပညာရေး စီးပွါးရေး မြေပေါ်ကုန်သွယ်ရေး အပြင် တရွာလုံးမသိအောင် မြေအောက်ကုန်သွယ်ရေးသည်လဲ အလွန်ထွန်းကား၏။ ကျနော့်ရွာအကြောင်း ပြောမည်ဆိုလျှင် ရွာ၏သမိုင်းအကျဉ်းကလေးလည်း ထည့်ပြောကာမှ အဆင်ပြေပေမည်။
ကျနော်တို့ရွာ၏သမိုင်းသက်တမ်းကား အလွန်ကြီးမား ရှည်လျားသောကြောင့် အရှေ့နောက် တောင်မြောက် မင်းပေါင် ၂၈၅ မင်းတောင် အုပ်ချုပ်ခဲ့သည်။ အချို့မင်းဘုရင်များက ဘာသာရေးကိုင်းရှိုင်းကြသောကြောင့် ကျနော့ရွာအား “ဓမ္မသတ်” ဟုခေါ်သော ဘာသာရေးအဆုံးမတို့၏အတိုင်း မင်းကျင့်တရားကောင်းများဖြင့် အုပ်ချုပ်ခဲ့၏။ ထို့နောက် ကျနော်တို့ရွာသည် ရွာ၏ အနောက်ဘက်မှ ကျူးကျော်လာသော သူများ၏လက်အတွင်းသို့ကျကာ ထိုကျူးလာသူတို့မှ ကျနော်တို့ရွာသူ ရွာသားများအား မည်သို့သော အကြောင်းကိစ္စနှင့်မဆို “ရာဇသတ်” ဥပဒေဟုခေါ်သော ရာဇ၀တ်မှုကျူးလွန်သောသူများအဖြင့် သတ်မှတ် အုပ်ချုပ်ခဲ့လေ၏။
ကျနော်တို့ရွာက သည်အတိုင်း ဘယ်သောအခါမှ ငုံ့မခံပါ ရရာလက်နက်ဖြင့် ဖြစ်ချင်ရာဖြစ် နေရာအနှံ့ သူပုန်ထကာ ထတိုက် ကြ၏။ နောက်ဆုံး အရှုံးများစွာဖြင့် ကျနော်တို့ရွာအားအုပ်ချုပ်သော အနောက်ဘက်သားများ ထွက်ခွါလက်လွှတ်ပေးသွားခဲ့ကြသည်။ ကျနော်တို့တရွာလုံး ပျော်မဆုံး ၊မော်မဆုံးဖြစ်ခဲ့ပါ၏။
ကျနော်တို့၏ ပျော်ရွှင်မှုကား ကြာမြင့်စွာမခံစားလိုက်ကြရပါ ၊ကျနော်တို့ ရွာသားထဲမှ မျက်လုံးအစုံကန်းနေသူများ ဖြစ်လင့်ကစား ၄င်းတို့မှာ သြဇာတချို့ ရှိနေလေတော့ ကျနော်တို့ ရွာအား အုပ်ချုပ်ရေးအာဏာကိုရယူကာ အုပ်ချုပ်လိုက်ကြလေသည်။
အဆိုပါ အကန်းများ တက်လာသောအခါ ကျနော်တို့ရွာသားများက အကန်းတို့အုပ်ချုပ်မှုအား ဆန့်ကျင်သူများရှိလာခဲ့ကြလေသည်။ ထိုအခါ အုပ်ချုပ်ရေး အာဏာရနေကြသော အကန်းများက ပထမဆုံး ဆန့်ကျင်သူ တော်လှန်သူများကို ဖမ်းဆီးကာ ၄င်းတို့၏ မျက်လုံးများအား ပုံစံမျိုးစုံဖြင့် မျက်လုံးအစုံပေါင်းများစွာအား အပြီးပိုင် ထိုးဖေါက်ပြကာဆက်လက်အုပ်ချုပ်လေသည်။ ထိုအုပ်ချုပ်ရေးစနစ်သည် မည်သည့်နေရာတွင်မှ မရှိသော အုပ်ချုပ်ရေးစနစ်တခုအဖြင့် ဇဗူ လက်ယာ တောင်ကျွန်းတွင် အထူးထင်ရှားသောအုပ်ချုပ်ရေး စနစ်ဖြစ်လေ၏။ အုပ်ချုပ်ရေး၏ သမိုင်းတွင် အမည်နာမမှာ( ပါးစပ်သတ်) အုပ်ချုပ်ရေးဟု အမည်တွင်လေသည်။
အကြောင်းမှာ ရေးဆွဲပြဌာန်းသော ဥပဒေထက်ပင် အစွမ်းထက်မြက်သော ပါးစပ်ဖြင့် အမိန့်ပေးခေစခိုင်း မောင်နှင်သော အုပ်ချုပ်ရေးတခုဖြစ်သည်။
ထို့ကြောင့် ကျနော်တို့ရွာ၏ သမိုင်းအား အသေခြာလေ့လာပါသော် ရွာ၏ စတင်ဖြစ်ပေါ်မှုမှ ယခုအချိန်ထိ အုပ်ချုပ်ရေးစနစ် (၃)မျိုးအခိုင်မာ ထွန်းကားကြောင်းတွေ့နိုင်သည်။
(၁) ဓမ္မသတ်ဖြင့် အုပ်ချုပ်သော ဓမ္မစီရင်ရေးစနစ်
(၂) ၇ာဇသတ်ဖြင့် အုပ်ချုပ်သော ရာဇ၀တ်မှုပုဒ်ထီးပုဒ်မဖြင့် စီရင်အုပ်ချုပ်သောစနစ်
(၃) ပါစပ်ဖြင့်ပြောဆို အမိန့်ပေး ညွန်ကြားသော ပါးစပ်သပ် အုပ်ချုပ်ရေးစနစ် ဖြစ်ပါသည်။
ကျနော်တို့ရွာက ရွာသားများ၏ ဇွဲကလည်းမခေပါ၊ မျက်လုံးများ အလုံးစုံ ဖေါက်ခံထားကြရလင့်ကစား မှီရာ မိရာများဖြင့် ဆက်လက်တော်လှန်ကြပြန်လေသည်။ ကျနော်အပါဝင် ကျနော်တို့ရွာသားများသည် မျက်လုံးမမြင်ကြသော်ငြား အကြားအာရုံအထိတွေ့ အာရုံ အနံ့အာရုံသုံးပါးဖြင့် ဇွဲမလျော့ပဲ ဆက်တိုက်ကြလေသသောအခါ အုပ်ချုပ်သူ အကန်းကြီးများ က မျက်စေ့ကန်းနေသော ခွေးများအကြီးအကျယ်မွေးမြူကာ ကျနော်တို့နှင့် ထိပ်တိုက် ရှူးတိုက် ကိုက်ခိုင်းကာ အနိုင်ကျင့်အုပ်ချုပ်ရေးယန္တယားထွင်လာခဲ့လေသည်။
ကျနော်တို့ရွာတွင် အုပ်ချုပ်သူအကန်းကြီးများ မွေးမြူထားသော ခွေးများတွင် အမျိုးစား(၄)မျိုးရှိလေ၏။
(၁) အနံ့ကြောင် အကောင်းအဆိုးမသိပဲ ဟောင်သောခွေး
(၂) အာရုံကြောင့် ရန်သူမိတ်ဆွေ မခွဲခြားပဲဟောင်သောကိုက်သောခွေး
(၃) အမိန့်တစုံတခု၏ အသံကြောင့် အမှားအမှန် မခွဲခြားပဲ ဟောင်သော ကိုက်သောခွေး
(၄) ဘာမှမသိပဲ ရှိရှိသမျှ ကြားကြားသမျှ တို့အား ဟောင်သော ကိုက်သော ခွေး တို့ဖြစ်ကြ၏။
မည်မျှပင် ခွေးစိမ်းခွေမဲများက သောင်းကျန်းနေသနည်းဟုမေးလျှင် ရွာလမ်းတလျောက်လူစည်ကားသော အရပ်မှ ရွာ၏ လူနေကျဲကျဲဖြစ်သော အလျှိုချောင်များပါမကျန်လောက်အောင်ပင် မျက်ကန်းခွေးများကြက်ပျံမကျ များပြားစွာ လှည့်လည်ကြက်စားကြသည်။ ရွာသူ ရွာသားများအဖို့ကလည်း မျက်ကန်းခွေးများ အား ရှောင်ရင်းတိမ်းရင်းဖြင့် စမ်းစမ်း သွားလာကြ၇သည်။ အခန့်မသင့်ပါသော် မျက်ကန်းခွေးများက ၀င်တိုက်ခြင်းခံရပြီး ခွေးကန်းများ၏ ကိုက်ဆွဲဝါးမျိုခြင်းများလည်း ခံကြရသည်။ အကြောင်းမှာ ရွာသူရွာသားများအားလုံးသည်လည်း မျက်လုံးအစုံး ထိုးဖေါက်ခံထားရသောကြောင့်၎င်း ခွေးများအားလုံးသည်လည်း မျက်လုံး အစုံကန်းနေသောကြောင့်၎င်း ကျနော်တို့ရာတွင် ခွေးကိုက်ခံရသောသူ ခွေးကိုက်ခြင်း မခံရဘူးသေးသောသူ မရှိသလောက်ရှားပါးသော ရွာဖြစ်နေပါသည်။
ဆက်လက်ပြီး အပိုင်း(၂) အကန်းတို့ရွာ၏ ကုန်သွယ်ရေး ပညာရေး နှင့် လူနေမှုစနစ်တို့၏ တိုက်ပွဲများအကြောင်းတင်ပြပေးပါအုံးမည်။
စာဖတ်သူများအား အထူးကျေးဇူးတင်ပါသည်
အပိုင်း(၂) အကန်းတို့၏ “ရွာ”
ကျနော်တို့ရွာ၏ ရွာသူရွာသားများသည် မျက်ကန်းမှူးကြီးတို့၏အုပ်ချုပ်မှုအောက်တွင် မခံနိုင်ကြသူများ ရွာက ထွက်ပြေးကြ၏၊ အချို့မှာ ရွာလွန်ရွက်တိုက်ဆိုသကဲ့သို့ပင် ရွာကိုပင် လှည့်မကြည့်ကြတော့ပါ။
သို့သော် အချို့ အကန်းမှူးကြီးတို့အား ပြန်တိုက်ရန် ရွာ၏ တောင်ဘက်၊ မြောက်ဘက်တွင်ရှိကြသော အချို့သော အကန်းများဖြင့် ပေါင်းကာ အင်းအားပြကြသည်။ သို့သော် အကန်းများနှင့် အကန်းတို့ တိုက်ကြပြီး နှစ်ဖက် အကန်းများသေဆုံးကြသည်သာအဖတ်တင်ခဲ့ပြီး ရွာသူရွာသားများအဖို့ လက်ရှိအတွက်နှင့် အနာဂတ်တွက် နှစ်ခုလုံးတွင် အကျိုးမြတ်မဲ့ခဲ့ကြရသည်။
သို့သော် ရွာမှ ထွက်ပြေးသွားကြသော အကန်းအချို့ သည် ကျနော်တို့ရွာထက် ခေတ်မှီတိုးတက်သော အခြားရွာများတွင် မျက်စေ့ကုသခွင့် ရကြပြီး အချို့မှာ အကန်းဘ၀မှလွတ်မြောက်သွားကြရကာ မိမိတို့ရွာ၏ လက်ရှိအခြေနေအား ကွဲကွဲပြားပြားအမှားအမှန်အား မြင်တွေ့ကြသည်။ အချို့မှာ မိမိမျက်ဝန်းအစုံကန်းနေပြီး မိမိက တိုက်ခိုက်တော်လှန်ခဲ့သော မျက်ကန်းတော်လှန်ရေးကိုအလွန်ပင် ဖက်တွယ်ထားကြကာ မိမိတို့၏ မျက်လုံးများကန်းနေကြသည်ကိုပင် အလွန်ဂုဏ်ယူဝင့်ကြွားနေကြသည်။ အချို့မှာ ကုသခွင့်ရကြသော်လည်း ဆက်လက်ပြီး ကြောင်တောင်ကန်းများဖြစ်နေကြပါသည်။
ထိုကြောင်တောင်ကန်းများသည် ကျနော်တို့ရွာသူရွာသားများ၏ လိုအပ်မှု နာကြင်ခံစားမှု၊ အဓမ္မအနိုင်ကျင့်ခံရမှု စသောမြရ်မိုတောင်လောက်ပင်ကြီးတမျှရှိသည့် ဒုက္ခ သောကတို့အား မြင်သယောင်ယောင်လုပ်ပြကြပြီး အုပ်ချုပ်သူ ကန်းကြီးများအား သွားရောက် ဂါရ၀ပြုကြကာ၊ကျနော့တို့ရွာသူရွာသားများအား ပြန်လည်အာဏာ ပြကြပြန်သည်။
ထိုထက်အဆိုးဝါးဆုံးမှာ ခေတ်အဆက်ဆက် ကန်းမှုး ကန်းချုပ်ကြီးများ၏ အဓမ္မပြုကျင့်ဖမ်းဆီးခံရပြီး မျက်လုံးအစုံဖေါက်ထုတ်ခံကြရသော ကျနော်တို့ရွာ၏ ရွာသားခေါင်းဆောင်အချို့များသည် ၄င်းတို့အား ဖမ်းဆီးချုပ်နှောင်ထားကြရာမှ လက်ရှိ အကန်းအာဏာပိုင်များမှ ၄င်းတို့၏ အကျိုးရလဒ်မျှော်ကိုးမှုအရ ကျနော်တို့အား ကြင်နာသနားကြသော ရွာနီးချုပ်စပ် အကောင်းများ၏ တောင်းဆိုမေတ္တာရပ်ခံပြီး အပေးအယူ ပစ္စည်းအလဲအလှည် အခြေနေမျိုးဖြင့် အပေးယူလုပ်ကာ အုပ်ချုပ်သူ ကန်းကြီးများအား မက်လုံးပေး အထောက်ပံ့ပေးကာ အနှောင်အဖွဲ့မှကင်းလွတ်အောင် ဆောင်ကျဉ်းပေးခဲ့ပြီးနောက် အဆိုပါ လွတ်လာသော အကန်းများသည် ဂနာမငြိမ်ကြတော့ပဲ ၄င်းတို့သာလျှင် အဖြူအမဲ အနီအ၀ါ သဲကွဲစွာ မြင်တွေ့ကြကြောင်း နေစဉ်နှင့်အမျှ ဟောလုံး ဖေါးလုံးများထုတ်ကြလေသည်။
ထို့အပြင် ရွာမှထွက်ပြေးသွားကြသော အကန်းများ၊ ကုသခွင့်ရကာ ကောင်းသွားကြသော မျက်မြင်များ၊ ကုသခွင့်ရကြသော်လည်း ဆက်လက်ပြီး ကြောင်တောင်ကန်းဖြစ်နေကြသူများ နေထိုင်ကြသော ရွာများသို့ခရီးထွက်ကာ ၄င်းတို့ မည်မျှ မြင်ကြောင်း ထပ်တလဲလဲ ကြွားလုံးထုတ်နေကြလေသည်။ ၄င်းတို့၏ကြွားလုံး ဖိန့်လုံးများအား သဘောကျသော အကန်းများ၊ ကြောင်တောင်ကန်းများက အကြီးအကျယ်တိုးခွေ့ကာ ဓါတ်ပုံများတွဲရိုက်ပြီး ကျနော်တို့ အကန်းများ ရေးသားသော လူမှု့ကွန်ယက် ၀က်ဆိုက်များ စာမျက်နှာများတွင် ထပ်မံကြွားလုံးပြန်ထုတ်နေကြသော အကန်းများမှ အကန်းများကို ပြန်လည် လှည့်စားသော နိုင်ငံရေး လူမှုဆက်ဆံရေး ရေစီးကြောင်းကြီးတခု အကြီးမား ကျယ်ပြန့်စွာ စီးဆင်နေလေ၏။
ကျနော်တို့ရွာသို့ မျက်လုံးအစုံကုသခွင့်ရသော်လည်း ပြန်လည် အလင်းမရပဲ ဟိတ်တလုံးဟန်တလုံးဖြင့် ၀င်လာကြသော ကြောင်တောင်ကန်းများထဲမှ အချို့သည် မှုးချုပ်ကန်းကြီး ၏ ဗျူဟာတွင် ရေစုံမျောသွားရကာ၊ အချို့ဆိုလျှင် မှူးချုပ် စီမံအကောင်ထည်ဖေါ်ပေးထားသော လက်၇ှိရွာ၏ အလယ်ခေါင်တွင် သွားရောက်ကာ ချေသုတ်ပုဆိုး မြွေစွယ်ကျိုးကဲ့သို့ပင် အမှုတော် ထမ်းနေကြသည်။ အဆိုပါကြောင်တောင်ကန်းများနှင့် မှူးချုပ်ကြီးတို့ ပူးပေါင်းကာ ရွာ၏ ဖွံ့ဖြိုးတိုးတက်ရေးအာ လုပ်ဆောင်ကြမည်ဟု အသံကောင်းဟစ်နေသည် ကျနော်တို့ရွာထဲတွင် မိုးချိန်းသကဲ့သို့ပင် သဲသဲညံ ၀က်ဝက်ကွဲဖြစ်နေသည်မှာ အတော်ကြာနေပြီဖြစ်သည်။
ရွာသို့ပြန်လာသော ကြောင်တောင်ကန်များ၏ အကြံပေးချက်အရ မှူးချုပ်ကန်းကြီး၏ အဖွဲ့များမှာ အလွန်ကောင်းမွန်သည်ဆိုသော စီးပွါးရေး ကုန်သွယ်ရေးနှင့် ပညာရေးစနစ်တို့အား ပြဌာန်းနေကြသည်။
ကျနော်တို့ရွာ၏ စီးပွါးရေးစနစ်သည် မည့်သည့် အရပ်ဒေသတွင်ဝယ် ကျင်သုံးကိုင်တွယ် ဆောင်ရွက်ဖူးသော စီးပွါးရေးစနစ်မျိုးမဟုတ်ပါ။
ကျနော်တို့ရွာတွင် စီးပွါးချမ်းသာသူတို့၏ နေက်ကြောင်းများကားအလွန်ပင် မဟာကြက်သာ၇ည်တော်နှင့်ပြည်စုံကြသည်။ ကျနော်တို့ရွာ၏ စီးပွါးချမ်းသာ ဂုဏ်ဒြပ်ရှိသူအားလုံးအား အကြမ်းမျဉ်း ကောက်ချက်ချသော် လူသတ် မုဒိန်း သူခိုး ဒမြ ဂိုဏ်းစတားနှင့် ဘိန်းကုန်ကူးသူများ ဖြစ်နေကြသည်မှာ ရွာ၏ အထူးတောက်ပြောင်သော ကြက်သရေများဖြစ်နေလေသည်။
ကျနော်တို့ရွာ၏ စီးပွါးရေး ဖေါ်ဆောင်မှုကား အံ့မခန်းဖွယ် အတုယူစရာ ဂုဏ်ယူစရာများဖြင့် လုပ်ဆောင်ကြသည်။ ကြက်သရေတော်ရှိ ဘိန်းကုန်သယ်များမှာ ရွာ၏ အဓိက အစိတ်ပိုင်းများအား မှူးကန်ကြီး မှူးဝန်ကြီးများနှင့် တိုင်ပင်ညှိနိုင်းကာ အိုအိမ်များအား နာလာဂီရိဆင်ကြီး မောင်နှင်ဝင်ရောက်သကဲ့သို့ ဖျက်ဆီးကာ သိမ်းယူကြပြီး ပြည့်တန်ဆာရုံများနှုင့် ညကလပ်ဟုခေါ်သော (အချိန်မတော် လော်လီဖေါက်ပြားရေး ပျော်တော်ဆက်) စားသောက်ဆိုင်ကြီးများ ဆောက်လုပ်ကာ စီးပွါးရေးပြုပြင်ပြောင်းလဲမှုဟုခေါ်ဆိုကြသည်။
ရွာတွင် ဘိုးစဉ်ဘောင်ဆက် ၀မ်းစာဝစိုက်ပျိုးထောက်ပံ့ပေးသော ရွာ၏ကျေးဇူးရှင် လယ်သမားကြီးများ၏ မြေယာများ အား အဓမ္မ ၀င်ရောက်သိမ်းယူကြပြီး စီးပွါးရေးပြုပြင်ပြောင်းလဲခြင်းဟု ကင်ပွန်းတပ်နေ ကြသည်။
အပိုင်း(၃) အား ဆက်လက်တင်ပြပေးပါမည်။
အကန်းတို့၏ “ရွာ” အပိုင်း (၃) နိဂုံးပိုင်း
အကန်းတို့ရွာ ဟု အများက ကင်ပွန်းတပ်ထာသော ကျနော်တို့ရွာ၏ အုပ်ချုပ်သူ အကန်းကြီးများက မည်မျှ လူရည်လည်သည်ကိုမပြောနှင့် ကျနော်တို့ရွာတွင်ရှိသော အဖိုးတန်ကျောက်မျက်ရတနာများအား မည်သို့ တူးဖေါ်ကြရမည်ကို မသိသောကြောင့် ရွာ၏ မြောက်ဘက်ဒေါင့်တွင် ရှိသော ချီးနားရွာမှ လာရောက်ကာ စက်ကြီးစက်ငယ် ပေါင်းမြောက်များစွာဖြင့် တူးဖေါ်ယူဆောင်သွားပြီး ကျနော်တို့အား ဒန်အိုးဒန်ခွက်နှင့် ခလေးကစားစရာ အရုပ်များ ပြန်လည် ပို့ဆောင်ပေးကြသည်။
ကျနော်တို့ရွာတွင် ထည်ထည်ဝါ၀ါ တောက်ပ ထွန်းလင်းနိုင်သော လျှပ်စစ်ဓါတ်အားကြီးများ ထုတ်လုပ်နိုင်သည့် အခြေနေများ ၇ှိနေသော်လည်း ရွာသူရွာသားများနှင့် အုပ်ချုပ်ရေးအာဏာပိုင်များက အကန်းကြီး အကန်းလတ် အကန်းလေးများသာ ဖြစ်နေကြသောကြောင့် အဆိုပါထယ်ဝါသော လျှပ်စစ်မီးများ မလိုအပ်တော့ပဲ ရွာနီးချုပ်စပ်တွင် ကပ်လျှက်ရှိသော ချီးနား ရွာကပင် လာရောက် ထုတ်လုပ်ကာ ၄င်းတို့ရွာဘက်သို့ သွယ်တန်းယူဆောင်သွားကြသည်။
ကျနော်တို့ရွာ၏ ပညာရေးဆိုင်ရာ စာသင်ကျောင်းများ စာသင်ခန်းနှင့် စာသင်ခုံများသည် အလွန်ပင် အံဖွယ်ကောင်းလှသည်။ ရွာတွင်းရှိအခြေခံပညာရေးစာသင်ကျောင်းများအားလုံးသည် အမိုး အကာလုံသော စာသင်ကျောင်းများ မရှိသလောက်ရှားပါးသည်။ စာသင်ခုံများသည်လဲ အဖွားအို၏ သွားချောင်းများကဲ့သို့ပင် ယိုင်နဲ့နဲ့ ယီးလေးခိုတွဲဖြစ်နေကြကာ စာရေးကရိယာများမှာလည်း ယနေ့ခေတ်တွင် ရှာမှရှားသော ကရိများကို သုံးစွဲကာ ဂုဏ်ယူနေကြသည်။
ကျနော်တို့ရွာ၏ တက္ကသိုလ်ကျောင်းများသည် ရွာနှင့် အလှမ်းဝေးသော နေရာများတွုင် ဆောက်လုပ်ဖွင့်လှစ်ကာ ဆိတ်ငြိမ်မှု အေးချမ်းမှုအား မှီခိုဖွင့်လှစ်ထားသော မဟာ ဥာဏ်ကြီးရှင် အကန်းများ၏ အစီစဉ်ဖြင့် မည်သည့်အရပ်ဒေသတွင်မဆို ပြန်လည်အသုံး မချနိုင်သော ပညာရေးအား သင်ကြားပေး၏။ တက္ကသိုလ်ကျောင်းများမှ သင်ယူပြီးဆုံးသွားသော ကျောင်းသူကျောင်းသားများသည်လည်း နေရပ်သို့ပြန်ကာ ပန်းကန်ဆေး အ၀တ်လျော် ကြမ်းတိုက် အလုပ်များ နှင့် ကြုံဒိုးအလုပ်များကို ရကြသည်။
ကျနော်တို့ရွာ၏ အလွန်အံသြဖွယ်ကောင်းသောအချက်မှာ ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့သော အကန်းမှုးချုပ်များ အကန်းချုပ်များက ၄င်းတို့ မျက်လုံးများ ထွန်းလင်းထည်ဝါစွာ မြင်တွေ့ရပြီဖြစ်ကြောင်းနှင့် ရွာ၏လိုအပ်ချက်များအား အရှိန်ဟုန်နှင့် ပြုပြင်ပြောင်းလဲတော့မည်ဖြစ်ကြောင်း မျက်မှန်စိမ်းကြီးများ တပ်ကာ ကြေငြာချက်ထုတ်လေသည်။
ကန်းချုပ်ကြီးများ၏ ကြေငြာချက်အား ယုံကြည်နေကြသော အကန်းများလည်းရှိကြသလို၊ မယုံရဲပဲ စောင့်စား လေ့လာနေသော အကန်းများလည်းရှိကြ၏။ သို့သော် မျက်မှန်စိမ်း အကာကွယ်ဖြင့် ပုံစံတမျိုးပြောင်းလာသော ကန်းချုပ်ကြီးများသည် ကျနော်တို့ရွားအား အုပ်ချုပ်ထားသည့် ရေမြေ့သခင်ကြီးများပမာ ရွာသူရွာသားများပိုင်ဆိုင်သော လယ်ယာမြေများအား တရွာလုံးနီးပါ့ အရပ်လေးမျက်နှာ လက်ညိုးထိုးမလွဲလောက်အောင်ပင် သိမ်းယူထားပြီး ၀မ်းစာစိုက်ပျိုးသော တောင်သူလယ်သမား အကန်းများကို နှင်ထုတ်ကာ ကြီးမားသော ခြံဝင်းကြီးများ ပြုလုပ်ကာရံကာ အခြားရွာမှ လာရောက်လုပ်ကိုက်သော မျက်စေ့အစုံအလင်းမြင်နေကြသည့် စီးပွါးရေးသမားများအား ရောင်းချ၍ ၀င်ငွေရှာနေကြသည်။
ကျနော်တို့ရွာသူများလည်း ကန်းနေကြသော်လည်း အလွန်လှပယဉ်ကျေးကြသည်။ ထိုသို့လှပသောမိန်းမငယ် အကန်းလေးများသည် အရွယ်မရောက်ခင်မှာပင် ရောင်းကောင်းသော ကုန်စည်များအဖြစ်သို့ေ၇ာက်သွားအောင် အကန်းချုပ်ကြီးများက အလွန်တိုးတက်ခေတ်မှီသော စီးပွါးရေး ဂယက်ထဲတွင် သွတ်သွင်းထားကြသည်။
ကျနော်တို့၏ အကန်းတို့ရွာတွင် အမျိုးပေါင်းစုံလင်သော အကန်းဘာသာတရားများလည်း၇ှိကြ၏။ အကန်းအားလုံးတို့သည် မိမိတို့၏ ကိုးကွယ်သော ဘာသာတခုတည်းကိုသာ ဖက်တွယ်ချင်းကပ်ထားပြီး မျက်မမြင် ဘာသာရေးဆရာများက အကန်းများအား ပို၍ကန်းကန်းလားအောင် အကန်းတရားများလည်း ချိမ့်ချမ့်သဲ သူ့နဲ့ငါ အပြိုင်ဆိုင်ဟောကြ၏။
ကျနော်တို့ရွာတွင် ရွာ၏လုံခြုံရေးအတွက်ဟုခေါင်းစဉ်တပ်ကာ စစ်သည် (၅)သိန်း ရှိသည့် အကန်း စစ်တပ်ကြီးလည်းရှိပါသည်။ တရားဥပဒေစိုးမိုးရေးခေါင်းစဉ်အောက်တွင် (၁)သိန်း (၂)သောင်းခန့်ရှိသော အကန်းရဲဝန်ထမ်းများနှင့် အကန်းလုံထိန်းတပ်ဖွဲများ နေရာအနှံ့တွင်ဖွဲစည်းထား၏၊ ရွာ၏လုံခြုံရေးဟု အော်ဟစ်ပြပြီး အကန်းစစ်တပ်နှင့် ရဲ လုံထိန်းအကန်းများသည် အရပ်လေးမျက်နှာ နေရာမလပ် ပစ်ခတ်ရိုက်နက်ဖမ်းဆီးကာ အကန်းတရားသူကြီးများ၏ ခုံရုံးတော်သို့ မေ၇ာက်ခင်မှာပင် လုံခြုံရေးအရ ရှင်းလင်းပစ်ကြသည်။ အကန်းတရာသူကြီးများကလည်း မျက်မှန်စိမ်းကြီးများဖြင့် ဖမ်းဆီး၇ိုက်နက်ခံရသော အကန်းများအား ထပ်မံ ထောက်ချကာ အကန်းများအား ချုပ်နှောင်ထားပြီး လိုအပ်လျှင် လိုအပ်သလို အခြားသောမျက်မြင် ရွာများနှင့် မျက်နှာလုပ်ကာ တစတစ ပြန်လွတ်ပေးပြီး အကန်း အုပ်ချုပ်ရေးတွင် အကြင်နာတရားကြီးမားကြောင်း မဟာ ဂရုနာတော်အား မကြာမကြာပြသကြသည်။
ယခု ကျနော်နေသော အကန်းတို့၇ွာတွင် ရွရွစိစိဖြစ်နေကြသည်။ အကန်းမှူးကြီးများ ခေတ္တ သနားတော်မူပြီး လွတ်ပေးထားသော အကန်းများသည် ၄င်းတို့၏ အကန်းများ ပြန်လည်တွေ့ဆုံရန် ငွေရတု အကန်းတွေ့ဆုံပွဲကြီး မကြာခင်ထီးထီးဟီးဟီး ကျင်ပမည်ဖြစ်သောကြောင့်တည်း၊ ရွာမှထွက်ပြေးသွားကာ အခြားရွာများတွင်ရောက်ရှိနေကြသော ကြောင်တောင်ကန်းများသည် ကျနော်တို့၏အကန်းမူရင်းရွာသို့ ပြန်လာရန် လှုပ်လှုပ်ရွရွဖြစ်နေကြပြီး မကြာခင် ရောက်၇ှိလာကြကာ ရွာထဲတွင် ရှိသော အကန်းမိတ်ဆွေ ငယ်ပေါင်းများအား ၄င်းတို့မည်မျှ အလင်းရပြီး ပြန်မြင်နေကြပြီဖြစ်ကြောင်း အကန်းငွေရတုတွင် ကြွားလုံးများခပ်ထွားထွားဖြင့် ဒေါင်းတလုံးမောင်းတလုံးဖြင့် အာပေါင်အာရင်းသန်သန် အော်ဟစ်သောင်းကျန်ကြပေတော့မည်။
သို့သော် ၄င်းတို့၏ အော်ဟစ်ကြွာဝါမှုအား စောင့်ကြည့်ရန် အဆင်သင့်ဖြစ်နေကြသော အကန်းချုပ်များ အကန်းမှုးများ အကန်းစစ်တပ်နှင့် အကန်းရဲလုံထိန်းတို့ မည်မျှသီးခံမည်ကိုတော့မသိနိုင်သေးပါ။ အခန့်မသင့်ဖြစ်ပါက ကန်းမှုးချုပ်များက တရွာလုံးအား ပြန်လည်ဖမ်းဆီးပြီး ထပ်မံ၍ ရှိရှိသမျှ ကန်းပြီးသားမျက်လုံးများစွာအား ထိုးဖေါက်လေမည်ကို ကျနော်စိုး၇ိမ်မိကာ အကန်းတို့၏ ရွာတွင် ကျင်းပမည်ဖြစ်သော အကန်းငွေရတုသို့ သွားရောက်လေ့လာဝံ့မည်မဟုတ်တော့ပါကြောင်း တင်ပြပါသည်။
ကျေးဇူးအထူးတင်ပါသည်
ဂိုလ်ရှယ်လေး
ဆက်လက် ၍ ခရစ်စတီးကျွန်းပေါ်တွင် တပ်ချုပ်ကြီး၏ တိုက်ရိုက်အမိန့်ဖြင့် သတ်ဖြတ်ခံရသော အပစ်မဲ့ အရပ်သူ အရပ်သား ၈၂ ယောက်နှင့် ၄င်းတို့နှင့်ပတ်သက်သော ၀န်းကြီးများ လက်ရှိနေပြည်တော်တွင် အခန့်သား စားနေကြ ၀ါးနေကြလျှက် ရှိပါသေးကြောင်း အထောက်ထားများဖြင့် တင်ပြပေးပါမည်။ မျှော်….
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။