Zaw Mintun Zawmintun
မကွေးတိုင်းဒေသကြီး..ဆိပ်ဖြူမြို့နယ် မြင်းက၀ကျေးရွာအုပ်စု ဆူးလေကုန်းကျေးရွာ ဦးသောင်းမြင့် (၄၀) နှစ်သည် သူ၏ (၃) နှစ်အရွယ်သားငယ်နှင့်အတူ မတ်(၄)ရက်က မကွေးမြို့သို့လာက ချမ်းမြေ့ဆေးခန်းတွင်ဆေးစစ် ခံပြီး မတ်(၅)ရက်တွင်ရွာသို့ပြန်ရန်မကွေးမြို့အဝေးပြေးကားကြီး ၀င်းသို့လာရာ ကားကြီးကွင်း တောင်ဘက်အပေါက်ဝအရောက်တွင...် လမ်းဘေးထမင်းဆိုင်တစ်ဆိုင် မှ အမျိုးသမီးတစ်ဦးက ဦးသောင်းမြင့်အားလက်ဆွဲပြီး ဆိုင်ထဲခေါ်သွားကြောင်း ဆိုင်ထဲရောက်ပြီး ထမင်းဖိုးရှင်းမှ မိမိ အလိမ်ခံလိုက်ရကြောင်း သိရှီသွားကြောင်း နောင်တွင် မိမိလိုတစ်နယ်တစ်ကျေးမှ လာရောက်သူများ မိမိလိုမခံရအောင် မကွေးတိုင်းဒေသကြီးသတင်းစာဆ ရာအသင်းသို့လာရောက်ပြီး ထုတ်ဖေါ်တင်ပြခြင်းဖြစ်ကြောင်းပြောဆိုသွားခဲ့သည်။ဦးသောင်းမြင့်က-”ကျွန်တော်ဟာ ဆိပ်ဖြူမြို့နယ် မြင်းက၀အုပ်စု ဆူးလေကုန်းကျေးရွာက ဖြစ်ပါတယ်။နှလုံးရောဂါရှိလို့ မကွေးမြို့ “ချမ်းမြေ”့ဆေးခန်းကို နှစ်လတစ်ကြိမ်၊သုံးလတစ်ကြိမ်ဆေးစစ်ဖို့လာရပါတယ်။မတ်(၅) ရက်မှာဆေးစစ်ပြီးလို့ရွာကို ပြန်ဖို့ ကျွန်တော်နဲ့ သုံးနှစ်အရွယ်သားကလေး မောင်သန်းတိုးအောင်တို့ မကွေးမြို့အဝေးပြေးကားကြီးဝ င်းကို လမ်းလျှောက်လာကြပါတယ်။ကားကြီးဝင်းတောင်ဘက် ပေါက်အ၀င်ဝလည်းရောက်ရော လမ်းဘေးထမင်းဆိုင်ထဲက အမျိုးသမီးတစ်ဦးထွက်လာပြီး ကျွန်တော့လက်ကိုဆွဲပြီးဆိုင်ထဲခေါ်သွားတယ်အထဲရောက်တော့ထ မင်းစားဖို့ပြောတယ်။ဟင်းတွေ စုံကြောင်းပြောတယ်။ကျွန်တော်က ထမင်းကြော်တစ်ပွဲကြက်ဥနဲ့ ရှမ်းခေါက်ဆွဲတစ်ပွဲမှာတယ် မစားခင်ထမင်းကြော်တစ်ပွဲဘယ် လောက်လဲ?ရှမ်းခေါက်ဆွဲတစ်ပွဲဘယ်လောက်လည်း?လို့မေးတယ်။အဲ့ဒီအမျိုးသမီးက စားပြီးမှပြောမယ်လို့ပြောတယ်။စားလည်းပြီးရော ထမင်းကြော်က ၂၅၀၀ တဲ့ ရှမ်းခေါက်ဆွဲက ၁၅၀၀ တဲ့အဲ့ဒီမှာတင်ငါတော့ခံလိုက်ရပြီလို့ သိလိုက်တယ်၊၄၀၀၀ ပေးလိုက်ရတယ်၊လမ်းဘေးထမင်းဆိုင်တစ်ဆိုင်က မသိကျွမ်းကျင်တဲ့ခရီးသည်တွေ အပေါ်လိမ်နည်းတစ်မျိုးပဲလို့ ခံစားလိုက်ရတယ်…ဒါနဲ့ကျွန်ေ တ်ာလည်းအနီးမှာရှိတဲ့ မ.ထ.သ ရုံးသွားပြောတော့ သူတို့က အမှတ် (၂) ရဲစခန်းကိုသွားပါတဲ့ “ဒီဆိုင်ဟာဒီလိုပဲလိမ်ပေါင်းများပြီတဲ့ တစ်ခါကလူသုံးယောက်ထမင်းစားတာ ငွေငါးသောင်းရှင်းလိုက်ရလို့  ပြဿနာဖြစ်ဘူးတယ်”တဲ့ ဒါနဲ့ ကျွန်တော်တို့သားအဖလည်း ဆိုင်ကယ်ကယ်ရီ ၅၀၀ ကျပ်ပေးပြီး ရဲစခန်းသွားတယ် တာဝန်ကျရဲကြပ်ကြီးက”ရာဇ၀တ်မှုမဟုတ်တော့ဂွကျတယ်တဲ့ စည်ပင်နဲ့ဆိုင်တယ်၊စည်ပင်ကိုသွားပါတဲ့”ကျွန်တော်တိုင်း စည်ပင်ရုံးကိုသွားတယ်…တိုင်းစည်ပင်ရုံးကိုသွားတော့ စာရေးမတစ်ယောက်နဲ့တွေ့တယ်၊လူကြီးတွေမရောက်သေးတော့ ရုံးရှေ့ ကအုတ်ခုံပေါ်ထိုင်နေရတယ် ခနနေတော့ ရုံးထဲ က အသက်ကြီးကြီးလူတစ်ယောက်ထွက် လာတယ်။ကျွန်တော်ကသူ့ကိုတိုင်တယ် သူကရယ်တယ် နောက်သူက – “ရယ်စရာတော့ဖြစ်နေပြီ အဲ့ဆိုင်ကတော်တော်ကြာပြီ ခံရတဲ့သူပေါင်းလည်းမနည်းတော့ ဘူး”လို့ဆို တယ် နောက်သူက ရုံးအနောက်ဘက်တိုက်တန်းမှာ နေတဲ့ အမျိုးသမီးအရာရှိတစ်ယောက်ဆီ ညွှန်တယ်
အရာရှိအမျိုးသမီးက-”ဦးလေးတို့ပိုက်ဆံတော့ပြန်ရချင်မှရမ ယ် အဲ့ဒီပိုင်ရှင်ကိုခေါ်တွေ့ပြီးသတိပေးလိုက်ပါမယ်-ကျွန်မတို့ က ၂၅ မြို့နယ် က စည်ပင်ရုံးတွေကို အုပ်ချုပ်ရတာ’”လို့ပြောလိုက်တယ် ကျွန်တော်တို့လည်း အဝေးပြေးကားကွင်းကြီးကိုခြေ ကျင်ပဲပြန်လျှောက်ခဲ့ကြတယ်။ စိတ်ထဲမှာစနိုးစနောင့်ကြီြး ဖစ်နေတယ် ဘ၀င်မကျဘူး မတရားမှုတွေဖြေရှင်းမပေးနိုင်ဘူးလားလို့လည်း ခံစားနေရတယ်ဒါနဲ့ အဝေးပြေးကားကွင်းကြီးအနီးလမ်းထောင့်မှာရှိတဲ့ မ-ထ-သ ရုံးကိုထပ်ဝင်တယ် အဲ့ဒီအထဲက အသက်ကြီးကြီးလူတစ်ယောက်အကြံ ပေးတယ်၊မကွေးတိုင်း သတင်းစာဆရာအသင်းကလူကြီး တစ်ယောက်ကားကွင်းအရှေ့ဘက်မှာရှိတယ်၊သူ့ဆီသွားဖို့ညွှတ်လိုက်လို့လာတာပါဗျာ သတင်းထဲထည့်ပေးစမ်းပါဗျာ ဒါမှ သူတို့ဆက်ပြီးအတင့်မရဲတော့မှာ ကျွန်တော့ကိုအလုပ်သမားတစ်ယောက်အတွက် ငွေ ၄၀၀၀ ဆိုတာမနည်းပါဘူး။တစ်နေကုန်လုပ်မှ ငွေ ၂၀၀၀လောက်ရတာ ဆိပ်ဖြူဟိုးဘက် ကဇွန်းမဘက်သွားပြီးအလုပ်လုပ်ရတယ်။မိုးလေ၀သမညီညွတ်တဲ့အခါ က-ပ-စ (၂) ကဇွန်းမဘက်သွားပြီးမြေကျင်း တူးစားရတာ တစ်နေ့လုပ်မှ ၂၀၀၀ ပဲရတာ”ဟု ရင်ဖွင့်သွားခဲ့သည်။
မကွေးလှမြင့်
The Hot News
မကွေးတိုင်းဒေသကြီး..ဆိပ်ဖြ
အရာရှိအမျိုးသမီးက-”ဦးလေးတိ
မကွေးလှမြင့်
The Hot News

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။