ဗေဒါလမ်း Baydarlan သုတ ရသ ဟာသ ပြည်ပအနုပညာ
Detox လုပ်တယ်ဆိုတာ...............။
*************************
ကျန်းမာရေးစာစောင်တွေဖတ်ရင် detox လုပ်တဲ့ဆိုတယ် စကားကို ခဏခဏတွေ့ရပါလိမ့်မယ်။
Detox လုပ်တယ်ဆိုတာကတော့ ခန္ဓာကိုယ်ကအဆိပ်ကိုသန့်စင်ပေးတဲ့စားသောက်နည်းပဲဖြစ်ပါတယ်။ ကျွန်မတို့ဟာ စားချင်တာစား၊ သောက်ချင်တာသောက်ကြလို့ ခန္ဓာကိုယ် အတွင်းက ကလီစာတွေ၊ အသည်းတွေ ဟာ အဆိပ်အတောက်ဒဏ်တွေကိုခံစားရပါတယ်။
detox လုပ်ခြင်းအားဖြင့် ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေ သန့်ရှင်းစေပါတယ်။ detox လုပ်တယ်ဆိုရင် တစ်နေ့လုံး အသီးအရွက်ကိုပဲ စားပေးကြပါတယ်။ အသီးအရွက် နဲ့ သစ်သီးတွေ ကို တစ်ပတ်ကိုတစ်ရက်၊ တစ်လကို လေးရက်လောက် တစ်နေ့လုံးစားပေးခြင်းအားဖြင့် အသည်းနဲ့ ကလီစာများကို အနားပေးစေပြီး ခန္ဓာကိုယ်ကို အဆိပ်ပြေစေပါတယ်။...

အစာငတ်ခံစရာမလိုပဲ ၀ိတ်လည်းကျစေပြီး ကျန်းမာရေးလည်းညီညွတ်တာမို့ နိုင်ငံတကာမှာ တော်တော်အသုံးပြုလာတဲ့ diet နည်းတစ်မျိုးလည်းဖြစ်ပါတယ်။ ရိုးရိုးရေသောက်မယ့်အစားလည်း သစ်သီး၊ သစ်ရွက် စိမ်ထားတဲ့ ရေကိုသောက်သုံးခြင်းအားဖြင့် ကျန်းမာရေးကောင်းစေပါတယ်။
အချို့ကတော့ တစ်ပတ်စာ detox လုပ်ဖို့ အချိန်ဇယားဆွဲထားတတ်ကြပါတယ်။ ဟင်းသီးဟင်းရွက်များနဲ့ သစ်သီးများကို မျိုးစုံလုပ်စားခြင်းဖြစ်ပါတယ်။
လွယ်ကူပြီး အသည်းကိုသန့်ရှင်းစေတဲ့ Detox လုပ်နည်းများကတော့
သောက်ရေထဲကို သံပယိုသီး၊ သခွားသီးစိတ်၊ ပူစီနံရွက် များစိမ်ပြီးသောက်ခြင်း၊
စတော်ဘယ်ရီသီးလေးများ စိမ်ပြီး သောက်ခြင်း၊ လီမွန်တစ်စိတ်လောက်ညစ်ထည့်ပြီးသောက်ခြင်း တို့ပြုလုပ်ခြင်းဟာ ငွေကုန်ကြေးကျမများပဲ အလွယ်တကူ အိမ်တွင်းဖြစ် Detox လုပ်နိုင်တဲ့ နည်းလမ်းလေးတွေပါ။
KZL

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။