Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, August 20, 2013

စကားဆိုး ဘယ်လောက်တတ်သလဲ?

 
Nine Nine Sanay @ နိုင်းနိုင်းစနေ
စကားဆိုး ဘယ်လောက်တတ်သလဲ?
_________________________

တစ်နှစ်က ကျွန်တော်တို့မိသားစု သြစတေးလျနိုင်ငံကို အလည်အပတ် သွားရောက်ခဲ့တယ်။ ရောက်ခဲ့တဲ့တစ်ပတ်အတွင်း လည်ပတ်ခဲ့တဲ့နေရာတိုင်းမှာ အဲဒီကဒေသခံတွေနဲ့ ကျွန်တော်တို့ ထိတွေ့ဆက်ဆံခဲ့တယ်။ စိတ်တွေပေါ့ပါးလန်းဆန်းပြီး ကျွန်တော်တို့ အရမ်းပျော်ရွှင်ခဲ့တယ်။

တစ်ပတ်နေပြီး ထိုင်ဝမ်အပြန်လေယာဉ်ပေါ်မှာ လေယာဉ်နောက်ပိုင်းက မိဘတစ်ဦးရဲ့ ကလေးငယ်ကို ဆဲဆိုနေတဲ့အသံတစ်သံ ကျွန်တော်ကြားလိုက်မိတယ်။ ဆဲဆိုသံကြောင့် ကျွန်တော့်အာရုံတွေ ရုတ်တရက် တင်းကျပ်လာခဲ့တယ်။ သြစတေးလျမှာ လည်ပတ်ခဲ့တဲ့တစ်ပတ်လုံးလုံး သားသမီးတွေကို ဆဲဆိုတဲ့မိဘတွေရဲ့ အသံကို မကြားခဲ့ရလို့ဖြစ်မယ်။ လေယာဉ်နောက်ပိုင်းကို ကျွန်တော်လှည့်ကြည့်လိုက်မိတယ်။ ထင်တဲ့အတိုင်းပဲ ထိုင်ဝမ်က မိသားတစ်စုဖြစ်နေတယ်။

စိတ်ရင်းခံအတိုင်းပြောရရင် ယေဘုယျအားဖြင့် ထိုင်ဝမ်ကမိဘတွေဟာ ကလေးတွေကို ဆဲဆိုဆူပူဖို့ အရမ်းနှစ်သက်ကြတယ်။ မဆဲဆိုရင် ဒီကလေးက မဖြစ်မြောက်တော့တဲ့အတိုင်း၊ လူရာမဝင်တော့တဲ့ အတိုင်းပါပဲ။ ဆဲဆိုရာမှာလည်း အဆင့်အတန်းခွဲထားကြသေးတယ်။

တစ်ဘက်ကဆူဆဲရင်း တစ်ဘက်ကရိုက်တယ်။ (နင့်ကို ငါအသေရိုက်မယ်)
လူကိုထိခိုက်ပြီး ဆူတယ်။ (နင်အဲလောက်ဆိုးရသလား! နင် အ,နေလား?)
ရက်ရက်စက်စက် ဆူတယ်။ (နောက်တစ်ခါ လုပ်ရဲသေးလား?)
ခြောက်လန့်ပြီး ဆူတယ်။ (မလိမ္မာရင် နောက်တစ်ခါ မခေါ်တော့ဘူး)
တခြားလူနဲ့ ခိုင်းနှိုင်းဆူတယ်။ (ကြည့်စမ်း.. ဟိုဖက်က ညီမလေးက နင့်ထက်ပိုလိမ္မာတယ်)
နာနာကျင်ကျင် ဆူတယ်။ (နင်တို့ဒီခေတ်က ကလေးတွေ အကောင်းထဲထား အကောင်းထဲမနေချင်ကြဘူး။ ငါတို့ခေတ်တုန်းက ဒီလိုနေချင်တောင် မနေရဘူး။)
ကဲ့ကဲ့ရဲ့ရဲ့ဆူတယ်။ (ဒီလောက်ကြီးနေတာတောင် ငိုရသေးလား? မရှက်ဘူးလား? လူများရယ်လိမ့်မယ်!)
မရေမရာ ဆူတယ်။ (နောက်တစ်ခွန်း ထပ်ပြောကြည့်စမ်း! နင်နောက်တစ်ခွန်း ထပ်ပြောကြည့်!)
ကြေကြေကွဲကွဲ ဆူတယ်။ (ဒီအတိုင်းဆက်သွားလို့ကတော့ ဘာမှဖြစ်ထွန်းမဲ့ကောင်မဟုတ်ဘူး)
ခံစားချက်နဲ့ ခြိမ်းခြောက်ဆူတယ်။ (ကြည့်စမ်း! နင့်ကြောင့် နင့်အဖေ အဲဒီလိုဖြစ်ရတာ... နင်မတောင်းပန်ရင် နင့်အဖေတော့ နင့်စိတ်နဲ့သေမှာပဲ။ ငါပင်ပင်ပန်းပန်း လုပ်သမျှတွေက နင်တို့အတွက်ပဲ)

ဒီလို အပျက်သဘောဆောင် စကားလုံးတွေက အသုံးမဝင်သလို ဆိုးဝါးတဲ့တုန့်ပြန့်မှုကိုလည်း ဖြစ်စေနိုင်ပါတယ်။

လူတွေရဲ့စိတ်ဟာ နုနယ်သိမ်မွေ့လွန်းပါတယ်။ သူ့ကိုနှစ်သက်ရင် သူ့ရဲ့ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုဟာ ပိုသန်စွမ်းပြီး အမြင့်ကို ပိုတက်လှမ်းနိုင်စွမ်းရှိလေ ပိုထူးခြားအောင်လုပ်နိုင်လေဖြစ်တယ်။ တနည်းပြောရရင် ကိုယ့်ကိုနှစ်သက်သူ၊ ပြုစုပျိုးထောင်ပေးသူအတွက် အရာရာ ကိုယ်စတေးရဲတယ်ဆိုတဲ့ စိတ်တုန့်ပြန်မှုကို ဖြစ်စေပါတယ်။

ဆန့်ကျင်ဖက်အနေနဲ့ သူ့ကိုကဲ့ရဲ့လေ၊ ဝေဖန်လေ၊ ဆူဆဲလေ သူ့ရဲ့ကိုယ့်ကိုယ်ကိုလေးစားမှုနဲ့ ယုံကြည်မှုက လျော့လေ၊ လုပ်ဆောင်နိုင်စွမ်းကျလေ၊ သင့်စကားကို နားမထောင်ချင်လေဖြစ်တယ်။

ကလေးငယ်ရဲ့ဘဝမှာ အရေးအပါဆုံးဆိုတဲ့လူကတောင် သူ့ကိုတုံးအ,တယ်လို့ထင်ခဲ့ရင် အဲဒီကလေးရဲ့မျှော်လင့်ချက်ဆိုတာ ဘာရှိဦးမလဲ? ကိုယ့်ကိုယ်ကို စွန့်ပစ်တာမျိုးပဲ သူတို့လုပ်ကြလိမ့်မယ်။

တကယ်တော့ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် စကားကို ကျွန်တော်တို့လှည့်ပြောလို့ရပါတယ်။ ကလေးငယ်တွေကို အပြုသဘောဆောင်စကားတွေနဲ့ ကျွန်တော်တို့ ပြောလို့ရပါတယ်။

တစ်ခါက တောထဲတစ်နေရာမှာ ကျွန်တော်လမ်းလျှောက်နေတုန်း မိသားစုတစ်စုနဲ့ဆုံတယ်။ မိသားစုထဲက ကလေးငယ်တစ်ယောက်ဟာ လမ်းလျှောက်ရင်းလျှောက်ရင်း ရုတ်တရက် ရေမြောင်းလဲကျသွားခဲ့တယ်။ အဲဒီမှာ ဖခင်ဖြစ်သူက အထိတ်တလန့်နဲ့ ကလေးငယ်ကိုဆွဲထူပြီး "ဘာဖြစ်လို့ ဒီလိုဖြစ်ရတာလဲ? လမ်းလျှောက်တာ လမ်းကိုမကြည့်ဘူးလား? နောက်တစ်ခါ အပြင်ထွက်ရင် မခေါ်တော့ဘူး။ အမြဲတမ်း သတိလက်လွတ် ထုံအအနဲ့" လို့ အသံကျယ်ကြီးနဲ့ ဆူတော့တယ်။

တူတဲ့အဖြစ်အပျက်မှာ ကလေးငယ်ကို ဆူဆဲမယ့်အစား "ဘယ်နားနာသွားလဲ? ရလား? လန့်သွားမယ်ထင်တယ်၊ ကိစ္စမရှိဘူး။ နောက်တစ်ခါ သတိထားနော်"လို့ သူပြောလို့ရပါတယ်။ ဒီအပြောနဲ့ အခုနားအပြောက ခံစားချက်ချင်းလုံးဝကွာတယ်။ ကလေးငယ်ကို သင်ပြဆုံးမနေတာချင်းတူပေမယ့် အပြုသဘောဆောင် စကားလုံးတွေက ကလေးငယ်ရဲ့ မိမိကိုယ်ကိုအမြင်(Self-image)ကို မြင့်တင်ပေးသလို ကလေးနဲ့မိဘကြားက ချစ်ခြင်းမေတ္တာကိုလည်း တိုးပွားစေပါတယ်။ ဒါဟာ ကောင်းတဲ့ပျံ့နှံ့လည်ပတ်မှုကိုဖြစ်စေပြီး ကလေးငယ်ကို တစ်နေ့ထက်တစ်နေ့ ပိုတိုးတက်ဖွံ့ဖြိုးစေပါတယ်။

မိတ်ဆွေတစ်ဦးက "ဒီသဘောတရားကို ကျွန်တော်နားလည်တယ်။ ကျွန်တော်အိပ်ရေးဝရင် ဘာမှမဖြစ်ဘူး။ တကယ်လို့ အိပ်ရေးမဝခဲ့ရင် ဒေါသထွက်ပြီး ဘာသဘောတရားလာပြောပြော ကျွန်တော်အတွက် အသုံးမဝင်တော့ဘူး"လို့ဆိုတယ်။ ဒါဟာလည်း အခုခေတ်မိဘတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတစ်ခုဖြစ်တယ်။ အထက် အောက် အထွန်းညှိခံရတဲ့ ဖယောင်းတိုင်လို ပင်ပန်းပြီး သွန်သင်ဆုံးမတာတွေက ဘာအရာမှရောက်တော့မှာ မဟုတ်ဘူး။

ဘယ်မိဘကမှ သားသမီးတွေကို ဒီလိုပုံစံနဲ့ မဆက်ဆံချင်သလို အဆက်ဆံလည်း မခံစေချင်ခဲ့ကြဘူး။ ဒါပေမယ့် မိဘလုပ်သူတွေက စားဝတ်နေရေးအတွက် လုံးဘန်းရပြီး ကိုယ်တိုင်လည်း ပြည့်ဝတဲ့ အချစ်၊ ဂရုစိုက်မှုတွေ မရခဲ့လို့လည်းဖြစ်မယ်? ဒီလိုဆိုရင် မိဘနဲ့ကလေးကြားက ကျန်းမာတဲ့ဆက်ဆံရေးကို နေ့စဉ်ဘဝကနေ ဖြည်းဖြည်းချင်း စတင်လို့ရတယ် မဟုတ်ပါလား?

ဒီလို ဘဝရဲ့ရင်းနှီးမြှုပ်နှံမှုက လုပ်ရတာထိုက်တန်ကြောင်း ကျွန်တော်ကို ယုံကြည်လိုက်ပါ။

မိဘဆိုတာ သားသမီးတွေကို ပျော်ရွှင်ခြင်းတွေပေးတဲ့ အိန်လ်ဂျယ်ဖြစ်နိုင်သလို ဆူပူကျိန်ဆဲတဲ့ မာရ်နတ်ဆိုးလည်း ဖြစ်နိုင်သတဲ့...

သာမန်မိဘတွေ ပြောတတ်တာကး

မင်း ဘာဖြစ်လို့ အဲဒီလောက်တောင် ပျင်းရသလဲ?
မင်း ဘာဖြစ်လို့ အဲဒီလောက်တောင် ဘရုတ်ကျရတာလဲ?
မင်း ဘာဖြစ်လို့ အဲလောက်တောင် တုံးအ,တာလဲ?
မင်း ဘာအသုံးမှမကျဘူး!
မင်း တကယ်အလိမ်တော်တယ်။
မင်း တကိုယ်ကောင်းဆန်လှချည်လား!
မင်း ခေါင်းမာလှချည်လား!
မင်း အချိန်တွေဖြုန်းနေတယ်!
မင်း လူရာမဝင်ပါလား?

ထူးကဲမိဘတွေ ပြောတတ်တာကး

နည်းနည်းထပ်ကြိုးစားလိုက် ဒီထက်ကောင်းအောင် မင်းလုပ်နိုင်လိမ့်မယ်။
အဲဒီကောင်းတဲ့ဉာဏ်ကို သင့်တော်တဲ့နေရာမှာ မင်းသုံးနော်။
ချက်ကောင်းကို ဖမ်းဆုပ်နိုင်ရင် မင်းဒီထက်ပိုတိုးတက်မယ်။
အောင်မြင်တဲ့လမ်းကို တွေ့ဖို့ မင်းအားနည်းနည်းသုံးရဦးမယ်။
မင်းပြောတာတွေက အမှန်မဟုတ်ဘူး။
တခြားလူအတွက်လည်း မင်းထည့်တွေးပေးနော်။
တခြားလူရဲ့ အကြံဉာဏ်ထဲကနေလည်း မင်းသင်ယူနိုင်ပါတယ်။
အချိန်ကို မင်း အကျိုးရှိရှိအသုံးချတတ်ပါတယ်။
လူတကာနဲ့ သင့်မြတ်အောင် မင်းပေါင်းနိုင်ပါတယ်။


မူရင်းရေးသားသူ --- ထိုင်ဝမ်စာရေးဆရာ Ding Fan (丁凡)
မူရင်းလင့် -- http://www.mdnkids.com/family_edition/detail.asp?sn=66

နိုင်းနိုင်းစနေ (Friday, April 01, 2011)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။