Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, June 6, 2013

မြန်မာနိုင်ငံအတွက် မက်ကင်ဇီအစီရင်ခံစာ

 
Burma-Newselite
မြန်မာနိုင်ငံအတွက် မက်ကင်ဇီအစီရင်ခံစာ
ခင်မေဇော်( 7DAYS သတင်းစာဆောင်းပါး)
ဓာတ်ပုံ ဇင်ငြိမ်းအေး

******
ထင်ရှားသည့် နိုင်ငံတကာအကျိုးဆောင်အဖွဲ့ မက်ကင်ဆီ ကမ္ဘာ့သိပ္ပံ (McKinsey Global Institute) က သုတေသနပြုပြီး McKinsey & Co. က ထုတ်ဝေသည့် အစီရင်ခံစာက မတည်ငြိမ်သည့်
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများအနေနှင့် စိတ်ပျက်လက်ပျက်ဖြစ်နိုင်သည့်အန္တရာယ်ကြီးနှင့် ကြုံရဖွယ်ရာ ရှိကြောင်း သတိပေးလိုက်သည်။ မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှု စတင်ခဲ့သည်မှာ မကြာမြင့်လှသေးသလို အထူးသဖြင့် လူအုပ်စုများ အကြား ဖြစ်ပေါ်နေသောအကြမ်းဖက်မှုကို အစိုးရကပြေလည်အောင်
ဖြေရှင်းပေးရန် ပျက်ကွက်ခဲ့လျှင် ရင်းနှီးမြှုပ်နှံသူများအတွက် အန္တရာယ်ကြီးသည်။ ဤသတင်းပတ်တွင်ပင် လူအုပ်ဖွဲ့တိုက်ခိုက်မှုများ ထပ်မံ ဖြစ်ပွားခဲ့ပြန်သည်။

"ပထမဆုံးလုပ်ရမှကြတော့အစိုးရအနေနဲ့ နိုင်ငံရေးတည်ငြိမ်မှုရှိအောင်
လုပ်ဖို့ဖြစ်တယ်" -ဟု မက်ကင်ဆီမှ အကြီးတန်းအဖွဲ့ဝင်လည်းဖြစ် အစီရင်ခံစာကို ပူးတွဲရေးသားသူလည်းဖြစ်သည့် Heang Chhor ကပြောသည်။

ဤအစီရင်ခံစာသည် မြန်မာနိုင်ငံ၏စီးပွားရေးအလားလာများကို လွတ်လပ်သောသုတေသီများ၏ ၆ လကြာပြုလုပ်ခဲ့သော သုတေသနပြုမှုများ၊ စုံစမ်းမေးမြန်းမှုများအပေါ် အခြေခံထားသည့် အချက်အလက်များဖြင့် ရေးသားထုတ်ဝေသည့် ပထမဆုံး အသေးစိတ်တင်ပြထားသည့် အစီရင်ခံစာလည်း ဖြစ်သည်။
မက်ကင်ဆီ၏ အချက်အလက်များအရ မြန်မာနိုင်ငံသည် လက်ရှိစီးပွားရေးကို ၄ ဆ ကျော်လာသည့်အထိ တိုးမြင့်နိုင်ဘွယ်ရှိပြီး ၂၀၃၀ တွင် ဘီလီယံပေါင်း ၂၀၀ ကျော်ရှိလာနိုင်သည်ဟု
ဖော်ပြထားသည်။ သို့သော် ဤသို့ဖြစ်ရန်မှာ အခြေခံ အဆောက်အအုံများကို တည်ဆောက်မှသာ နှင့် စီးပွားရေးတွင် ကွဲပြားခြားနားသေားရင်းနှီးမြှုပ်နှံမှုများရှိမှသာ ဖြစ်နိုင်မည် ဖြစ်သည်။

"မြန်မာ့စီးပွားရေးကို လာမယ့် ဆယ်စုနှစ်အနဲငယ်အတွင်း ၄ ဆ တက်အောင် လုပ်ဖို့ဆိုတာက မဖြစ်နိုင်စရာမရှိပါဘူး။ ဒါပေမဲ့ စိုက်ပျိုးရေး၊ စွမ်းအင်နဲ့ သတ္တုတွင်းလောက်နဲ့တော့ ဖြစ်မလာနိုင်ဘူး "- ဟု မစ္စတာ ဟန်ချော်က ပြောသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုမှာ အတော်ကုန်ကျပေလိမ့်မည်ဟု သူက ဆိုသည်။ အခြေခံအဆောက်အအုံတခုထည်းမှာပင် လာမည့် အနှစ် ၂၀အတွင်း ဒေါ်လာဘီလီယံ ၃၂၀ ရင်းနှီးရန်လိုအပ်သည်။ ထိုမှသာ နှစ်စဉ်ဖွံ့ဖြိုးနှုန်း ၈% ကို ရယူနိုင်မည်။ ထို့အပြင် စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သောအရည်အချင်းအတွက် သင်တန်းပို့ချချက်များ ပညာသင်ယူမှုများအတွက်လည်း သန်း ဘီလီယံနှင့်ချီပြီး ရင်းနှီးမြှုပ်နှံရပေအုန်းမည်။

မြန်မာနိုင်ငံကို သမ္မတဦးသိန်းစိန်အစိုးရက အရပ်သားအစိုးရ အသွင်ပြောင်းပေးပြီး မြန်မာနိုင်ငံ၏စီးပွားရေး အလားအလာ
ကောင်းများ ရှိနေရသော်လည်း အနောက်နိုင်ငံကုမ္ပဏီအများအပြား က သတိကြီးကြီးနှင့်သာ ချည်းကပ်နေသည်။ ထုတ်လုပ်မှုအတွက် စက်ရုံကြီးများတည်ထောင်ခြင်းမျိုးကို မစွန့်စားရဲသေးဘဲ လေ့လာ စမ်းစစ်မှုများလုပ်နေဆဲဖြစ်သည်။

ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံကို အမှန်တကယ် စဉ်းစားကြကြောင်း၊ သို့သော် အစိုးရက တိုင်းရင်းသားအရေးနှင့် လူထုကြားပဋိပက္ခများကို ဖြေရှင်းနိုင်သည်ဆိုသော အာမခံခြင်းမျိုးကို လိုချင်နေကြသည် - ဟု အစီရင်ခံစာတွင် ရေးသားထားသည်။
ဗုဒ္ဒဘာသာဝင်လူများစုနှင့် မွတ်စလင်ဘာသာဝင်လူနည်းစုတို့အကြား အကြမ်းဖက်မှုများပို၍ဖြစ်ပေါ်လာခြင်းသည် ဦးသိန်းစိန်အတွက် အကြီးမားဆုံးစိန်ခေါ်မှုကြီးတရပ် ဖြစ်လာသည်။ ပြီးခဲ့သည့်နှစ်အတွင်း အကြမ်းဖက်မှုများကြောင့် လူပေါင်းရာချီသေဆုံးခဲ့ရပြီး တသိန်းကျော် အိမ်ယာမဲ့ဖြစ်ခဲ့ရသည်။ အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့များက မြန်မာနိုင်ငံ
မြောက်ပိုင်းလားရှိုးမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုတွင် လူတဦးသေဆုံးကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားပြီး ၄ ဦးဒဏ်ရာရသည်ဟု ဆိုသည်။ အိမ်များ၊ မွတ်စလင်ဆိုင်ခန်းများ၊ ကားများနှင့် ဘာသာရေးကျောင်း ၃ ခုဖျက်ဆီးခံရကြောင်း အာဏာပိုင်များက ထုတ်ဖော်ပြောဆိုသည်။ သို့သော် အခြေအနေကို ထိမ်းသိမ်းထားနိုင်ခဲ့ပြီဟုလည်းဆိုသည်။

အင်္ဂါနေ့ညက ညမထွက်ရအမိန့်ထုတ်ခဲ့သည်။ သို့သော် ဗုဒ္ဓဟူးနေ့တွင်
မော်တော်ဆိုင်ကယ်နှင့် လူအုပ်က ဒုတ်များ၊သံချောင်းများ ကိုင်ဆောင်ပြီး မွတ်စလင်ရပ်ကွက်ကို ၀ိုင်းရံပြီး တိုက်ခိုက်ခဲ့ကြသည်။ ရဲနှင့် စစ်သားများက ထိုအကြမ်းဖက်မှုကို တားဆီးခြင်းမပြုကြောင်း
ဒေသခံများက ပြောဆိုသည်။ ဗဟိုအစိုးရက မီးရှို့သည့်ကိစ္စကို သိရှိကြောင်း ပြောဆိုသော်လည်း မှတ်ချက်တစုံတရာ မပေးပါ။ ရဲအရာရှိများကို မေးရန်ကြိုးစားရာတွင်လည်း ဖြေဆိုမည့်သူမရှိပါ။ မွတ်စလင်များ အခြားနေရာများကို ပြောင်းရွှေ့နေထိုင်နေကြသည်ဟု သိရသည်။

တရုတ်နယ်စပ် ရူလီနှင့် မိုင်တရာခန့်သာဝေးသည့် လားရှိုးမြို့တွင် ဤသို့သောအကြမ်းဖက်မှုမျာ ပထမဆုံးအကြိမ်ဖြစ်သည်။ မိုင် ၄၀ လောက်အကွာတွင်ရှိသော တရုတ်၏ ဒေါ်လာ ၂.၅ ဘီလီယံ တန်ဖိုးရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့လိုင်းတွင်တော့ မည်သို့သော ရိုက်ခတ်မှုမှ မရှိခဲ့ပါ။ ဤ ပိုက်လိုင်းမှတဆင့် ဘင်္ဂလားပင်လယ်အော်မှ
ရေနံနှင့် သဘာဝဓာတ်ငွေ့အများ သယ်ဆောင်မည် ဖြစ်သည်။
တနှစ်ကျော်ကျော်မျှအချိန်လေးအတွင်း ရင်းနှီးမြှုပ်နှံမှုဥပဒေ မှစ၍ သတင်းမီဒီယာဥပဒေနှင့် ဥပဒေများ ပြင်ဆင်ခြင်းအဆုံး ပြောင်းလဲမှု များစွာ ပြုလုပ်ခဲ့သော်လည်း မြန်မာနိုင်ငံသည် နိုင်ငံရေး စီးပွားရေးပြုပြင်ပြောင်းလဲမှု အခြေအနေတရပ်ကို စတင်ဆုံးရှုံးနေမည့် အခြေအနေတရပ်ကို စီးပွားရေးသမားများက စိုးရိမ်နေကြပြီဟု မက်ကင်ဆီ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဒါတွေအကုန်လုံးကို အချိန်တိုတိုအတွင်းမှာ လုပ်ဖို့ဆိုတာ အင်မတန် ခက်ခဲပါတယ်။ - ဟု မစ္စတာ ဟန်ချော်က ပြောသည်။ သူက ပြုပြင်ပြောင်းလဲမှုတွင် တခါတရံ ရပ်တန့်နေခဲ့ပြီး တခါတရံ အလျင်အမြန်ဖြစ်ပေါ်ခဲ့သော အရှေ့တောင်အာရှမှ အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့၏ အတွေ့အကြုံနှင့် နှိုင်းယှဉ်ပြောဆိုခဲ့သည်။

ဤအခိုက်အတန့်ကို ကျော်လွှားနိုင်ရန်အတွက် နိုင်ငံရေးနှင့် လူမှုရေးတည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ခြင်းက အဓိက
သော့ချက်ဖြစ်ကြောင်းလည်း သူက ပြောဆိုသည်။ လက်ရှိဖြစ်ပေါ်နေသော တင်းမာနေသည့် အခြေအနေကို မဖြေရှင်းနိုင်ခြင်းက စီးပွားရေးရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆက်လက်ဖြစ်ပေါ်ရေးအတွက် အလွန်ပင် ကြီးမားသော အတားအဆီးကြီး တရပ်ဖြစ်သည်ဟု ဆိုပါသည်။

သင်ကြားလေ့ကျင့် ပြင်ဆင်ထားသော ကဏ္ဍများ - ဥပမာ ကမ္ဘာ့ခရီးသွားလုပ်ငန်းကဲ့သို့ရင်းနှီးမှုမျိုးသည် မြန်မာနိုင်ငံ၏ အဆင်းရဲဆုံး လူ ၁၈ သန်းကို အနိမ့်ဆုံးအခြေအနေမှ ဆွဲထုတ်နိုင်ပြီး သက္ကရာဇ်၂၀၃၀ ခုနှစ်တွင် တနေ့ဝင်ငွေ ဒေါ်လာ ၁.၂၅ ထက်ပိုမိုရရှိစေနိုင်မည်။ သို့သော် မြန်မာလူဦးရေ၏ သုံးပုံတပုံသည် ၂၀၃၀ တွင် တနေ့ကို ၁၀ ဒေါ်လာထက်ဝင်ငွေနည်းနိုင်သည်ဟု အစီရင်ခံစာက ဆိုသည်။
မြန်မာ့အိမ်နီးချင်းထိုင်းနှင့် အင်ဒိုနီးရှားတို့တွင် မြန်မာနိုင်ငံ၏ လက်ရှိအနေအထားမျိုးမှ ၄ဆ လောက်တက်လာရန် ၁၃ နှစ်နှင့် ၁၄ နှစ် အသီးသီး အချိန်ယူခဲ့ကြရသည်။

လာမည့်သတင်းပတ်တွင် အရှေ့အာရှ ကမ္ဘာ့စီးပွားရေးဖော်ရမ်ကို
မြန်မာနိုင်ငံတွင် ကျင်းပမည်ဖြစ်ရာ ဒေသတွင်း အဆင့်မြင့်အစိုးရ အရာရှိများနှင့် ကုမ္ပဏီကြီးများတက်ရောက်ကြမည်ဖြစ်ရာ Pepsi, GE (General Electric), Cheron, AirAsia တို့လည်း ပါဝင်တက်ရောက်ကြမည်။ ဤတွေ့ဆုံပွဲသည် မြန်မာနိုင်ငံ၏ စီးပွားရေးနိုင်ငံေ၇းပြောင်းအလဲကြောင့် ဆုလဒ်အဖြစ် လက်ခံကျင်းပခွင့်ပေးခြင်း ဖြစ်သည်။

ဤတွေ့ဆုံပွဲသည် ရင်းနှီးမြှုပ်နှံသူများ၊ အထူးသဖြင့် အနောက်နိုင်ငံမှ ကုမ္ပဏီများအတွက် စမ်းသပ်စစ်ဆေးပွဲတရပ် ဖြစ်သည်။ အကယ်၍ မြန်မာက ဖွံ့ဖြိုးမှုအတွက် အကောင်းဆုံးအစီအစဉ်ကို မချနိုင်လျှင်၊ ထိရောက်စွာ အကောင်အထည်မဖော်နိုင်လျှင်၊ ယနေ့ ရရှိထားသော ချစ်ကြည်မှုနှင့်အတူ သတိနှင့် အကောင်းမြင်နေမှု များသည် အလျင်အမြန်ပင် လေထုထဲ အခိုးအငွေ့များကဲ့သို့
ပျောက်ကွယ်သွားနိုင်ပေသည် - ဟု မက်ကင်ဆီ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ခင်မေဇော်

မူရင်း- The Wall Street Journal ၏ မေလ ၂၉ ရက် ထုတ်သတင်းစာပါ Shibani Mahtani ၏ McKinsey Warns of Risks for Myanmar Investors ဆောင်းပါးကို ခင်မေဇော် က ပြန်ဆိုပါသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။