Chin World
ချင်းတော်လှန်ရေးသမား တဦးမှ " Away From Home" ဟူသော အမည်ဖြင့် စာအုပ်ထုတ်ဝေ
၁၉၈၈ ပြည်လုံးကျွတ်လူထု့အရေးတော်ပုံကြီးသည် ၂၀၁၃ ခုနှစ်တွင် (၂၅) နှစ်ငွေရတုတိုင်ပြီ ဖြစ်သည်။ ထို (၈၈၈၈) ငွေရတုအခမ်းအနားအား ရန်ကုန်မြို့တွင်လည်း စည်းကားသိုက်မြိုက်စွာ ကျင်းပရန် ထိုစဉ်က ပါဝင်ဦးဆောင်ခဲ့သူများမှ စီစဉ်လျက်ရှိကြသည်။
၁၉၈၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် (RASU) တွင် ဒသနိကဗေဒ (Philosphy) ပညာရပ်အား ပထမနှစ် အဖြစ်သင်ယူနေသူ ချင်းကျောင်းသား Salai Van Tuah Piang သည် ကျောင်းသားလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ပြီး မတ်လ (၁၆) ရက်နေ့၊ ၈၈ ခုနှစ်တွင် ဖမ်းဆီးခြင်းခံခဲ့ရကာ အင်းစိန်အကျဉ်းထောင်တွင် ထိန်းချုပ်ခြင်း ခံခဲ့ရသည်။
ထို့နောက် အကျဉ်းထောင်မှ လွတ်မြောက်ပြီး၊ ချင်းပြည်နယ်မှတဆ...င့် စစ်တပ်၏ ဖမ်းဆီးမှုကို လွတ်မြောက်ရန်အတွက် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခဲ့သည်။

ထို့နောက် ချင်းအမျိုးသားတပ်ဦး (CNF) သို့ ၀င်ရောက်ခဲ့ပြီး၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သို့ အခြား ချင်းကျောင်းသားများနှင့်အတူ သွားရောက်ခဲ့ကာ စစ်ပညာသင်ကြားခဲ့သည်။ ချင်းအမျိုးသားတပ်မတော် (CNA) ၏ Training Instructor အဖြစ်လည်း စစ်သင်တန်းများအား ဦးဆောင်ခဲ့သူတစ်ဦးဖြစ်သည်။ ၁၉၉၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့နေထိုင်ပြီး၊ Social Work ဘာသာရပ်ဖြင့် အမေရိကန်ပြည်ထောင်စုတွင် ပညာဆက်လက်သင်ကြားခဲ့သည်။
အင်္ဂလိပ်ဘာသာနှင့် ချင်း (Falam) ဘာသာဖြင့် ရေးသားထားသော အဆိုပါ "Away From Home" စာအုပ်သည် စာမျက်နှာ (၂၀၀) နီးပါးဖြစ်ပြီး၊ တစ်အုပ်လျှင် အမေရိကန်ဒေါ်လာ (၁၅) ဒေါ်လာဖြင့် ၀ယ်ယူနိုင်မည်ဖြစ်သည်။
ထိုစာအုပ်သည် (၈၈၈၈) အရေးတော်ပုံကြီးမှ စတင်ကာ သူ၏ ပြောင်းလဲသွားသော ဘ၀အကြောင်းအရာများ၊ တောတွင်းအခက်အခဲများ၊ ကချင်ပြည်နယ်တွင် ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများ စသည်ဖြင့် ပါဝင်ပြီး I Love Myanmar Foundation မှ Pi Levi Sap Nei Thang မှ "ဒီစာအုပ်ကို ဖတ်ရတာ မျက်ရည်တောင် ကျမိပါတယ်" ဟု စာအုပ်အပေါ် မှတ်ချက်ပြုခဲ့သည်။
(၈၈၈၈) အရေးတော်ပုံကြီး ငွေရတုအထိမ်းအမှတ်နှင့်အမှီ ထွက်ပေါ်လာသော အဆိုပါ "Away from Home" စာအုပ်အား ၀ယ်ယူဖတ်ရှု့လိုသူများအနေဖြင့် စာရေးသူ (Pu) Van Tuah Piang ၏ Email: vpiang@yahoo.com၊ ဖုန်းနံပါတ် 317-979-2677 များသို့ ဆက်သွယ်ကာ ၀ယ်ယူ ဖတ်ရှု့နိုင်ပါတသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။