Nine Nine Sanay @ နိုင်းနိုင်းစနေ
အစားအသောက်နဲ့ ပတ်သက်လို့ ကျွန်မကိုယ်တွေ့လေး ပြောချင်တယ်။ ၂ဝဝ၉ခုနှစ်က ကျွန်မတောင်ကြီးပြန်တော့ ကျွန်မသူငယ်ချင်းရဲ့ မိတ်ဆွေတစ်ယောက်က သရက်သီးပေါ်ချိန်ဆိုရင် သရက်သီးတွေဝယ်ပြီး တခြားနေရာတွေဆီ (အလုံးကြီးရင် နိုင်ငံခြားတင်ပို့တာတွေ) ပြန်ဖြန့်တဲ့အလုပ်လုပ်တာပေါ့။ ကျွန်မတို့ဖက်မှာလည်း စိန်တစ်လုံးသရက်သီးတွေ စိုက်ကြပြီဆိုတော့ သရက်သီးပေါ်ချိန်ဆိုရင် သူက တောင်ကြီးကို ရောက်ရောက်လာတတ်တယ်။ ကျွန်မလည်း တောင်ကြီးပြန်ရောက်စဆိုတော့ စိန်တစ်လုံးသရက်သီးကို နာမည်သာကြားဖူးတာ မစားဖူးသေးတယ်။ အရမ်းချိုတယ်၊ စိန်တစ်လုံးသရက်သီးစားဖူးရင် တခြားသရက်သီး အရသာမရှိတော့ဘူးလို့ သူငယ်ချင်းကပြောတော့ သရက်သီးမြင်တာနဲ့ ကျွန်မက စားချင်နေတာ။ ဈေးနောက်နားက သရက်သီးပွဲရုံကို သူတို့နဲ့ကျ...ွန်မလိုက်သွားတော့ ဝါဝါဝင်းဝင်း သရက်သီးခြင်းတွေ တောင်ပုံရာပုံ ပုံနေတာမြင်တော့ ပိုစားချင်တာ။ အဲဒီနေရာမှာပဲ တစ်လုံးယူပြီး ကိုက်စားမယ်လုပ်တော့ သူငယ်ချင်းကပြောတယ်.. မစားနဲ့ ။ တို့ဆေးတို့ထားတယ်တဲ့။ တို့ဆေးဆိုတာ ဘာလဲ ကျွန်မလည်း မသိဘူး။ သရက်သီးတွေကို သေချာကြည့်ကြည့်တော့ အသီးရဲ့အညှာလေး တစ်ဝိုက်လောက်မှာပဲ ဝါနေတာ။ ဝါပြီး မှည့်တယ်ထင်ရပေမယ့် ကိုင်ကြည့်လိုက်ရင် အသီးက မာတာတာနဲ့...
တို့ဆေးဆိုတာဘာလဲလို့ ကျွန်မမေးတော့... အသီးကြာရှည်ခံအောင်လုပ်တဲ့ဆေးတဲ့။ သူတို့ပြောပြတာက အဲဒီဆေးကို နည်းနည်းယူပြီး ပုံးတစ်ခုထဲထည့် ရေထည့်ပြီး အသီးကိုခဏထည့်စိမ်လိုက်၊ ပြီးရင် ဆယ်ပြီးခြင်းထဲထည့်ထားလိုက်ရင် ဘယ်လောက်စိမ်းတဲ့အသီးပဲဖြစ်ဖြစ် နောက်တစ်ရက်မနက်မှာ ဝါသွားရောတဲ့.. မှည့်သွားတာပေါ့။ အညှာထိပ်လေးမှာပဲ ဝါတာနော်။ အဲဒီမှည့်သွားတဲ့အသီးက မာတာတာနဲ့ အကြာကြီးအထားခံရော။ ရက်ကြာလို့ သရက်သီးတစ်လုံးလုံး ဝင်းဝါသွားရင်တောင် အဲဒီအသီးက ပျော့မသွားဘူး.. ဒါပေမယ့် ကျုံ့ပြီး အခွံတွေတွန့်သွားတယ်။ အဲဒီလိုလုပ်တာ သရက်သီးတင်လားဆိုတော့ မဟုတ်ဘူး.. ငှက်ပျောသီး၊ ခရမ်းချဉ်သီးတွေလည်း တို့ဆေးသုံးကြတာပဲတဲ့။ ကျွန်မတို့စားတော့ တို့ဆေးမတို့ထားတာတွေ စားတယ်။
အပင်စိုက်ပြီး အသီးရောင်းသူတွေက အဲဒီလို မလုပ်ကြဘူး.. သူတို့က ပင်ပြတ် ဒါမှမဟုတ် ခြံပြတ်ပဲရောင်းကြတယ်။ တဆင့်လာဝယ်တဲ့ ပွဲစားတွေက သူတို့ကိုယ်တိုင်ခူး၊ သူတို့ကိုယ်တိုင်ထုပ်ပိုးဆိုတော့ တို့ဆေးတို့စရာရှိရင် သူတို့ပဲ တို့ကြတာပေါ့။ အဲဒီ တို့ဆေးတို့ထားတဲ့ဟာတွေ စားစားပြီး လူတွေလည်း ဘာဖြစ်ကြမယ် ကျွန်မလည်း မသိဘူး။ အခု ကျွန်မရောက်နေတဲ့ ဒီနိုင်ငံက သရက်သီးတော်တော်များများလည်း တို့ဆေးနဲ့ ရောက်လာတာတွေချည်းပဲ။ အလုံးက ဝါဝင်းပြီး မာတာနေလိုက်တာ..

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။