ဝေ(စီးပွားရေးတက္ကသိုလ်)
ပြီးခဲ့တဲ့တစ်ပတ်လောက်က ရွှေမြန်မာဥယျာဉ်ဆိုဒ်က ညီမငယ် ခိုင်လေး(ရွှေတောင်)က ဆိုဒ်အတွက် အင်တာဗျူးလေးလုပ်ချင်တယ်လို
အမှန်ပြောရရင် ကျွန်မက အင်တာဗျူးတွေဖြေဖို့ အင်မတန်ဝန်လေးသူပါ။
ကိုယ့်ကိုမေးမယ့်မေးခွန်းတေ
ဖြေပေးနိုင်ပါ့မလားလို့ ကိုယ့်ကိုယ်ကို မယုံရဲပါဘူး။
ဒါပေမဲ့ ဒါဟာ ကျွန်မတို့ရှောင်လွှဲသင့်တဲ့
ဒါကြောင့် တတ်နိုင်သလောက် စာဖတ်သူအကျိုးရှိအောင် ကြိုးစားပြီး ရွှေမြန်မာဥယျာဉ်နဲ့ အင်တာဗျူးလေးတစ်ခု လုပ်ဖြစ်ပါတယ်။
ဖတ်ပြီးလို့ အကျိုးမရှိ စိတ်ပျက်ရရင်လည်း သည်းခံကြပါလို့....
တောင်းပန်ရင်း စေတနာနဲ့ မျှဝေပေးလိုက်ရကြောင်းပါ။
ဒီတခါ အင်တာဗျူးအစီစဉ်လေးကတော့ သတ္တမအကြိမ် ရွှေအမြုတေစာပေဆု (ရသစာတမ်းဆု) ကိုတော့ “ဆူးဖက်လက်” ရသစာတမ်းနဲ့ ၂၀၁၂- ခုနှစ်မှာ ရရှိခဲ့တဲ့ဆရာမဝေ ( စီးပွားရေးတက္ကသိုလ်)ကို့  ခိုင်လေး (ရွှေတောင်) မှ လေးစားအားကျစွာ အင်တာဗျူးလေး လုပ်ဖြစ်ခဲ့ပါတယ်ရှင် ။
မမ မင်္ဂလာပါရှင်
- မင်္ဂလာပါ ညီမလေး
1.ပထမဆုံးသိချင်တာလေးကတော့ မမနာမည်အရင်းနဲ့ မမမိသားစုလေးအကြောင်းပါ။ ခုလက်ရှိ မမရှင်သန်နေတဲ့ပုံလေးကို မမစာဖတ်ပရိတ်သတ်တွေနဲ့ မိတ်ဆက်ပေးပါအုံးနော် ။
- အစ်မနာမည်ရင်းက ဝေေ၀ထွန်းပါ ညီမရေ။ အစ်မမှာ မိသားစုလေးယောက်ရှိပါတယ်။ ခင်ပွန်းက ကဗျာဆရာသစ်ခက်အိမ်ပါ။
သားကြီးက နည်းပညာတက္ကသိုလ်မှာ ပထမနှစ်တက်နေပြီး နွေဦးလေ ကလောင်နာမည်နဲ့လည်း ကဗျာတွေရေးပါတယ်။ သမီးငယ်လေးကတော့ ကျောင်းဖွင့်ရင် သတ္တမတန်းကိုတက်ရမှာပါ။ သူကလည်း တတိယတန်းနှစ်တုန်းက ကလေးအက်ဆေးတစ်ပုဒ် ပေဖူးလွှာမှာ ပါဖူးပါတယ်။
ဒီတော့ မိသားစုအားလုံးက အနုပညာကို ခုံမင်မြတ်နိုးစိတ်တွေ ရင်ထဲမှာအပြည့်လို့ ပြောရတော့မှာပဲ။
ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ကိုယ့်အတ္တကိုချည်း ရှေ့တန်းမတင်မိအောင်..၊ မိသားစုဘ၀လေးကို မျှတညီညွတ်အောင်ကတော့ မေတ္တာနဲ့ပဲ တည်ဆောက်ထားတာပါ ညီမရေ။
2.ခုလိုစာရေးဆရာမတစ်ယောက်ဖြ
- အစ်မတို့ ငယ်ငယ်တုန်းကတော့ တခြားဖျော်ဖြေရေးတွေပဲ နည်းလို့လားမသိဘူး။ စာအုပ်တွေကို တော်တော်လေး မက်မောခဲ့ပါတယ်။
စာစဖတ်တတ်ပြီဆိုတာနဲ့ စာအုပ်အငှားဆိုင်နဲ့ရင်းနှီ
အဲသလို စာကိုသည်းသည်းမည်းမည်းဖတ်နေ
နောက်ပြီး စာငတ်လွန်းတော့ အားတဲ့အချိန်မှာ ကိုယ့်ဖာသာကိုယ် အတွေးနယ်ချဲ့ပြီး စိတ်ကူးယဉ်တာပေါ့။
ကိုယ်စိတ်ကူးယဉ်ထားတဲ့ ဇာတ်လမ်းတွေကို ပုံပြင်လုပ်ပြီး မောင်လေးကို ပြောပြရာကနေ စာရေးဖို့ဝါသနာ စခဲ့တာလို့ အစ်မထင်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီအရွယ်က အရမ်းငယ်သေးတော့ ကိုယ့်စိတ်ကူးကို စာနဲ့ချရေးရကောင်းမှန်းမသိေ
3.မမ ဘယ်အရွယ်လောက်ကစပြီး စာရေးတာ ၀ါသနာပါပြီး စာတွေကို စရေးခဲ့ပါသလဲမမ။
- တစ်ပိုင်းတစ်စ ရင်ဖွင့်စာတွေ၊ ကဗျာတွေကို စရေးမိတာကတော့ ဆယ့်လေးနှစ်အရွယ်လောက်မှာပါ
4.မမ ပထမဆုံးဖန်တီးခဲ့တဲ့ အနုပညာက ဘာများဖြစ်မလဲ
- ခုချိန်မှာ အစ်မရေးဖြစ်ခဲ့သမျှတွေက ၀တ္ထုတိုတွေ၊ အက်ဆေးတွေ ပိုများတယ်ဆိုပေမယ့် ပထမဆုံးဖန်တီးခဲ့တဲ့ အနုပညာက ကဗျာလေးတွေလို့ပဲ ပြောရမှာပါ။ ဆယ်ကျော်သက်အရွယ်မှာ စိတ်ကူးယဉ်ပြီး နှုတ်နဲ့ရွတ်ဆိုမိတာလည်း ကဗျာလေးတွေက စခဲ့ပြီး စာနဲ့ချရေးဖြစ်တော့လည်း ကဗျာတိုလေးတွေက ပထမဆုံးပါ။
5.မမ စာတွေကို တကယ် စရေးဖြစ်တာက ဘယ်ချိန်လောက်မှာလဲမမ
- တကယ်တမ်း ၀တ္ထုရယ်၊ ကဗျာရယ်လို့ သတ်သတ်မှတ်မှတ် တစ်ပုဒ်ပြီးဆုံးအောင်ရေးခဲ့
အဲဒီအချိန်က ၈၈ အရေးအခင်းနဲ့ ကျောင်းသုံးနှစ်ပိတ်သွားတော
ပထမဦးဆုံးစာမူ ပုံနှိပ်ဖော်ပြခံရချိန်ကတော
ခုတစ်ခါ ၂၀၀၇-ခုနှစ်ကနေစပြီး စာတွေကို တစိုက်မတ်မတ်ပြန်ရေးဖြစ်နေပ
6.မမရေးခဲ့ပြီးတဲ့ ၀ထ္ထုတိုအရေတွက်လေးနဲ့ လုံးချင်းအနေနဲ့ကော ဘယ်နှစ်အုပ်ထုတ်ပြီးညပီလည်း
- ပုံနှိပ်ဖော်ပြခံရပြီးသား ၀တ္တုတိုနဲ့အက်ဆေး အရေအတွက်က ၅၈- ပုဒ်ရှိပါပြီ။
ဝတ္ထုတို စုစည်းမှုအနေနဲ့ကတော့ “ နှလုံးသားပေါ်သွေးတဲ့ဓား နှင့် မဂ္ဂဇင်းဝတ္ထုတိုများ ” ဆိုပြီး တစ်အုပ်ထွက်ထားပါတယ်။
ဒီနှစ် နှစ်ဆန်း၂၀၁၃ ဇန်န၀ါရီလကမှ ထွက်ထားတာပါ။
ဝတ္ထုရှည်လုံးချင်းအနေနဲ့ကတေ
7.မမအနေနဲ့ စာတွေတော်တော်များများ ရေးခဲ့ပြီးပြီဆိုတော့ အတွေ့အကြုံလည်း တော်တော်ရနေပါပြီ။ အဲဒီတော့စာရေးချင်တဲ့လူငယ်မ
- ကိုယ်တွေ့နဲ့ရင်းပြီးပြောရရ
စေတနာကောင်းရင်ကောင်းသလို စာကောင်းလေးတွေ ရေးနိုင်လာမှာပါ။
8.ဒီနေ့ မြန်မာစာပေလောကနဲ့ပတ်သက်လို
- ဒီနေ့ မြန်မာစာပေလောကမှာ ရသစာပေတွေကို ပရိသတ်အားပေးမှု နည်းလာတယ်လို့ ပညာရှင်တွေ၊ ဆရာတွေ တော်တော်များများက သုံးသပ်ကြပါတယ်။ ဒါဟာ စာဖတ်အား နည်းလာတာကြောင့်ဖြစ်သလို၊ အပျော်ဖတ်စာပေတွေ များလာတာကြောင့်...၊
ဖျော်ဖြေရေးမီဒီယာတွေ များလာတာကြောင့်...၊ အချိန်ဆင်းရဲလာတာကြောင့် ...၊ အစရှိသဖြင့် ဘယ်လိုပဲပြောပြော။
စာရေးသူတွေဖက်ကတော့ ဘာအကြောင်းကြောင့်ဘဲဖြစ်ဖြစ
9.မမစာတွေ အကုန်လုံးလိုလိုဖတ်ဖြစ်ပါတယ
အနှစ်သက်ဆုံး စကားစုလေးကတော့
* တစ်ဘ၀စာ အတွက် ခရီးလမ်း ကို အတူတူ လက်တွဲ လျှောက်ကြ ပြီဆိုမှတော့ ကောင်း ရင်အတူစံ၊ ဆိုးရင်လည်း အတူတူ ခံရတာလေ။ ဘယ်သူ့ ဘယ်သူက သာတယ်၊ နာတယ်၊ နိမ့်တယ်၊ မြင့်တယ်ရယ် ရှိဦးမှာလဲ။
တကယ်လို့ မိုးနဲ့သူက နှစ်လွှာပေါင်းမှတစ်ရွက်ဖြစ်
စွယ်တော်ရွက် ကလေး နှစ်လွှာမှာ တစ်လွှာကညှိုး လာရင် (ဥပမာ နေထိ လို့ပဲ ဖြစ်ဖြစ်) နောက်တစ်လွှာက လည်း တဖြည်းဖြည်း လိုက်ညှိုး လာမှာပဲ။ တစ်ရွက်လုံး ညှိုးခြောက် လာတော့ အကြော စိမ်းလေးလည်း ညှိုးခြောက် ရတော့တာပေါ့။
စွယ်တော်ရွက် ကလေး သာ တကယ်တမ်း ကြွေကျပြီ ဆိုမှတော့ နှစ်လွှာ စလုံး အကြောစိမ်းလေး ပါမကျန် မြေခ ရတာပါပဲ။ အဲဒါမှ ဘ၀တစ်ခု အစစ် ပါလို့ မိုးက ပြောရင်တော့ သူ့ အပြုံးတွေ လက်လာ တတ်တယ်။ *
ဆိုတာလေးပါပဲ။ ဒီလို လှပပြီး အနှစ်သာရပြည့်ဝတဲ့ စကားစုတွေကို မွေးဖွားစေဖို့ မမပြင်ဆင်ကြိုးစားပုံလေးကို
- ဒီဝတ္ထုလေးရဲ့ မြစ်ဖျားခံရာက အစ်မပတ်ဝန်းကျင်မှာ တကယ်ရှိနေခဲ့တဲ့ အဖြစ်အပျက်တွေပါ။ကိုယ့်မျက်
နှလုံးသားနဲ့ရေးခဲ့တာပါ။
10.မမ အနှစ်သက်ဆုံးစာအုပ်လေးကို ပြောပြပါဆို
- အမှန်ပြောရရင် နှစ်သက်မိခဲ့တဲ့ စာအုပ်တွေက အများကြီးပါ။ အရွယ်နဲ့လိုက်ပြီး အနှစ်သက်ဆုံးတွေကလည်း ပြောင်းနေတာမို့ အနုပညာမြောက်အောင် ရေးဖွဲ့နိုင်တဲ့ စာအုပ်တိုင်းကို နှစ်သက်ပါတယ်လို့ပဲ ဖြေပါရစေ ညီမရေ။
11.မမ လက်ကိုင်ထားတဲ့ ဆောင်ပုဒ်လေးရှိမယ်ဆို သိပါရစေမမ
- “ မေတ္တာသည်သာ အစွမ်းအထက်ဆုံး ” လို့ အစ်မက ခံယူထားပါတယ်။
မေတ္တာလွှမ်းခြုံထားရင် ဘယ်နေရာ၊ ဘယ်အချိန်မှာပဲဖြစ်ဖြစ် စိတ်လုံခြုံတယ်လို့လည်း ထင်ပါတယ်။
12.မမ သတ်မှတ်ထားတဲ့ စာဖတ်ခြင်းရဲ့အကျိုးကျေးဇူး
- စာဖတ်တာကတော့ ဘာစာပဲဖတ်ဖတ် အကျိုးရှိပါတယ်။ သုတစာပေတွေက ဦးနှောက်အသိဥာဏ်ကို တိုးပွားစေသလို၊ ရသစာပေကတော့ နှလုံးသားကို ရင့်ကျက်ဖွံ့ဖြိုးစေတဲ့ နှလုံးသားအဟာရတွေပါ။
အစ်မတို့ လူ့ပတ်ဝန်းကျင်မှာ တချို့ ကိစ္စတွေက ဦးနှောက်သုံးမှ အောင်မြင်နိုင်တယ်ဆိုပေမဲ့ တကယ်တမ်းတော့ နှလုံးသားခံစားချက်နဲ့ ပေါင်းစပ်စာနာနိုင်မှသာ လူသားဆန်ပြီးပြည့်စုံတဲ့ အောင်မြင်မှုမျိုးကို ရနိုင်တာလို့ အစ်မက ယုံကြည်တယ်။ ဒါကြောင့်မို့ ဦးနှောက်ရောနှလုံးသားပါ မျှမျှတတဖွံ့ဖြိုးအောင်လို့
13.မမလျှောက်လှမ်းခဲ့ရတဲ့ စာပေခရီးလမ်းမှာ အမှတ်တရ အဖြစ်စေဆုံးအဖြစ်ပျက်လေးနဲ့
- အစ်မဘ၀မှာ စာပေနဲ့ပတ်သက်တဲ့ အမှတ်တရအဖြစ်စေဆုံးကတော့ မနှစ်က ရွှေအမြုတေဆုပေးပွဲလေးပါ။
ဆုပေးပွဲထုံးစံအတိုင်း ပွဲရက်နီးလာတော့ ထင်ကြေးပေးသံလေးတွေ ညံလာပါတယ်။ ရွှေအမြုတေဆုက ဆုရစာမူတွေကို ကြိုကြေငြာတာမဟုတ်ဘဲ ပွဲချိန်အတွင်းမှာမှ အကယ်ဒမီပေးသလို ဆရာတစ်ယောက်ချင်းက စာအိတ်ဖောက်ပြီး ကြေငြာရတာဆိုတော့ အရမ်းလည်း ရင်ခုန်စရာကောင်းပါတယ်။
မနှစ်ကဆုပေးပွဲနီးလာတော့ အစ်မကို ၀တ္ထုတိုအတွက် ထင်ကြေးပေးသံက ရသစာတမ်းထက် ပိုများပါတယ်။ အစ်မကိုယ်တိုင်လည်း ၀တ္ထုတိုနဲ့များဆုရမလားဆိုတဲ
သင်ခန်းစာယူစရာအကောင်းဆုံး ကိစ္စလေးကတော့ အစ်မ၀တ္ထုလေးတွေ စာမျက်နှာပေါ်မှာ အတန်အသင့်ဖြတ်သန်းပြီးချိန်
ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုသိသိမသိသိ ကိုယ်ကအရင်ဂါရ၀ပြု မိတ်ဆက်သင့်တယ်ဆိုတဲ့ အသိလေးရခဲ့သလို မာန်မာနကင်းစင်တာဟာလည်း လေးစားအတုယူစရာ ဆိုတာ ပိုသေချာခဲ့ပါတယ်။
14. မမဖန်တီးတဲ့ အနုပညာအပေါ် မမရဲ့ ခံစားချက်ပီတိလေးကို စပ်စုချင်ပါတယ်
-အစ်မရေးသမျှစာတိုင်းကို စေတနာအရင်းခံပြီး နှလုံးသားနဲ့ခံစားရေးပါတယ်။
15. မမ စာဖတ်ပရိတ်သတ်တွေကို မမပြောချင်တာလေးများရှိနေမလ
ခုခေတ်လို နည်းပညာဖွံ့ဖြိုးမှုတွေ အရမ်းမြန်ဆန်တိုးတက်နေတဲ့ အချိန်မှာ ခေတ်ကိုအမီလိုက်နိုင်ဖို့အတ
ဒါကြောင့် လူငယ်တိုင်း ရသစာပေကိုလည်း အချိန်ယူပြီးတော့ကို ဖတ်သင့်တယ်လို့ အကြံပေးချင်ပါတယ်။
16.မမ ကိုယ်ပိုင်ဘလော့လင့်လေး နဲ့ facebook လင့်လေးကို မျှဝေပေးပါအုံမမ။
- Website : http://
- Facebook Fan Page : ဝေ(စီးပွားရေးတက္ကသိုလ်)
:http://www.facebook.com/
- Facebook Address : http://www.facebook.com/
- Email : zarniwai2011@gmail.com
17. မမ ရဲ့ စာပေမှတ်တိုင်အဖြစ် မမရရှိခဲ့သောစာပေဆုလေးတွေကိ
- အစ်မဘ၀မှာ စာပေအနုပညာနဲ့ ပထမဦးဆုံးရခဲ့တဲ့ဆုက စီးပွားရေးတက္ကသိုလ် ဒုတိယနှစ်၊ ဟန်လင်း - နှင်းဆီ အဆောင်ဒင်နာရဲ့ နံရံကပ်စာစောင်မှာ ကဗျာပထမဆု ရခဲ့တာပါ။ စာပေပညာရှင်တွေကြားထဲမှာ မဟုတ်ဘဲ ကျောင်းသူကျောင်းသားတွေချည်
နောက်ထပ် သတ္တမအကြိမ် ရွှေအမြုတေစာပေဆု (ရသစာတမ်းဆု) ကိုတော့ “ဆူးဖက်လက်” ရသစာတမ်းနဲ့ ၂၀၁၂- ခုနှစ်မှာ ရခဲ့ပါတယ်။
18.ခုလို မအားတဲ့ကြားကနေ စာဖတ်ပရိတ်သတ်ကို လေးလေးစားစား ပြန်လည်ဖြေကြားပေးခဲ့သော မမကို ခိုင်လေးနှင့်တကွ ရွှေမြန်မာဥယျာဉ်
မိသားစုမှ လေးလေးစားစား ကျေးဇူးတင်ရှိမိပါတယ် မမ ။
- အစ်မကလည်း ခုလို အင်တာဗျူးဖို့ဆက်သွယ်လာတဲ့ ညီမခိုင်လေးကိုရော၊ ရွှေမြန်မာဥယျာဉ်က
Site Adminများနဲ့တကွ မန်ဘာအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။
ရွှေမြန်မာဥယျာဉ်ကို လည်ပတ်ချင်တယ်ဆိုရင်တော့...
http://
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။