Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, July 13, 2013

သက်ဝင်ယုံကြည်မှုဖြင့် ကုသသည့် မြန်မာနိုင်ငံက ဆေးဖြတ်စခန်း

 
Burma-Newselite
သက်ဝင်ယုံကြည်မှုဖြင့် ကုသသည့် မြန်မာနိုင်ငံက ဆေးဖြတ်စခန်း
***************************************
လွန်ခဲ့တဲ့ တနှစ်လောက်ကတော့ ကိုဝဏ်နောင်လေး က မြန်မာပြည်
မြောက်ပိုင်း ရွာလေးမှ အလုပ်ရှာရန်ထွက်လာခဲ့သော်လည်း အလုပ်အစား ဟီရိုအင်းကိုသာ တွေ့ခဲ့ရသည်။ ဒီကနေ့တွင် အရိုးပြိုင်းပြိုင်းဖြစ်နေသည့် အသက် ၂၅ နှစ်အရွယ် ကိုဝဏ်နောင်လေးကို ညစ်ပတ်ပေရေနေသော
စောင်ဖုံးလွှမ်းထားသည့် ၀ါးလှောင်အိမ်ထဲတွင် ဘိန်းဖြတ်ရန် လှောင်ပိတ် ခံနေရသည်။

သူကတော့ ကချင်ပြည်နယ်မြစ်ကမ်းပါးတလျှောက် အစီအရီဆောက်ထား သည့် သွပ်မိုးအဆောင်များရှိရာ Youth for Christ Center ဘိန်းဖြတ် စခန်းတွင် အကြမ်းနည်းဖြင့် အစိမ်းဖြတ်နေသည့် လူငယ် ၆ ရာထဲမှ တဦးသာ ဖြစ်သည်။

မြန်မာသည် အာဖဂန်နစ္စတန်ပြီးလျှင် ကမ္ဘာတွင် ဘိန်းဒုတိယအများဆုံး ထုတ်လုပ်နေပြီး ထိုမှထုတ်လုပ်သည့် ဘိန်းဖြူသုံးစွဲမှုကလည်း ပျံ့နှံ့နေ၏။ ထိုဘိန်းဖြတ်စခန်း၏ ကျော်ကြားမှုသည် မြန်မာနိုင်ငံ၏ ဘိန်းပြဿနာ ကြီးမားမှုနှင့် ဤဆင်းရဲသောတိုင်းပြည်တွင် ခေတ်မှီဆေးဖြတ်ပေးသည့် အစီအစဉ်များနဲပါးနေမှုတို့၏ ပြရုဂ်တခုပင် ဖြစ်ပေသည်။

ဤစခန်းက ဆုတောင်းခြင်း၊ ကျမ်းစာသင်ခြင်းနှင့် ဓမ္မတေးသီဆိုခြင်း အပြင် သန်စွမ်းနေသူများကို ဘောလုံးနှင့် အလေးမအားကစားနည်း များဖြင့် ရက်လေးဆယ် သင်တန်းဖြင့် ဆေးဖြတ်ပေးသည်။
ဘိန်းဖြတ်ခြင်းကို ၀ါးလှောင်အိမ်တွင် စတင်သည်။ ထိုနေရာကို အထူးဆုတောင်းခန်းဟုခေါ်သည်။ အသစ်ရောက်လာသူများကို ထိုလှောင်အိမ်ထဲတွင် ၇ ရက်မှ ၁၀ ရက်အထိ နေ့ရောညပါ လှောင်
ထားသည်။

"ပထမတော့ ကျနော်အိမ်ကိုပဲ ပြန်ချင်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ ကျနော် နဲနဲနေလို့ ပိုကောင်းလာပြီ။" ဟု ကိုဝဏ်နောင်လေး က ပြောသည်။ သူ၏ လက်ဖြန်တွင်လည်း အပ်ပေါက်ဟောင်းများဖြင့်ပြည့်နှက်နေလေ၏။

Youth for Christ Centre သည် အသက် ၄၅ နှစ်အရွယ်ရှိ နဒင်ဂီ လာဂျာ ၏ အစီအစဉ်ဖြစ်သည်။ သူက အဆိုတော်နှင့် ကိုယ်တိုင်က
ဆေးသမားတဦးလည်းဖြစ်ခဲ့ပြီး သူ့ကို အဆိုတော်အမည် Ahja ဖြင့် လူသိများသည်။ ပိန်ပိန်ပါးပါးနှင့် သန်မာပုံရသည့် အားဂျာက သူကိုယ်တိုင်
မူးယစ်ဆေးသုံးစွဲမှုကြောင့် ထောင်ဒဏ် ၉ နှစ် ကျခံခဲ့ရချိန်တွင် ဘုရားသခင်အပေါ်ယုံကြည်မှုကြောင့် မူးယစ်ဆေး ပြတ်ခဲ့သည်ဟု ယုံကြည်ထားသည်။ သူထောင်ကပြန်လွတ်အပြီး တနှစ်အကြာ
၂၀၀၉ ခုနှစ်တွင် ဘာသာရေးယုံကြည်မှုအပေါ် အခြေခံထားသည့် ဤဘိန်းဖြတ်စခန်းကို ထူထောင်ခဲ့သည်။

သူ၏အစိမ်းဖြတ်နည်းကို နိုင်ငံတကာကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများ ကြားတွင် ထောက်ခံမှု နဲပါးသည်။ မိမိဆန္ဒအလျောက်ဖြတ်ခြင်းက ပို၍ လူသားဆန်ပြီး ပို၍လည်းထိရောက်သည်ဟု ဆိုသည်။ သူတို့ကတော့ ထိခိုက်မှုရော့နဲစေသည့် နည်းလမ်းများကို တိုက်တွန်းသည်။ ထိုအထဲတွင် ဆေးထိုးအပ်လဲလှယ်သည့် အစီအစဉ်၊ ဆေးဝါးသုံးစွဲမှု ဆိုးကျိုးများ လျော့နဲမှုအပေါ် အဓိကထားသည့် methadone ကဲ့သို့သော အစားထိုးဆေးပေးသည့် အစီအစဉ်များပါဝင်သည်။ အားဂျာ၏
မြစ်ကမ်းနဘေးမှ ဆေးဖြတ်ရုံတွင်တော့ methadone မရှိပါ။ ဤအပေါ်တွင်လည်း သူက ယုံကြည်မှု မရှိပါ။ 'အဲဒါက အလုပ်မဖြစ်ပါဘူး။ ဒီဆေးနဲ့ ဆေးစွဲတာလုံးဝ ပြတ်သွားအောင်လုပ်လို့မရဘူး။' ဟုသူက ဆိုသည်။

အထူးဆုတောင်းခန်းတွင် ကြမ်းတမ်းသော ရက်အချို့ကို ကျော်ဖြတ်ပြီး ချိန်တွင် သူတို့ကို အဆောင်ကိုပြောင်းရွှေ့စေသည်။ ထိုနေရာ တွင်တော့ ဆေးဖြတ်သူများ ညဖက်တွင် ခိုးထွက်ပြီး အရက်၊ ဆေးလိပ်များ မ၀ယ်နိုင်ရန်နှင့် ထွက်မပြေးနိုင်ရန် ညဖက်တွင် တံခါးသော့ခတ်သည်။ ဘိန်းဖြတ်စခန်းတွင် အရက်နှင့် ဆေးလိပ်ကို လုံးဝသောက်သုံးခွင့်မပြုပါ။
နောက်ဆုံးအသုတ်တွင် အသက် ၁၅ နှစ်နှင့် ၂၅ နှစ်ကြားအများစု ပါဝင်သည့် ဆေးဖြတ်သူ အမျိုးသား ၆၅ ယောက်တွင် လေးပုံတပုံလောက် က ထွက်ပြေးသွားကြသည်ဟု အားဂျာက ပြောသည်။

တချို့က လယ်သမား၊ အလုပ်ကြမ်းသမားများဖြစ်ပြီး တချို့ကတော့
ကျောင်းသားများဖြစ်သည်။ အများအားဖြင့် ကချင်တိုင်းရင်းသား များဖြစ်ကြပြီး ခရစ်ယာန်အများစု ဖြစ်သော်လည်း ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများလည်း ပါဝင်သည်ဟု သူက ပြောပြသည်။
အများအပြားက မိမိဆန္ဒအလျှောက်လာရောက်ကြသော်လည်း တချို့ကမူ ၀န်ထမ်းများက အတင်းအဓမ္မချုပ်နှောင်လာရသည်။ ထိုဝန်ထမ်းများထဲမှာလည်း ယခင်က ဆေးစွဲခဲ့သူများ ပါဝင်သည်။

ခရစ်ယာန်မိတ်ဆွေတချို့၏ အလှူငွေ မတည်ချက်ဖြင့် သူ၏ဆေးဖြတ် စခန်းကို စတင်ထူထောင်ခဲ့သည်ဟု အားဂျာက ပြောပြသည်။ လူနာတဦးကို ကျပ် ၄ သောင်းဖြင့်ဆေးဖြတ်ပေးပြီး ဆင်းရဲသူများကို
လျှော့ပေါ့ပေးသည်။ တချို့တရံ လုံးဝအခကြေးငွေမယူဟု သူက ဆိုသည်။
သူ၏နည်းက ထိရောက်မှုရှိသည်ဟု အားဂျာက အခိုင်အမာဆိုသည်။ သို့သော် သူ့စခန်းမှ ပြန်လည်ထွက်ခွာသွားသူများ ဆေးထပ်မံသုံးစွဲခြင်း ရှိ- မရှိ ဆိုသည်ကိုတော့ သူကပြောပြနိုင်ခြင်း မရှိပါ။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးသုံးသူများကို ရာဇ၀တ်ကျူးလွန်သူများ အဖြစ်သတ်မှတ်ထားဆဲ ဖြစ်ပြီး လူမှုအသိုင်းအ၀ိုင်းက ဖယ်ကျဉ်ထားဆဲ လည်ုးဖြစ်သည်။ ဗြိတိသျှကိုလိုနီလက်ထက် ပြဌာန်းခဲ့သော ဥပဒေအရ
ဆေးထိုးအပ်ကို ပိုင်ဆိုင်မှုကပင် ထောင်ဒဏ် ၆ လအထိ ပြစ်ဒဏ် ချမှတ်နိုင်သည်။

မြစ်ကြီးနားတွင် ပြီးခဲ့သည့်နှစ်က ရဲက မူးယစ်ဆေးနှိမ်နှင်းခဲ့သောကြောင့် မူးယစ်ဆေးသုံးသူများ ပုန်းရှောင်သွားခဲ့ကြသည့်အတွက် HIV/AIDS ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ပေးနိုင်၊ ကုသပေးနိုင်သည့် စီမံချက်များ ရပ်တန့်သွားခဲ့ရသည်။ အကြောထဲမူးယစ်ဆေးထိုးသည့် ဆေးစွဲသူ ၂၀%သည် ဘိန်းဖြူပေါများသည့် `ဤမြန်မာပြည်မြောက်ဖျားတွင်
နေထိုင်သူများဖြစ်ပြီး သူတို့သည် HIV/AIDS ကူးစက်ခံထားရသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုထားပါသည်။

ခင်မေဇော်
(7Day ဂျာနယ်တွင်ဖော်ပြပြီးသည့် ဆောင်းပါးဖြစ်ပါသည်။)

ှSource: Reuters

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။