La Min Eiant and 2 other friends shared Opposite Eye's photo.
စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ ဖတ်ပြီးနောက်
===========================
၈၈ ကျောင်းသားတွေက စုံစမ်းရေး ကော်မရှင်ဖွဲ့တော့ ငြင်းလိုက်ကြတာကို မအံ့သြတော့ပါဘူး။ သူတို...့တစ်သက် လုံးမှာ ဒါလက်မခံဘူး၊ ဒါလုပ်သင့်တယ်၊ ကန့်ကွက်တယ် ဆိုတဲ့ စာ ၅ ကြောင်းလောက်ပါတဲ့ ကြေငြာချက်တွေ ပဲ ကြုံရာနေရာကနေ ထုတ်ဖူးတာကိုး။
ဒေါ်စု ကို ထောက်ခံသူတွေက ကန့်ကွက်လာကြတာကိုလည်း မအံ့သြတော့ပါဘူး။ သူတို့ ထောက်ခံတာ ဗိုလ် ချုပ် သမီး ဒေါ်အောင်ဆန်းစုကြည်မှ မဟုတ်ဘဲ။ အစိုးရကို အတိုက်အခံလုပ်တတ်တဲ့ နိုဘယ်ဆုရှင် အမျိုး သမီး တစ်ယောက် ကိုပဲ သူတို့ မသိစိတ်က ထောက်ခံခဲ့ကြတာကိုး။
ဒေါ်စုကို တိုက်ခိုက်ခဲ့သူတွေက ဒေါ်စုကို ကာကွယ်တဲ့ စာသားတွေ ရေးကြတာလည်း မအံ့သြတော့ပါဘူး။ သူတို့ တိုက်ခိုက်ခဲ့တာ ဒေါ်စု ဆိုတဲ့ အမျိုးသမီးကို မဟုတ်ဘဲ မူမမှန်တဲ့ လုပ်ဆောင်ချက်တွေကို ဖော်ထုတ်ပြီး အခြေခံ ဥပဒေ က သမ္မတ အရည်အချင်းတွေကိုပဲ ကာကွယ်ခဲ့ကြတာကိုး။
သွဲ့သွဲ့ဝင်းတို့ သူရဲကောင်း ဖြစ်လာတာကိုလည်း မအံ့သြတော့ပါဘူး။ ၀က်မှေးရွာကနေ ထိုင်းအထိသွားပြီး လူ့အခွင့်အရေးတွေကို လေ့လာတယ် ဆိုကတည်းက ဘယ်သူတွေ နောက်မှာ ရှိနေလဲဆိုတာ သိသာနေပြီကိုး။
ရွာသားတွေ၊ ဒေသခံ တွေ ဆန္ဒပြကြတာကိုလည်း မအံ့သြတော့ပါဘူး။ ဒီလောက် ရှည်လျားပြီး အသေးစိတ်ကျ တဲ့ အစီရင်ခံစာကို ဘွဲ့ရ ပညာတတ်တွေတောင် အစအဆုံး မဖတ်နိုင်တာ၊ မျက်စိပိတ် နားပိတ် ခံထားရပြီး ပြော သမျှ ယုံနေရတဲ့ ရွာသားတွေ မသိတာ အဆန်းမှ မဟုတ်တာကိုး။
မယုံရင် တွေ့တဲ့သူကို ဆွဲမေးလိုက်ပါ။ အစီရင်ခံစာ အစအဆုံး ဖတ်ဖူးလားလို့။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။